【 သတင်းဆောင်းပါး 】 ဒစ်ဂျစ်တယ် လှိုင်းတံပိုးကြားက မြန်မာစာအုပ်လှေငယ်

【 သတင်းဆောင်းပါး 】 ဒစ်ဂျစ်တယ် လှိုင်းတံပိုးကြားက မြန်မာစာအုပ်လှေငယ်

တစ်နေ့ထက်တစ်နေ့၊ တစ်နှစ်ထက်တစ်နှစ် ခေတ်သစ်နည်းပညာရပ်တွေ အမျိုးမျိုးပေါ်ထွက်လာခဲ့သလို ၂၁ ရာစုရဲ့ တိုးတက်မှုနှုန်းက မြန်ဆန်လာခဲ့ပါတယ်။အံ့မခန်းလောက်အောင် တိုးတက်ပြောင်းလဲမှုတွေနဲ့အတူ တိမ်မြုပ်ပျောက်ကွယ်လာတဲ့ လုပ်ငန်းတွေရှိသလို ဆက်လက်ရှင်သန်အောင် ရပ်တည်ကြိုးပမ်းနေကြရတဲ့ လုပ်ငန်းတွေလည်း ရှိကြပါတယ်။

အဲ့ဒီလိုရှင်သန်အောင် ရုန်းကန်ရင်း ကြိုးပမ်းနေတဲ့ လုပ်ငန်းတွေထဲမှာ စာအုပ်ဆိုင်တွေလည်း အပါအဝင်ဖြစ်သလို စာအုပ်ဈေးကွက်ဟာလည်း အွန်လိုင်းမှာ ဒစ်ဂျစ်တယ်နည်းပညာနဲ့ ပြောင်းလဲထားတဲ့ အခြေအနေတွေနဲ့အပြိုင် လုပ်ကိုင်နေကြရပါတယ်။

“အခုဆိုရင် ကျွန်တော်တို့ ကိုယ်တိုင်ကလည်း အရင်လို စာအုပ်သိပ်မဝယ်ဖြစ်တော့ဘူး၊ စာအုပ်တော်တော်များများက အွန်လိုင်းကနေ Download ဆွဲပြီးတော့ ဖတ်လို့ရတဲ့အခါကျတော့ တော်တော်လေးအဆင်ပြေခဲ့တယ်၊ အဲ့ဒါကြောင့်လည်း အရင်လိုမဝယ်ဖြစ်ခဲ့တာပါ” လို့ ပြင်ပကျူရှင်ဆရာ ကိုထွန်းထွန်းနိုင် က ပြောပါတယ်။

ထိုသို့ Download ဆွဲကာ ဖတ်နိုင်တဲ့ စာအုပ်တွေရှိပေမယ့် စာအုပ်ကောင်းအများစုဟာ ဈေးကွက်ထဲဆင်းပြီး ရှာဖွေဝယ်ယူမှသာ ရနိုင်တဲ့အခြေအနေမျိုးရှိတယ်လို့ စာအုပ်ဆိုင်ပိုင်ရှင်တွေက ဆိုကြပါတယ်။စာအုပ်ထုတ်ဝေတဲ့ စာပေတိုက်တွေနဲ့ စာအုပ်ဆိုင်တစ်ချို့မှာတော့ ယခုလိုမိုးရာသီကာလတွေမှာ စာအုပ်တွေရဲ့ ရောင်းအားတက်စေဖို့ ပရိုမိုးရှင်းအစီအစဉ်တွေနဲ့ လုပ်ဆောင်ရောင်းချတာတွေလည်း ရှိပါတယ်။

တက်လိုက်ကျလိုက်ဖြစ်နေတဲ့ ရောင်းအားအခြေအနေ

စာအုပ်ဆိုင်တွေအနေနဲ့ ရောင်းအားအနေအထားဟာ ပုံမှန်အခြေအနေမျိုးမရှိဘဲ တက်လိုက်ကျလိုက်နဲ့ ဖြစ်လို့နေတယ်လို့ စာအုပ်ဆိုင်ပိုင်ရှင်တွေက ဆိုကြပါတယ်။တတ်နိုင်သမျှ ဈေးလျှော့ကာ အရင်းဈေးလောက်နဲ့ ရောင်းတာတောင် ရောင်းအားကောင်းတဲ့ရက်တွေ ရှိခဲ့ပေမယ့် တစ်ခါတလေ တစ်နေကုန်မှ တစ်အုပ်၊ နှစ်အုပ်လောက်ပဲ ရောင်းရတဲ့ ရက်တွေလည်းရှိတယ်လို့ Yangon Book Plaza မှာ စာအုပ်ဆိုင်ဖွင့်ထားတဲ့ ဒေါ်နီလာ က ပြောပါတယ်။

“ဈေးကွက်က ဘယ်လိုပြောရမလဲ မမှန်ဘူးပေါ့နော်၊ ပုံမှန်မရှိဘူးလို့ပဲ ခေါ်မလားပဲ၊ အရင်တုန်းကဆိုရင် အခါကြီးရက်ကြီး ပိတ်ရက်တွေဆို ရောင်းရလေ့ရှိတယ်၊ လူငယ်တော်တော်များများက လာဝယ်ကြတယ်၊ အခုကတော့ ဖုန်းတွေဘာတွေလိုမျိုးနဲ့ တခြားနည်းပညာတွေဘက်ကို စိတ်ဝင်စားသွားသလားတော့ မပြောတတ်ဘူး၊ ပိတ်ရက်တွေလည်း ရောင်းအားက မှန်းလို့မရတော့ဘူး” လို့ သူမက ရှင်းပြပါတယ်။

ရန်ကုန်မြို့ ကုန်သည်လမ်း လမ်း ၄၀ မှတ်တိုင်အနီးမှာ စာအုပ်အဟောင်းဆိုင် ဖွင့်ထားတဲ့ ဦးသန်းစော က တစ်ချို့ရက်တွေဆိုရင် ရောင်းရတဲ့အနေအထားဟာ တစ်ရက်ကို ကျပ် ၂၀၀၀၀ မှ ကျပ် ၃၀၀၀၀ လောက်အထိရှိပြီး ရောင်းမကောင်းတဲ့ ရက်တွေဆိုရင် တစ်အုပ်၊ နှစ်အုပ်လောက်သာ ရောင်းရတဲ့ အခြေအနေမျိုးရှိကြောင်း၊ စာအုပ်လာဝယ်သူတွေအနေနဲ့ စိတ်ဝင်တစားဝယ်ပြီး ဖတ်ချင်အောင် ဘယ်စာအုပ်ကတော့ ဘယ်လိုဖတ်လို့ကောင်းတယ် ဆိုတာမျိုးကို ပြောပြပြီး ရောင်းချရတယ်လို့ ပြောပါတယ်။

