【 သတင်းဆောင်းပါး 】 “နှစ်သစ်ကိုကြိုတဲ့ အချိန်ကာလများ”

【 သတင်းဆောင်းပါး 】 “နှစ်သစ်ကိုကြိုတဲ့ အချိန်ကာလများ”

နှစ်ဟောင်းကုန်ပြီး နှစ်သစ်ကူးပြောင်းတဲ့ အချိန်ကာလတွေမှာ မိမိတို့ရဲ့ သက်ဆိုင်ရာ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာတွေနဲ့ နှစ်ဟောင်းကို နူတ်ဆက်ပြီး နှစ်သစ်ကို ကြိုဆိုတဲ့ အလေ့အထတွေနဲ့ ဖြတ်သန်းကြတဲ့ ဓလေ့ထုံးစံ ကမ္ဘာပေါ်မှာရှိတဲ့ လူမျိုးတိုင်းမှာ ရှိပါတယ်။

ယနေ့ခေတ်မှာတော့ အနောက်နိုင်ငံတွေ သုံးတဲ့ ပြက္ခဒိန်စနစ်အရ နှစ်တစ်နှစ်ကုန်ဆုံးတဲ့ ဒီဇင်ဘာလ ၃၁ ရက်ညမှာ ကုန်ဆုံးတဲ့ အချိန်ကို နှစ်သစ်ကူးတဲ့ အချိန်အခါအဖြစ် ကမ္ဘာတစ်ဝန်းမှာ ကျင်းပခဲ့လာတာ ကြာနေပါပြီ။

ယနေ့ကမ္ဘာသုံးဖြစ်နေတဲ့  ဒီပြက္ခဒိန်စနစ်ကို ၁၆ ရာစုနှစ်အကြိုက စတင်အသုံးပြုလာခဲ့တာ ဖြစ်ပါတယ်။အနောက်နိုင်ငံတွေက နေကို ဗဟိုပြုတွက်ချက်ထားတဲ့ ပြက္ခဒိန်ကို ဂရီဂေါရီယန်း ပြက္ခဒိန်လို့ ခေါ်တွင်ကြပြီး နှစ်တစ်နှစ်တဲ့ကြာချိန်ကို (၃၆၅) ရက် သတ်မှတ်ပါတယ်။ရက်ထပ်နှစ်ဖြစ်ပါက (၃၆၆) ရက် သတ်မှတ်ပြီး နှစ်တစ်နှစ်ရဲ့ နောက်ဆုံးညမှာတော့  နှစ်သစ်ကူးပွဲတော်ကို ပျော်ရွှင်စွာ ကျင်းပပြုလုပ်ကြပါတယ်။

ဂရီဂေါရီယန်း ပြက္ခဒိန်ကို အနောက်တိုင်းပြက္ခဒိန်၊ ခရစ်ယာန်ပြက္ခဒိန်လု့ိ ခေါ်တွင်ပြီး ၁၅၈၂ ခုနှစ်မှာ စတင်အသုံးပြုခဲ့ပြီး ပြင်ဆင်ခဲ့သူ  ပုပ်ဂရီဂေါရီ (၁၃) ကို အစွဲပြုလို့ ဂရီဂေါရီယန်းပြက္ခဒိန်လို့ ခေါ်ဆိုကြခြင်း ဖြစ်ပါတယ်။

အနောက်ဥရောပနိုင်ငံ အများစုဟာ ဂရီဂေါရီယန်းပြက္ခဒိန် ပြောင်းလဲအသုံးမပြုခင်ကတည်းက နှစ်တစ်နှစ်ရဲ့အစ ပထမရက်ကို ဇန်နဝါရီ ၁ ရက်အဖြစ် သတ်မှတ်ကျင့်သုံးခဲ့ကြပါတယ်။
စကော့တလန်နိုင်ငံရဲ့ နှစ်တစ်နှစ်ရဲ့ ပထမဆုံးနေ့ကို ဇန်နဝါရီ ၁ ရက်အဖြစ် ၁၆၀ဝ ခုနှစ်မှာ စတင်သတ်မှတ်ခဲ့ပြီး အင်္ဂလန်၊ အိုင်ယာလန်နဲ့ ဗြိတိသျှ ကိုလိုနီနယ်များမှာတော့ ၁၇၅၂ ခုနှစ်က စတင်သတ်မှတ်ခဲ့ကြပါတယ်။

