【 သတင်းဆောင်းပါး 】 "ရေမစိုခဲ့တဲ့ ၂၀၂၀ သင်္ကြန်"

【 သတင်းဆောင်းပါး 】 "ရေမစိုခဲ့တဲ့  ၂၀၂၀ သင်္ကြန်"

မြန်မာ့တစ်ဆယ့်နှစ်လရာသီတွေထဲ လအလိုက်ပွဲတော်တွေအနက် တန်ခူးလမှာကျင်းပတဲ့ သင်္ကြန်ပွဲတော်ဟာ မြန်မာတို့ရဲ့ နှစ်သစ်ကူး အခါသမယလည်းဖြစ်သလို ခေတ်ကာလအဆက်ဆက် အစဉ်အလာမပျက် ကျင်းပလေ့ရှိပါတယ်။ အင်္ဂလိပ်ပြက္ခဒိန်အရဆိုရင် ဧပြီလဟာ မြန်မာတို့အတွက် နှစ်စဉ်သင်္ကြန်ရေသဘင် ပွဲတော်ကျင်းပရင်း နှစ်သစ်ကူးပြောင်းခဲ့ကြပါတယ်။ အဲ့ဒီလိုနှစ်သစ်ကူးကာလမှာ သင်္ကြန်ရေသဘင်ပွဲတော်သာ မကဘဲ နှစ်ဦးအလှူပွဲတွေကိုလည်း စည်ကားစွာကျင်းပလေ့ရှိတဲ့ ကာလလည်း ဖြစ်ပါတယ်။

မြန်မာတို့ရဲ့ အထွဋ်မြတ်ထားရာ သင်္ကြန်ပွဲတော်ကို ပုဂံခေတ်၊ နရသီဟပတေ့မင်းလက်ထက်က ပထမဆုံး စတင်ခဲ့တဲ့လို့ ရှေးမှတ်တမ်းတွေမှာဖော်ပြထားသလို သင်္ကြန်ပွဲတော်စတင်ဖြစ်ပေါ်လာစေတဲ့ ပုံပြင်များစွာလည်း ရှိခဲ့ပါတယ်။ အဲ့ဒီအထဲကမှ သိကြားမင်းနဲ့ ဗြဟ္မာမင်းတို့ ငြင်းခုန်ခဲ့ရာကနေ ရှုံးခဲ့တဲ့ ဗြဟ္မာမင်းဟာ အဓိဋ္ဌာန်ပြုပြီး သူ့ရဲ့ဦးခေါင်းကို သိကြားမင်းကိုပေးအပ်ခဲ့ရာကနေ မြေပေါ်လည်းချမရ၊ ရေမှာလည်း ထားမရတဲ့ ဗြဟ္မာမင်း ဦးခေါင်းကို နတ်သမီးခုနစ်ပါးအနက်မှ တစ်ဦးကို တစ်နှစ်စဉ်အလှည့်ကျလွှဲပြောင်း ကိုင်ဆောင်ရင်း လွှဲပြောင်း ပေးတဲ့ကာလကို နှစ်သစ်ကူးကာလအဖြစ် သတ်မှတ်ခဲ့တယ်ဆိုတဲ့ ဒဏ္ဍာရီဆန်ဆန်ပုံပြင်မျိုးတွေလည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ တစ်နှစ်တစ်ခါ ထုတ်ဝေတဲ့ သင်္ကြန်စာတွေမှာ ဗြဟ္မာမင်းကြီးရဲ့ ဦးခေါင်းကို နတ်သမီးတစ်ပါးမှ တစ်ခြားတစ်ပါးထံသို့ လွှဲပြောင်းပေးအပ်တဲ့ ပုံကိုထူးခြားစွာဖော်ပြလေ့ရှိတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

အဆိုပါ သင်္ကြန်ပွဲတော်ကို တစ်ချိန်က ဟိန္ဒူယဉ်ကျေးမှုလွှမ်းမိုးတာခံခဲ့ရတဲ့ အရှေ့တောင်အာရှနိုင်ငံ အများစုမှာ နှစ်သစ်ကူးပွဲတော်တစ်ရပ်အနေနဲ့ ကျင်းပခဲ့တယ်လို့ မှတ်တမ်းတွေရှိခဲ့ပြီး ယနေ့ခေတ်မှာတော့ မြန်မာနိုင်ငံသာ မက ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံတွေမှာ ကျင်းပလေ့ရှိပါတယ်။ တကယ်တော့ သင်္ကြန်ဟာ ဟိန္ဒူဝါဒ ယုံကြည်မှုထုံးတမ်းစဉ်လာတစ်ရပ်အရ ဆင်းသက်လာတယ်လို့ တစ်ချို့သော ပညာရှင်တွေက ယူဆကြပြီး ထေရဝါဒ ဗုဒ္ဓဘာသာရဲ့ အဆုံးအမတွေနဲ့ ပြုပြင်ယူခဲ့ကြကာ နှစ်သစ်ကူးအလှူအတန်းပွဲများ၊ ရှင်ပြု မင်္ဂလာပွဲများ၊ ဘုရားကျောင်းကန်တွေမှာ ဥပုသ်သီလဆောက်တည်မှုများ၊ သက်ကြီးရွယ်အိုနဲ့ လူကြီးသူမ တွေကို ခေါင်းလျှော်ပေးခြင်း၊ ခြေသည်းလက်သည်းလှီးဖြတ်ပေးခြင်း၊ သတ္တဝါတွေကို ဘေးမဲ့ပေးခြင်း စတဲ့ ကုသိုလ်ဓလေ့တွေနဲ့ ပေါင်းစပ်ကျင်းပလေ့ရှိပါတယ်။

ထိုသင်္ကြန်ပွဲတော်ဟာ ခေတ်ကာလအလိုက် ဆင့်ကဲပြောင်းလဲလာခဲ့ပြီး ယခုနောက်ပိုင်းမှာ ပျော်စရာပွဲတော် တစ်ခုအဖြစ်ရောက်လာသလို စီးပွားရေးအမြတ်အစွန်းများတဲ့ ကုန်ပစ္စည်းတွေကြော်ငြာတဲ့ပွဲတော်မျိုး အသွင်လည်း တစ်စတစ်စရောက်လာပြီး သင်္ကြန်ရဲ့အနှစ်သာရဖြစ်တဲ့ အေးချမ်းသောနိမိတ်၊ ပြောင်းလဲခြင်း သဘော၊ နှစ်ဟောင်းမှ နှစ်သစ်သို့ငြိမ်းချမ်းစွာကူးပြောင်းခြင်း အစရှိတဲ့ အဓိပ္ပါယ်အနှစ်သာရတွေကို နားလည် သဘောပေါက် သိရှိသူတွေဟာ တဖြေးဖြေးနည်းပါးလာခဲ့ပါတယ်။

မထင်မှတ်ဘဲ ပွဲပျက်ခဲ့တဲ့သင်္ကြန်

နှစ်စဉ်ကျင်းပလာတဲ့ သင်္ကြန်ပွဲတော်ဟာ သက်ဆိုင်ရာအုပ်ချုပ်သူအစိုးရတွေအနေနဲ့ နှစ်စဉ် ဇန်နဝါရီလဆန်း လောက်ကတည်းက အစီအမံတွေကိုအကြမ်းဖျဉ်းကြိုတင်ရေးဆွဲလေ့ရှိကြပါတယ်။ ယခုနှစ်မှာလည်း ရေကစားမဏ္ဍပ်တည်ဆောက်ဖို့ကိစ္စတွေအပါအဝင် ယာဉ်ကြောပိတ်ဆို့မှုဖြေရှင်းရေးတွေပါ ကဏ္ဍအလိုက် ကော်မတီငယ်များဖွဲ့စည်းပြီး ပြင်ဆင်လုပ်ဆောင်ထားပေမယ့် သင်္ကြန်မရောက်မီ ရက် ၂၀ ခန့်အလိုမှ စတင်ကာ ပွဲပျက်စရာအခြေအနေမျိုးကြုံခဲ့ကာ တစ်ရက်ထက်တစ်ရက် ယင်းအခြေအနေက ပိုမိုဆိုးရွားလာခဲ့ပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မြို့ကနေ အစချီကာ ဖြစ်ပွားခဲ့တဲ့ ကူးစက်မြန်လှသော ပြင်းထန်အဆုတ်ရောင် ရောဂါတစ်မျိုးဟာ ၂၀၁၉ အကုန် ၂၀၂၀ နှစ်ဆန်းကာလကတည်းက ကမ္ဘာ့နိုင်ငံတွေမှာ ပျံ့နှံ့ဂယက်ရိုက်ခဲ့ ပေမယ့် မြန်မာနိုင်ငံအဖို့တော့ ပို့ကုန်သွင်းကုန်အခြေအနေတွေကို သက်ရောက်ထိခိုက်မှု ရှိစေတာက လွဲလို့ ဖေဖော်ဝါရီလကုန်လောက်ထိ အခြေအနေကောင်းမွန်နေဆဲကာလကို ကြုံခဲ့ရပါတယ်။ “အစကတော့ ဒို့ဆီမှာ ဒီလောက်ဖြစ်လာလိမ့်မယ်လို့ မထင်ဘူးလေ၊ သင်္ကြန်အတွက်ကိုလည်း တော်တော်များများက ပြင်ဆင် နေကြတဲ့ ကာလပေါ့၊ ဒါပေမဲ့ရောဂါအခြေအနေကြောင့် မထင်မှတ်ဘဲ အခုလိုပွဲပျက်သွားတော့လည်း ဘယ်တတ်နိုင်မလဲ၊ အခြေအနေတွေက မှန်းဆလို့မှမရတာ”လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောပြပါတယ်။

