【 သတင်းဆောင်းပါး 】 “ငါးခြောက်များနှင့် ဓါတုအန္တရာယ်”

【 သတင်းဆောင်းပါး 】 “ငါးခြောက်များနှင့် ဓါတုအန္တရာယ်”

မြစ်ချောင်းအင်းအိုင်တွေနဲ့ ပင်လယ်ကမ်းရိုးတန်း ကျယ်ပြန့်စွာပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံဟာ ကီလိုမီတာ ၂၀၀၀ နီးပါး ရှည်လျားတဲ့ ကမ်းရိုးတန်း၊ ကြီးမားကျယ်ပြန့်တဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေကို ပိုင်ဆိုင်ထားပြီး ရေနေသတ္တဝါမျိုးစုံ နေထိုင်ကျက်စားကြတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။

ရှည်လျားတဲ့ ကမ်းရိုးတန်းနဲ့ သဘာဝအရင်းအမြစ်တွေ ပေါကြွယ်လှတဲ့အတွက် ငါးလုပ်ငန်း လုပ်ကိုင်သူတွေများပြားပြီး လူဦးရေ ၃ သန်းခန့် ငါးလုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်လျှက် ရှိပါတယ်။

မွန်ပြည်နယ်ရဲ့ နယ်နမိတ်အတွင်း ကျရောက်တဲ့ ကုလားကုတ်ကျွန်းဟာ ပင်လယ်ပြင်အတွင်းမှာ တည်ရှိနေပြီး ဒေသခံ တိုင်းရင်းသားအများစုက ရေလုပ်ငန်းကို ဘိုးဘွားစဉ်ဆက် လုပ်ကိုင်ကြပါတယ်။ကုလားကုတ်ကျွန်းမှာ အပေါ်ဆိပ်၊ အလယ်ဆိပ်၊ အောက်ဆိပ်ဆိုပြီး လှေ၊ သင်္ဘောတွေ ဆိုက်ကပ်ရပ်နားနိုင်တဲ့ ဆိပ်ကမ်း ၃ ခု ရှိပါတယ်။အောက်ဆိပ်အနီး ပသျှုးချောင်ဆိုတဲ့ တံငါလှေတွေ ဝင်ထွက်ရာနေရာမှာတော့ ငါးခြောက်လုပ်ငန်းကို လုပ်ကိုင်ကြပါတယ်။ပင်လယ်ငါးဖမ်းလှေတွေ အလွယ်တကူ ဝင်၊ ထွက် သွားလာနိုင်တဲ့အတွက် ငါးဖမ်းလှေလုပ်သားတွေ၊ ငါးခြောက်လုပ်ငန်း လုပ်ကိုင်သူတွေ၊ ဒေသခံတွေနဲ့ စည်ကားလို့နေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ပင်လယ်ပြင်အနီးက ငါးခြောက်လုပ်ငန်းတို့ ထုံးစံအတိုင်း ကမ်းစပ်မှာ စင်တွေထိုးပြီးအပေါ်မှာ ငါးတွေကို နေခြောက်လှန်းတဲ့အတွက် အဲ့ဒီပတ်ဝန်းကျင်မှာ ငါးခြောက်လုပ်ငန်း လုပ်ကိုင်သူတွေနဲ့ အမြဲလိုလိုစည်ကားလို့နေပါတယ်။

ကမ်းရိုးတန်းတလျှောက်နဲ့ ပင်လယ်ပြင်အတွင်းရှိ ကျွန်းတွေမှာ ငါးခြောက်လုပ်ငန်း လုပ်ကိုင်သူတွေ များပြားပြီး နေရာဒေသအသီးသီးမှာ ထုတ်လုပ်မှုပုံစံအမျိုးမျိုးနဲ့ လုပ်ကိုင်ကြပါတယ်။

ရန်ကုန်မြို့မှာလည်း ငါးခြောက်ထုတ်လုပ်တဲ့ အလုပ်ရုံတွေ အများအပြားရှိပြီး အလုပ်ရုံကို ရောက်ရှိလာတဲ့ ငါးတွေကို ခွဲခြင်း၊ ဆားသိပ်ခြင်းတွေ ပြုလုပ်ပြီး အလုပ်ရုံရဲ့ အနောက်ဘက်မှာရှိတဲ့ မြေကွက်ပေါ်မှာ နေလှန်းခြင်းကို လုပ်ကိုင်ကြပါတယ်။ခြောက်သွေ့ရန် လိုအပ်နေသေးတဲ့ ငါးခြောက်တွေကို အပူပေးကျပ်တင်ရန် သီးသန့်ပြုလုပ်ထားတဲ့ အခန်းထဲမှာ ကျပ်တင်ခြင်းလုပ်ငန်းတွေကို လုပ်ကိုင်ကြပါတယ်။

ဒါတွေဟာ မြန်မာနိုင်ငံရဲ့ စားသောက်ကုန်ဖြစ်တဲ့ ငါးခြောက်လုပ်ငန်းထုတ်လုပ်တဲ့ လုပ်ငန်းခွင်မှာ မြင်တွေ့ရတဲ့ မြင်ကွင်းတွေဖြစ်ပြီး ငါးခြောက်လုပ်ငန်းတွေကို မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့မှာ အများစုလုပ်ကိုင်ကြပါတယ်။ရန်ကုန်မြို့မှာ ငါးခြောက်လုပ်ငန်း လုပ်ကိုင်တဲ့ အလုပ်ရုံပေါင်း ၂၀၀ ကျော်ရှိပြီး ဈေးကွက်ဖြန့်ချီခြင်းအနေနဲ့ ဘုရင့်နောင် ကုန်စည်ဒိုင်မှတဆင့် မြန်မာတစ်နိုင်ငံလုံးကို အများဆုံးတင်ပို့ ရောင်းချကြပါတယ်။

