【 သတင်းဆောင်းပါး 】 လွန်ကဲလာတဲ့ ဖောက်ပြန်ရာသီဥတု

【 သတင်းဆောင်းပါး 】 လွန်ကဲလာတဲ့ ဖောက်ပြန်ရာသီဥတု

၂၀၁၉ အကုန်လောက်ကနေယခုအထိ ရန်ကုန်အပါအဝင် ပြည်တွင်းကဒေသအများစုမှာအေးမြတဲ့ ဆောင်းရာသီရဲ့ အငွေ့အသက်ကို ပီပြင်အောင်ခံစားလာရပါတယ်။ဆောင်းရာသီမို့လို့ အေးမြတဲ့ အခြေအနေဟာသာမန်လို့သာ ထင်ကောင်းထင်ပေမယ့် ပြောင်းလဲလာတဲ့ ရာသီဥတုအခြေအနေကြောင့် ပီပြင်စွာမအေးခဲ့တဲ့ဆောင်းကိုဆယ်စုနှစ်တစ်ခုကျော်လောက်အထိ ကြုံခဲ့ရတာရန်ကုန်မြို့မှာနေထိုင်သူတွေ တော်တော်များများကသတိပြုမိကြပါလိမ့်မယ်။

“ဒီဖြစ်စဉ်တွေက ပြန်သုံးသပ်ရင် အခြေခံအကြောင်းအရင်းတွေ အကုန်လုံးက ရာသီဥတုဖောက်ပြန်နေတာကြောင့်ပါပဲ” လို့ မိုးလေဝသပညာရှင် ဦးချစ်ကျော်ကပြောပါတယ်။

အဲ့ဒီလိုဖောက်ပြန်ပြောင်းလဲလာတဲ့ ရာသီဥတုကို ပြုပြင်ဖို့မဖြစ်နိုင်ပေမယ့် ဖြစ်ပေါ်လာတဲ့ အခြေအနေတွေအပေါ်မှာရှင်သန်ရပ်တည်ကာလုပ်ကိုင် နိုင်ဖို့တွေ၊ နေထိုင်စားသောက်နိုင်ဖို့တွေအတွက် သဟဇာတဖြစ်အောင်ပြင်ဆင်နိုင်ဖို့ကလည်းအရေးကြီးတယ်လို့ ၎င်းက ဆိုပါတယ်။

အအေးပိုသောကာလများဖြစ်ခဲ့

မြန်မာနိုင်ငံရဲ့ ရေမြေရာသီဥတုအခြေအနေအရ ဒေသအများစုဟာ သမပိုင်းအခြေအနေမျိုးရရှိပြီး မြောက်ဖျားပိုင်းဒေသ အချို့မှာသာ ဆီးနှင်းခဲများဖုံးလွှမ်းသောရာသီဥတုမျိုးရှိပြီးရန်ကုန်ကဲ့သို့ မြို့ကြီးပြပြီးများတွင် တစ်နှစ်ထက်တစ်နှစ် ပိုမိုပူပြင်းလာခဲ့တာကြောင့် အပူဒဏ်နဲ့ ကျင့်သားရနေသလိုဖြစ်ချိန်မှာ ရာသီဥတုဖောက်ပြန်မှုဖြစ်စဉ်တွေကြောင့်လည်းအအေးပိုတဲ့ကာလတွေကိုရောက်ရှိခဲ့ပါတယ်။

“တကယ်တော့လေအအေးလှိုင်းဖြတ်တာမဟုတ်ဘူး၊ ကျွန်တော်တို့ပြည်သူတွေကအပူဒဏ်နဲ့ကျင့်သားရသလို ဖြစ်နေတော့ နည်းနည်းလေးအအေးပိုလာတာနဲ့ အအေးလှိုင်းဖြတ်တယ်လို့ ယူဆကြပါတယ်၊ အအေးလှိုင်း(Cold Wave) ဆိုတာက ၂၄ နာရီအတွင်းမှာအပူချိန်ဟာ အရာဝတ္ထုတွေ အေးခဲတဲ့အထိရုတ်တရက် လျင်လျင်မြန်မြန်နဲ့ ကျဆင်းသွားတယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်၊ ဒါကြောင့်လည်း ပြန်ကြည့်ရင် အအေးလှိုင်းတော့ မဟုတ်ဘူး၊ သို့ပေမယ့် အပူဒဏ်နဲ့ရင်းနှီးပြီးတော့ အေးလာတဲ့အခါ ကျန်းမာရေးနဲ့ ပတ်သက်ပြီးထိခိုက်တာတွေကို ကြုံလာရတာ ဖြစ်ပါတယ်”လို့ မိုးလေဝသပညာရှင် ဦးချစ်ကျော်ကဆိုပါတယ်။

ထိုသို့ အအေးပိုခဲ့တာကြောင့်လည်းရှမ်းပြည်နယ်၊ မြောက်ပိုင်းကဒေသတွေအပြင် မန္တလေးတိုင်းဒေသကြီးထဲမိုးကုတ်လိုဒေသတွေမှာရေခဲသွားတဲ့အထိအခြေအနေမျိုးကြုံခဲ့ရပါတယ်။ မြန်မာနိုင်ငံဟာအီကွေတာနဲ့နီးကာအပူပိုင်းဇုန်ထဲလေးပုံသုံးပုံခန့် ကျရောက်နေပြီးသမပိုင်းဇုန်နဲ့ အပူပိုင်းဇုန်စပ်ကြားမှာလေးပုံတစ်ပုံခန့် ကျရောက်တဲ့ အခြေအနေကြောင့်လည်းအပူဒဏ်ကိုပိုကာခံစားလာခဲ့ရပါတယ်။ ဒါကြောင့်လည်းအမြင့်ဆုံးအပူချိန် ၄၂ ဒီဂရီလောက်အထိခံစားဖူးတဲ့သူတွေအနေနနဲ့ လွန်ခဲ့တဲ့ ဒီဇင်ဘာလထဲ ၁၇ ဒီဂရီစင်တီဂရိတ် လောက်အထိကိုခံစားရတဲ့အခါ အတော်ပင်အေးနေတဲ့ အခြေအနေမျိုးကိုခံစားရပြီး ဇန်နဝါရီလထဲမှာ သာမန် အားဖြင့် မနက်ခင်းတွင် ၁၉ ဒီဂရီစင်တီဂရိတ်အောက်ရှိတဲ့အပေါ် အအေးလှိုင်းဖြတ်တယ်လို့ ယူဆကာစိုးရိမ် တာတွေလည်းရှိခဲ့ပါတယ်။