ဒါ့ကြောင့်ပင် တက္ကသိုလ်တွေမှာ စာသင်နှစ်တစ်နှစ်တာ ကုန်ဆုံးတော့မယ့် ကာလအတွက် ကျောင်းသားကျောင်းသူအချင်းချင်းပျော်ရွှင်စွာနှုတ်ဆက် ဆင်နွှဲခဲ့ကြတဲ့ ကျောင်းသင်္ကြန်တွေ ကို တက္ကသိုလ်တိုင်းလိုလိုမှာ မတ်လဒုတိယပတ်လောက်အထိ စည်ကားစွာကျင်းပခဲ့ကြတာကို တွေ့ရမှာဖြစ်ပါတယ်။ ထိုရောဂါဟာကမ္ဘာ့နိုင်ငံအများစုမှာကူးစက်လာခဲ့ပြီး အိမ်နီးချင်းနိုင်ငံတွေမှာလည်း ကူးစက်ဖြစ်ပွားလာခဲ့သလို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က pandemic ရောဂါအဖြစ် ကြေညာလိုက်ချိန်မှာတော့ မြန်မာနိုင်ငံမှာလည်း ရောဂါအန္တရာယ် အတွက် ကူးစက်ဝင်ရောက်မှုမရှိအောင် စတင်ကြိုးပမ်းရပါတော့တယ်။ သို့သော်လည်း မတ်လစတုတ္ထ အပတ် ထဲမှာ ပြည်ပနိုင်ငံသားအဖြစ်ခံယူထားသူတစ်ဦးက ရန်ကုန်မြို့ကနေ နယ်ကျေးရွာလေးတစ်ခုဆီရောက်ရှိသွား ခဲ့ပြီးနောက် အဲ့ဒီရွာမှာအပြင်းအထန်ဖျားနာလို့ ဓာတ်ခွဲနမူနာတွေကို ယူဆောင်စစ်ဆေးတဲ့အခါမှ COVID 19 ရောဂါပိုးတွေ့ရှိလာခဲ့ပါတယ်။ အဲ့ဒီအခါမှာ လူထုကြားထဲ စိုးရိမ်မှုတွေမြင့်မားခဲ့ပြီး အစိုးရပိုင်းကအစ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအစီအမံတွေကို အဓိကထားကာ ဆောင်ရွက်လာရင်း ရောဂါကူးစက်ပျံ့ပွားမှု များပြားမလာစေဖို့ ပွဲလမ်းသဘင်တွေကို ပိတ်သိမ်းလာရတဲ့ အခြေအနေမျိုးဖြစ်ခဲ့ပါတယ်။

“တကယ်တော့လေ ဒီရောဂါက ကျွန်တော်တို့နိုင်ငံကို ဝင်လာတာဟာ တစ်ချို့ကျွမ်းကျင်သူတွေ ခန့်မှန်း နေကြတဲ့အတိုင်း ပြည်ပပြန်တွေကနေ ဖြစ်လာနိုင်တယ်ဆိုတဲ့အတိုင်းကို ဖြစ်ခဲ့တာပဲ၊ ကျောင်းသင်္ကြန်တွေ ဆိုရင် လူစုလူဝေးနဲ့  အများကြီးကျင်းပခဲ့တာပဲ၊ အဲ့ဒီတုန်းက ဘာလို့မဖြစ်ခဲ့သလဲဆိုတော့ ရောဂါပိုးသယ်ဆောင် လာတဲ့ ပြည်ပပြန်လာသူတွေမရှိတာကြောင့် ဆိုတာ ထင်ရှားပါတယ်၊ အခုအချိန်မှာ အရေးကြီးဆုံးက ရောဂါ မပျံ့ပွားစေဖို့ပါပဲ”လို့ သူက ဆက်ပြောပါတယ်။

လူအသေအပျောက်မရှိခဲ့တဲ့သင်္ကြန်

နှစ်စဉ်သင်္ကြန်ပွဲတော်တိုင်းမှာ တစ်နှစ်နဲ့တစ်နှစ် အနည်းနဲ့အများထိခိုက်ဒဏ်ရာရတာတွေ သေဆုံးတာ တွေလည်း ဖြစ်ပွားလေ့ရှိပေမယ့် ဒီနှစ်မှာတော့ သင်္ကြန်ရက်ကာလမှာ မိမိတို့နေအိမ်အတွင်းမှာပဲ နေထိုင်ဖို့ သတ်မှတ်ထားတဲ့ကာလဖြစ်တဲ့အတွက် အပျော်လွန်ကာမူးယစ်သောက်စားပြီးသေကြတဲ့ဖြစ်ရပ်တွေလည်း ကွယ်ပျောက်ခဲ့ရပါတယ်။

“ဆေးရုံ Duty ကြောင့် ကျွန်တော်သွားရတော့ အရင်က ပိတ်ဆို့နေတဲ့ လမ်းတွေမှာ ဘာမှကိုမရှိဘဲ တော်တော်လေးကို ရှင်းနေတာဗျာ၊ ဒီလိုအခြေအနေမျိုး ကျွန်တော့်တစ်သက် တစ်ခါမှမကြုံဖူးဘူး၊ လူတွေလည်း ကြောက်ကြတယ်ဆိုတာကလည်း ဖြစ်သင့်ပါတယ်၊ ဒီရောဂါက ကူးစက်ခံရသူမှာ လက္ခဏာ မပြခင်မှာပဲ တခြားသူတွေကို ဆက်လက်ကူးစက်ဖို့ အခွင့်အလမ်းတွေဖြစ်လာတော့ စိုးရိမ်ကြတာပါ၊ ကျွန်တော်တို့ နှစ်စဉ်အမြဲတမ်းလုပ်ဆောင်နေတဲ့ ထိခိုက်သေဆုံးမှုလျော့ပါးရေးကိစ္စဟာ ဒီနှစ်မှာတော့ ထူးထူးခြားခြားပဲလေ၊ ဒါပေမဲ့ခက်တာက ကူးစက်ခံရတဲ့ အရေအတွက်က တစ်စထက် တစ်စများလာတယ်၊ ဒါကတော့ စိုးရိမ်စရာပေါ့ဗျာ”လို့ အရိုးရောဂါအထူးကုဆရာဝန်ကြီး ဒေါက်တာ တင်ဦးက ရှင်းပြပါတယ်။

အပျော်လွန်တာကြောင့် ထိခိုက်သေဆုံရတဲ့အခြေအနေတွေလျော့ပါးသွားပေမယ့် ရောဂါကူးစက်မှု များလာတဲ့ အခြေအနေကြောင့် ဒေသန္တရအမိန့်တွေထုတ်ပြန်ရတဲ့ အခြေအနေကိုရောက်လာခဲ့ပါတယ်။ ထိုအခြေအနေတွေ ရဲ့ ဆက်စပ်မှုကွင်းဆက်တွေအရ စီးပွားရေးလုပ်ငန်းတွေလည်းရပ်ဆိုင်းကာ စီးပွားရေးထိခိုက်မှု အခြေအနေ မျိုးကို ကြုံလာကြရပေမယ့် ရက်ရှည်သိမ်းဆည်းကာ စားသောက်နိုင်တဲ့ အစားအစာတွေ၊ ကုန်ခြောက်တွေက သိသိသာသာ အရောင်းအဝယ်သွက်ခဲ့ပြီး ဆေးဝါးပစ္စည်းတွေဟာလည်း မမျှော်မှန်းနိုင်တဲ့ဈေးနှုန်း အခြေအနေကို ရောက်လာခဲ့ပါတယ်။ သင်္ကြန်ကာလထဲ Home Stay သတ်မှတ်လိုက်ခြင်းကြောင့်လည်း သင်္ကြန်မှာရောင်းဖို့ကြိုတင်ပြင်ဆင်ထားသူတွေအဖို့လည်း တွက်ခြေမကိုက်တဲ့ဖြစ်ရပ်မျိုးကြုံခဲ့ရပါတယ်။