မြန်မာနိုင်ငံမှာ ငါးစားသုံးမှုများပြားသလို ငါးခြောက်ကိုလည်း အညာဒေသရဲ့ အလှူမင်္ဂလာပွဲတွေမှာ အဓိကဟင်းလျာအဖြစ် ဧည့်ခံကျွေးမွေးကြပါတယ်။ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးမှာလည်း လူမျိုးမရွေး၊ ဘာသာမရွေး စားသုံးကြပါတယ်။သား၊ ငါးနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ဓာတုဗေဒပစ္စည်းဆေးဝါးတွေ၊ ပိုးသတ်ဆေးတွေ သုံးစွဲကြတဲ့အတွက် ငါးခြောက်ဟာ အန္တရာယ်ကင်းတဲ့ အစားအသောက်အဖြစ် အများကမှတ်ယူ စားသုံးကြပေမယ့် အမှန်တကယ်က ငါးခြောက်တွေမှာလည်း ဝယ်ယူသူတွေ နှစ်သက်တဲ့ အရောင်းအဆင်းလှစေရန်၊ ယင်မနားစေရန် ဓာတုပစ္စည်းတွေ ထည့်သွင်းသုံးစွဲမှုတွေလည်း ရှိပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ငါးပိ၊ ငါးခြောက်ဇုန်မှာ လုပ်ကိုင်နေတဲ့ မင်းသန့် ငါးခြောက်ထုတ်လုပ်ရေးလုပ်ငန်း ပိုင်ရှင် မခင်ချိုဝင်း က သူတို့ရဲ့ အလုပ်ရုံမှာလုပ်တဲ့ ငါးယောင်ခြောက်တွေမှာ ယမ်းနဲ့ ကျောက်ချဉ်ကို တွဲဖက်အသုံးပြုတယ်လို့ ဆိုပါတယ်။
 

“ဆားတစ်အိတ်က အချိန် ၅၀ ရှိတယ်။ဆားတစ်အိတ်ကို ယမ်းက ၂ ပိသာ၊ ကျောက်ချဉ် ၁၀ သား။ကျောက်ချဉ်ထည့်ရတာက အသားလေးမာဖို့။အသားမာမာလေးဖြစ်ဖို့” လို့ ဆိုပါတယ်။

ဒါတွေဟာ ငါးယောင်ခြောက်တွေမှာ လက်ရှိအသုံးပြုနေတဲ့ ဆား၊ ယမ်းစိမ်းနဲ့ ကျောက်ချဉ်တို့ ထည့်သွင်းအသုံးပြုတဲ့ အချိုးအစားတွေဖြစ်ပြီး ငါးအမျိုးအစားအလိုက် ယမ်းစိမ်းထည့်သွင်း အသုံးပြုမှုတွေလည်း ကွာခြားမှုတွေရှိပါတယ်။

ထုတ်လုပ်ရောင်းချသူတွေက ဆေးဝါးတွေ မသုံးစွဲဘဲ ထုတ်လုပ်ရောင်းချကြပေမယ့် ဈေးကွက်တွင်းမှာတော့ ဆေးဝါးတွေ သုံးစွဲထားတဲ့အတွက် အရောင်နဲ့ အသားတင်းရင်းနေတဲ့ ငါးခြောက်တွေကိုသာ အများဆုံးဝယ်ယူ သုံးစွဲကြတဲ့အတွက် ထုတ်လုပ်ရောင်းချသူတွေကလည်း ဈေးကွက်သဘောအရ ယမ်းစိမ်းနဲ့ ကျောက်ချဉ်တွေ ထည့်သွင်းပြီး ထုတ်လုပ်ရောင်းချလာမှု ပိုမိုများပြားလာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ငါးခြောက်မျိုးစုံ တစ်နှစ်ထုတ်လုပ်မှု တန်ချိန် ၄၀၀၀ ကျော်ခန့်ရှိပြီး အရောင်လှရန်၊ ကြာရှည်ခံရန် (အဏုဇီဝပိုးမွှားများ မပါဝင်အောင်) ယမ်းစိမ်းကို ဆားနဲ့တွဲဖက် အသုံးပြုလျှက်ရှိတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ယမ်းစိမ်းဟာ လူတွေရဲ့ ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်နိုင်ပြီး ယမ်းစိမ်းပါဝင်သော ငါးခြောက်များကို လိုအပ်သည်ထက် ပိုမိုစားသုံးမိပါက ဦးနှောက်အကြိတ်ရောင်ရောဂါ၊ သွေးကင်ဆာရောဂါ၊ အစာခြေလမ်းကြောင်းတွင် ဖြစ်ပွားသည့် ကင်ဆာရောဂါများ ဖြစ်ပေါ်စေနိုင်တယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ထုတ်လုပ်ရောင်းချနေတဲ့ ငါးခြောက်တွေဟာ လူကို အန္တရာယ်ဖြစ်လောက်အောင် ယမ်းစိမ်း၊ ယင်မနားဆေးတွေ ပါဝင်နေသလားဆိုတာ စမ်းသပ်စစ်ဆေးမှုတွေ အတိအကျမလုပ်ရသေးတဲ့အတွက် အတိအကျမပြောဆိုနိုင်ပေမယ့် ဆေးဝါးတွေ သုံးစွဲထားခြင်းမရှိတဲ့ ငါးခြောက်တွေကိုသာ စားသုံးသူတွေအနေနဲ့ ဝယ်ယူစားသုံးစေချင်တယ်လို့လည်း ငါးခြောက်ထုတ်လုပ်သူတွေက ဆန္ဒရှိကြပါတယ်။