နိုင်ငံအမျိုးမျိုးက နှစ်သစ်ကူးပွဲတော်ပုံစံ

ကမ္ဘာ့နိုင်ငံ အနှံ့အပြားမှာ နှစ်သစ်ကူးပွဲတော်တွေကို ပုံစံအမျိုးမျိုးနဲ့ ကျင်းပကြပြီး အမေရိကန်ပိုင် ကိုလိုနီနိုင်ငံများမှာတော့ ယခင်ကနှစ်ဟောင်းအား ဇီဝိန်ချွေပြီး နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ ပစ္စတိုသေနတ်တွေ မိုးပေါ်ထောင်ဖောက်ကာ နှစ်သစ်ကို ကြိုဆိုလေ့ရှိကြပါတယ်။အီတလီနိုင်ငံနဲ့ အချို့သော နိုင်ငံများမှာတော့ နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေမှာ သံစုံခေါင်းလောင်းတွေ ထိုးလေ့ရှိကြပါတယ်။အဲ့ဒီ့ဓလေ့ဟာ ၁၇၇၀ ခုနစ်က အမေရိကန်နိုင်ငံ ဖီလာဒယ်ဖီးယားမြို့မှာရှိတဲ့ စိန်ဂျော့မက်သဒစ် ဘုရားကျောင်းမှ စတင်ခဲ့တယ်လို့ အဆိုရှိပါတယ်။ဆွစ်ဇာလန်နိုင်ငံသားတို့က ဘင်ခရာတွေ တီးမှုတ်ပြီး နှစ်သစ်ကို ကြိုဆိုကြပါတယ်။မြောက်အမေရိကတိုက်သားတွေက အချက်ပေးဥဩအသံများ၊ ပါတီပွဲများ ကျင်းပနေစဉ် ခရာများမှုတ်ပြီး ခွဲခွာရတော့မယ့် နှစ်ဟောင်းကို နှုတ်ဆက်ပြီး နှစ်သစ်ကို ကြိုဆိုကြပါတယ်။ဒတ်ခ်ျလူမျိုးတွေကတော့ နှစ်သစ်ကူးပြောင်းချိန်မှာ နှစ်ဟောင်းမှ ဆိုးညစ်တဲ့ အရာတွေကို မီးရှို့ပစ်ခဲ့ပြီဆိုတဲ့ အယူအဆနဲ့ လမ်းမတွေပေါ် မီးပုံပွဲများကျင်းပပြီး နှစ်သစ်ကို ကြိုဆိုကြပါတယ်။

စကော့လူမျိုးတွေကတော့ မိမိတို့ရဲ့ အိမ်နီးနားချင်းများကို နှုတ်ဆက်ကာ နှစ်သစ်ဆုမွန်ကောင်း တောင်းပေးတတ်ကြပြီး စကော့တလန်ရဲ့ မြို့တော် အီဒင်ဘာရာမြို့မှာတော့ လူအများစုက ကိုယ်စီ အရက်ပုလင်းကိုင်ဆောင်ပြီး လမ်းမကြီးများပေါ်တွင် တစ်ညတာလုံး ဦးတည်ရာမဲ့ လှည့်လည်သွားလာ စားသောက်ပြီး လမ်းလျှောက်ပါတီပွဲများ ကျင်းပပြုလုပ်ကြပါတယ်။ဂျပန်နိုင်ငံရဲ့ နှစ်သစ်ကူးပွဲတော်ကိုလည်း ဇန်နဝါရီ ၁ ရက်နေ့မှာ ကျင်းပပြုလုပ်ကြပါတယ်။ဂျပန်လူမျိုးတွေရဲ့ ဓလေ့ထုံးစံအရ လူသားတိုင်း အားနည်းချက် ၁၀၈ ချက်စီရှိကြောင်း ယုံကြည်ကြတဲ့အတွက် နှစ်သစ်ကူးချိန်မှာ အပြစ် ၁၀၈ မျိုးကို ရှင်းလင်းဖယ်ရှားဖို့ ဗုဒ္ဓဘုရားကျောင်းများမှ မောင်း ၁၀၈ ချက် ထိုးလေ့ရှိကြပါတယ်။ဗုဒ္ဓဘုရားကျောင်းများမှ ထိုးတဲ့ သန်းခေါင်းယံ ခေါင်းလောင်းသံကို ဂျပန်လူမျိုးများ စောင့်ဆိုင်းနားထောင်ကြပြီး တစ်နှစ်လုံးက အပြစ်တွေ ခေါင်းလောင်းသံနဲ့အတူ ဝေးလွှင့်သွားတယ်လို့ သက်ဝင်ယုံကြည်ကြပါတယ်။