“အစ်ကိုတို့က မြစ်ဝကျွန်းပေါ်ဘက်ကနေ ရန်ကုန်မှာအိမ်ငှားနေပြီးတော့ အခြေချလုပ်ကိုင်တာပါ၊ အစ်ကိုယ့် ညီမက ကွမ်းယာတို့၊ ရေသန့်ဗူးတို့ အစုံရောင်းတယ်၊ လမ်းဘေးဆိုင်ပေါ့၊ မနှစ်တုန်းကသင်္ကြန်မှာဆိုရင် ဆိုင်မှာ ဘာတင်တင် တင်သမျှအကုန်ကုန်လုံးကုန်တာပဲ၊ အခုနှစ်မှာကျတော့ တစ်နေကုန်လို့ ရေသန့်ဗူး နှစ်ဗူး၊ သုံးဗူး လောက် ရောင်းရဖို့ မလွယ်ဘူး၊ ရေရှည်သာ ဒီအတိုင်းဖြစ်နေရင်တော့ ရွာပြန်ပြီးလုပ်ကိုင်စားဖို့ပဲ ပြင်ဆင်ထားတယ်၊ အခုရောဂါဖြစ်နေသူအများစုက ရန်ကုန်မှာဆိုတော့ တကယ်တမ်းပြောရင် ကြောက်တယ်၊ အစ်ကိုယ့်အသက်က အခု ၅၀ ကျော်လာပြီ၊ အခုလိုမျိုးတစ်ခါမှ မကြုံဖူးဘူး၊ စိုးရိမ်တာတော့ အမှန်ပဲ”လို့ လက်သမားအလုပ်နဲ့ အသက်မွေးနေတဲ့ ကိုညိုဝင်းက ရှင်းပြပါတယ်။

သင်္ကြန်ကာလကို မျှော်မှန်းပြီး စီစဉ်ထားကြတဲ့ စီးပွားရေးသမားတွေနဲ့ လုပ်ငန်းရှင်တွေအများစုဟာ ဆုံးရှုံးမှု များစွာနဲ့ အလဲလဲအကွဲကွဲအခြေအနေမျိုးဖြစ်ခဲ့ကြရပါတယ်။

ပေါ့ပေါ့တန်တန်နေသူများလည်းရှိနေဆဲ

ယခုအခါ တစ်လမပြည့်ခင်အချိန်အတောအတွင်းမှာ COVID 19 ရောဂါပိုး ကူးစက်ခံရသူ ၁၀၀ ကျော် ရှိလာခဲ့ပြီး အဆိုပါအခြေအနေဟာ ဖွံ့ဖြိုးတိုးတက်လှတဲ့နိုင်ငံတွေမှာဖြစ်ပွားမှုအခြေအနေနဲ့ယှဉ်ကြည့်ရင် ကူးစက်ပျံ့နှံ့မှုပိုမိုများပြားနေတဲ့ အခြေအနေမျိုးဖြစ်နေတယ်လု့ိ ဆေးပညာရှင်တွေက သုံးသပ်ထားကြ ပါတယ်။

“ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာနရဲ့လမ်းညွှန်ချက်နဲ့အညီ ဆရာတို့က နေ့ရောညရော တာဝန်တွေခွဲဝေပြီးတော့ ဒီလိုကာလမှာ ကူးစက်မှုလျော့ပါးဖို့ကိစ္စတွေ၊ ရောဂါထိန်းချုပ်ဖို့တွေ၊ ဆေးကုသမှုတွေကို လုပ်ဆောင်နေတဲ့ ကာလလည်း ဖြစ်ပါတယ်၊ အရေးကြီးတာ ပြည်သူတွေက ပူးပေါင်းပါဝင်မှုရှိဖို့ လိုပါတယ်”လို့ ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမြင့်က ရှင်းပြပါတယ်။ အခုဆိုရင် ရန်ကုန်၊ မန္တလေးအပါအဝင် ပြည်တွင်းကမြို့ကြီးအများစုမှာ ညမထွက်ရအမိန့်တွေထုတ်ပြန်ပြီး လုပ်ဆောင်နေသလို ရန်ကုန်မှာဆိုရင်လည်း ဖြစ်ပွားမှုများပြားတဲ့မြို့နယ်တွေမှာ အပြင်မထွက်ဘဲ နေအိမ် အတွင်းမှာသာ နေထိုင်ကြစေဖို့ ပိုမိုတင်းကြပ်စွာလုပ်ဆောင်နေတဲ့အပြင် ညမထွက်ရ အမိန့်သတ်မှတ်ချက် တွေကိုပါ ထုတ်ပြန်လာတာတွေရှိပါတယ်။

အဲ့ဒီလိုလုပ်ဆောင်နေကြပေမယ့် လိုက်နာမှုကင်းမဲ့တဲ့ အခြေအနေတွေလည်းရှိနေပြီး စိုးရိမ်မှုကင်းမဲ့စွာ သွားလာနေသူများလည်းများစွာရှိကြောင်း၊ ယခုအထိ နှာခေါင်းစည်း (Mask) မတပ်ဘဲ ပြွတ်သိပ်စွာ ရောင်းချနေတဲ့ ဈေးတွေရှိတာကြောင့် လိုအပ်သော ကြပ်မတ်မှုတွေဆောင်ရွက်နေပြီး ဧပြီ ၂၀ ရက်ကလည်း ၃၈ လမ်းက လမ်းဘေးပျံကျဈေးမှာ ဈေးဆိုင်တစ်ဆိုင်နဲ့တစ်ဆိုင် သတ်မှတ်အကွာအဝေးရှိစေဖို့ နေရာချပေးရန်လုပ်ဆောင်စဉ် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ဈေးရောင်းချသူတွေ အခြေတင်ဖြစ်ကြကာ မကျေလည်မှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ “ပွင့်ပွင့်လင်းလင်းပြောရရင် အရင်တုန်းကတော့ အစ်မက ဒီရောဂါကို မကြောက်ဘူး၊ တစ်ခါမှလည်း မကြုံဖူးတော့ ကိုယ့်နိုင်ငံမှာ ဒီလောက်အထိ ဖြစ်မယ်လို့ မထင်ထား ဘူးလေ၊ အခုက ဒီဟာတော်တော့်ကို ကြောက်ဖို့ကောင်းတယ်ဆိုတာ သိလာတယ်၊ ပြောရရင် HIV တို့ဘာတို့ ထက်တောင်မှ ပိုကြောက်ဖို့ကောင်းတယ်လို့ မြင်တယ်၊ ကူးစက်တာကလည်း အရမ်းမြန်တော့ စိုးရိမ်မိတယ်၊ အခုတော့ အပြင်ကို မထွက်တော့ဘူး၊ ဆိုင်လည်းပိတ်ထားလိုက်တော့တယ်”လို့ ဆန်ဆိုင်ဖွင့်ထားတဲ့ ဒေါ်ကြည်ကြည်စိန်က ပြောပါတယ်။

အဲ့ဒီလိုပေါ့ပေါ့တန်တန်သွားလာနေသူများကြောင့် ရောဂါကူးစက်ပျံ့ပွားမှုများပြားတာမျိုးမရှိအောင် ရန်ကုန်မြို့ အတွင်း သွားလာနေတဲ့ YBS ယာဉ်တွေမှာ Mask မတပ်ပါက စီးနင်းခွင့်မပြုတဲ့အခြေအနေမျိုးတွေ၊ ဈေးတွေ မှာလည်း Mask မတပ်ပါက ဝင်ရောက်ခွင့်မပြုတာမျိုးတွေနဲ့ တင်းတင်းကြပ်ကြပ်လုပ်ဆောင်လာတာတွေ ရှိလာပါတယ်။ ထိုရောဂါဟာ ကူးစက်မှုမြင့်မားတာကြောင့် ဖြစ်တာနဲ့ ဆက်နွယ်ပတ်သက်သူတွေကို Quarantine အဖြစ် ထားကာစောင့်ကြည့်တာတွေကို လုပ်ဆောင်နေပြီး စောင့်ကြည့်တဲ့ကာလကို မူလက ၁၄ ရက်သတ်မှတ်ခဲ့ရာမှ လုံလောက်မှုမရှိတဲ့အနေအထားတွေကြောင့် ၂၁ ရက်အဖြစ် သတ်မှတ် စောင့်ကြည့် တာတွေကို လုပ်ဆောင်နေပါတယ်။ ရောဂါအတွက် Positive လူနာအသစ်များပေါ်လာလေလေ Quarantine အဖြစ်စောင့်ကြပ်ကြည့်ရှုထားရမယ့်သူတွေ များပြားလာတဲ့အခြေအနေကြောင့် Quarantine စင်တာ လိုအပ် ချက်တွေလည်း ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိမှာ Positive လူနာတွေကို လက်ခံကုသနေတဲ့ ဝေဘာဂီအထူးကုဆေးရုံကြီးမှာ လက်ခံကုသဖို့ နေရာ မရှိတော့တဲ့အတွက် Positive လူနာ ၇၀ ဝန်းကျင်လောက် လက်ခံကာ ကုသပေးနိုင်မယ့် နေရာတစ်ခု အဖြစ် တောင်ဥက္ကလာပမြို့နယ်ရှိ မိခင်နှင့်ကလေးဆေးရုံကြီးမှာ ကုသနေကြောင်း၊ ယခုဆေးရုံမှာ လူနာ အခြေအနေများပြားကာ လိုအပ်ချက်များရှိပါက ဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်မှာ လူ ၂၀၀၀ စာလောက်ကို ကုသပေးနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားတယ်လို့ ဝဘာဂီအထူးကုဆေးရုံကြီးရဲ့ ဆေးရုံအုပ်ကြီးဖြစ်သူ ဒေါက်တာ အေးအေးအောင်က ဆိုပါတယ်။