“ခန္ဓာကိုယ်ရဲ့ဖြစ်စဉ်တွေ ဇီဝကမ္မအနေအထားတွေအရ အပူဒဏ်ဆိုရင်လည်းဖြေးဖြေးချင်းခံစားလာရတဲ့အခါ ပြဿနာသိပ်မရှိနိုင်သလိုအအေးဒဏ်ဆိုလည်းဒီလိုပဲ၊ ပူလာရာကနေရုတ်တရက် အအေးဒဏ်ကိုခံစားရတဲ့ အခါ ခန္ဓာကိုယ်ရဲ့ဇီဝကမ္မတွေ ချက်ချင်းလိုက်ပါပြောင်းလဲတာမျိုးမဖြစ်နိုင်တာကြောင့် သာမန်လူလတ်ပိုင်းတွေမှာတောင် ကိုယ်ခံစွမ်းအားတွေ ကျဆင်းတာတွေကြုံပြီးဖျားနာတာတွေဖြစ်စေပါတယ်၊ အသက်အရွယ်ကြီးရင့်သူတွေ အနေနဲ့ လေဖြတ်တာတွေကိုကြုံရလေ့ရှိတဲ့ ကာလမျိုးလည်း ဖြစ်တာကြောင့် ဂရုပြုသင့်ပါတယ်၊ လေဖြတ်လို့ ရောက်လာတဲ့လူနာကနေ့စဉ် ၂၀ နဲ့ ၃၀ ကြားလောက် ရှိနေတယ်၊ အခုဒီရက်ထဲတော့ ပြန်ပြီးနည်းသွားတယ်၊ စုစုပေါင်းစာရင်းကို ကျွန်တော့်အနေနဲ့ မပြောနိုင်ပါဘူး”လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်ကြီးတစ်ဦးဖြစ်သူဒေါက်တာ ကျော်ဇင်ဝင်းက ပြောပါတယ်။ဒါကြောင့်လည်းယခုလိုကာလတွေမှာသက်ကြီးပိုင်းတွေ၊ ကျန်းမာရေးချို့တဲ့သူတွေအနေနဲ့ အထူးသတိပြုနေထိုင်ရမယ့် ရာသီကာလလည်း ဖြစ်ပါတယ်။

မုတ်သုံနှစ်မျိုး ခံစားရတဲ့ မြန်မာနိုင်ငံ

မြန်မာနိုင်ငံရဲ့ ရာသီဥတုဖြစ်စဉ်တွေနဲ့ပတ်သက်ရင် မုတ်သုံလေဟာအဓိကကျတဲ့ ဇာတ်ကောင်သဖွယ်ဖြစ်လို့ နေပါတယ်။အဆိုတော်တွေကတေးသီချင်းတွေအဖြစ် ရေးဖွဲ့တင်စားလေ့ရှိကြတဲ့ မုတ်သုံလေဟာအနောက်တောင် မုတ်သုံလေနဲ့ အရှေ့မြောက် မုတ်သုံလေဆိုပြီးမုတ်သုံနှစ်မျိုးကိုခံစားရတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ရီရီငြိမ်းကဆိုပါတယ်။အနောက်တောင် မုတ်သုံလေဟာ မြန်မာနိုင်ငံရဲ့ မိုးရာသီကိုရရှိစေတဲ့ မုတ်သုံလေမျိုးဖြစ်သလို အာရေဗျပင်လယ်ကနေ ဘင်္ဂလားပင်လယ်အော်ကနေတစ်ဆင့် တိုက်ခတ်လာတာဖြစ်ပါတယ်။

အရှေ့မြောက် မုတ်သုံလေဟာ နိုဝင်ဘာလမှာ တိုက်ခတ်ကာအေးမြတဲ့ဆောင်းရာသီကိုခံစားရစေတာ ဖြစ်ပါတယ်။ ထိုလေတိုက်ခတ်ချိန်မှာတရုတ်ပြည်မကြီးဘက် လေဖိအားမြင့်နေပြီးဘင်္ဂလားပင်လယ်အော် တောင်ပိုင်းမှာလေဖိအားနည်းနေတဲ့အခါ လေဖိအားမြင့်တဲ့နေရာမှလေတွေဟာလေဖိအားနည်းတဲ့ နေရာဘက်ကိုနိမ့်ဆင်းလာတတ်သလိုမုတ်သုံလေကလည်းဆွဲခေါ်ယူသလိုမျိုးဖြစ်စေတာကြောင့် ဆောင်းကာလရဲ့ အအေးပေါ့တာတွေ၊ အအေးပိုတာတွေကို ဖြစ်စေတတ်တယ်လို့ သူကရှင်းပြပါတယ်။

အရှေ့ပစိဖိတ်သမုဒ္ဒရာကနေမြောက်အမေရိကတိုက်၊ ကနေဒါ၊ အမေရိကန်၊ ဥရောပတိုက်တို့ကနေ မြန်မာနိုင်ငံကကချင်ပြည်နယ်မြောက်ပိုင်းအပါအဝင် အာရှတိုက် မြောက်ပိုင်းအထိ ဖြတ်သန်းတိုက်ခတ်လေ့ ရှိတဲ့ ဂျက်လေစီးကြောင်းတစ်ခုရှိပြီးသူဟာမြေပြင်ရဲ့ အထက် ပေပေါင်း ၃၄၀၀၀ အမြင့််ကနေတစ်နာရီမိုင် ၁၇၀ ကနေ ၂၀၀ ကျော် နှုန်းနဲ့ တိုက်ခတ်လေ့ရှိပါတယ်။ ထိုလေစီးကြောင်းဟာလေထုဖိအားမြင့်မားပါကဆိုးရွားတဲ့ ရာသီဥတုမျိုးခံစားရတာဖြစ်သလိုသာမန်အားဖြင့် ဆိုးရွားစွာခံစားရတာမျိုးမရှိပေမယ့် လာနီညာ ဖြစ်တဲ့နှစ်တွေမှာ ပြင်းထန်စွာခံစားရလေ့ရှိတယ်လို့ မိုးလေဝသမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
ထိုဂျက်လေစီးကြောင်းကိုမခံစားရတဲ့ မလေးရှား၊ စင်ကာပူနိုင်ငံတွေမှာ နွေနဲ့ မိုးရာသီသာ ခံစားရပြီး ဆောင်းရာသီရဲ့ အရသာကိုမခံစားခဲ့ရတာဖြစ်ပါတယ်။ လေဖိအားမြင့်မားတဲ့ ဂျက်လေစီးကြောင်းအဖြစ်နဲ့ ဖြတ်သန်းပါက ၎င်းဖြတ်သန်းရာဒေသတွေမှာ အနုတ် ၃၅ ဒီဂရီစင်တီဂရိတ်မှ အနုတ် ၇၂ ဒီဂရီစင်တီဂရိတ် အထိအပူချိန်လျော့ကျသွားတာတွေရှိသလို နှင်းမုန်တိုင်းတွေဖြစ်ကာ နှင်းမိုးရွာတာတွေ၊ မြစ်တွေ၊ ချောင်းတွေ မှာလည်းရေတွေခဲကုန်တာတွေဖြစ်လေ့ရှိပြီးယင်းဖြစ်စဉ်ကိုအအေးလှိုင်းဖြတ်တယ်လို့ ဆိုကြပေမယ့် မြန်မာနိုင်ငံအနေနဲ့တော့ အနုတ် ၁၀ အောက် ရောက်ခဲ့တဲ့နှစ်ဆိုတာသမိုင်းမှာလည်းမရှိခဲ့တာကြောင့် အအေးလှိုင်းဖြတ်တာမျိုးမရှိခဲ့ဘူးလို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ စာရင်းတွေအရသိနိုင်မှာ ဖြစ်ပါတယ်။