“စားသုံးသူတွေကိုလည်း ပြောချင်တာက သဘာဝအတိုင်းလေးစားရင် အန္တရာယ်ပိုမကင်းဘူးလား။မပါရင် ပိုမကောင်းဘူးလား” လို့ မခင်ချိုဝင်း က ဆိုပါတယ်။

ငါးခြောက်တို့ရဲ့ သဘောသဘာဝတွေကို ပြည်သူအများအပြား သိရှိလာပြီး အချို့သောစားသောက်သူများအနေနဲ့ ရွေးချယ်ဝယ်ယူ စားသောက်ခြင်းများ ရှိလာသလို တာဝန်ရှိသူများအနေနဲ့လည်း စားသုံးသူများ အန္တရာယ်ကင်းရှင်းရန် ရေရှည်စီမံကိန်းအနေနဲ့ ငါးပိ၊ ငါးခြောက်၊ ငါးချဉ်၊ ငံပြာရည် အစရှိတဲ့ စားသောက်ကုန်တွေကို အရည်အသွေးစစ်ဆေးဖို့လည်း ဆောင်ရွက်နေပြီဖြစ်ပါတယ်။

ငါးလုပ်ငန်းဦးစီးဌာနမှ ဦးဆောင်ပြီး ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ တိုင်းဒေသကြီးတွေမှာ ငါးပိ၊ ငါးခြောက် လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး အရည်အသွေးစစ်ဆေးခြင်းများ ပြုလုပ်လျှက်ရှိပါတယ်။

၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်း ဒဂုံဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ ငါးပိ၊ ငါးခြောက်ဇုန်မှာ ငါးခြောက်တွေကို နမူနာရယူပြီး အရည်အသွေးစစ်ဆေးခြင်းများ ပြုလုပ်လျှက်ရှိပြီး ပဲခူးတိုင်းဒေသကြီးမှ ငါးချဉ်၊ ငါးရံ့ခြောက်၊ ငါးမွေထိုး၊ ရေချိုငပိ၊ ဧရာဝတီတိုင်းဒေသကြီးမှ ငါးစနယ်များကို ရယူ ဓာတ်ခွဲစမ်းသပ်လျှက်ရှိတယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာန စစ်ဆေးရေးနှင့် အသိအမှတ်ပြု လက်မှတ်ထုတ်ပေးရေးဌာနစိတ် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းလီ က ဆိုပါတယ်။

“ငါးခြောက်မှာ ဘေးအန္တရာယ်ဖြစ်နိုင်ချေရှိတဲ့ဟာလေးတွေကို ကျွန်မတို့က နမူနာတွေကောက်ပြီး ဓာတ်ခွဲစစ်မယ်။ဓာတ်ခွဲစစ်လို့ရှိရင် ဘယ်အန္တရာယ်တွေက ဘာတွေရှိတယ်။နိုင်ငံတကာစံနှုန်းတွေနဲ့ နှိုင်းယှဉ်ပြမယ်။သူတို့ကိုချပြမယ်။ပြီးရင် လိုက်နာဖို့ပြောပြမယ်” လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ ကွင်းဆင်းစစ်ဆေးမှုအရ ငါးခြောက်တွေမှာ ဆိုးဆေးတွေ အလွန်အကျွံသုံးစွဲမှု အလွန်နည်းပါးသွားပြီဖြစ်ပြီး ယမ်းသုံးစွဲမှုများရှိနေတဲ့အတွက် ဓာတ်ခွဲစမ်းသပ်ချက်များမှ ထွက်ရှိလာတဲ့အဖြေများကို အများပြည်သူသိရှိအောင် ထုတ်ပြန်ပေးမှာဖြစ်တယ်လို့လည်း သူမက ဆိုပါတယ်။

တာဝန်ရှိသူတွေရဲ့ စမ်းသပ်စစ်ဆေးချက်များကို ငါးခြောက်လုပ်ငန်းရှင်များအနေနဲ့လည်း ပူးပေါင်းဆောင်ရွက်ကြမှာဖြစ်ပြီး နိုင်ငံတကာသို့ တင်သွင်းခွင့်ရရှိအောင် ဆက်လက်လုပ်ဆောင်ကြမယ်လို့ ဆိုပါတယ်။

“ငါးခြောက်တွေကို ကောင်းမွန်တဲ့အရည်အသွေးထိ ရရှိအောင် လုပ်ဆောင်သွားမယ်။နောက်ပြီးရင် နိုင်ငံတကာအသိအမှတ်ပြုအောင်၊ နိုင်ငံတကာကိုတင်သွင်းလို့ရအောင်၊ ဒီ GMP စနစ်ထိရောက်အောင် ပြုပြင်ပြောင်းလဲနိုင်မှ ကျွန်မတို့ နိုင်ငံတကာကိုပို့လို့ရမှာ။အဲ့ဒီလိုမျိုးပြောင်းလဲဖို့အတွက်ကို အမတို့ ပြင်ဆင်နေပါတယ်။အမတို့ ငါးလုပ်ငန်းသမားတွေပေါ့။
ငါးပိ၊ ငါးခြောက်၊ ငံပြာရည် အကုန်ပါတယ်။အဲ့ဒီလိုပြောင်းလဲဖို့ လုပ်နေတဲ့အထဲမှာ ဦးဆောင်နေတာကတော့ ငါးခြောက်သမား ဖြစ်နေတာပေါ့နော်။အကုန်လုံးဝိုင်းဝန်းပြီးတော့ လုပ်ဆောင်နေတယ်။အမတို့ အုပ်စုလေးကစပြီး ပြောင်းလဲရင် နောက်လူတွေကို ဆက်လက်ဆွဲခေါ်ပြီးတော့၊ ဝိုင်းဝန်းပြီးတော့ ဒီလိုမျိုးပြောင်းလဲမယ်ဆိုတဲ့ အတွေးလေးနဲ့ အခုလုပ်ဆောင်နေပါတယ်။ကျွန်မတို့ကိုယ်တိုင်လည်း အရည်အသွေး စမ်းသပ်စစ်ဆေးမှုတွေကို လက်ခံသွားပါမယ်” လို့ မခင်ချိုဝင်း က ဆိုပါတယ်။

မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် ထုတ်လုပ်ရောင်းချသူများအသင်းရဲ့ အတွင်းရေးမှူးဖြစ်သူ ဦးထွန်းစိန် က စားသုံးသူများအနေနဲ့ ငါးခြောက်များကို ဝယ်ယူရာတွင် သေချာစိစစ် ဝယ်ယူသင့်တယ်လို့လည်း ဆိုပါတယ်။

“အရောင်လှအောင် ဆိုးဆေးတွေ အများကြီးသုံးထားတဲ့ဟာမျိုးကို ရှောင်စေချင်တယ်။မျက်စိနဲ့မစားပါနဲ့ ကျန်းမာရေးအတွက် အဟာရဖြစ်အောင်စားဖို့အတွက် ပစ္စည်းဝယ်တဲ့အခါမှာ အဟာရဖြစ်တဲ့ပစ္စည်း၊ မှန်ကန်တဲ့ပစ္စည်းကို ရွေးချယ်ဝယ်ယူစေချင်တယ်။ဝယ်တဲ့သူရှိလို့ လုပ်တဲ့သူကလည်း ထုတ်လုပ်နေတာဖြစ်တဲ့အတွက် ဝယ်တဲ့သူမရှိရင် ထုတ်လုပ်တဲ့သူကလည်း ရပ်သွားမှာဖြစ်တယ်။ကျွန်တော်တို့ အသင်းအနေနဲ့ ဓာတုပစ္စည်းမသုံးရဘူး ယင်မနားဆေးမသုံးရဘူး။အကုန်လုံး နည်းပညာတွေပေးပြီး စည်းရုံးပြီး လုပ်ဆောင်နေပေမယ့် တကယ့်ပြည်သူပြည်သားတွေက စားသုံးတဲ့အခါမှာ ဝယ်ယူတဲ့အခါမှာ ဆိုးဆေးဆိုးထားတာလား။
ယင်မနားအောင် လုပ်ထားတာလားဆိုတာ သေချာရွေးချယ် စားသုံးစေချင်တယ်” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပြည်သူအများစုက ဝင်ငွေနဲ့ ထွက်ငွေကို ချင့်ချိန်သုံးစွဲနေရတဲ့အတွက် အစားအသောက်တွေကို ကျန်းမာရေးအရ ဦးစားပေးနိုင်ခြင်းမရှိဘဲ စားသုံးနေကြတဲ့အတွက် ရောဂါဖြစ်ပွားမှုတွေ ပိုမိုများပြားလာပြီး အရွယ်မတိုင်မီ သေဆုံးခြင်း၊ နာတာရှည်ရောဂါများ ဖြစ်ပွားခြင်း၊ အရွယ်မတိုင်မှီ အိုမင်းရင့်ရော်ခြင်း၊ ကိုယ်ခန္ဓာကြုံလှီလာခြင်း အစရှိတဲ့ ဆိုးကျိုးတွေကို ခံစားလာခဲ့ရပါတယ်။အဲ့ဒီလိုအဖြစ်မျိုးတွေကို မိမိကိုယ်တိုင်နဲ့ ကိုယ့်ရဲ့ နောင်လာနောက်သားတွေ ဆက်လက်မဖြစ်ပေါ်စေဖို့ ယခုချိန်မှ စတင်ပြီး နေထိုင်၊ စားသောက်မှုတွေကို သတိထားနေထိုင် သုံးစွဲရမှာဖြစ်ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
အောက်တိုဘာ - ၂၉

( Zawgyi )

ျမစ္ေခ်ာင္းအင္းအိုင္ေတြနဲ႔ ပင္လယ္ကမ္း႐ိုးတန္း က်ယ္ျပန႔္စြာပိုင္ဆိုင္ထားတဲ့ ျမန္မာႏိုင္ငံဟာ ကီလိုမီတာ ၂၀၀၀ နီးပါး ရွည္လ်ားတဲ့ ကမ္း႐ိုးတန္း၊ ႀကီးမားက်ယ္ျပန႔္တဲ့ ျမစ္ဝကြၽန္းေပၚေဒသေတြကို ပိုင္ဆိုင္ထားၿပီး ေရေနသတၱဝါမ်ိဳးစုံ ေနထိုင္က်က္စားၾကတဲ့ ေဒသတစ္ခုျဖစ္ပါတယ္။

ရွည္လ်ားတဲ့ ကမ္း႐ိုးတန္းနဲ႔ သဘာဝအရင္းအျမစ္ေတြ ေပါႂကြယ္လွတဲ့အတြက္ ငါးလုပ္ငန္း လုပ္ကိုင္သူေတြမ်ားျပားၿပီး လူဦးေရ ၃ သန္းခန႔္ ငါးလုပ္ငန္းမွာ ဝင္ေရာက္လုပ္ကိုင္လွ်က္ ရွိပါတယ္။