ကုသရေးအပိုင်းမှာ ပြင်ဆင်ဆောင်ရွက်နေသလို Quarantine ဝင်မယ့်သူတွေကို ထားရှိဖို့ဟာလည်း ရန်ကုန်မှာ နေရာလိုအပ်ချက်များရှိလာတာကြောင့် နေရာသစ်များအဖြစ် လှိုင်တက္ကသိုလ်၊ ရေကြောင်းတက္ကသိုလ် အစရှိတဲ့ တက္ကသိုလ်တွေမှာ နေရာရှာဖွေတာတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့က လုပ်ဆောင်နေကြပါတယ်။ ပြည်ပကနေ ပြန်ရောက်လာသူတွေကိုထားဖို့ မြို့နယ်အလိုက် စာသင်ကျောင်းတွေမှာစီစဉ်ထားကြပြီး Positive လူနာနဲ့ ဆက်စပ်နိုင်တဲ့ သူတွေကိုစောင့်ကြည့်ဖို့ထားရှိမယ့် Quarantine စင်တာတွေဟာ ၂၀ ကျော် ဖွင့်လှစ် ထားသော်လည်း လိုအပ်ချက်တွေရှိနေတာကြောင့် နေရာရှာဖွေတဲ့အလုပ်ကိုလည်း အလေးထား လုပ်ဆောင် နေကြပါတယ်။

ချုပ်ငြိမ်းစေချင်တဲ့ ကပ်ဘေး

အခုဖြစ်နေတဲ့ ရောဂါကပ်ဘေးကို ချုပ်ငြိမ်းသွားစေဖို့ ဝိုင်းဝန်းကြိုးပမ်းနေကြပြီး သက်ဆိုင်ရာဒေသ အာဏာပိုင်တွေနဲ့အတူ ပရဟိတအသင်းအဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ပူးပေါင်းကာ ပိုးသတ်ဆေး ဖြန်းတာတွေအပါအဝင် လုပ်ဆောင်လာကြပါတယ်။

“ဒီလိုကပ်ဘေးကြီး မြန်မြန်ချုပ်ငြိမ်းစေချင်တာပါပဲ၊ အစိုးရပိုင်းကလည်း ဒါကိုထိထိရောက်ရောက်နဲ့ ကြပ်မတ်ပြီး လုပ်ဆောင်တာမျိုးတွေ့ရပါတယ်၊ ပြည်သူတွေအားလုံးကလည်း ရောဂါကူးစက်ပျံ့ပွားတာမျိုးမဖြစ်အောင် သတိပြုဆင်ခြင်လိုက်နာရပါမယ်၊ ဘာလို့လဲဆိုတော့ ဒီရောဂါက ကိုယ်ဖြစ်ကိုယ်ခံမဟုတ်ဘူး၊ ကိုယ်ဖြစ်ရင် ကိုယ့်တစ်ယောက်တည်းအတွက်သာမကဘူး၊ မိသားစု ပတ်ဝန်းကျင်ရော အကုန်လုံးခံစားရတာ၊ ဒါကြောင့်မို့ မိမိကိုယ်ကိုမကူးစက်အောင်ကာကွယ်ခြင်းဟာ ကိုယ့်မိသားစု ကိုယ့်ပတ်ဝန်းကျင်ကို ကူညီစောင့်ရှာက်ရာ ရောက်စေသလို ကူညီစောင့်ရှောက်ကြပါ”လို့ ပန်းဘဲတန်းမဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ဆိုပါတယ်။

ရောဂါချုပ်ငြိမ်းဖို့ အစိုးရအပိုင်းကလုပ်နေပေမယ့် လုပ်ငန်းရှင်အချို့ဟာ မိမိတို့အကျိုးစီးပွားကို ရှေ့တန်းတင် လုပ်ဆောင်နေကြတာကြောင့် ခြောက်ကပ်ကာ အိပ်မောကျနေတဲ့ ရန်ကုန်မြို့ကြီးမှာ ရောဂါကူးစက်မှုလျှော့ချဖို့ မိမိတို့နေအိမ်ထဲမှာပဲ လိုက်နာနေထိုင်ဖို့ထက် စားဝတ်နေရေးအတွက်ရုန်းကန်တာတွေကြောင့် သင်္ကြန်ပိတ်ရက်တွေအပြီး ဧပြီ ၂၀ ရက်မှာ သွားလာသူတွေနဲ့ပြန်လည်များပြားလာတဲ့အခြေအနေကိုလည်းရန်ကုန်မြို့လယ်ဧရိယာ တစ်ဝိုက်မှာ မြင်လာရပါတယ်။ “တကယ်တော့လေ ရောဂါကင်းချင်တယ်လို့ အပြောနဲ့ပဲမရဘူး၊ အများ ပြည်သူတွေက လိုက်ပါ လုပ်ဆောင်ကြမှာဖြစ်ပါတယ်”လို့ ၎င်းက ဆက်လက်ရှင်းပြခဲ့ပါတယ်။

သင်္ကြန်ပွဲတော်ရက်တွေမှာ မိမိတို့နေအိမ်အသီးသီးထဲ Home Stay နေထိုင်ကြတဲ့ ပြည်သူတွေဟာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ COVID 19 အတည်ပြုလူနာစာရင်းကို ရင်ခုန်စိုးရိမ်မှု ပိုကာစောင့်ဆိုင်းနားစွင့်ခဲ့တဲ့ ကာလဖြစ်ခဲ့ပါတယ်။ တစ်နေ့ထက်တစ်နေ့ တိုးပွားလာတဲ့အတည်ပြုလူနာ စာရင်းတွေဟာ ပြည်သူတွေကြားမှာ စိုးရိမ်မှုဒီဂရီမြင့်ခဲ့ပြီး သာမန် နှာစေးချောင်းဆိုးဖြစ်တဲ့ အခြေအနေမျိုး အတွက်ကိုပင် မိမိကိုယ်ကိုစိုးရိမ်ကာသံယစိတ်တွေဝင်ခဲ့တဲ့ ကာလလည်းဖြစ်ခဲ့ပါတယ်။ ဘယ်လိုအချိန် ဘယ်ကာလမှာမှ ဘယ်လိုအခြေအနေမျိုးနဲ့ ရောဂါပြီးဆုံးမလဲဆိုတာကိုတော့ မှန်းဆမရနိုင်ကြပေမယ့် စိုးရိမ် စိတ်တွေကတော့ အပြည့်ပါပဲ။ မြန်မာတို့ရဲ့ ကျက်သရေရှိလှသော နှစ်သစ်ကူးအခါကာလမှာ ကုသိုလ်ပြုကာ အလှူအတန်းတွေလုပ်ဖို့ အခွင့်အလမ်းမရှိခဲ့တဲ့ကာလဖြစ်ခဲ့တဲ့အပြင် ရေမစိုဘဲကျော်ဖြတ်ခဲ့ရတဲ့ ၂၀၂၀ သင်္ကြန် ကတော့ မှတ်မှတ်ရရနဲ့ သမိုင်းတစ်ခု မှတ်တမ်းတစ်ခုအဖြစ် ကျန်ရစ်ခဲ့တော့မှာအမှန်ပါပဲ။

ဇွဲမာန်
ဧပြီ - ၂၁

( Zawgyi )

ျမန္မာ့တစ္ဆယ့္ႏွစ္လရာသီေတြထဲ လအလိုက္ပြဲေတာ္ေတြအနက္ တန္ခူးလမွာက်င္းပတဲ့ သၾကၤန္ပြဲေတာ္ဟာ ျမန္မာတို႔ရဲ႕ ႏွစ္သစ္ကူး အခါသမယလည္းျဖစ္သလို ေခတ္ကာလအဆက္ဆက္ အစဥ္အလာမပ်က္ က်င္းပေလ့ရွိပါတယ္။ အဂၤလိပ္ျပကၡဒိန္အရဆိုရင္ ဧၿပီလဟာ ျမန္မာတို႔အတြက္ ႏွစ္စဥ္သၾကၤန္ေရသဘင္ ပြဲေတာ္က်င္းပရင္း ႏွစ္သစ္ကူးေျပာင္းခဲ့ၾကပါတယ္။ အဲ့ဒီလိုႏွစ္သစ္ကူးကာလမွာ သၾကၤန္ေရသဘင္ပြဲေတာ္သာ မကဘဲ ႏွစ္ဦးအလႉပြဲေတြကိုလည္း စည္ကားစြာက်င္းပေလ့ရွိတဲ့ ကာလလည္း ျဖစ္ပါတယ္။