“အဲ့ဒီလေစီးကြောင်းက အာရှမြောက်ပိုင်းကို ဖြတ်တဲ့အခါ ပြင်းထန်တဲ့ အနေအထားမျိုးဖြစ်ရင် မြန်မာနိုင်ငံအနေနဲ့ အနည်းငယ်အအေးပိုခဲ့ပြီးမဖြစ်ခဲ့ရင် ဆောင်းရာသီတောင်မှ ပျောက်ကွယ်သွားနိုင်ပါတယ်၊ အခုဆိုရင် ရန်ကုန်၊ ပဲခူး၊ မွန်၊ တနင်္သာရီစတဲ့ ဒေသတွေမှာဆောင်းပျောက်လုရာသီဥတုမျိုးဖြစ်ပေမယ့် ယူနန်ပြည်နယ် ဘက်မှာလေဖိအားမြင့်မားတဲ့ အခြေအနေမျိုးဖြစ်ပေါ်ခဲ့တာကြောင့် ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတွေမှာအေးမြေတဲ့ တစ်နည်းပြောရရင် ဆောင်းပီပြင်တဲ့ဟာမျိုးကိုခံစားရစေတာ ဖြစ်ပါတယ်၊ အဲ့ဒီလိုကြုံခဲ့ရတဲ့ ဂျက်လေစီးကြောင်း (Jet Stream)ဟာမိုင် ၁၅၀ နှုန်းအောက်မှာသာရှိတာကြောင့် ဆိုးရွားပြင်းထန်တဲ့ အဆင့်မျိုးမရှိပါဘူး”လို့ ၎င်းက ရှင်းပြပါတယ်။

မိုးမကုန်သလို အခြေအနေအလား

ယခုရာသီကာလဟာ မြန်မာနိုင်ငံရဲ့ ဆောင်းရာသီကာလထဲမှာဖြစ်နေပေမယ့် မိုးရွာသွန်းမယ့် အခြေအနေတွေ ရှိနေတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှှု ဦးစီးဌာနက ဇန်နဝါရီ ၁၄ ရက် မနက် ၁၀နာရီခွဲမှာ သတင်းထုတ်ပြန်ထားပါတယ်။လတ်တလောမှာကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီးနောက် ၂၄ နာရီအတွင်းရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်မှာ နေရာကွက်ကျားမိုးအနည်းငယ်ရွာနိုင်သလို ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်မယ်လို့ ခန့်မှန်းကာ ထုတ်ပြန်ထားပါတယ်။

စိုက်ပျိုးရေးကိုအခြေခံတဲ့ မြန်မာနိုင်ငံအနေနဲ့ ယခုကာလဟာဆန်စပါး၊ ကောက်ပဲသီးနှံတွေ ရိတ်သိမ်းနေတဲ့ ကာလလည်းဖြစ်တာကြောင့် မိုးရွာသွန်းနိုင်မယ့်အခြေအနေတွေဟာမလိုလားအပ်တဲ့ ပျက်စီးဆုံးရှုံးမှုတွေကို ဖြစ်လာနိုင်တာကြောင့် ကြိုတင်ပြင်ဆင်ထားဖို့လည်းလိုအပ်လှပါတယ်။

“အချိန်အခါမဟုတ် မိုးတွေရွာတယ်၊ ဟိုးလွန်ခဲ့တဲ့ ၂၀၁၃-၁၄ လောက်က နွေခေါင်ခေါင်မှာ ရုတ်တရက်ကြီးအေးတာမျိုး ကြုံခဲ့တယ်၊ မိုးရာသီမှာလည်းမိုးကထင်သလောက်မကောင်းခဲ့ဘူး၊ ဒီနှစ်တော့ နည်းနည်းလေးမိုးပြန်ကောင်းလာတယ်ပေါ့၊ ဒါတွေကို ပြန်ကြည့်ရင် ရာသီဥတုဖောက်ပြန်မှုဟာ ပြင်းထန်နေပြီဆိုတာ ကျွန်တော်တို့ လက်ခံရမယ်၊ အခုဆိုရင် သြစတြေးလျမှာ တောမီးတွေလောင်တာတွေရှိတယ်၊ ဖိလစ်ပိုင်က ကျွန်းတစ်ချို့မှာမီးတောင် ပေါက်ကွဲတာတွေရှိတယ်၊ ဒါတွေကလေထုထဲကို CO2 ဓာတ်ငွေ့တွေ တိုးစေပြီးတော့ ဖန်လုံအိမ်အာနိသင်ကို တိုးစေကာ အပူချိန်တွေတိုးစေတာဖြစ်ပါတယ်၊ ဖန်လုံအိမ်အာနိသင်လျှော့ချဖို့ အလေးထားပြီးမလုပ်ရင် ပိုဆိုးလာဖို့ပဲရှိမယ်”လို့ INGO တစ်ခုရဲ့ ပညာပေးအစီအစဉ်မှာ တာဝန်ထမ်းဆောင်ရင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲများလုပ်နေတဲ့ ကိုစည်သူကပြောပါတယ်။