“ဖုန်းတွေ တွင်တွင်ကျယ်ကျယ် ဖြစ်လာပြီးတဲ့နောက်မှာ တို့နိုင်ငံက ယောကျ်ားလေး၊ မိန်းကလေး အကုန်လုံးက စာဖတ်အားနည်းလာတယ်၊ ဖုန်းပဲပွတ်နေတာများတယ်၊ အဲ့ဒါလည်းပါတာပေါ့၊ နောက်တစ်ချက်က ငွေရေးကြေးရေး အားနည်းချက်ကြောင့်လည်း စာအုပ်ကောင်းတစ်အုပ်ဝယ်ဖို့ ခက်ခဲလာတယ်၊ အခု လူငယ်တွေကြားမှာ အလုပ်အကိုင်ကလည်း အဆင်မပြေတာတွေ၊ ရှိတဲ့အလုပ်အကိုင်တွေကျတော့လည်း တန်ရာတန်ကြေးမျိုး ပေးတာမဟုတ်တော့ အဲ့ဒီလိုသက်ရောက်မှုတွေကြောင့်လည်း ပါမယ်လို့ ယူဆရပါတယ်” လို့ သူက ရှင်းပြပါတယ်။

စာဖတ်ဝါသနာပါစေဖို့ အရင်းအမြစ်တွေ

ကလေးအရွယ်တွေကစလို့ တဖြေးဖြေးနဲ့ စာဖတ်ဝါသနာပါလာစေဖို့ အစပျိုးတဲ့နေရာတွေအဖြစ် ရပ်ကွက်ထဲက စာအုပ်အငှားဆိုင်လေးတွေဟာ ပံ့ပိုးပေးရာ နေရာလေးတွေ ဖြစ်ခဲ့ပါတယ်။ရုပ်ပြကာတွန်းစာအုပ်တွေကို ဖတ်ရှုရင်းကနေ အသက်အရွယ်အရ ရသစာပေဘက်ကို တဖြေးဖြေးကူးပြောင်း ဖတ်ရှုကြလာသလို ဝတ္ထုစာအုပ်တွေဟာလည်း စာပေနယ်ပယ်အတွက် အားထားစရာဖြစ်ခဲ့ပါတယ်။ယခုဆိုရင် ရပ်ကွက်အများစုမှာ စာအုပ်အငှားဆိုင်တွေ လျော့ပါးလာရပြီး အဲ့ဒီလိုအခြေအနေတွေဟာ လူငယ်လူရွယ်တွေ စာဖတ်ဝါသနာပါဖို့ နိဒါန်းပျိုးရာနေရာတွေ ပျောက်ကွယ်လာတယ်လို့ ယူဆနိုင်ပါတယ်။စာအုပ်စာပေ လူ့မိတ်ဆွေရယ်လို့ ဆိုကြပေမယ့် စာအုပ်အငှားဆိုင်တွေ ပျောက်ကွယ်လာတာဟာ တိုင်းပြည်အတွက်တော့ မှန်းဆမရနိုင်တဲ့ ဆုံးရှုံးမှုအရင်းအမြစ်တစ်ခုပဲ ဖြစ်ပါတယ်။

“စာပေတွေဆိုရင်လည်း စာပေကောင်းတွေ ထွက်ရှိတာဟာ တော်တော်လေးနည်းသွားပြီ၊ အခုနောက်ပိုင်းက ပြန်ထုတ်တာတွေလည်းများတယ်၊ လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်လောက်က စာပေလိုမျိုး၊ အရေးအသားမျိုး အခုနောက်ပိုင်းမှာ ကျော်အောင်ရေးနိုင်တာမျိုး နည်းတယ်၊ ဒါက ထွက်သမျှှစာအုပ်တွေကို အကုန်နီးပါးလိုလို ဖတ်နေလို့ ဒီအခြေအနေကို ကျွန်တော်ပြောနိုင်တာပါ၊ တစ်ချို့စာရေးဆရာတွေကျတော့ အရင် နှစ်ပေါင်း ၅၀ ဝန်းကျင်လောက်က ထွက်ခဲ့တဲ့စာအုပ်တွေ ပြန်ရှာဝယ်ကြတယ်၊ ပြန်မှီငြမ်းပြီးတော့ရေးတော့ ဘာထူးမှာလဲ အသစ်အဆန်းလုပ်နိုင်ဖို့က အားနည်းလာတယ်၊ ဒါ ကျွန်တော် စော်ကားပြီးပြောတာ မဟုတ်ပါဘူးနော်၊ လက်ရှိတွေ့နေရတဲ့ အခြေအနေကို ပြောပြတာ” လို့ ကျောက်တံတားမြို့နယ် ၃၇ လမ်းအတွင်း စာအုပ်ဆိုင်ဖွင့်ထားတဲ့ ကိုစိုးပိုင် က ရှင်းပြပါတယ်။

စာဖတ်အား တိုးတက်လာစေဖို့ စီမံချက်တွေ

ယခုဆိုရင် အခြေခံပညာကျောင်းတွေမှာ စာဖတ်ရှိန်မြှင့်တင်ရေး အပါအဝင် ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ဗဟုသုတနဲ့ဆိုင်တဲ့ စာအုပ်စာပေတွေ၊ ကျောင်းစာအတွက် အထောက်အကူပြုစေမယ့် စာအုပ်စာပေတွေကို ဖတ်ရှုနိုင်ဖို့ စီမံချက်တွေချကာ ဆောင်ရွက်နေကြပါတယ်။အဲ့ဒီလိုဆောင်ရွက်တဲ့နေရာမှာ ကျောင်းစာကြည့်တိုက်တွေ ရှင်သန်ဖွံ့ဖြိုးအောင် လုပ်ဆောင်နေတာတွေရှိသလို တစ်ဖက်ကလည်း စာဖတ်ရှိန်မြှင့်တင်ရေး ဆွေးနွေးဟောပြောတာတွေ အပါအဝင် ရပ်ကွက်တွေက စာကြည့်တိုက်တွေ ရှင်သန်စေဖို့တွေ၊ စာအုပ်အရောင်းပွဲတော်တွေ၊ ကလေးစာပေပွဲတော်တွေကိုလည်း ပြည်တွင်းက မြို့ကြီးတွေအနှံ့အပြားမှာ စီမံချက်တွေနဲ့ လုပ်ဆောင်လာကြပါတယ်။