ျမန္မာတို႔ရဲ႕ အထြဋ္ျမတ္ထားရာ သၾကၤန္ပြဲေတာ္ကို ပုဂံေခတ္၊ နရသီဟပေတ့မင္းလက္ထက္က ပထမဆုံး စတင္ခဲ့တဲ့လို႔ ေရွးမွတ္တမ္းေတြမွာေဖာ္ျပထားသလို သၾကၤန္ပြဲေတာ္စတင္ျဖစ္ေပၚလာေစတဲ့ ပုံျပင္မ်ားစြာလည္း ရွိခဲ့ပါတယ္။ အဲ့ဒီအထဲကမွ သိၾကားမင္းနဲ႔ ျဗဟၼာမင္းတို႔ ျငင္းခုန္ခဲ့ရာကေန ရႈံးခဲ့တဲ့ ျဗဟၼာမင္းဟာ အဓိ႒ာန္ျပဳၿပီး သူ႔ရဲ႕ဦးေခါင္းကို သိၾကားမင္းကိုေပးအပ္ခဲ့ရာကေန ေျမေပၚလည္းခ်မရ၊ ေရမွာလည္း ထားမရတဲ့ ျဗဟၼာမင္း ဦးေခါင္းကို နတ္သမီးခုနစ္ပါးအနက္မွ တစ္ဦးကို တစ္ႏွစ္စဥ္အလွည့္က်လႊဲေျပာင္း ကိုင္ေဆာင္ရင္း လႊဲေျပာင္း ေပးတဲ့ကာလကို ႏွစ္သစ္ကူးကာလအျဖစ္ သတ္မွတ္ခဲ့တယ္ဆိုတဲ့ ဒ႑ာရီဆန္ဆန္ပုံျပင္မ်ိဳးေတြလည္း ရွိခဲ့ပါတယ္။ ဒါ့အျပင္ ျမန္မာႏိုင္ငံမွာ တစ္ႏွစ္တစ္ခါ ထုတ္ေဝတဲ့ သၾကၤန္စာေတြမွာ ျဗဟၼာမင္းႀကီးရဲ႕ ဦးေခါင္းကို နတ္သမီးတစ္ပါးမွ တစ္ျခားတစ္ပါးထံသို႔ လႊဲေျပာင္းေပးအပ္တဲ့ ပုံကိုထူးျခားစြာေဖာ္ျပေလ့ရွိတာကိုလည္း ေတြ႕ရမွာျဖစ္ပါတယ္။

အဆိုပါ သၾကၤန္ပြဲေတာ္ကို တစ္ခ်ိန္က ဟိႏၵဴယဥ္ေက်းမႈလႊမ္းမိုးတာခံခဲ့ရတဲ့ အေရွ႕ေတာင္အာရွႏိုင္ငံ အမ်ားစုမွာ ႏွစ္သစ္ကူးပြဲေတာ္တစ္ရပ္အေနနဲ႔ က်င္းပခဲ့တယ္လို႔ မွတ္တမ္းေတြရွိခဲ့ၿပီး ယေန႔ေခတ္မွာေတာ့ ျမန္မာႏိုင္ငံသာ မက ထိုင္းႏိုင္ငံ၊ လာအိုႏိုင္ငံ၊ ကေမာၻဒီးယားႏိုင္ငံေတြမွာ က်င္းပေလ့ရွိပါတယ္။ တကယ္ေတာ့ သၾကၤန္ဟာ ဟိႏၵဴဝါဒ ယုံၾကည္မႈထုံးတမ္းစဥ္လာတစ္ရပ္အရ ဆင္းသက္လာတယ္လို႔ တစ္ခ်ိဳ႕ေသာ ပညာရွင္ေတြက ယူဆၾကၿပီး ေထရဝါဒ ဗုဒၶဘာသာရဲ႕ အဆုံးအမေတြနဲ႔ ျပဳျပင္ယူခဲ့ၾကကာ ႏွစ္သစ္ကူးအလႉအတန္းပြဲမ်ား၊ ရွင္ျပဳ မဂၤလာပြဲမ်ား၊ ဘုရားေက်ာင္းကန္ေတြမွာ ဥပုသ္သီလေဆာက္တည္မႈမ်ား၊ သက္ႀကီး႐ြယ္အိုနဲ႔ လူႀကီးသူမ ေတြကို ေခါင္းေလွ်ာ္ေပးျခင္း၊ ေျခသည္းလက္သည္းလွီးျဖတ္ေပးျခင္း၊ သတၱဝါေတြကို ေဘးမဲ့ေပးျခင္း စတဲ့ ကုသိုလ္ဓေလ့ေတြနဲ႔ ေပါင္းစပ္က်င္းပေလ့ရွိပါတယ္။

ထိုသၾကၤန္ပြဲေတာ္ဟာ ေခတ္ကာလအလိုက္ ဆင့္ကဲေျပာင္းလဲလာခဲ့ၿပီး ယခုေနာက္ပိုင္းမွာ ေပ်ာ္စရာပြဲေတာ္ တစ္ခုအျဖစ္ေရာက္လာသလို စီးပြားေရးအျမတ္အစြန္းမ်ားတဲ့ ကုန္ပစၥည္းေတြေၾကာ္ျငာတဲ့ပြဲေတာ္မ်ိဳး အသြင္လည္း တစ္စတစ္စေရာက္လာၿပီး သၾကၤန္ရဲ႕အႏွစ္သာရျဖစ္တဲ့ ေအးခ်မ္းေသာနိမိတ္၊ ေျပာင္းလဲျခင္း သေဘာ၊ ႏွစ္ေဟာင္းမွ ႏွစ္သစ္သို႔ၿငိမ္းခ်မ္းစြာကူးေျပာင္းျခင္း အစရွိတဲ့ အဓိပၸါယ္အႏွစ္သာရေတြကို နားလည္ သေဘာေပါက္ သိရွိသူေတြဟာ တေျဖးေျဖးနည္းပါးလာခဲ့ပါတယ္။

မထင္မွတ္ဘဲ ပြဲပ်က္ခဲ့တဲ့သၾကၤန္

ႏွစ္စဥ္က်င္းပလာတဲ့ သၾကၤန္ပြဲေတာ္ဟာ သက္ဆိုင္ရာအုပ္ခ်ဳပ္သူအစိုးရေတြအေနနဲ႔ ႏွစ္စဥ္ ဇန္နဝါရီလဆန္း ေလာက္ကတည္းက အစီအမံေတြကိုအၾကမ္းဖ်ဥ္းႀကိဳတင္ေရးဆြဲေလ့ရွိၾကပါတယ္။ ယခုႏွစ္မွာလည္း ေရကစားမ႑ပ္တည္ေဆာက္ဖို႔ကိစၥေတြအပါအဝင္ ယာဥ္ေၾကာပိတ္ဆို႔မႈေျဖရွင္းေရးေတြပါ က႑အလိုက္ ေကာ္မတီငယ္မ်ားဖြဲ႕စည္းၿပီး ျပင္ဆင္လုပ္ေဆာင္ထားေပမယ့္ သၾကၤန္မေရာက္မီ ရက္ ၂၀ ခန႔္အလိုမွ စတင္ကာ ပြဲပ်က္စရာအေျခအေနမ်ိဳးႀကဳံခဲ့ကာ တစ္ရက္ထက္တစ္ရက္ ယင္းအေျခအေနက ပိုမိုဆိုး႐ြားလာခဲ့ပါတယ္။

တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ ဝူဟန္ၿမိဳ႕ကေန အစခ်ီကာ ျဖစ္ပြားခဲ့တဲ့ ကူးစက္ျမန္လွေသာ ျပင္းထန္အဆုတ္ေရာင္ ေရာဂါတစ္မ်ိဳးဟာ ၂၀၁၉ အကုန္ ၂၀၂၀ ႏွစ္ဆန္းကာလကတည္းက ကမာၻ႔ႏိုင္ငံေတြမွာ ပ်ံ႕ႏွံ႔ဂယက္႐ိုက္ခဲ့ ေပမယ့္ ျမန္မာႏိုင္ငံအဖို႔ေတာ့ ပို႔ကုန္သြင္းကုန္အေျခအေနေတြကို သက္ေရာက္ထိခိုက္မႈ ရွိေစတာက လြဲလို႔ ေဖေဖာ္ဝါရီလကုန္ေလာက္ထိ အေျခအေနေကာင္းမြန္ေနဆဲကာလကို ႀကဳံခဲ့ရပါတယ္။ “အစကေတာ့ ဒို႔ဆီမွာ ဒီေလာက္ျဖစ္လာလိမ့္မယ္လို႔ မထင္ဘူးေလ၊ သၾကၤန္အတြက္ကိုလည္း ေတာ္ေတာ္မ်ားမ်ားက ျပင္ဆင္ ေနၾကတဲ့ ကာလေပါ့၊ ဒါေပမဲ့ေရာဂါအေျခအေနေၾကာင့္ မထင္မွတ္ဘဲ အခုလိုပြဲပ်က္သြားေတာ့လည္း ဘယ္တတ္ႏိုင္မလဲ၊ အေျခအေနေတြက မွန္းဆလို႔မွမရတာ”လို႔ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာနမွ အရာရွိတစ္ဦးက ေျပာျပပါတယ္။