ကမ္ဘာကြီးရဲ့အပူချိန်ဟာ နှစ်စဉ်နှစ်တိုင်းမြင့်တက်လာပြီးစံချိန်တင်ရလောက်အောင် အပူဆုံးနှစ် ၁၉ နှစ်အနက် နှစ်ပေါင်း ၁၈ နှစ်ဟာ ၂၀၀၁ ခုနှစ်နောက်ပိုင်းမှာဖြစ်ခဲ့သလို ၂၀၁၆ ခုနှစ်ဟာအပူဆုံးနှစ်တစ်နှစ်ဖြစ်ခဲ့တယ်လို့ ကမ္ဘာ့ရာသီဥတုဆိုင်ရာစစ်တမ်းတွေမှာဖော်ပြထားပါတယ်။

မညိုမညာသော ၂၀၂၀ ရာသီဥတု

မြန်မာနိုင်ငံမှာသက်ရောက်ခံစားရစေမယ့်ရာသီဥတုဖြစ်စဉ်တွေထဲကအယ်နီညို၊ လာနီညာရာသီဥတု ဖြစ်စဉ်တွေကလည်းနှစ်တစ်နှစ်ရဲ့ မိုးရာသီကနေတစ်နှစ်တာလုံးကိုသက်ရောက်စေခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၄ လောက်ကနေ ၂၀၁၆ လောက်အထိတစ်နှစ်တာထဲမှာအယ်နီညို၊ လာနီညာ၊ ကြားနှစ် စတဲ့ ရာသီဥတုဖြစ်စဉ် သုံးမျိုးစလုံး သုံးရောင်ခြယ်ရာသီဥတုအခြေအနေကို ခံစားရတယ်လို့ မိုးလေဝသပညာရှင်ကြီး ဒေါက်တာထွန်းလွင် မကွယ်လွန်ခင်ကပြောခဲ့ဖူးပါတယ်။

လက်ရှိကာလမှာလည်း ကမ္ဘာ့မိုးလေဝသစခန်းအသီးသီးက ပစိဖိတ်သမုဒ္ဒရာထဲက ရေအပူချိန်ကို လေ့လာကာ အယ်နီညိုလာနီညာရာသီဥတုဖြစ်စဉ်တွေကိုခန့်မှန်းလေ့ရှိပါတယ်။ ဆောင်းကာလမှာဖြစ်တဲ့ အဆိုပါ သမုဒ္ဒရာအပူချိန်ဟာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများစုကိုသက်ရောက်စေတာကြောင့် မိုးလေဝသစခန်းအသီးသီးက စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။

“ဒီနှစ်မှာကအယ်နီညို နှစ်လည်းမဟုတ်သလိုလာနီညာနှစ်လည်းမဟုတ်ပါဘူး၊ ကြားနေနှစ်ဖြစ်ဖို့ များပါတယ်၊ မိုးလေဝသစခန်း အများစုကလည်း ကြားနေနှစ်လို့ ခန့်မှန်းချက်တွေထုတ်ပြန် နေကြပါတယ်”လို့ မိုးလေဝသပညာရှင် ဦးချစ်ကျော်ကဆိုပါတယ်။

လာမယ့် ဖေဖော်ဝါရီလအထိကာလထဲ အယ်နီညိုဖြစ်နိုင်ချေ ၃၀ ရာခိုင်နှုန်း၊ လာနီညာ ဖြစ်နိုင်ချေ ၅ ရာခိုင်နှုန်း၊ ကြားနှစ်ဖြစ်နိုင်ချေ ၆၅ ရာခိုင်နှုန်းရှိတယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်ကခန့်မှန်းချက် ထုတ်ပြန်ထားပါတယ်။

တစ်နှစ်ထက်တစ်နှစ် ရာသီဥတုအခြေအနေတွေက အရမ်းဆိုးရွားလာခဲ့ကာ ပူရင်လည်းအရမ်းပူသလို အေးရင်လည်းအရမ်းအေးတဲ့ လွန်ကဲလာသောရာသီဥတုဖြစ်စဉ်တွေဟာပိုတိုးပြီးမဆိုးလာဖို့လုပ်နေပေမယ့် ထိခိုက်မှုလျော့ပါးသက်သာစေဖို့ဟာလိုက်လျောညီထွေဖြစ်အောင် ရှင်သန်ရပ်တည်နိုင်မယ့် အစီအမံကောင်းတွေကို အမြန်ဆုံးရေးဆွဲလုပ်ဆောင်ဖို့ လိုအပ်နေတဲ့အကြောင်း ရေးသားလိုက်ရပါတယ်။

ဇွဲမာန်
ဇန်န၀ါရီ - ၁၄

( Zawgyi )

၂၀၁၉ အကုန္ေလာက္ကေနယခုအထိ ရန္ကုန္အပါအဝင္ ျပည္တြင္းကေဒသအမ်ားစုမွာေအးျမတဲ့ ေဆာင္းရာသီရဲ႕ အေငြ႕အသက္ကို ပီျပင္ေအာင္ခံစားလာရပါတယ္။ေဆာင္းရာသီမို႔လို႔ ေအးျမတဲ့ အေျခအေနဟာသာမန္လို႔သာ ထင္ေကာင္းထင္ေပမယ့္ ေျပာင္းလဲလာတဲ့ ရာသီဥတုအေျခအေနေၾကာင့္ ပီျပင္စြာမေအးခဲ့တဲ့ေဆာင္းကိုဆယ္စုႏွစ္တစ္ခုေက်ာ္ေလာက္အထိ ႀကဳံခဲ့ရတာရန္ကုန္ၿမိဳ႕မွာေနထိုင္သူေတြ ေတာ္ေတာ္မ်ားမ်ားကသတိျပဳမိၾကပါလိမ့္မယ္။

“ဒီျဖစ္စဥ္ေတြက ျပန္သုံးသပ္ရင္ အေျခခံအေၾကာင္းအရင္းေတြ အကုန္လုံးက ရာသီဥတုေဖာက္ျပန္ေနတာေၾကာင့္ပါပဲ” လို႔ မိုးေလဝသပညာရွင္ ဦးခ်စ္ေက်ာ္ကေျပာပါတယ္။