“စာအုပ်အရောင်းပွဲတွေကလည်း ကလေးတွေကို စိတ်ဝင်စားမှုပိုစေပါတယ်၊ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ကျောင်းစာတွေအပြင် တခြားဗဟုသုတရတဲ့ စာအုပ်ဖတ်ရှုနိုင်ဖို့တွေ ကိုယ်လက်လှုပ်ရှား အားကစားတွေကိုလည်း စိတ်ဝင်တစားနဲ့ ဉာဏ်ရည်ပိုင်းသာမကဘဲ ခန္ဓာကိုယ်ပိုင်းလည်း ဖွံ့ဖြိုးတိုးတက်ဖို့ အခြေခံပညာကျောင်းတွေမှာ ပြုစုပျိုးထောင် ဆောင်ရွက်လျက်ရှိပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ ဒေါ်ခင်မာဆွေ က ပြောပြပါတယ်။

ထိုကျောင်းသား၊ ကျောင်းသူ ကလေးငယ်တွေဟာလည်း ယခုဆိုရင် အရင်လို ပုံပြင်တွေ၊ ရုပ်ပြကာတွန်းတွေကို ရှာဖွေကာ ဖတ်ရှုတာမျိုးထက် ဉာဏ်စမ်းစာအုပ်တွေ၊ အတုတ္ထုပ္ပတ္တိစာအုပ်တွေကိုလည်း ရှာဖွေဖတ်ရှုလာကြသလို ယင်းစာအုပ်မျိုးတွေဟာ စာပေပွဲတော်တွေမှာဆိုရင် သိသိသာသာ ရောင်းအားကောင်းလာခဲ့တယ်လို့ စာအုပ်ဆိုင် ဖွင့်ထားတဲ့ ကိုစိုးပိုင် က ရှင်းပြခဲ့ပါတယ်။

ခေတ်ကာလအရွေ့ပေါ် ထင်ဟပ်သလား

စာအုပ်ဈေးကွက်ဟာ ခေတ်ကာလတစ်ခုရဲ့ အရွေ့နဲ့ အခြေအနေတွေကို သုံးသပ်နိုင်တယ်လို့ နှစ်ပေါင်းများစွာ စာအုပ်ရောင်းချတဲ့အလုပ်နဲ့ အသက်မွေးသူတွေက ဆိုကြပါတယ်။

“ထူးဆန်းတာတစ်ခုကလေ ဥပဒေတစ်ခု ပြဋ္ဌာန်းတော့မယ်ဆိုရင် အဲ့ဒီဥပဒေနဲ့ဆိုင်တဲ့ အရင်ကထွက်ရှိထားတဲ့ဟာတွေ နှီးနွယ်နေတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ စာအုပ်တွေက အဲ့ဒီမပြဋ္ဌာန်းခင်ကာလထဲမှာ တော်တော်လေး အရောင်းအဝယ်သွက်ခဲ့တယ်၊ ဒါက ကျွန်တော့်အတွေ့အကြုံအရ ပြောပြတာပါ၊ ကျွန်တော်လေ့လာမိသလောက်ပေါ့၊ ဟိုတစ်လောကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တရုတ်ခရီးစဉ် မသွားခင်မှာ ကျွန်တော်တို့ စာအုပ်ဈေးကွက်ထဲ တရုတ်၊ မြန်မာနဲ့ ပတ်သက်တဲ့ စာအုပ်တွေ၊ နှစ်နိုင်ငံ ကုန်သွယ်ရေး၊ စီးပွားရေးနဲ့ ပတ်သက်တဲ့ စာအုပ်တွေ ရောင်းလာရတယ်၊ အစတုန်းကတော့ တိုက်ဆိုင်တယ်ထင်တာ၊ တစ်ယောက်နှစ်ယောက် လာဝယ်တာ မဟုတ်ဘူးနော်၊ အစုအဖွဲ့လိုက် အုံနဲ့ကျင်းနဲ့ကို လာဝယ်ကြတာ၊ ဒါကြောင့်လည်း ဈေးကွက်ထဲမှာ အုံနဲ့ကျင်းနဲ့ဝယ်ကြရင် မကြာခင်မှာ တစ်ခုခု ပြောင်းလဲမှုတစ်ခုဆိုတာ ခန့်မှန်းနိုင်တာပါ၊ အခုလည်း မကြာသေးခင်က အခွန်နဲ့ပတ်သက်တဲ့ စာအုပ်တွေ အဝယ်များတယ်” လို့ နှစ် ၄၀ ကျော် စာအုပ်ရောင်းချတဲ့အလုပ်နဲ့ ရပ်တည်နေတဲ့ ကိုဝင်းထွဋ် က ပြောပြပါတယ်။

စာအုပ်ဈေးကွက်ထဲမှာ နှစ်ပေါင်း ၁၀၀ ကျော် အပါအဝင် ကိုလိုနီလက်ထက်က ထုတ်ဝေခဲ့တဲ့ စာအုပ်တွေကို စာအုပ်ဆိုင်အချို့မှာ အနည်းအကျဉ်းတွေ့နိုင်ပေမယ့် ဈေးကွက်ဝယ်ယူတဲ့ အနေအထားပေါ် မူတည်ပြီးတောင်မှ စာအုပ်အဟောင်း ဈေးကွက်ထဲမှာ အနည်းအကျဉ်းရှိနေသေးပေမယ့် တစ်ချို့စာပေတိုက်တွေက ပြန်လည်ထုတ်ဝေတာတွေကို လုပ်ဆောင်ပေမယ့် အခန်းဆက်တွေကျန်ခဲ့တာ၊ စာကျန်ခဲ့တာတွေ အများအပြားရှိလာတယ်လို့ စာအုပ်ဆိုင်တွေက ဆိုကြပါတယ်။

“အဟောင်းက အရောင်းအဝယ်တော့ ရှိပါတယ်၊ တစ်ချို့အဟောင်းက ဝယ်လို့မရနိုင်ဘူး၊ ကျွန်တော်တို့မှာ ရောင်းလက်ရှိတယ်၊ အခုရရင် တစ်ချို့အဟောင်းတွေ ရောင်းလို့ရတယ်၊ ဒါပေမဲ့ အဲ့ဒီအဟောင်းဘယ်က ရှာရမှန်းမသိဘူး၊ ရွှေသွားဝယ်လို့လွယ်တယ်၊ အဟောင်းဝယ်လို့မလွယ်ဘူး၊ တစ်ချို့ကျတော့လည်း စာပေတိုက်တွေက ပြန်ရိုက်ပြီးထုတ်တယ်၊ စာကျန်တယ်၊ ဝယ်သွားတဲ့သူတွေက ပြန်ပြောလို့ သိတာပါ၊ ဒါကျွန်တော် ဘယ်သူ့ကိုမှ တိုက်ခိုက်ပြီးပြောတာ မဟုတ်ပါဘူး” လို့ အုန်းစော စာအုပ်ဆိုင်မှ ဦးသစ်ဆန်း (ခေါ်) ဦးကုလားကြီး က ဆိုပါတယ်။ထိုအဖြစ်တွေကြောင့် တစ်ချို့က အဟောင်းကိုသာ ရှာဝယ်ကြတာကြောင့်လည်း ၁၅ နှစ်၊ နှစ် ၂၀ လောက်က စာအုပ်တွေတောင် ရှားပါးတာတွေ ရှိပါတယ်။