ဒါ့ေၾကာင့္ပင္ တကၠသိုလ္ေတြမွာ စာသင္ႏွစ္တစ္ႏွစ္တာ ကုန္ဆုံးေတာ့မယ့္ ကာလအတြက္ ေက်ာင္းသားေက်ာင္းသူအခ်င္းခ်င္းေပ်ာ္႐ႊင္စြာႏႈတ္ဆက္ ဆင္ႏႊဲခဲ့ၾကတဲ့ ေက်ာင္းသၾကၤန္ေတြ ကို တကၠသိုလ္တိုင္းလိုလိုမွာ မတ္လဒုတိယပတ္ေလာက္အထိ စည္ကားစြာက်င္းပခဲ့ၾကတာကို ေတြ႕ရမွာျဖစ္ပါတယ္။ ထိုေရာဂါဟာကမာၻ႔ႏိုင္ငံအမ်ားစုမွာကူးစက္လာခဲ့ၿပီး အိမ္နီးခ်င္းႏိုင္ငံေတြမွာလည္း ကူးစက္ျဖစ္ပြားလာခဲ့သလို ကမာၻ႔ က်န္းမာေရးအဖြဲ႕က pandemic ေရာဂါအျဖစ္ ေၾကညာလိုက္ခ်ိန္မွာေတာ့ ျမန္မာႏိုင္ငံမွာလည္း ေရာဂါအႏၲရာယ္ အတြက္ ကူးစက္ဝင္ေရာက္မႈမရွိေအာင္ စတင္ႀကိဳးပမ္းရပါေတာ့တယ္။ သို႔ေသာ္လည္း မတ္လစတုတၳ အပတ္ ထဲမွာ ျပည္ပႏိုင္ငံသားအျဖစ္ခံယူထားသူတစ္ဦးက ရန္ကုန္ၿမိဳ႕ကေန နယ္ေက်း႐ြာေလးတစ္ခုဆီေရာက္ရွိသြား ခဲ့ၿပီးေနာက္ အဲ့ဒီ႐ြာမွာအျပင္းအထန္ဖ်ားနာလို႔ ဓာတ္ခြဲနမူနာေတြကို ယူေဆာင္စစ္ေဆးတဲ့အခါမွ COVID 19 ေရာဂါပိုးေတြ႕ရွိလာခဲ့ပါတယ္။ အဲ့ဒီအခါမွာ လူထုၾကားထဲ စိုးရိမ္မႈေတြျမင့္မားခဲ့ၿပီး အစိုးရပိုင္းကအစ ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ကုသေရးအစီအမံေတြကို အဓိကထားကာ ေဆာင္႐ြက္လာရင္း ေရာဂါကူးစက္ပ်ံ႕ပြားမႈ မ်ားျပားမလာေစဖို႔ ပြဲလမ္းသဘင္ေတြကို ပိတ္သိမ္းလာရတဲ့ အေျခအေနမ်ိဳးျဖစ္ခဲ့ပါတယ္။

“တကယ္ေတာ့ေလ ဒီေရာဂါက ကြၽန္ေတာ္တို႔ႏိုင္ငံကို ဝင္လာတာဟာ တစ္ခ်ိဳ႕ကြၽမ္းက်င္သူေတြ ခန႔္မွန္း ေနၾကတဲ့အတိုင္း ျပည္ပျပန္ေတြကေန ျဖစ္လာႏိုင္တယ္ဆိုတဲ့အတိုင္းကို ျဖစ္ခဲ့တာပဲ၊ ေက်ာင္းသၾကၤန္ေတြ ဆိုရင္ လူစုလူေဝးနဲ႔  အမ်ားႀကီးက်င္းပခဲ့တာပဲ၊ အဲ့ဒီတုန္းက ဘာလို႔မျဖစ္ခဲ့သလဲဆိုေတာ့ ေရာဂါပိုးသယ္ေဆာင္ လာတဲ့ ျပည္ပျပန္လာသူေတြမရွိတာေၾကာင့္ ဆိုတာ ထင္ရွားပါတယ္၊ အခုအခ်ိန္မွာ အေရးႀကီးဆုံးက ေရာဂါ မပ်ံ႕ပြားေစဖို႔ပါပဲ”လို႔ သူက ဆက္ေျပာပါတယ္။

လူအေသအေပ်ာက္မရွိခဲ့တဲ့သၾကၤန္

ႏွစ္စဥ္သၾကၤန္ပြဲေတာ္တိုင္းမွာ တစ္ႏွစ္နဲ႔တစ္ႏွစ္ အနည္းနဲ႔အမ်ားထိခိုက္ဒဏ္ရာရတာေတြ ေသဆုံးတာ ေတြလည္း ျဖစ္ပြားေလ့ရွိေပမယ့္ ဒီႏွစ္မွာေတာ့ သၾကၤန္ရက္ကာလမွာ မိမိတို႔ေနအိမ္အတြင္းမွာပဲ ေနထိုင္ဖို႔ သတ္မွတ္ထားတဲ့ကာလျဖစ္တဲ့အတြက္ အေပ်ာ္လြန္ကာမူးယစ္ေသာက္စားၿပီးေသၾကတဲ့ျဖစ္ရပ္ေတြလည္း ကြယ္ေပ်ာက္ခဲ့ရပါတယ္။

“ေဆး႐ုံ Duty ေၾကာင့္ ကြၽန္ေတာ္သြားရေတာ့ အရင္က ပိတ္ဆို႔ေနတဲ့ လမ္းေတြမွာ ဘာမွကိုမရွိဘဲ ေတာ္ေတာ္ေလးကို ရွင္းေနတာဗ်ာ၊ ဒီလိုအေျခအေနမ်ိဳး ကြၽန္ေတာ့္တစ္သက္ တစ္ခါမွမႀကဳံဖူးဘူး၊ လူေတြလည္း ေၾကာက္ၾကတယ္ဆိုတာကလည္း ျဖစ္သင့္ပါတယ္၊ ဒီေရာဂါက ကူးစက္ခံရသူမွာ လကၡဏာ မျပခင္မွာပဲ တျခားသူေတြကို ဆက္လက္ကူးစက္ဖို႔ အခြင့္အလမ္းေတြျဖစ္လာေတာ့ စိုးရိမ္ၾကတာပါ၊ ကြၽန္ေတာ္တို႔ ႏွစ္စဥ္အၿမဲတမ္းလုပ္ေဆာင္ေနတဲ့ ထိခိုက္ေသဆုံးမႈေလ်ာ့ပါးေရးကိစၥဟာ ဒီႏွစ္မွာေတာ့ ထူးထူးျခားျခားပဲေလ၊ ဒါေပမဲ့ခက္တာက ကူးစက္ခံရတဲ့ အေရအတြက္က တစ္စထက္ တစ္စမ်ားလာတယ္၊ ဒါကေတာ့ စိုးရိမ္စရာေပါ့ဗ်ာ”လို႔ အ႐ိုးေရာဂါအထူးကုဆရာဝန္ႀကီး ေဒါက္တာ တင္ဦးက ရွင္းျပပါတယ္။

အေပ်ာ္လြန္တာေၾကာင့္ ထိခိုက္ေသဆုံရတဲ့အေျခအေနေတြေလ်ာ့ပါးသြားေပမယ့္ ေရာဂါကူးစက္မႈ မ်ားလာတဲ့ အေျခအေနေၾကာင့္ ေဒသႏၲရအမိန႔္ေတြထုတ္ျပန္ရတဲ့ အေျခအေနကိုေရာက္လာခဲ့ပါတယ္။ ထိုအေျခအေနေတြ ရဲ႕ ဆက္စပ္မႈကြင္းဆက္ေတြအရ စီးပြားေရးလုပ္ငန္းေတြလည္းရပ္ဆိုင္းကာ စီးပြားေရးထိခိုက္မႈ အေျခအေန မ်ိဳးကို ႀကဳံလာၾကရေပမယ့္ ရက္ရွည္သိမ္းဆည္းကာ စားေသာက္ႏိုင္တဲ့ အစားအစာေတြ၊ ကုန္ေျခာက္ေတြက သိသိသာသာ အေရာင္းအဝယ္သြက္ခဲ့ၿပီး ေဆးဝါးပစၥည္းေတြဟာလည္း မေမွ်ာ္မွန္းႏိုင္တဲ့ေဈးႏႈန္း အေျခအေနကို ေရာက္လာခဲ့ပါတယ္။ သၾကၤန္ကာလထဲ Home Stay သတ္မွတ္လိုက္ျခင္းေၾကာင့္လည္း သၾကၤန္မွာေရာင္းဖို႔ႀကိဳတင္ျပင္ဆင္ထားသူေတြအဖို႔လည္း တြက္ေျခမကိုက္တဲ့ျဖစ္ရပ္မ်ိဳးႀကဳံခဲ့ရပါတယ္။

“အစ္ကိုတို႔က ျမစ္ဝကြၽန္းေပၚဘက္ကေန ရန္ကုန္မွာအိမ္ငွားေနၿပီးေတာ့ အေျခခ်လုပ္ကိုင္တာပါ၊ အစ္ကိုယ့္ ညီမက ကြမ္းယာတို႔၊ ေရသန႔္ဗူးတို႔ အစုံေရာင္းတယ္၊ လမ္းေဘးဆိုင္ေပါ့၊ မႏွစ္တုန္းကသၾကၤန္မွာဆိုရင္ ဆိုင္မွာ ဘာတင္တင္ တင္သမွ်အကုန္ကုန္လုံးကုန္တာပဲ၊ အခုႏွစ္မွာက်ေတာ့ တစ္ေနကုန္လို႔ ေရသန႔္ဗူး ႏွစ္ဗူး၊ သုံးဗူး ေလာက္ ေရာင္းရဖို႔ မလြယ္ဘူး၊ ေရရွည္သာ ဒီအတိုင္းျဖစ္ေနရင္ေတာ့ ႐ြာျပန္ၿပီးလုပ္ကိုင္စားဖို႔ပဲ ျပင္ဆင္ထားတယ္၊ အခုေရာဂါျဖစ္ေနသူအမ်ားစုက ရန္ကုန္မွာဆိုေတာ့ တကယ္တမ္းေျပာရင္ ေၾကာက္တယ္၊ အစ္ကိုယ့္အသက္က အခု ၅၀ ေက်ာ္လာၿပီ၊ အခုလိုမ်ိဳးတစ္ခါမွ မႀကဳံဖူးဘူး၊ စိုးရိမ္တာေတာ့ အမွန္ပဲ”လို႔ လက္သမားအလုပ္နဲ႔ အသက္ေမြးေနတဲ့ ကိုညိဳဝင္းက ရွင္းျပပါတယ္။