အဲ့ဒီလိုေဖာက္ျပန္ေျပာင္းလဲလာတဲ့ ရာသီဥတုကို ျပဳျပင္ဖို႔မျဖစ္ႏိုင္ေပမယ့္ ျဖစ္ေပၚလာတဲ့ အေျခအေနေတြအေပၚမွာရွင္သန္ရပ္တည္ကာလုပ္ကိုင္ ႏိုင္ဖို႔ေတြ၊ ေနထိုင္စားေသာက္ႏိုင္ဖို႔ေတြအတြက္ သဟဇာတျဖစ္ေအာင္ျပင္ဆင္ႏိုင္ဖို႔ကလည္းအေရးႀကီးတယ္လို႔ ၎က ဆိုပါတယ္။

အေအးပိုေသာကာလမ်ားျဖစ္ခဲ့

ျမန္မာႏိုင္ငံရဲ႕ ေရေျမရာသီဥတုအေျခအေနအရ ေဒသအမ်ားစုဟာ သမပိုင္းအေျခအေနမ်ိဳးရရွိၿပီး ေျမာက္ဖ်ားပိုင္းေဒသ အခ်ိဳ႕မွာသာ ဆီးႏွင္းခဲမ်ားဖုံးလႊမ္းေသာရာသီဥတုမ်ိဳးရွိၿပီးရန္ကုန္ကဲ့သို႔ ၿမိဳ႕ႀကီးျပၿပီးမ်ားတြင္ တစ္ႏွစ္ထက္တစ္ႏွစ္ ပိုမိုပူျပင္းလာခဲ့တာေၾကာင့္ အပူဒဏ္နဲ႔ က်င့္သားရေနသလိုျဖစ္ခ်ိန္မွာ ရာသီဥတုေဖာက္ျပန္မႈျဖစ္စဥ္ေတြေၾကာင့္လည္းအေအးပိုတဲ့ကာလေတြကိုေရာက္ရွိခဲ့ပါတယ္။

“တကယ္ေတာ့ေလအေအးလႈိင္းျဖတ္တာမဟုတ္ဘူး၊ ကြၽန္ေတာ္တို႔ျပည္သူေတြကအပူဒဏ္နဲ႔က်င့္သားရသလို ျဖစ္ေနေတာ့ နည္းနည္းေလးအေအးပိုလာတာနဲ႔ အေအးလႈိင္းျဖတ္တယ္လို႔ ယူဆၾကပါတယ္၊ အေအးလႈိင္း(Cold Wave) ဆိုတာက ၂၄ နာရီအတြင္းမွာအပူခ်ိန္ဟာ အရာဝတၳဳေတြ ေအးခဲတဲ့အထိ႐ုတ္တရက္ လ်င္လ်င္ျမန္ျမန္နဲ႔ က်ဆင္းသြားတယ္လို႔ အဓိပၸာယ္ဖြင့္ဆိုထားပါတယ္၊ ဒါေၾကာင့္လည္း ျပန္ၾကည့္ရင္ အေအးလႈိင္းေတာ့ မဟုတ္ဘူး၊ သို႔ေပမယ့္ အပူဒဏ္နဲ႔ရင္းႏွီးၿပီးေတာ့ ေအးလာတဲ့အခါ က်န္းမာေရးနဲ႔ ပတ္သက္ၿပီးထိခိုက္တာေတြကို ႀကဳံလာရတာ ျဖစ္ပါတယ္”လို႔ မိုးေလဝသပညာရွင္ ဦးခ်စ္ေက်ာ္ကဆိုပါတယ္။

ထိုသို႔ အေအးပိုခဲ့တာေၾကာင့္လည္းရွမ္းျပည္နယ္၊ ေျမာက္ပိုင္းကေဒသေတြအျပင္ မႏၲေလးတိုင္းေဒသႀကီးထဲမိုးကုတ္လိုေဒသေတြမွာေရခဲသြားတဲ့အထိအေျခအေနမ်ိဳးႀကဳံခဲ့ရပါတယ္။ ျမန္မာႏိုင္ငံဟာအီေကြတာနဲ႔နီးကာအပူပိုင္းဇုန္ထဲေလးပုံသုံးပုံခန႔္ က်ေရာက္ေနၿပီးသမပိုင္းဇုန္နဲ႔ အပူပိုင္းဇုန္စပ္ၾကားမွာေလးပုံတစ္ပုံခန႔္ က်ေရာက္တဲ့ အေျခအေနေၾကာင့္လည္းအပူဒဏ္ကိုပိုကာခံစားလာခဲ့ရပါတယ္။ ဒါေၾကာင့္လည္းအျမင့္ဆုံးအပူခ်ိန္ ၄၂ ဒီဂရီေလာက္အထိခံစားဖူးတဲ့သူေတြအေနနနဲ႔ လြန္ခဲ့တဲ့ ဒီဇင္ဘာလထဲ ၁၇ ဒီဂရီစင္တီဂရိတ္ ေလာက္အထိကိုခံစားရတဲ့အခါ အေတာ္ပင္ေအးေနတဲ့ အေျခအေနမ်ိဳးကိုခံစားရၿပီး ဇန္နဝါရီလထဲမွာ သာမန္ အားျဖင့္ မနက္ခင္းတြင္ ၁၉ ဒီဂရီစင္တီဂရိတ္ေအာက္ရွိတဲ့အေပၚ အေအးလႈိင္းျဖတ္တယ္လို႔ ယူဆကာစိုးရိမ္ တာေတြလည္းရွိခဲ့ပါတယ္။