“အဟောင်းဆိုတာ သမိုင်းက ဖျောက်ဖျက်လို့မရပါဘူး၊ ဥပမာ တာတေ စနေသားပေါ့နော် ဟိုဘက်ခေတ်မှာ ပိတ်လိုက်တယ်၊ ဦးနု ရေးတာ၊ ဘာကြောင့်ပိတ်လဲ သူတို့ရဲ့ အကြောင်းအရာပါလို့လား ဘာလားတော့မသိဘူး၊ ဦးနေဝင်း လက်ထက်မှာ ပိတ်ပစ်တယ်၊ ဒါပေမဲ့ ကျွန်တော်တို့ ရောင်းနေတာပဲ။မရှားဘူး ကျွန်တော်တို့ဆီမှာ၊ နောက်မှ အခုပြန်ရိုက်တယ်၊ ဒါပေမဲ့ အဲ့ဒီဝယ်တဲ့သူတွေက ရှေးမူပဲယူကြတယ်၊ အခုနောက်ရိုက်ကိုပေးကြည့်၊ နောက်လူက ဝယ်ကောင်းဝယ်လိမ့်မယ်၊ ဒါပေမဲ့ သမိုင်းမမှန်တော့ဘူး၊ သမိုင်းတစ်ခန်းဖြုတ်မယ်၊ နှစ်ခန်းဖြုတ်မယ်၊ ကျွန်တော်တို့က ဒါတွေကျတော့ အကုန်သိတယ်၊ နောက်လူတွေဖတ်ချင်ရင် လွယ်ကူတဲ့ဟာပဲ ရောင်းပေးလိုက်တယ်၊ သိပ်လည်းမရှင်းပြတော့ဘူး၊ ရှေ့လူတွေကျတော့ ဒါပေးပါ၊ ဒီနှစ်ခန်းပြုတ်နေတယ်ပေါ့၊ ဖတ်တဲ့သူက ပိုသိတယ်၊ ဒီလိုပဲ ကျွန်တော်တို့လည်း သိအောင်လိုက်ဖတ်ရတယ်” လို့ သူက ဆက်လက်ရှင်းပြပါတယ်။

စာအုပ်စာပေတွေကရရှိတဲ့ ဗဟုသုတတွေဟာ ကုန်နိုင်ဖွယ်မရှိပါဘူး၊ အသိဉာဏ်ပညာ မြင့်မားလာတာနဲ့အတူ မလိုလားအပ်တဲ့အမှားမျိုး မလုပ်မိအောင်လည်း စာပေတွေက ဟန့်တားပေးသလိုဖြစ်နေပြီး လူမှုအသိုက်အဝန်းကြားမှာ ယဉ်ကျေးတဲ့ လူ့ဘောင်အဖွဲ့အစည်းတစ်ရပ် ဖြစ်လာစေမှာ မလွဲဧကန်ပါပဲ။
အလိမ္မာစာမှာရှိဆိုတဲ့ စကားတွေအတိုင်း စာအုပ်စာပေတွေဟာ လူမှုဘ၀ အသိုက်အဝန်းအတွက်တော့ တကယ့်ကိုအဖိုးမမြတ်နိုင်တဲ့ အမွေအနှစ်တွေပါပဲ။နည်းပညာတွေ ဘယ်လောက်ပဲ တိုးတက်တိုးတက် စာအုပ်စာပေဆိုတာ စာရွက်ကိုင်ဖတ်ရတဲ့ အရသာကိုတော့ ဘာနဲ့မှအစားထိုးလို့ မရနိုင်ပါဘူး၊ လွယ်လွယ်နဲ့ Download ဆွဲပြီး ဖတ်လို့ရတဲ့ စာအုပ်တွေထဲမှာ ရှေးကျပြီး အဖိုးတန်လှတဲ့ ရှားပါးစာအုပ်တွေ မရှိသလောက်ပါပဲ။နေ့စဉ် တိုးတက်ပြောင်းလဲနေတဲ့ ဒစ်ဂျစ်တယ် နည်းပညာတွေရဲ့ကြားမှာ စာအုပ်စာပေကောင်းတွေက ဟောင်းပေမယ့်လည်း ရှင်သန်နေကြဦးမှာပါ။တိုးတက်လာတယ်ဆိုတဲ့ အပြောင်းအလဲတွေရဲ့ကြားမှာ အနာဂတ်အရွေ့တစ်ခုကို မျိုးဆက်သစ်တွေအဖို့တော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဇွဲမာန်
စက်တင်ဘာ - ၁၇

( Zawgyi )

တစ္ေန႔ထက္တစ္ေန႔၊ တစ္ႏွစ္ထက္တစ္ႏွစ္ ေခတ္သစ္နည္းပညာရပ္ေတြ အမ်ိဳးမ်ိဳးေပၚထြက္လာခဲ့သလို ၂၁ ရာစုရဲ႕ တိုးတက္မႈႏႈန္းက ျမန္ဆန္လာခဲ့ပါတယ္။အံ့မခန္းေလာက္ေအာင္ တိုးတက္ေျပာင္းလဲမႈေတြနဲ႔အတူ တိမ္ျမဳပ္ေပ်ာက္ကြယ္လာတဲ့ လုပ္ငန္းေတြရွိသလို ဆက္လက္ရွင္သန္ေအာင္ ရပ္တည္ႀကိဳးပမ္းေနၾကရတဲ့ လုပ္ငန္းေတြလည္း ရွိၾကပါတယ္။

အဲ့ဒီလိုရွင္သန္ေအာင္ ႐ုန္းကန္ရင္း ႀကိဳးပမ္းေနတဲ့ လုပ္ငန္းေတြထဲမွာ စာအုပ္ဆိုင္ေတြလည္း အပါအဝင္ျဖစ္သလို စာအုပ္ေဈးကြက္ဟာလည္း အြန္လိုင္းမွာ ဒစ္ဂ်စ္တယ္နည္းပညာနဲ႔ ေျပာင္းလဲထားတဲ့ အေျခအေနေတြနဲ႔အၿပိဳင္ လုပ္ကိုင္ေနၾကရပါတယ္။