မြန္ျပည္နယ္ရဲ႕ နယ္နမိတ္အတြင္း က်ေရာက္တဲ့ ကုလားကုတ္ကြၽန္းဟာ ပင္လယ္ျပင္အတြင္းမွာ တည္ရွိေနၿပီး ေဒသခံ တိုင္းရင္းသားအမ်ားစုက ေရလုပ္ငန္းကို ဘိုးဘြားစဥ္ဆက္ လုပ္ကိုင္ၾကပါတယ္။ကုလားကုတ္ကြၽန္းမွာ အေပၚဆိပ္၊ အလယ္ဆိပ္၊ ေအာက္ဆိပ္ဆိုၿပီး ေလွ၊ သေဘၤာေတြ ဆိုက္ကပ္ရပ္နားႏိုင္တဲ့ ဆိပ္ကမ္း ၃ ခု ရွိပါတယ္။ေအာက္ဆိပ္အနီး ပသွ်ဳးေခ်ာင္ဆိုတဲ့ တံငါေလွေတြ ဝင္ထြက္ရာေနရာမွာေတာ့ ငါးေျခာက္လုပ္ငန္းကို လုပ္ကိုင္ၾကပါတယ္။ပင္လယ္ငါးဖမ္းေလွေတြ အလြယ္တကူ ဝင္၊ ထြက္ သြားလာႏိုင္တဲ့အတြက္ ငါးဖမ္းေလွလုပ္သားေတြ၊ ငါးေျခာက္လုပ္ငန္း လုပ္ကိုင္သူေတြ၊ ေဒသခံေတြနဲ႔ စည္ကားလို႔ေနတဲ့ ေနရာတစ္ခုျဖစ္ပါတယ္။ပင္လယ္ျပင္အနီးက ငါးေျခာက္လုပ္ငန္းတို႔ ထုံးစံအတိုင္း ကမ္းစပ္မွာ စင္ေတြထိုးၿပီးအေပၚမွာ ငါးေတြကို ေနေျခာက္လွန္းတဲ့အတြက္ အဲ့ဒီပတ္ဝန္းက်င္မွာ ငါးေျခာက္လုပ္ငန္း လုပ္ကိုင္သူေတြနဲ႔ အၿမဲလိုလိုစည္ကားလို႔ေနပါတယ္။

ကမ္း႐ိုးတန္းတေလွ်ာက္နဲ႔ ပင္လယ္ျပင္အတြင္းရွိ ကြၽန္းေတြမွာ ငါးေျခာက္လုပ္ငန္း လုပ္ကိုင္သူေတြ မ်ားျပားၿပီး ေနရာေဒသအသီးသီးမွာ ထုတ္လုပ္မႈပုံစံအမ်ိဳးမ်ိဳးနဲ႔ လုပ္ကိုင္ၾကပါတယ္။

ရန္ကုန္ၿမိဳ႕မွာလည္း ငါးေျခာက္ထုတ္လုပ္တဲ့ အလုပ္႐ုံေတြ အမ်ားအျပားရွိၿပီး အလုပ္႐ုံကို ေရာက္ရွိလာတဲ့ ငါးေတြကို ခြဲျခင္း၊ ဆားသိပ္ျခင္းေတြ ျပဳလုပ္ၿပီး အလုပ္႐ုံရဲ႕ အေနာက္ဘက္မွာရွိတဲ့ ေျမကြက္ေပၚမွာ ေနလွန္းျခင္းကို လုပ္ကိုင္ၾကပါတယ္။ေျခာက္ေသြ႕ရန္ လိုအပ္ေနေသးတဲ့ ငါးေျခာက္ေတြကို အပူေပးက်ပ္တင္ရန္ သီးသန႔္ျပဳလုပ္ထားတဲ့ အခန္းထဲမွာ က်ပ္တင္ျခင္းလုပ္ငန္းေတြကို လုပ္ကိုင္ၾကပါတယ္။

ဒါေတြဟာ ျမန္မာႏိုင္ငံရဲ႕ စားေသာက္ကုန္ျဖစ္တဲ့ ငါးေျခာက္လုပ္ငန္းထုတ္လုပ္တဲ့ လုပ္ငန္းခြင္မွာ ျမင္ေတြ႕ရတဲ့ ျမင္ကြင္းေတြျဖစ္ၿပီး ငါးေျခာက္လုပ္ငန္းေတြကို မြန္ျပည္နယ္၊ ရခိုင္ျပည္နယ္၊ တနသၤာရီတိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီးတို႔မွာ အမ်ားစုလုပ္ကိုင္ၾကပါတယ္။ရန္ကုန္ၿမိဳ႕မွာ ငါးေျခာက္လုပ္ငန္း လုပ္ကိုင္တဲ့ အလုပ္႐ုံေပါင္း ၂၀၀ ေက်ာ္ရွိၿပီး ေဈးကြက္ျဖန႔္ခ်ီျခင္းအေနနဲ႔ ဘုရင့္ေနာင္ ကုန္စည္ဒိုင္မွတဆင့္ ျမန္မာတစ္ႏိုင္ငံလုံးကို အမ်ားဆုံးတင္ပို႔ ေရာင္းခ်ၾကပါတယ္။