“ခႏၶာကိုယ္ရဲ႕ျဖစ္စဥ္ေတြ ဇီဝကမၼအေနအထားေတြအရ အပူဒဏ္ဆိုရင္လည္းေျဖးေျဖးခ်င္းခံစားလာရတဲ့အခါ ျပႆနာသိပ္မရွိႏိုင္သလိုအေအးဒဏ္ဆိုလည္းဒီလိုပဲ၊ ပူလာရာကေန႐ုတ္တရက္ အေအးဒဏ္ကိုခံစားရတဲ့ အခါ ခႏၶာကိုယ္ရဲ႕ဇီဝကမၼေတြ ခ်က္ခ်င္းလိုက္ပါေျပာင္းလဲတာမ်ိဳးမျဖစ္ႏိုင္တာေၾကာင့္ သာမန္လူလတ္ပိုင္းေတြမွာေတာင္ ကိုယ္ခံစြမ္းအားေတြ က်ဆင္းတာေတြႀကဳံၿပီးဖ်ားနာတာေတြျဖစ္ေစပါတယ္၊ အသက္အ႐ြယ္ႀကီးရင့္သူေတြ အေနနဲ႔ ေလျဖတ္တာေတြကိုႀကဳံရေလ့ရွိတဲ့ ကာလမ်ိဳးလည္း ျဖစ္တာေၾကာင့္ ဂ႐ုျပဳသင့္ပါတယ္၊ ေလျဖတ္လို႔ ေရာက္လာတဲ့လူနာကေန႔စဥ္ ၂၀ နဲ႔ ၃၀ ၾကားေလာက္ ရွိေနတယ္၊ အခုဒီရက္ထဲေတာ့ ျပန္ၿပီးနည္းသြားတယ္၊ စုစုေပါင္းစာရင္းကို ကြၽန္ေတာ့္အေနနဲ႔ မေျပာႏိုင္ပါဘူး”လို႔ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးမွာ တာဝန္ထမ္းေဆာင္ေနတဲ့ ဆရာဝန္ႀကီးတစ္ဦးျဖစ္သူေဒါက္တာ ေက်ာ္ဇင္ဝင္းက ေျပာပါတယ္။ဒါေၾကာင့္လည္းယခုလိုကာလေတြမွာသက္ႀကီးပိုင္းေတြ၊ က်န္းမာေရးခ်ိဳ႕တဲ့သူေတြအေနနဲ႔ အထူးသတိျပဳေနထိုင္ရမယ့္ ရာသီကာလလည္း ျဖစ္ပါတယ္။

မုတ္သုံႏွစ္မ်ိဳး ခံစားရတဲ့ ျမန္မာႏိုင္ငံ

ျမန္မာႏိုင္ငံရဲ႕ ရာသီဥတုျဖစ္စဥ္ေတြနဲ႔ပတ္သက္ရင္ မုတ္သုံေလဟာအဓိကက်တဲ့ ဇာတ္ေကာင္သဖြယ္ျဖစ္လို႔ ေနပါတယ္။အဆိုေတာ္ေတြကေတးသီခ်င္းေတြအျဖစ္ ေရးဖြဲ႕တင္စားေလ့ရွိၾကတဲ့ မုတ္သုံေလဟာအေနာက္ေတာင္ မုတ္သုံေလနဲ႔ အေရွ႕ေျမာက္ မုတ္သုံေလဆိုၿပီးမုတ္သုံႏွစ္မ်ိဳးကိုခံစားရတယ္လို႔ မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ၫႊန္ၾကားေရးမႉး ေဒၚရီရီၿငိမ္းကဆိုပါတယ္။အေနာက္ေတာင္ မုတ္သုံေလဟာ ျမန္မာႏိုင္ငံရဲ႕ မိုးရာသီကိုရရွိေစတဲ့ မုတ္သုံေလမ်ိဳးျဖစ္သလို အာေရဗ်ပင္လယ္ကေန ဘဂၤလားပင္လယ္ေအာ္ကေနတစ္ဆင့္ တိုက္ခတ္လာတာျဖစ္ပါတယ္။

အေရွ႕ေျမာက္ မုတ္သုံေလဟာ ႏိုဝင္ဘာလမွာ တိုက္ခတ္ကာေအးျမတဲ့ေဆာင္းရာသီကိုခံစားရေစတာ ျဖစ္ပါတယ္။ ထိုေလတိုက္ခတ္ခ်ိန္မွာတ႐ုတ္ျပည္မႀကီးဘက္ ေလဖိအားျမင့္ေနၿပီးဘဂၤလားပင္လယ္ေအာ္ ေတာင္ပိုင္းမွာေလဖိအားနည္းေနတဲ့အခါ ေလဖိအားျမင့္တဲ့ေနရာမွေလေတြဟာေလဖိအားနည္းတဲ့ ေနရာဘက္ကိုနိမ့္ဆင္းလာတတ္သလိုမုတ္သုံေလကလည္းဆြဲေခၚယူသလိုမ်ိဳးျဖစ္ေစတာေၾကာင့္ ေဆာင္းကာလရဲ႕ အေအးေပါ့တာေတြ၊ အေအးပိုတာေတြကို ျဖစ္ေစတတ္တယ္လို႔ သူကရွင္းျပပါတယ္။

အေရွ႕ပစိဖိတ္သမုဒၵရာကေနေျမာက္အေမရိကတိုက္၊ ကေနဒါ၊ အေမရိကန္၊ ဥေရာပတိုက္တို႔ကေန ျမန္မာႏိုင္ငံကကခ်င္ျပည္နယ္ေျမာက္ပိုင္းအပါအဝင္ အာရွတိုက္ ေျမာက္ပိုင္းအထိ ျဖတ္သန္းတိုက္ခတ္ေလ့ ရွိတဲ့ ဂ်က္ေလစီးေၾကာင္းတစ္ခုရွိၿပီးသူဟာေျမျပင္ရဲ႕ အထက္ ေပေပါင္း ၃၄၀၀၀ အျမင့္္ကေနတစ္နာရီမိုင္ ၁၇၀ ကေန ၂၀၀ ေက်ာ္ ႏႈန္းနဲ႔ တိုက္ခတ္ေလ့ရွိပါတယ္။ ထိုေလစီးေၾကာင္းဟာေလထုဖိအားျမင့္မားပါကဆိုး႐ြားတဲ့ ရာသီဥတုမ်ိဳးခံစားရတာျဖစ္သလိုသာမန္အားျဖင့္ ဆိုး႐ြားစြာခံစားရတာမ်ိဳးမရွိေပမယ့္ လာနီညာ ျဖစ္တဲ့ႏွစ္ေတြမွာ ျပင္းထန္စြာခံစားရေလ့ရွိတယ္လို႔ မိုးေလဝသမွတ္တမ္းေတြမွာ ေဖာ္ျပထားပါတယ္။
ထိုဂ်က္ေလစီးေၾကာင္းကိုမခံစားရတဲ့ မေလးရွား၊ စင္ကာပူႏိုင္ငံေတြမွာ ေႏြနဲ႔ မိုးရာသီသာ ခံစားရၿပီး ေဆာင္းရာသီရဲ႕ အရသာကိုမခံစားခဲ့ရတာျဖစ္ပါတယ္။ ေလဖိအားျမင့္မားတဲ့ ဂ်က္ေလစီးေၾကာင္းအျဖစ္နဲ႔ ျဖတ္သန္းပါက ၎ျဖတ္သန္းရာေဒသေတြမွာ အႏုတ္ ၃၅ ဒီဂရီစင္တီဂရိတ္မွ အႏုတ္ ၇၂ ဒီဂရီစင္တီဂရိတ္ အထိအပူခ်ိန္ေလ်ာ့က်သြားတာေတြရွိသလို ႏွင္းမုန္တိုင္းေတြျဖစ္ကာ ႏွင္းမိုး႐ြာတာေတြ၊ ျမစ္ေတြ၊ ေခ်ာင္းေတြ မွာလည္းေရေတြခဲကုန္တာေတြျဖစ္ေလ့ရွိၿပီးယင္းျဖစ္စဥ္ကိုအေအးလႈိင္းျဖတ္တယ္လို႔ ဆိုၾကေပမယ့္ ျမန္မာႏိုင္ငံအေနနဲ႔ေတာ့ အႏုတ္ ၁၀ ေအာက္ ေရာက္ခဲ့တဲ့ႏွစ္ဆိုတာသမိုင္းမွာလည္းမရွိခဲ့တာေၾကာင့္ အေအးလႈိင္းျဖတ္တာမ်ိဳးမရွိခဲ့ဘူးလို႔ မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနရဲ႕ စာရင္းေတြအရသိႏိုင္မွာ ျဖစ္ပါတယ္။