“အခုဆိုရင္ ကြၽန္ေတာ္တို႔ ကိုယ္တိုင္ကလည္း အရင္လို စာအုပ္သိပ္မဝယ္ျဖစ္ေတာ့ဘူး၊ စာအုပ္ေတာ္ေတာ္မ်ားမ်ားက အြန္လိုင္းကေန Download ဆြဲၿပီးေတာ့ ဖတ္လို႔ရတဲ့အခါက်ေတာ့ ေတာ္ေတာ္ေလးအဆင္ေျပခဲ့တယ္၊ အဲ့ဒါေၾကာင့္လည္း အရင္လိုမဝယ္ျဖစ္ခဲ့တာပါ” လို႔ ျပင္ပက်ဴရွင္ဆရာ ကိုထြန္းထြန္းႏိုင္ က ေျပာပါတယ္။

ထိုသို႔ Download ဆြဲကာ ဖတ္ႏိုင္တဲ့ စာအုပ္ေတြရွိေပမယ့္ စာအုပ္ေကာင္းအမ်ားစုဟာ ေဈးကြက္ထဲဆင္းၿပီး ရွာေဖြဝယ္ယူမွသာ ရႏိုင္တဲ့အေျခအေနမ်ိဳးရွိတယ္လို႔ စာအုပ္ဆိုင္ပိုင္ရွင္ေတြက ဆိုၾကပါတယ္။စာအုပ္ထုတ္ေဝတဲ့ စာေပတိုက္ေတြနဲ႔ စာအုပ္ဆိုင္တစ္ခ်ိဳ႕မွာေတာ့ ယခုလိုမိုးရာသီကာလေတြမွာ စာအုပ္ေတြရဲ႕ ေရာင္းအားတက္ေစဖို႔ ပ႐ိုမိုးရွင္းအစီအစဥ္ေတြနဲ႔ လုပ္ေဆာင္ေရာင္းခ်တာေတြလည္း ရွိပါတယ္။

တက္လိုက္က်လိုက္ျဖစ္ေနတဲ့ ေရာင္းအားအေျခအေန

စာအုပ္ဆိုင္ေတြအေနနဲ႔ ေရာင္းအားအေနအထားဟာ ပုံမွန္အေျခအေနမ်ိဳးမရွိဘဲ တက္လိုက္က်လိုက္နဲ႔ ျဖစ္လို႔ေနတယ္လို႔ စာအုပ္ဆိုင္ပိုင္ရွင္ေတြက ဆိုၾကပါတယ္။တတ္ႏိုင္သမွ် ေဈးေလွ်ာ့ကာ အရင္းေဈးေလာက္နဲ႔ ေရာင္းတာေတာင္ ေရာင္းအားေကာင္းတဲ့ရက္ေတြ ရွိခဲ့ေပမယ့္ တစ္ခါတေလ တစ္ေနကုန္မွ တစ္အုပ္၊ ႏွစ္အုပ္ေလာက္ပဲ ေရာင္းရတဲ့ ရက္ေတြလည္းရွိတယ္လို႔ Yangon Book Plaza မွာ စာအုပ္ဆိုင္ဖြင့္ထားတဲ့ ေဒၚနီလာ က ေျပာပါတယ္။

“ေဈးကြက္က ဘယ္လိုေျပာရမလဲ မမွန္ဘူးေပါ့ေနာ္၊ ပုံမွန္မရွိဘူးလို႔ပဲ ေခၚမလားပဲ၊ အရင္တုန္းကဆိုရင္ အခါႀကီးရက္ႀကီး ပိတ္ရက္ေတြဆို ေရာင္းရေလ့ရွိတယ္၊ လူငယ္ေတာ္ေတာ္မ်ားမ်ားက လာဝယ္ၾကတယ္၊ အခုကေတာ့ ဖုန္းေတြဘာေတြလိုမ်ိဳးနဲ႔ တျခားနည္းပညာေတြဘက္ကို စိတ္ဝင္စားသြားသလားေတာ့ မေျပာတတ္ဘူး၊ ပိတ္ရက္ေတြလည္း ေရာင္းအားက မွန္းလို႔မရေတာ့ဘူး” လို႔ သူမက ရွင္းျပပါတယ္။

ရန္ကုန္ၿမိဳ႕ ကုန္သည္လမ္း လမ္း ၄၀ မွတ္တိုင္အနီးမွာ စာအုပ္အေဟာင္းဆိုင္ ဖြင့္ထားတဲ့ ဦးသန္းေစာ က တစ္ခ်ိဳ႕ရက္ေတြဆိုရင္ ေရာင္းရတဲ့အေနအထားဟာ တစ္ရက္ကို က်ပ္ ၂၀၀၀၀ မွ က်ပ္ ၃၀၀၀၀ ေလာက္အထိရွိၿပီး ေရာင္းမေကာင္းတဲ့ ရက္ေတြဆိုရင္ တစ္အုပ္၊ ႏွစ္အုပ္ေလာက္သာ ေရာင္းရတဲ့ အေျခအေနမ်ိဳးရွိေၾကာင္း၊ စာအုပ္လာဝယ္သူေတြအေနနဲ႔ စိတ္ဝင္တစားဝယ္ၿပီး ဖတ္ခ်င္ေအာင္ ဘယ္စာအုပ္ကေတာ့ ဘယ္လိုဖတ္လို႔ေကာင္းတယ္ ဆိုတာမ်ိဳးကို ေျပာျပၿပီး ေရာင္းခ်ရတယ္လို႔ ေျပာပါတယ္။

“ဖုန္းေတြ တြင္တြင္က်ယ္က်ယ္ ျဖစ္လာၿပီးတဲ့ေနာက္မွာ တို႔ႏိုင္ငံက ေယာက်္ားေလး၊ မိန္းကေလး အကုန္လုံးက စာဖတ္အားနည္းလာတယ္၊ ဖုန္းပဲပြတ္ေနတာမ်ားတယ္၊ အဲ့ဒါလည္းပါတာေပါ့၊ ေနာက္တစ္ခ်က္က ေငြေရးေၾကးေရး အားနည္းခ်က္ေၾကာင့္လည္း စာအုပ္ေကာင္းတစ္အုပ္ဝယ္ဖို႔ ခက္ခဲလာတယ္၊ အခု လူငယ္ေတြၾကားမွာ အလုပ္အကိုင္ကလည္း အဆင္မေျပတာေတြ၊ ရွိတဲ့အလုပ္အကိုင္ေတြက်ေတာ့လည္း တန္ရာတန္ေၾကးမ်ိဳး ေပးတာမဟုတ္ေတာ့ အဲ့ဒီလိုသက္ေရာက္မႈေတြေၾကာင့္လည္း ပါမယ္လို႔ ယူဆရပါတယ္” လို႔ သူက ရွင္းျပပါတယ္။