ျမန္မာႏိုင္ငံမွာ ငါးစားသုံးမႈမ်ားျပားသလို ငါးေျခာက္ကိုလည္း အညာေဒသရဲ႕ အလႉမဂၤလာပြဲေတြမွာ အဓိကဟင္းလ်ာအျဖစ္ ဧည့္ခံေကြၽးေမြးၾကပါတယ္။ျပည္နယ္နဲ႔ တိုင္းေဒသႀကီး အသီးသီးမွာလည္း လူမ်ိဳးမေ႐ြး၊ ဘာသာမေ႐ြး စားသုံးၾကပါတယ္။သား၊ ငါးနဲ႔ ဟင္းသီးဟင္း႐ြက္ေတြမွာ ဓာတုေဗဒပစၥည္းေဆးဝါးေတြ၊ ပိုးသတ္ေဆးေတြ သုံးစြဲၾကတဲ့အတြက္ ငါးေျခာက္ဟာ အႏၲရာယ္ကင္းတဲ့ အစားအေသာက္အျဖစ္ အမ်ားကမွတ္ယူ စားသုံးၾကေပမယ့္ အမွန္တကယ္က ငါးေျခာက္ေတြမွာလည္း ဝယ္ယူသူေတြ ႏွစ္သက္တဲ့ အေရာင္းအဆင္းလွေစရန္၊ ယင္မနားေစရန္ ဓာတုပစၥည္းေတြ ထည့္သြင္းသုံးစြဲမႈေတြလည္း ရွိပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္၊ ငါးပိ၊ ငါးေျခာက္ဇုန္မွာ လုပ္ကိုင္ေနတဲ့ မင္းသန႔္ ငါးေျခာက္ထုတ္လုပ္ေရးလုပ္ငန္း ပိုင္ရွင္ မခင္ခ်ိဳဝင္း က သူတို႔ရဲ႕ အလုပ္႐ုံမွာလုပ္တဲ့ ငါးေယာင္ေျခာက္ေတြမွာ ယမ္းနဲ႔ ေက်ာက္ခ်ဥ္ကို တြဲဖက္အသုံးျပဳတယ္လို႔ ဆိုပါတယ္။
 

“ဆားတစ္အိတ္က အခ်ိန္ ၅၀ ရွိတယ္။ဆားတစ္အိတ္ကို ယမ္းက ၂ ပိသာ၊ ေက်ာက္ခ်ဥ္ ၁၀ သား။ေက်ာက္ခ်ဥ္ထည့္ရတာက အသားေလးမာဖို႔။အသားမာမာေလးျဖစ္ဖို႔” လို႔ ဆိုပါတယ္။

ဒါေတြဟာ ငါးေယာင္ေျခာက္ေတြမွာ လက္ရွိအသုံးျပဳေနတဲ့ ဆား၊ ယမ္းစိမ္းနဲ႔ ေက်ာက္ခ်ဥ္တို႔ ထည့္သြင္းအသုံးျပဳတဲ့ အခ်ိဳးအစားေတြျဖစ္ၿပီး ငါးအမ်ိဳးအစားအလိုက္ ယမ္းစိမ္းထည့္သြင္း အသုံးျပဳမႈေတြလည္း ကြာျခားမႈေတြရွိပါတယ္။

ထုတ္လုပ္ေရာင္းခ်သူေတြက ေဆးဝါးေတြ မသုံးစြဲဘဲ ထုတ္လုပ္ေရာင္းခ်ၾကေပမယ့္ ေဈးကြက္တြင္းမွာေတာ့ ေဆးဝါးေတြ သုံးစြဲထားတဲ့အတြက္ အေရာင္နဲ႔ အသားတင္းရင္းေနတဲ့ ငါးေျခာက္ေတြကိုသာ အမ်ားဆုံးဝယ္ယူ သုံးစြဲၾကတဲ့အတြက္ ထုတ္လုပ္ေရာင္းခ်သူေတြကလည္း ေဈးကြက္သေဘာအရ ယမ္းစိမ္းနဲ႔ ေက်ာက္ခ်ဥ္ေတြ ထည့္သြင္းၿပီး ထုတ္လုပ္ေရာင္းခ်လာမႈ ပိုမိုမ်ားျပားလာခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ ငါးေျခာက္မ်ိဳးစုံ တစ္ႏွစ္ထုတ္လုပ္မႈ တန္ခ်ိန္ ၄၀၀၀ ေက်ာ္ခန႔္ရွိၿပီး အေရာင္လွရန္၊ ၾကာရွည္ခံရန္ (အဏုဇီဝပိုးမႊားမ်ား မပါဝင္ေအာင္) ယမ္းစိမ္းကို ဆားနဲ႔တြဲဖက္ အသုံးျပဳလွ်က္ရွိတယ္လို႔ ငါးလုပ္ငန္းဦးစီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။ယမ္းစိမ္းဟာ လူေတြရဲ႕ က်န္းမာေရးကို ဆိုးဝါးစြာထိခိုက္ႏိုင္ၿပီး ယမ္းစိမ္းပါဝင္ေသာ ငါးေျခာက္မ်ားကို လိုအပ္သည္ထက္ ပိုမိုစားသုံးမိပါက ဦးေႏွာက္အႀကိတ္ေရာင္ေရာဂါ၊ ေသြးကင္ဆာေရာဂါ၊ အစာေျခလမ္းေၾကာင္းတြင္ ျဖစ္ပြားသည့္ ကင္ဆာေရာဂါမ်ား ျဖစ္ေပၚေစႏိုင္တယ္လို႔ ျမန္မာႏိုင္ငံ ငါးလုပ္ငန္းဦးစီးဌာနက သတိေပးခ်က္ ထုတ္ျပန္ထားပါတယ္။

ျမန္မာႏိုင္ငံမွာ ထုတ္လုပ္ေရာင္းခ်ေနတဲ့ ငါးေျခာက္ေတြဟာ လူကို အႏၲရာယ္ျဖစ္ေလာက္ေအာင္ ယမ္းစိမ္း၊ ယင္မနားေဆးေတြ ပါဝင္ေနသလားဆိုတာ စမ္းသပ္စစ္ေဆးမႈေတြ အတိအက်မလုပ္ရေသးတဲ့အတြက္ အတိအက်မေျပာဆိုႏိုင္ေပမယ့္ ေဆးဝါးေတြ သုံးစြဲထားျခင္းမရွိတဲ့ ငါးေျခာက္ေတြကိုသာ စားသုံးသူေတြအေနနဲ႔ ဝယ္ယူစားသုံးေစခ်င္တယ္လို႔လည္း ငါးေျခာက္ထုတ္လုပ္သူေတြက ဆႏၵရွိၾကပါတယ္။