“အဲ့ဒီေလစီးေၾကာင္းက အာရွေျမာက္ပိုင္းကို ျဖတ္တဲ့အခါ ျပင္းထန္တဲ့ အေနအထားမ်ိဳးျဖစ္ရင္ ျမန္မာႏိုင္ငံအေနနဲ႔ အနည္းငယ္အေအးပိုခဲ့ၿပီးမျဖစ္ခဲ့ရင္ ေဆာင္းရာသီေတာင္မွ ေပ်ာက္ကြယ္သြားႏိုင္ပါတယ္၊ အခုဆိုရင္ ရန္ကုန္၊ ပဲခူး၊ မြန္၊ တနသၤာရီစတဲ့ ေဒသေတြမွာေဆာင္းေပ်ာက္လုရာသီဥတုမ်ိဳးျဖစ္ေပမယ့္ ယူနန္ျပည္နယ္ ဘက္မွာေလဖိအားျမင့္မားတဲ့ အေျခအေနမ်ိဳးျဖစ္ေပၚခဲ့တာေၾကာင့္ ရွမ္းျပည္နယ္၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ေနျပည္ေတာ္၊ ဧရာဝတီတိုင္းေဒသႀကီး၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္၊ မြန္ျပည္နယ္၊ တနသၤာရီတိုင္းေဒသႀကီးေတြမွာေအးေျမတဲ့ တစ္နည္းေျပာရရင္ ေဆာင္းပီျပင္တဲ့ဟာမ်ိဳးကိုခံစားရေစတာ ျဖစ္ပါတယ္၊ အဲ့ဒီလိုႀကဳံခဲ့ရတဲ့ ဂ်က္ေလစီးေၾကာင္း (Jet Stream)ဟာမိုင္ ၁၅၀ ႏႈန္းေအာက္မွာသာရွိတာေၾကာင့္ ဆိုး႐ြားျပင္းထန္တဲ့ အဆင့္မ်ိဳးမရွိပါဘူး”လို႔ ၎က ရွင္းျပပါတယ္။

မိုးမကုန္သလို အေျခအေနအလား

ယခုရာသီကာလဟာ ျမန္မာႏိုင္ငံရဲ႕ ေဆာင္းရာသီကာလထဲမွာျဖစ္ေနေပမယ့္ မိုး႐ြာသြန္းမယ့္ အေျခအေနေတြ ရွိေနတယ္လို႔ မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမွႈ ဦးစီးဌာနက ဇန္နဝါရီ ၁၄ ရက္ မနက္ ၁၀နာရီခြဲမွာ သတင္းထုတ္ျပန္ထားပါတယ္။လတ္တေလာမွာကပၸလီပင္လယ္ျပင္နဲ႔ ဘဂၤလားပင္လယ္ေအာ္တို႔မွာ တိမ္အနည္းငယ္ ျဖစ္ထြန္းေနၿပီးေနာက္ ၂၄ နာရီအတြင္းရန္ကုန္မွ တနသၤာရီကမ္း႐ိုးတန္းတစ္ေလွ်ာက္မွာ ေနရာကြက္က်ားမိုးအနည္းငယ္႐ြာႏိုင္သလို ရန္ကုန္မွ ရခိုင္ကမ္း႐ိုးတန္းတစ္ေလွ်ာက္မွာ တိမ္အသင့္အတင့္ျဖစ္ထြန္းႏိုင္မယ္လို႔ ခန႔္မွန္းကာ ထုတ္ျပန္ထားပါတယ္။

စိုက္ပ်ိဳးေရးကိုအေျခခံတဲ့ ျမန္မာႏိုင္ငံအေနနဲ႔ ယခုကာလဟာဆန္စပါး၊ ေကာက္ပဲသီးႏွံေတြ ရိတ္သိမ္းေနတဲ့ ကာလလည္းျဖစ္တာေၾကာင့္ မိုး႐ြာသြန္းႏိုင္မယ့္အေျခအေနေတြဟာမလိုလားအပ္တဲ့ ပ်က္စီးဆုံးရႈံးမႈေတြကို ျဖစ္လာႏိုင္တာေၾကာင့္ ႀကိဳတင္ျပင္ဆင္ထားဖို႔လည္းလိုအပ္လွပါတယ္။

“အခ်ိန္အခါမဟုတ္ မိုးေတြ႐ြာတယ္၊ ဟိုးလြန္ခဲ့တဲ့ ၂၀၁၃-၁၄ ေလာက္က ေႏြေခါင္ေခါင္မွာ ႐ုတ္တရက္ႀကီးေအးတာမ်ိဳး ႀကဳံခဲ့တယ္၊ မိုးရာသီမွာလည္းမိုးကထင္သေလာက္မေကာင္းခဲ့ဘူး၊ ဒီႏွစ္ေတာ့ နည္းနည္းေလးမိုးျပန္ေကာင္းလာတယ္ေပါ့၊ ဒါေတြကို ျပန္ၾကည့္ရင္ ရာသီဥတုေဖာက္ျပန္မႈဟာ ျပင္းထန္ေနၿပီဆိုတာ ကြၽန္ေတာ္တို႔ လက္ခံရမယ္၊ အခုဆိုရင္ ၾသစေၾတးလ်မွာ ေတာမီးေတြေလာင္တာေတြရွိတယ္၊ ဖိလစ္ပိုင္က ကြၽန္းတစ္ခ်ိဳ႕မွာမီးေတာင္ ေပါက္ကြဲတာေတြရွိတယ္၊ ဒါေတြကေလထုထဲကို CO2 ဓာတ္ေငြ႕ေတြ တိုးေစၿပီးေတာ့ ဖန္လုံအိမ္အာနိသင္ကို တိုးေစကာ အပူခ်ိန္ေတြတိုးေစတာျဖစ္ပါတယ္၊ ဖန္လုံအိမ္အာနိသင္ေလွ်ာ့ခ်ဖို႔ အေလးထားၿပီးမလုပ္ရင္ ပိုဆိုးလာဖို႔ပဲရွိမယ္”လို႔ INGO တစ္ခုရဲ႕ ပညာေပးအစီအစဥ္မွာ တာဝန္ထမ္းေဆာင္ရင္း သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးအသိပညာေပးေဟာေျပာပြဲမ်ားလုပ္ေနတဲ့ ကိုစည္သူကေျပာပါတယ္။