စာဖတ္ဝါသနာပါေစဖို႔ အရင္းအျမစ္ေတြ

ကေလးအ႐ြယ္ေတြကစလို႔ တေျဖးေျဖးနဲ႔ စာဖတ္ဝါသနာပါလာေစဖို႔ အစပ်ိဳးတဲ့ေနရာေတြအျဖစ္ ရပ္ကြက္ထဲက စာအုပ္အငွားဆိုင္ေလးေတြဟာ ပံ့ပိုးေပးရာ ေနရာေလးေတြ ျဖစ္ခဲ့ပါတယ္။႐ုပ္ျပကာတြန္းစာအုပ္ေတြကို ဖတ္ရႈရင္းကေန အသက္အ႐ြယ္အရ ရသစာေပဘက္ကို တေျဖးေျဖးကူးေျပာင္း ဖတ္ရႈၾကလာသလို ဝတၳဳစာအုပ္ေတြဟာလည္း စာေပနယ္ပယ္အတြက္ အားထားစရာျဖစ္ခဲ့ပါတယ္။ယခုဆိုရင္ ရပ္ကြက္အမ်ားစုမွာ စာအုပ္အငွားဆိုင္ေတြ ေလ်ာ့ပါးလာရၿပီး အဲ့ဒီလိုအေျခအေနေတြဟာ လူငယ္လူ႐ြယ္ေတြ စာဖတ္ဝါသနာပါဖို႔ နိဒါန္းပ်ိဳးရာေနရာေတြ ေပ်ာက္ကြယ္လာတယ္လို႔ ယူဆႏိုင္ပါတယ္။စာအုပ္စာေပ လူ႔မိတ္ေဆြရယ္လို႔ ဆိုၾကေပမယ့္ စာအုပ္အငွားဆိုင္ေတြ ေပ်ာက္ကြယ္လာတာဟာ တိုင္းျပည္အတြက္ေတာ့ မွန္းဆမရႏိုင္တဲ့ ဆုံးရႈံးမႈအရင္းအျမစ္တစ္ခုပဲ ျဖစ္ပါတယ္။

“စာေပေတြဆိုရင္လည္း စာေပေကာင္းေတြ ထြက္ရွိတာဟာ ေတာ္ေတာ္ေလးနည္းသြားၿပီ၊ အခုေနာက္ပိုင္းက ျပန္ထုတ္တာေတြလည္းမ်ားတယ္၊ လြန္ခဲ့တဲ့ ႏွစ္ ၃၀ ေက်ာ္ေလာက္က စာေပလိုမ်ိဳး၊ အေရးအသားမ်ိဳး အခုေနာက္ပိုင္းမွာ ေက်ာ္ေအာင္ေရးႏိုင္တာမ်ိဳး နည္းတယ္၊ ဒါက ထြက္သမွ်ွစာအုပ္ေတြကို အကုန္နီးပါးလိုလို ဖတ္ေနလို႔ ဒီအေျခအေနကို ကြၽန္ေတာ္ေျပာႏိုင္တာပါ၊ တစ္ခ်ိဳ႕စာေရးဆရာေတြက်ေတာ့ အရင္ ႏွစ္ေပါင္း ၅၀ ဝန္းက်င္ေလာက္က ထြက္ခဲ့တဲ့စာအုပ္ေတြ ျပန္ရွာဝယ္ၾကတယ္၊ ျပန္မွီျငမ္းၿပီးေတာ့ေရးေတာ့ ဘာထူးမွာလဲ အသစ္အဆန္းလုပ္ႏိုင္ဖို႔က အားနည္းလာတယ္၊ ဒါ ကြၽန္ေတာ္ ေစာ္ကားၿပီးေျပာတာ မဟုတ္ပါဘူးေနာ္၊ လက္ရွိေတြ႕ေနရတဲ့ အေျခအေနကို ေျပာျပတာ” လို႔ ေက်ာက္တံတားၿမိဳ႕နယ္ ၃၇ လမ္းအတြင္း စာအုပ္ဆိုင္ဖြင့္ထားတဲ့ ကိုစိုးပိုင္ က ရွင္းျပပါတယ္။

စာဖတ္အား တိုးတက္လာေစဖို႔ စီမံခ်က္ေတြ

ယခုဆိုရင္ အေျခခံပညာေက်ာင္းေတြမွာ စာဖတ္ရွိန္ျမႇင့္တင္ေရး အပါအဝင္ ေက်ာင္းသား၊ ေက်ာင္းသူေတြအေနနဲ႔ ဗဟုသုတနဲ႔ဆိုင္တဲ့ စာအုပ္စာေပေတြ၊ ေက်ာင္းစာအတြက္ အေထာက္အကူျပဳေစမယ့္ စာအုပ္စာေပေတြကို ဖတ္ရႈႏိုင္ဖို႔ စီမံခ်က္ေတြခ်ကာ ေဆာင္႐ြက္ေနၾကပါတယ္။အဲ့ဒီလိုေဆာင္႐ြက္တဲ့ေနရာမွာ ေက်ာင္းစာၾကည့္တိုက္ေတြ ရွင္သန္ဖြံ႕ၿဖိဳးေအာင္ လုပ္ေဆာင္ေနတာေတြရွိသလို တစ္ဖက္ကလည္း စာဖတ္ရွိန္ျမႇင့္တင္ေရး ေဆြးေႏြးေဟာေျပာတာေတြ အပါအဝင္ ရပ္ကြက္ေတြက စာၾကည့္တိုက္ေတြ ရွင္သန္ေစဖို႔ေတြ၊ စာအုပ္အေရာင္းပြဲေတာ္ေတြ၊ ကေလးစာေပပြဲေတာ္ေတြကိုလည္း ျပည္တြင္းက ၿမိဳ႕ႀကီးေတြအႏွံ႔အျပားမွာ စီမံခ်က္ေတြနဲ႔ လုပ္ေဆာင္လာၾကပါတယ္။