“စားသုံးသူေတြကိုလည္း ေျပာခ်င္တာက သဘာဝအတိုင္းေလးစားရင္ အႏၲရာယ္ပိုမကင္းဘူးလား။မပါရင္ ပိုမေကာင္းဘူးလား” လို႔ မခင္ခ်ိဳဝင္း က ဆိုပါတယ္။

ငါးေျခာက္တို႔ရဲ႕ သေဘာသဘာဝေတြကို ျပည္သူအမ်ားအျပား သိရွိလာၿပီး အခ်ိဳ႕ေသာစားေသာက္သူမ်ားအေနနဲ႔ ေ႐ြးခ်ယ္ဝယ္ယူ စားေသာက္ျခင္းမ်ား ရွိလာသလို တာဝန္ရွိသူမ်ားအေနနဲ႔လည္း စားသုံးသူမ်ား အႏၲရာယ္ကင္းရွင္းရန္ ေရရွည္စီမံကိန္းအေနနဲ႔ ငါးပိ၊ ငါးေျခာက္၊ ငါးခ်ဥ္၊ ငံျပာရည္ အစရွိတဲ့ စားေသာက္ကုန္ေတြကို အရည္အေသြးစစ္ေဆးဖို႔လည္း ေဆာင္႐ြက္ေနၿပီျဖစ္ပါတယ္။

ငါးလုပ္ငန္းဦးစီးဌာနမွ ဦးေဆာင္ၿပီး ရန္ကုန္၊ ပဲခူး၊ ဧရာဝတီ၊ တနသၤာရီ တိုင္းေဒသႀကီးေတြမွာ ငါးပိ၊ ငါးေျခာက္ လုပ္ငန္းရွင္ေတြနဲ႔ ပူးေပါင္းၿပီး အရည္အေသြးစစ္ေဆးျခင္းမ်ား ျပဳလုပ္လွ်က္ရွိပါတယ္။

၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလအတြင္း ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္မွာရွိတဲ့ ငါးပိ၊ ငါးေျခာက္ဇုန္မွာ ငါးေျခာက္ေတြကို နမူနာရယူၿပီး အရည္အေသြးစစ္ေဆးျခင္းမ်ား ျပဳလုပ္လွ်က္ရွိၿပီး ပဲခူးတိုင္းေဒသႀကီးမွ ငါးခ်ဥ္၊ ငါးရံ႕ေျခာက္၊ ငါးေမြထိုး၊ ေရခ်ိဳငပိ၊ ဧရာဝတီတိုင္းေဒသႀကီးမွ ငါးစနယ္မ်ားကို ရယူ ဓာတ္ခြဲစမ္းသပ္လွ်က္ရွိတယ္လို႔ ျမန္မာႏိုင္ငံ ငါးလုပ္ငန္းဦးစီးဌာန စစ္ေဆးေရးႏွင့္ အသိအမွတ္ျပဳ လက္မွတ္ထုတ္ေပးေရးဌာနစိတ္ လက္ေထာက္ၫႊန္ၾကားေရးမႉး ေဒၚဝင္းဝင္းလီ က ဆိုပါတယ္။

“ငါးေျခာက္မွာ ေဘးအႏၲရာယ္ျဖစ္ႏိုင္ေခ်ရွိတဲ့ဟာေလးေတြကို ကြၽန္မတို႔က နမူနာေတြေကာက္ၿပီး ဓာတ္ခြဲစစ္မယ္။ဓာတ္ခြဲစစ္လို႔ရွိရင္ ဘယ္အႏၲရာယ္ေတြက ဘာေတြရွိတယ္။ႏိုင္ငံတကာစံႏႈန္းေတြနဲ႔ ႏႈိင္းယွဥ္ျပမယ္။သူတို႔ကိုခ်ျပမယ္။ၿပီးရင္ လိုက္နာဖို႔ေျပာျပမယ္” လို႔ ဆိုပါတယ္။

လက္ရွိအခ်ိန္မွာ ကြင္းဆင္းစစ္ေဆးမႈအရ ငါးေျခာက္ေတြမွာ ဆိုးေဆးေတြ အလြန္အကြၽံသုံးစြဲမႈ အလြန္နည္းပါးသြားၿပီျဖစ္ၿပီး ယမ္းသုံးစြဲမႈမ်ားရွိေနတဲ့အတြက္ ဓာတ္ခြဲစမ္းသပ္ခ်က္မ်ားမွ ထြက္ရွိလာတဲ့အေျဖမ်ားကို အမ်ားျပည္သူသိရွိေအာင္ ထုတ္ျပန္ေပးမွာျဖစ္တယ္လို႔လည္း သူမက ဆိုပါတယ္။

တာဝန္ရွိသူေတြရဲ႕ စမ္းသပ္စစ္ေဆးခ်က္မ်ားကို ငါးေျခာက္လုပ္ငန္းရွင္မ်ားအေနနဲ႔လည္း ပူးေပါင္းေဆာင္႐ြက္ၾကမွာျဖစ္ၿပီး ႏိုင္ငံတကာသို႔ တင္သြင္းခြင့္ရရွိေအာင္ ဆက္လက္လုပ္ေဆာင္ၾကမယ္လို႔ ဆိုပါတယ္။