သၾကၤန္ကာလကို ေမွ်ာ္မွန္းၿပီး စီစဥ္ထားၾကတဲ့ စီးပြားေရးသမားေတြနဲ႔ လုပ္ငန္းရွင္ေတြအမ်ားစုဟာ ဆုံးရႈံးမႈ မ်ားစြာနဲ႔ အလဲလဲအကြဲကြဲအေျခအေနမ်ိဳးျဖစ္ခဲ့ၾကရပါတယ္။

ေပါ့ေပါ့တန္တန္ေနသူမ်ားလည္းရွိေနဆဲ

ယခုအခါ တစ္လမျပည့္ခင္အခ်ိန္အေတာအတြင္းမွာ COVID 19 ေရာဂါပိုး ကူးစက္ခံရသူ ၁၀၀ ေက်ာ္ ရွိလာခဲ့ၿပီး အဆိုပါအေျခအေနဟာ ဖြံ႕ၿဖိဳးတိုးတက္လွတဲ့ႏိုင္ငံေတြမွာျဖစ္ပြားမႈအေျခအေနနဲ႔ယွဥ္ၾကည့္ရင္ ကူးစက္ပ်ံ႕ႏွံ႔မႈပိုမိုမ်ားျပားေနတဲ့ အေျခအေနမ်ိဳးျဖစ္ေနတယ္လု႔ိ ေဆးပညာရွင္ေတြက သုံးသပ္ထားၾက ပါတယ္။

“ျပည္ေထာင္စုအစိုးရ ဝန္ႀကီးဌာနရဲ႕လမ္းၫႊန္ခ်က္နဲ႔အညီ ဆရာတို႔က ေန႔ေရာညေရာ တာဝန္ေတြခြဲေဝၿပီးေတာ့ ဒီလိုကာလမွာ ကူးစက္မႈေလ်ာ့ပါးဖို႔ကိစၥေတြ၊ ေရာဂါထိန္းခ်ဳပ္ဖို႔ေတြ၊ ေဆးကုသမႈေတြကို လုပ္ေဆာင္ေနတဲ့ ကာလလည္း ျဖစ္ပါတယ္၊ အေရးႀကီးတာ ျပည္သူေတြက ပူးေပါင္းပါဝင္မႈရွိဖို႔ လိုပါတယ္”လို႔ ရန္ကုန္တိုင္း ေဒသႀကီး ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာ ထြန္းျမင့္က ရွင္းျပပါတယ္။ အခုဆိုရင္ ရန္ကုန္၊ မႏၲေလးအပါအဝင္ ျပည္တြင္းကၿမိဳ႕ႀကီးအမ်ားစုမွာ ညမထြက္ရအမိန႔္ေတြထုတ္ျပန္ၿပီး လုပ္ေဆာင္ေနသလို ရန္ကုန္မွာဆိုရင္လည္း ျဖစ္ပြားမႈမ်ားျပားတဲ့ၿမိဳ႕နယ္ေတြမွာ အျပင္မထြက္ဘဲ ေနအိမ္ အတြင္းမွာသာ ေနထိုင္ၾကေစဖို႔ ပိုမိုတင္းၾကပ္စြာလုပ္ေဆာင္ေနတဲ့အျပင္ ညမထြက္ရ အမိန႔္သတ္မွတ္ခ်က္ ေတြကိုပါ ထုတ္ျပန္လာတာေတြရွိပါတယ္။

အဲ့ဒီလိုလုပ္ေဆာင္ေနၾကေပမယ့္ လိုက္နာမႈကင္းမဲ့တဲ့ အေျခအေနေတြလည္းရွိေနၿပီး စိုးရိမ္မႈကင္းမဲ့စြာ သြားလာေနသူမ်ားလည္းမ်ားစြာရွိေၾကာင္း၊ ယခုအထိ ႏွာေခါင္းစည္း (Mask) မတပ္ဘဲ ႁပြတ္သိပ္စြာ ေရာင္းခ်ေနတဲ့ ေဈးေတြရွိတာေၾကာင့္ လိုအပ္ေသာ ၾကပ္မတ္မႈေတြေဆာင္႐ြက္ေနၿပီး ဧၿပီ ၂၀ ရက္ကလည္း ၃၈ လမ္းက လမ္းေဘးပ်ံက်ေဈးမွာ ေဈးဆိုင္တစ္ဆိုင္နဲ႔တစ္ဆိုင္ သတ္မွတ္အကြာအေဝးရွိေစဖို႔ ေနရာခ်ေပးရန္လုပ္ေဆာင္စဥ္ သက္ဆိုင္ရာတာဝန္ရွိသူေတြနဲ႔ ေဈးေရာင္းခ်သူေတြ အေျခတင္ျဖစ္ၾကကာ မေက်လည္မႈေတြလည္း ျဖစ္ပြားခဲ့ပါတယ္။ “ပြင့္ပြင့္လင္းလင္းေျပာရရင္ အရင္တုန္းကေတာ့ အစ္မက ဒီေရာဂါကို မေၾကာက္ဘူး၊ တစ္ခါမွလည္း မႀကဳံဖူးေတာ့ ကိုယ့္ႏိုင္ငံမွာ ဒီေလာက္အထိ ျဖစ္မယ္လို႔ မထင္ထား ဘူးေလ၊ အခုက ဒီဟာေတာ္ေတာ့္ကို ေၾကာက္ဖို႔ေကာင္းတယ္ဆိုတာ သိလာတယ္၊ ေျပာရရင္ HIV တို႔ဘာတို႔ ထက္ေတာင္မွ ပိုေၾကာက္ဖို႔ေကာင္းတယ္လို႔ ျမင္တယ္၊ ကူးစက္တာကလည္း အရမ္းျမန္ေတာ့ စိုးရိမ္မိတယ္၊ အခုေတာ့ အျပင္ကို မထြက္ေတာ့ဘူး၊ ဆိုင္လည္းပိတ္ထားလိုက္ေတာ့တယ္”လို႔ ဆန္ဆိုင္ဖြင့္ထားတဲ့ ေဒၚၾကည္ၾကည္စိန္က ေျပာပါတယ္။

အဲ့ဒီလိုေပါ့ေပါ့တန္တန္သြားလာေနသူမ်ားေၾကာင့္ ေရာဂါကူးစက္ပ်ံ႕ပြားမႈမ်ားျပားတာမ်ိဳးမရွိေအာင္ ရန္ကုန္ၿမိဳ႕ အတြင္း သြားလာေနတဲ့ YBS ယာဥ္ေတြမွာ Mask မတပ္ပါက စီးနင္းခြင့္မျပဳတဲ့အေျခအေနမ်ိဳးေတြ၊ ေဈးေတြ မွာလည္း Mask မတပ္ပါက ဝင္ေရာက္ခြင့္မျပဳတာမ်ိဳးေတြနဲ႔ တင္းတင္းၾကပ္ၾကပ္လုပ္ေဆာင္လာတာေတြ ရွိလာပါတယ္။ ထိုေရာဂါဟာ ကူးစက္မႈျမင့္မားတာေၾကာင့္ ျဖစ္တာနဲ႔ ဆက္ႏြယ္ပတ္သက္သူေတြကို Quarantine အျဖစ္ ထားကာေစာင့္ၾကည့္တာေတြကို လုပ္ေဆာင္ေနၿပီး ေစာင့္ၾကည့္တဲ့ကာလကို မူလက ၁၄ ရက္သတ္မွတ္ခဲ့ရာမွ လုံေလာက္မႈမရွိတဲ့အေနအထားေတြေၾကာင့္ ၂၁ ရက္အျဖစ္ သတ္မွတ္ ေစာင့္ၾကည့္ တာေတြကို လုပ္ေဆာင္ေနပါတယ္။ ေရာဂါအတြက္ Positive လူနာအသစ္မ်ားေပၚလာေလေလ Quarantine အျဖစ္ေစာင့္ၾကပ္ၾကည့္ရႈထားရမယ့္သူေတြ မ်ားျပားလာတဲ့အေျခအေနေၾကာင့္ Quarantine စင္တာ လိုအပ္ ခ်က္ေတြလည္း ျဖစ္လာခဲ့ပါတယ္။