“စာအုပ္အေရာင္းပြဲေတြကလည္း ကေလးေတြကို စိတ္ဝင္စားမႈပိုေစပါတယ္၊ ေက်ာင္းသား၊ ေက်ာင္းသူေတြအေနနဲ႔ ေက်ာင္းစာေတြအျပင္ တျခားဗဟုသုတရတဲ့ စာအုပ္ဖတ္ရႈႏိုင္ဖို႔ေတြ ကိုယ္လက္လႈပ္ရွား အားကစားေတြကိုလည္း စိတ္ဝင္တစားနဲ႔ ဉာဏ္ရည္ပိုင္းသာမကဘဲ ခႏၶာကိုယ္ပိုင္းလည္း ဖြံ႕ၿဖိဳးတိုးတက္ဖို႔ အေျခခံပညာေက်ာင္းေတြမွာ ျပဳစုပ်ိဳးေထာင္ ေဆာင္႐ြက္လ်က္ရွိပါတယ္” လို႔ ရန္ကုန္တိုင္းေဒသႀကီး ပညာေရးမႉး႐ုံးမွ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးျဖစ္တဲ့ ေဒၚခင္မာေဆြ က ေျပာျပပါတယ္။

ထိုေက်ာင္းသား၊ ေက်ာင္းသူ ကေလးငယ္ေတြဟာလည္း ယခုဆိုရင္ အရင္လို ပုံျပင္ေတြ၊ ႐ုပ္ျပကာတြန္းေတြကို ရွာေဖြကာ ဖတ္ရႈတာမ်ိဳးထက္ ဉာဏ္စမ္းစာအုပ္ေတြ၊ အတုတၳဳပၸတၱိစာအုပ္ေတြကိုလည္း ရွာေဖြဖတ္ရႈလာၾကသလို ယင္းစာအုပ္မ်ိဳးေတြဟာ စာေပပြဲေတာ္ေတြမွာဆိုရင္ သိသိသာသာ ေရာင္းအားေကာင္းလာခဲ့တယ္လို႔ စာအုပ္ဆိုင္ ဖြင့္ထားတဲ့ ကိုစိုးပိုင္ က ရွင္းျပခဲ့ပါတယ္။

ေခတ္ကာလအေ႐ြ႕ေပၚ ထင္ဟပ္သလား

စာအုပ္ေဈးကြက္ဟာ ေခတ္ကာလတစ္ခုရဲ႕ အေ႐ြ႕နဲ႔ အေျခအေနေတြကို သုံးသပ္ႏိုင္တယ္လို႔ ႏွစ္ေပါင္းမ်ားစြာ စာအုပ္ေရာင္းခ်တဲ့အလုပ္နဲ႔ အသက္ေမြးသူေတြက ဆိုၾကပါတယ္။

“ထူးဆန္းတာတစ္ခုကေလ ဥပေဒတစ္ခု ျပ႒ာန္းေတာ့မယ္ဆိုရင္ အဲ့ဒီဥပေဒနဲ႔ဆိုင္တဲ့ အရင္ကထြက္ရွိထားတဲ့ဟာေတြ ႏွီးႏြယ္ေနတဲ့ အေၾကာင္းအရာေတြနဲ႔ ပတ္သက္တဲ့ စာအုပ္ေတြက အဲ့ဒီမျပ႒ာန္းခင္ကာလထဲမွာ ေတာ္ေတာ္ေလး အေရာင္းအဝယ္သြက္ခဲ့တယ္၊ ဒါက ကြၽန္ေတာ့္အေတြ႕အႀကဳံအရ ေျပာျပတာပါ၊ ကြၽန္ေတာ္ေလ့လာမိသေလာက္ေပါ့၊ ဟိုတစ္ေလာကလည္း ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ တ႐ုတ္ခရီးစဥ္ မသြားခင္မွာ ကြၽန္ေတာ္တို႔ စာအုပ္ေဈးကြက္ထဲ တ႐ုတ္၊ ျမန္မာနဲ႔ ပတ္သက္တဲ့ စာအုပ္ေတြ၊ ႏွစ္ႏိုင္ငံ ကုန္သြယ္ေရး၊ စီးပြားေရးနဲ႔ ပတ္သက္တဲ့ စာအုပ္ေတြ ေရာင္းလာရတယ္၊ အစတုန္းကေတာ့ တိုက္ဆိုင္တယ္ထင္တာ၊ တစ္ေယာက္ႏွစ္ေယာက္ လာဝယ္တာ မဟုတ္ဘူးေနာ္၊ အစုအဖြဲ႕လိုက္ အုံနဲ႔က်င္းနဲ႔ကို လာဝယ္ၾကတာ၊ ဒါေၾကာင့္လည္း ေဈးကြက္ထဲမွာ အုံနဲ႔က်င္းနဲ႔ဝယ္ၾကရင္ မၾကာခင္မွာ တစ္ခုခု ေျပာင္းလဲမႈတစ္ခုဆိုတာ ခန႔္မွန္းႏိုင္တာပါ၊ အခုလည္း မၾကာေသးခင္က အခြန္နဲ႔ပတ္သက္တဲ့ စာအုပ္ေတြ အဝယ္မ်ားတယ္” လို႔ ႏွစ္ ၄၀ ေက်ာ္ စာအုပ္ေရာင္းခ်တဲ့အလုပ္နဲ႔ ရပ္တည္ေနတဲ့ ကိုဝင္းထြဋ္ က ေျပာျပပါတယ္။

စာအုပ္ေဈးကြက္ထဲမွာ ႏွစ္ေပါင္း ၁၀၀ ေက်ာ္ အပါအဝင္ ကိုလိုနီလက္ထက္က ထုတ္ေဝခဲ့တဲ့ စာအုပ္ေတြကို စာအုပ္ဆိုင္အခ်ိဳ႕မွာ အနည္းအက်ဥ္းေတြ႕ႏိုင္ေပမယ့္ ေဈးကြက္ဝယ္ယူတဲ့ အေနအထားေပၚ မူတည္ၿပီးေတာင္မွ စာအုပ္အေဟာင္း ေဈးကြက္ထဲမွာ အနည္းအက်ဥ္းရွိေနေသးေပမယ့္ တစ္ခ်ိဳ႕စာေပတိုက္ေတြက ျပန္လည္ထုတ္ေဝတာေတြကို လုပ္ေဆာင္ေပမယ့္ အခန္းဆက္ေတြက်န္ခဲ့တာ၊ စာက်န္ခဲ့တာေတြ အမ်ားအျပားရွိလာတယ္လို႔ စာအုပ္ဆိုင္ေတြက ဆိုၾကပါတယ္။