“ငါးေျခာက္ေတြကို ေကာင္းမြန္တဲ့အရည္အေသြးထိ ရရွိေအာင္ လုပ္ေဆာင္သြားမယ္။ေနာက္ၿပီးရင္ ႏိုင္ငံတကာအသိအမွတ္ျပဳေအာင္၊ ႏိုင္ငံတကာကိုတင္သြင္းလို႔ရေအာင္၊ ဒီ GMP စနစ္ထိေရာက္ေအာင္ ျပဳျပင္ေျပာင္းလဲႏိုင္မွ ကြၽန္မတို႔ ႏိုင္ငံတကာကိုပို႔လို႔ရမွာ။အဲ့ဒီလိုမ်ိဳးေျပာင္းလဲဖို႔အတြက္ကို အမတို႔ ျပင္ဆင္ေနပါတယ္။အမတို႔ ငါးလုပ္ငန္းသမားေတြေပါ့။
ငါးပိ၊ ငါးေျခာက္၊ ငံျပာရည္ အကုန္ပါတယ္။အဲ့ဒီလိုေျပာင္းလဲဖို႔ လုပ္ေနတဲ့အထဲမွာ ဦးေဆာင္ေနတာကေတာ့ ငါးေျခာက္သမား ျဖစ္ေနတာေပါ့ေနာ္။အကုန္လုံးဝိုင္းဝန္းၿပီးေတာ့ လုပ္ေဆာင္ေနတယ္။အမတို႔ အုပ္စုေလးကစၿပီး ေျပာင္းလဲရင္ ေနာက္လူေတြကို ဆက္လက္ဆြဲေခၚၿပီးေတာ့၊ ဝိုင္းဝန္းၿပီးေတာ့ ဒီလိုမ်ိဳးေျပာင္းလဲမယ္ဆိုတဲ့ အေတြးေလးနဲ႔ အခုလုပ္ေဆာင္ေနပါတယ္။ကြၽန္မတို႔ကိုယ္တိုင္လည္း အရည္အေသြး စမ္းသပ္စစ္ေဆးမႈေတြကို လက္ခံသြားပါမယ္” လို႔ မခင္ခ်ိဳဝင္း က ဆိုပါတယ္။

ျမန္မာႏိုင္ငံ ငါးပိ၊ ငါးေျခာက္၊ ငံျပာရည္ ထုတ္လုပ္ေရာင္းခ်သူမ်ားအသင္းရဲ႕ အတြင္းေရးမႉးျဖစ္သူ ဦးထြန္းစိန္ က စားသုံးသူမ်ားအေနနဲ႔ ငါးေျခာက္မ်ားကို ဝယ္ယူရာတြင္ ေသခ်ာစိစစ္ ဝယ္ယူသင့္တယ္လို႔လည္း ဆိုပါတယ္။

“အေရာင္လွေအာင္ ဆိုးေဆးေတြ အမ်ားႀကီးသုံးထားတဲ့ဟာမ်ိဳးကို ေရွာင္ေစခ်င္တယ္။မ်က္စိနဲ႔မစားပါနဲ႔ က်န္းမာေရးအတြက္ အဟာရျဖစ္ေအာင္စားဖို႔အတြက္ ပစၥည္းဝယ္တဲ့အခါမွာ အဟာရျဖစ္တဲ့ပစၥည္း၊ မွန္ကန္တဲ့ပစၥည္းကို ေ႐ြးခ်ယ္ဝယ္ယူေစခ်င္တယ္။ဝယ္တဲ့သူရွိလို႔ လုပ္တဲ့သူကလည္း ထုတ္လုပ္ေနတာျဖစ္တဲ့အတြက္ ဝယ္တဲ့သူမရွိရင္ ထုတ္လုပ္တဲ့သူကလည္း ရပ္သြားမွာျဖစ္တယ္။ကြၽန္ေတာ္တို႔ အသင္းအေနနဲ႔ ဓာတုပစၥည္းမသုံးရဘူး ယင္မနားေဆးမသုံးရဘူး။အကုန္လုံး နည္းပညာေတြေပးၿပီး စည္း႐ုံးၿပီး လုပ္ေဆာင္ေနေပမယ့္ တကယ့္ျပည္သူျပည္သားေတြက စားသုံးတဲ့အခါမွာ ဝယ္ယူတဲ့အခါမွာ ဆိုးေဆးဆိုးထားတာလား။
ယင္မနားေအာင္ လုပ္ထားတာလားဆိုတာ ေသခ်ာေ႐ြးခ်ယ္ စားသုံးေစခ်င္တယ္” လို႔ ဆိုပါတယ္။

ျမန္မာႏိုင္ငံမွာ ျပည္သူအမ်ားစုက ဝင္ေငြနဲ႔ ထြက္ေငြကို ခ်င့္ခ်ိန္သုံးစြဲေနရတဲ့အတြက္ အစားအေသာက္ေတြကို က်န္းမာေရးအရ ဦးစားေပးႏိုင္ျခင္းမရွိဘဲ စားသုံးေနၾကတဲ့အတြက္ ေရာဂါျဖစ္ပြားမႈေတြ ပိုမိုမ်ားျပားလာၿပီး အ႐ြယ္မတိုင္မီ ေသဆုံးျခင္း၊ နာတာရွည္ေရာဂါမ်ား ျဖစ္ပြားျခင္း၊ အ႐ြယ္မတိုင္မွီ အိုမင္းရင့္ေရာ္ျခင္း၊ ကိုယ္ခႏၶာႀကဳံလွီလာျခင္း အစရွိတဲ့ ဆိုးက်ိဳးေတြကို ခံစားလာခဲ့ရပါတယ္။အဲ့ဒီလိုအျဖစ္မ်ိဳးေတြကို မိမိကိုယ္တိုင္နဲ႔ ကိုယ့္ရဲ႕ ေနာင္လာေနာက္သားေတြ ဆက္လက္မျဖစ္ေပၚေစဖို႔ ယခုခ်ိန္မွ စတင္ၿပီး ေနထိုင္၊ စားေသာက္မႈေတြကို သတိထားေနထိုင္ သုံးစြဲရမွာျဖစ္ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ေအာက္တိုဘာ - ၂၉