ဒါ့အျပင္ လက္ရွိမွာ Positive လူနာေတြကို လက္ခံကုသေနတဲ့ ေဝဘာဂီအထူးကုေဆး႐ုံႀကီးမွာ လက္ခံကုသဖို႔ ေနရာ မရွိေတာ့တဲ့အတြက္ Positive လူနာ ၇၀ ဝန္းက်င္ေလာက္ လက္ခံကာ ကုသေပးႏိုင္မယ့္ ေနရာတစ္ခု အျဖစ္ ေတာင္ဥကၠလာပၿမိဳ႕နယ္ရွိ မိခင္ႏွင့္ကေလးေဆး႐ုံႀကီးမွာ ကုသေနေၾကာင္း၊ ယခုေဆး႐ုံမွာ လူနာ အေျခအေနမ်ားျပားကာ လိုအပ္ခ်က္မ်ားရွိပါက ေဖာင္ႀကီး ဗဟိုဝန္ထမ္းတကၠသိုလ္မွာ လူ ၂၀၀၀ စာေလာက္ကို ကုသေပးႏိုင္ဖို႔ ႀကိဳတင္ျပင္ဆင္ထားတယ္လို႔ ဝဘာဂီအထူးကုေဆး႐ုံႀကီးရဲ႕ ေဆး႐ုံအုပ္ႀကီးျဖစ္သူ ေဒါက္တာ ေအးေအးေအာင္က ဆိုပါတယ္။

ကုသေရးအပိုင္းမွာ ျပင္ဆင္ေဆာင္႐ြက္ေနသလို Quarantine ဝင္မယ့္သူေတြကို ထားရွိဖို႔ဟာလည္း ရန္ကုန္မွာ ေနရာလိုအပ္ခ်က္မ်ားရွိလာတာေၾကာင့္ ေနရာသစ္မ်ားအျဖစ္ လႈိင္တကၠသိုလ္၊ ေရေၾကာင္းတကၠသိုလ္ အစရွိတဲ့ တကၠသိုလ္ေတြမွာ ေနရာရွာေဖြတာေတြကို တိုင္းေဒသႀကီးအစိုးရအဖြဲ႕က လုပ္ေဆာင္ေနၾကပါတယ္။ ျပည္ပကေန ျပန္ေရာက္လာသူေတြကိုထားဖို႔ ၿမိဳ႕နယ္အလိုက္ စာသင္ေက်ာင္းေတြမွာစီစဥ္ထားၾကၿပီး Positive လူနာနဲ႔ ဆက္စပ္ႏိုင္တဲ့ သူေတြကိုေစာင့္ၾကည့္ဖို႔ထားရွိမယ့္ Quarantine စင္တာေတြဟာ ၂၀ ေက်ာ္ ဖြင့္လွစ္ ထားေသာ္လည္း လိုအပ္ခ်က္ေတြရွိေနတာေၾကာင့္ ေနရာရွာေဖြတဲ့အလုပ္ကိုလည္း အေလးထား လုပ္ေဆာင္ ေနၾကပါတယ္။

ခ်ဳပ္ၿငိမ္းေစခ်င္တဲ့ ကပ္ေဘး

အခုျဖစ္ေနတဲ့ ေရာဂါကပ္ေဘးကို ခ်ဳပ္ၿငိမ္းသြားေစဖို႔ ဝိုင္းဝန္းႀကိဳးပမ္းေနၾကၿပီး သက္ဆိုင္ရာေဒသ အာဏာပိုင္ေတြနဲ႔အတူ ပရဟိတအသင္းအဖြဲ႕ေတြ၊ ေဒသခံျပည္သူေတြက ပူးေပါင္းကာ ပိုးသတ္ေဆး ျဖန္းတာေတြအပါအဝင္ လုပ္ေဆာင္လာၾကပါတယ္။

“ဒီလိုကပ္ေဘးႀကီး ျမန္ျမန္ခ်ဳပ္ၿငိမ္းေစခ်င္တာပါပဲ၊ အစိုးရပိုင္းကလည္း ဒါကိုထိထိေရာက္ေရာက္နဲ႔ ၾကပ္မတ္ၿပီး လုပ္ေဆာင္တာမ်ိဳးေတြ႕ရပါတယ္၊ ျပည္သူေတြအားလုံးကလည္း ေရာဂါကူးစက္ပ်ံ႕ပြားတာမ်ိဳးမျဖစ္ေအာင္ သတိျပဳဆင္ျခင္လိုက္နာရပါမယ္၊ ဘာလို႔လဲဆိုေတာ့ ဒီေရာဂါက ကိုယ္ျဖစ္ကိုယ္ခံမဟုတ္ဘူး၊ ကိုယ္ျဖစ္ရင္ ကိုယ့္တစ္ေယာက္တည္းအတြက္သာမကဘူး၊ မိသားစု ပတ္ဝန္းက်င္ေရာ အကုန္လုံးခံစားရတာ၊ ဒါေၾကာင့္မို႔ မိမိကိုယ္ကိုမကူးစက္ေအာင္ကာကြယ္ျခင္းဟာ ကိုယ့္မိသားစု ကိုယ့္ပတ္ဝန္းက်င္ကို ကူညီေစာင့္ရွာက္ရာ ေရာက္ေစသလို ကူညီေစာင့္ေရွာက္ၾကပါ”လို႔ ပန္းဘဲတန္းမဲဆႏၵနယ္မွ တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးသန္းႏိုင္ဦးက ဆိုပါတယ္။

ေရာဂါခ်ဳပ္ၿငိမ္းဖို႔ အစိုးရအပိုင္းကလုပ္ေနေပမယ့္ လုပ္ငန္းရွင္အခ်ိဳ႕ဟာ မိမိတို႔အက်ိဳးစီးပြားကို ေရွ႕တန္းတင္ လုပ္ေဆာင္ေနၾကတာေၾကာင့္ ေျခာက္ကပ္ကာ အိပ္ေမာက်ေနတဲ့ ရန္ကုန္ၿမိဳ႕ႀကီးမွာ ေရာဂါကူးစက္မႈေလွ်ာ့ခ်ဖို႔ မိမိတို႔ေနအိမ္ထဲမွာပဲ လိုက္နာေနထိုင္ဖို႔ထက္ စားဝတ္ေနေရးအတြက္႐ုန္းကန္တာေတြေၾကာင့္ သၾကၤန္ပိတ္ရက္ေတြအၿပီး ဧၿပီ ၂၀ ရက္မွာ သြားလာသူေတြနဲ႔ျပန္လည္မ်ားျပားလာတဲ့အေျခအေနကိုလည္းရန္ကုန္ၿမိဳ႕လယ္ဧရိယာ တစ္ဝိုက္မွာ ျမင္လာရပါတယ္။ “တကယ္ေတာ့ေလ ေရာဂါကင္းခ်င္တယ္လို႔ အေျပာနဲ႔ပဲမရဘူး၊ အမ်ား ျပည္သူေတြက လိုက္ပါ လုပ္ေဆာင္ၾကမွာျဖစ္ပါတယ္”လို႔ ၎က ဆက္လက္ရွင္းျပခဲ့ပါတယ္။

သၾကၤန္ပြဲေတာ္ရက္ေတြမွာ မိမိတို႔ေနအိမ္အသီးသီးထဲ Home Stay ေနထိုင္ၾကတဲ့ ျပည္သူေတြဟာ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက ထုတ္ျပန္တဲ့ COVID 19 အတည္ျပဳလူနာစာရင္းကို ရင္ခုန္စိုးရိမ္မႈ ပိုကာေစာင့္ဆိုင္းနားစြင့္ခဲ့တဲ့ ကာလျဖစ္ခဲ့ပါတယ္။ တစ္ေန႔ထက္တစ္ေန႔ တိုးပြားလာတဲ့အတည္ျပဳလူနာ စာရင္းေတြဟာ ျပည္သူေတြၾကားမွာ စိုးရိမ္မႈဒီဂရီျမင့္ခဲ့ၿပီး သာမန္ ႏွာေစးေခ်ာင္းဆိုးျဖစ္တဲ့ အေျခအေနမ်ိဳး အတြက္ကိုပင္ မိမိကိုယ္ကိုစိုးရိမ္ကာသံယစိတ္ေတြဝင္ခဲ့တဲ့ ကာလလည္းျဖစ္ခဲ့ပါတယ္။ ဘယ္လိုအခ်ိန္ ဘယ္ကာလမွာမွ ဘယ္လိုအေျခအေနမ်ိဳးနဲ႔ ေရာဂါၿပီးဆုံးမလဲဆိုတာကိုေတာ့ မွန္းဆမရႏိုင္ၾကေပမယ့္ စိုးရိမ္ စိတ္ေတြကေတာ့ အျပည့္ပါပဲ။ ျမန္မာတို႔ရဲ႕ က်က္သေရရွိလွေသာ ႏွစ္သစ္ကူးအခါကာလမွာ ကုသိုလ္ျပဳကာ အလႉအတန္းေတြလုပ္ဖို႔ အခြင့္အလမ္းမရွိခဲ့တဲ့ကာလျဖစ္ခဲ့တဲ့အျပင္ ေရမစိုဘဲေက်ာ္ျဖတ္ခဲ့ရတဲ့ ၂၀၂၀ သၾကၤန္ ကေတာ့ မွတ္မွတ္ရရနဲ႔ သမိုင္းတစ္ခု မွတ္တမ္းတစ္ခုအျဖစ္ က်န္ရစ္ခဲ့ေတာ့မွာအမွန္ပါပဲ။

ဇြဲမာန္
ဧၿပီ - ၂၁