“အေဟာင္းက အေရာင္းအဝယ္ေတာ့ ရွိပါတယ္၊ တစ္ခ်ိဳ႕အေဟာင္းက ဝယ္လို႔မရႏိုင္ဘူး၊ ကြၽန္ေတာ္တို႔မွာ ေရာင္းလက္ရွိတယ္၊ အခုရရင္ တစ္ခ်ိဳ႕အေဟာင္းေတြ ေရာင္းလို႔ရတယ္၊ ဒါေပမဲ့ အဲ့ဒီအေဟာင္းဘယ္က ရွာရမွန္းမသိဘူး၊ ေ႐ႊသြားဝယ္လို႔လြယ္တယ္၊ အေဟာင္းဝယ္လို႔မလြယ္ဘူး၊ တစ္ခ်ိဳ႕က်ေတာ့လည္း စာေပတိုက္ေတြက ျပန္႐ိုက္ၿပီးထုတ္တယ္၊ စာက်န္တယ္၊ ဝယ္သြားတဲ့သူေတြက ျပန္ေျပာလို႔ သိတာပါ၊ ဒါကြၽန္ေတာ္ ဘယ္သူ႔ကိုမွ တိုက္ခိုက္ၿပီးေျပာတာ မဟုတ္ပါဘူး” လို႔ အုန္းေစာ စာအုပ္ဆိုင္မွ ဦးသစ္ဆန္း (ေခၚ) ဦးကုလားႀကီး က ဆိုပါတယ္။ထိုအျဖစ္ေတြေၾကာင့္ တစ္ခ်ိဳ႕က အေဟာင္းကိုသာ ရွာဝယ္ၾကတာေၾကာင့္လည္း ၁၅ ႏွစ္၊ ႏွစ္ ၂၀ ေလာက္က စာအုပ္ေတြေတာင္ ရွားပါးတာေတြ ရွိပါတယ္။

“အေဟာင္းဆိုတာ သမိုင္းက ေဖ်ာက္ဖ်က္လို႔မရပါဘူး၊ ဥပမာ တာေတ စေနသားေပါ့ေနာ္ ဟိုဘက္ေခတ္မွာ ပိတ္လိုက္တယ္၊ ဦးႏု ေရးတာ၊ ဘာေၾကာင့္ပိတ္လဲ သူတို႔ရဲ႕ အေၾကာင္းအရာပါလို႔လား ဘာလားေတာ့မသိဘူး၊ ဦးေနဝင္း လက္ထက္မွာ ပိတ္ပစ္တယ္၊ ဒါေပမဲ့ ကြၽန္ေတာ္တို႔ ေရာင္းေနတာပဲ။မရွားဘူး ကြၽန္ေတာ္တို႔ဆီမွာ၊ ေနာက္မွ အခုျပန္႐ိုက္တယ္၊ ဒါေပမဲ့ အဲ့ဒီဝယ္တဲ့သူေတြက ေရွးမူပဲယူၾကတယ္၊ အခုေနာက္႐ိုက္ကိုေပးၾကည့္၊ ေနာက္လူက ဝယ္ေကာင္းဝယ္လိမ့္မယ္၊ ဒါေပမဲ့ သမိုင္းမမွန္ေတာ့ဘူး၊ သမိုင္းတစ္ခန္းျဖဳတ္မယ္၊ ႏွစ္ခန္းျဖဳတ္မယ္၊ ကြၽန္ေတာ္တို႔က ဒါေတြက်ေတာ့ အကုန္သိတယ္၊ ေနာက္လူေတြဖတ္ခ်င္ရင္ လြယ္ကူတဲ့ဟာပဲ ေရာင္းေပးလိုက္တယ္၊ သိပ္လည္းမရွင္းျပေတာ့ဘူး၊ ေရွ႕လူေတြက်ေတာ့ ဒါေပးပါ၊ ဒီႏွစ္ခန္းျပဳတ္ေနတယ္ေပါ့၊ ဖတ္တဲ့သူက ပိုသိတယ္၊ ဒီလိုပဲ ကြၽန္ေတာ္တို႔လည္း သိေအာင္လိုက္ဖတ္ရတယ္” လို႔ သူက ဆက္လက္ရွင္းျပပါတယ္။

စာအုပ္စာေပေတြကရရွိတဲ့ ဗဟုသုတေတြဟာ ကုန္ႏိုင္ဖြယ္မရွိပါဘူး၊ အသိဉာဏ္ပညာ ျမင့္မားလာတာနဲ႔အတူ မလိုလားအပ္တဲ့အမွားမ်ိဳး မလုပ္မိေအာင္လည္း စာေပေတြက ဟန႔္တားေပးသလိုျဖစ္ေနၿပီး လူမႈအသိုက္အဝန္းၾကားမွာ ယဥ္ေက်းတဲ့ လူ႔ေဘာင္အဖြဲ႕အစည္းတစ္ရပ္ ျဖစ္လာေစမွာ မလြဲဧကန္ပါပဲ။
အလိမၼာစာမွာရွိဆိုတဲ့ စကားေတြအတိုင္း စာအုပ္စာေပေတြဟာ လူမႈဘ၀ အသိုက္အဝန္းအတြက္ေတာ့ တကယ့္ကိုအဖိုးမျမတ္ႏိုင္တဲ့ အေမြအႏွစ္ေတြပါပဲ။နည္းပညာေတြ ဘယ္ေလာက္ပဲ တိုးတက္တိုးတက္ စာအုပ္စာေပဆိုတာ စာ႐ြက္ကိုင္ဖတ္ရတဲ့ အရသာကိုေတာ့ ဘာနဲ႔မွအစားထိုးလို႔ မရႏိုင္ပါဘူး၊ လြယ္လြယ္နဲ႔ Download ဆြဲၿပီး ဖတ္လို႔ရတဲ့ စာအုပ္ေတြထဲမွာ ေရွးက်ၿပီး အဖိုးတန္လွတဲ့ ရွားပါးစာအုပ္ေတြ မရွိသေလာက္ပါပဲ။ေန႔စဥ္ တိုးတက္ေျပာင္းလဲေနတဲ့ ဒစ္ဂ်စ္တယ္ နည္းပညာေတြရဲ႕ၾကားမွာ စာအုပ္စာေပေကာင္းေတြက ေဟာင္းေပမယ့္လည္း ရွင္သန္ေနၾကဦးမွာပါ။တိုးတက္လာတယ္ဆိုတဲ့ အေျပာင္းအလဲေတြရဲ႕ၾကားမွာ အနာဂတ္အေ႐ြ႕တစ္ခုကို မ်ိဳးဆက္သစ္ေတြအဖို႔ေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

ဇြဲမာန္
စက္တင္ဘာ - ၁၇