ကမာၻႀကီးရဲ႕အပူခ်ိန္ဟာ ႏွစ္စဥ္ႏွစ္တိုင္းျမင့္တက္လာၿပီးစံခ်ိန္တင္ရေလာက္ေအာင္ အပူဆုံးႏွစ္ ၁၉ ႏွစ္အနက္ ႏွစ္ေပါင္း ၁၈ ႏွစ္ဟာ ၂၀၀၁ ခုႏွစ္ေနာက္ပိုင္းမွာျဖစ္ခဲ့သလို ၂၀၁၆ ခုႏွစ္ဟာအပူဆုံးႏွစ္တစ္ႏွစ္ျဖစ္ခဲ့တယ္လို႔ ကမာၻ႔ရာသီဥတုဆိုင္ရာစစ္တမ္းေတြမွာေဖာ္ျပထားပါတယ္။

မညိဳမညာေသာ ၂၀၂၀ ရာသီဥတု

ျမန္မာႏိုင္ငံမွာသက္ေရာက္ခံစားရေစမယ့္ရာသီဥတုျဖစ္စဥ္ေတြထဲကအယ္နီညိဳ၊ လာနီညာရာသီဥတု ျဖစ္စဥ္ေတြကလည္းႏွစ္တစ္ႏွစ္ရဲ႕ မိုးရာသီကေနတစ္ႏွစ္တာလုံးကိုသက္ေရာက္ေစခဲ့ပါတယ္။ လြန္ခဲ့တဲ့ ၂၀၁၄ ေလာက္ကေန ၂၀၁၆ ေလာက္အထိတစ္ႏွစ္တာထဲမွာအယ္နီညိဳ၊ လာနီညာ၊ ၾကားႏွစ္ စတဲ့ ရာသီဥတုျဖစ္စဥ္ သုံးမ်ိဳးစလုံး သုံးေရာင္ျခယ္ရာသီဥတုအေျခအေနကို ခံစားရတယ္လို႔ မိုးေလဝသပညာရွင္ႀကီး ေဒါက္တာထြန္းလြင္ မကြယ္လြန္ခင္ကေျပာခဲ့ဖူးပါတယ္။

လက္ရွိကာလမွာလည္း ကမာၻ႔မိုးေလဝသစခန္းအသီးသီးက ပစိဖိတ္သမုဒၵရာထဲက ေရအပူခ်ိန္ကို ေလ့လာကာ အယ္နီညိဳလာနီညာရာသီဥတုျဖစ္စဥ္ေတြကိုခန႔္မွန္းေလ့ရွိပါတယ္။ ေဆာင္းကာလမွာျဖစ္တဲ့ အဆိုပါ သမုဒၵရာအပူခ်ိန္ဟာ ျမန္မာႏိုင္ငံအပါအဝင္ ကမာၻ႔ႏိုင္ငံအမ်ားစုကိုသက္ေရာက္ေစတာေၾကာင့္ မိုးေလဝသစခန္းအသီးသီးက စိတ္ဝင္တစားနဲ႔ ေစာင့္ၾကည့္ေနၾကတာ ျဖစ္ပါတယ္။

“ဒီႏွစ္မွာကအယ္နီညိဳ ႏွစ္လည္းမဟုတ္သလိုလာနီညာႏွစ္လည္းမဟုတ္ပါဘူး၊ ၾကားေနႏွစ္ျဖစ္ဖို႔ မ်ားပါတယ္၊ မိုးေလဝသစခန္း အမ်ားစုကလည္း ၾကားေနႏွစ္လို႔ ခန႔္မွန္းခ်က္ေတြထုတ္ျပန္ ေနၾကပါတယ္”လို႔ မိုးေလဝသပညာရွင္ ဦးခ်စ္ေက်ာ္ကဆိုပါတယ္။

လာမယ့္ ေဖေဖာ္ဝါရီလအထိကာလထဲ အယ္နီညိဳျဖစ္ႏိုင္ေခ် ၃၀ ရာခိုင္ႏႈန္း၊ လာနီညာ ျဖစ္ႏိုင္ေခ် ၅ ရာခိုင္ႏႈန္း၊ ၾကားႏွစ္ျဖစ္ႏိုင္ေခ် ၆၅ ရာခိုင္ႏႈန္းရွိတယ္လို႔ ကမာၻ႔မိုးေလဝသအဖြဲ႕ခ်ဳပ္ကခန႔္မွန္းခ်က္ ထုတ္ျပန္ထားပါတယ္။

တစ္ႏွစ္ထက္တစ္ႏွစ္ ရာသီဥတုအေျခအေနေတြက အရမ္းဆိုး႐ြားလာခဲ့ကာ ပူရင္လည္းအရမ္းပူသလို ေအးရင္လည္းအရမ္းေအးတဲ့ လြန္ကဲလာေသာရာသီဥတုျဖစ္စဥ္ေတြဟာပိုတိုးၿပီးမဆိုးလာဖို႔လုပ္ေနေပမယ့္ ထိခိုက္မႈေလ်ာ့ပါးသက္သာေစဖို႔ဟာလိုက္ေလ်ာညီေထြျဖစ္ေအာင္ ရွင္သန္ရပ္တည္ႏိုင္မယ့္ အစီအမံေကာင္းေတြကို အျမန္ဆုံးေရးဆြဲလုပ္ေဆာင္ဖို႔ လိုအပ္ေနတဲ့အေၾကာင္း ေရးသားလိုက္ရပါတယ္။

ဇြဲမာန္
ဇန္န၀ါရီ - ၁၄