နှစ်သစ်ကူး ညစာစားပွဲများ

နှစ်သစ်ကူးပွဲတော်ကို ပုံစံအမျိုးမျိုးနဲ့ ကျင်းပပြုလုပ်ကြသလို  နှစ်သစ်ကူးအချိန်မှာ စားသောက်တဲ့ အစားသောက် အမျိုးအစားတွေကလည်း နိုင်ငံအလိုက်၊ ဒေသအလိုက်၊ ဓလေ့ထုံးစံများအလိုက် မတူကွဲပြား ခြားနားမှုတွေ ရှိနေပါတယ်။အမေရိကန်နိုင်ငံ တောင်ပိုင်းသားတွေက နှစ်သစ်ကူး ညစာစားပွဲတွေမှာ ပဲ၊ ဝက်ပေါင်ခြောက်နဲ့ ဝိုင်အဖြူကို သောက်သုံးခြင်းဖြင့် နောင်လာမယ့် တစ်နှစ်တာလုံး ကံကောင်းစေတယ်လို့ ယုံကြည်ကြတဲ့အတွက် အဲ့ဒီ အစားအသောက်တွေကို စားသောက်လေ့ ရှိကြပါတယ်။

အိုင်ယာလန်လူမျိုးတွေက အစာသွပ်မုန့်များဖုတ်ကာ စားလေ့ရှိကြပြီး စပိန်လူမျိုးတွေက နှစ်သစ် ၁၂ လတာ ကာလတလျှောက် ပျော်ရွှင်စရာကောင်းသော ကာလများ ဖြစ်လာစေဖို့ စပျစ်သီး ၁၂ လုံးစီ စားလေ့ရှိကြပါတယ်။

ဆွစ်ဇာလန်နိုင်ငံသားတွေက ကြက်ဥ၊ ချောကလက်တို့နဲ့ အထူးစီမံ ပြုလုပ်ထားတဲ့ မလိုင်ကို စားသောက်ကြပြီး ဂျူးလူမျိုးတွေက  ပန်းသီးတစ်စိတ်ကို ပျားရည်အတွင်းနှစ်ကာ စားသောက်လေ့ရှိကြပါတယ်။

ဂရိနိုင်ငံနဲ့ ဆိုက်ပရပ်ကျွန်းနိုင်ငံတွေမှာတော့ နှစ်သစ်ကူးညစာကို မိသားစု၊ မိတ်ဆွေတွေနဲ့ အတူတကွ စားသောက်လေ့ရှိကြပြီး ငွေအကြွေစေ့တစ်စေ့ ထည့်မြုပ်ပြီး ကိတ်မုန့်ဖုတ်ပြီး လှီးဖဲ့စားသောက်ကြပါတယ်။မိမိရရှိတဲ့ ကိတ်မုန့်ထဲ အကြွေစေ့ပါလာသူအနေနဲ့ တစ်နှစ်ပတ်လုံး ကံကောင်းတယ်လို့ အယူရှိကြပြီး ရိုးရာဓလေ့အစဉ်အလာအရ တစ်ညတာလုံး ဖဲရိုက်ဆော့ကစားလေ့ ရှိကြတယ်လို့ ဆိုပါတယ်။

အချို့နိုင်ငံများမှာတော့ ဓလေ့ထုံးတမ်း အစဉ်အလာတွေ ပြောင်းလဲပြီး နိုင်ငံများမှ လိုက်နာရန် သတ်မှတ်ထားတဲ့ အမျိုးမျိုးသော ယဉ်ကျေးမှုတို့ရဲ့ လွှမ်းမိုးမှုနဲ့ ပုံစံတို့ကြောင့် နှစ်တစ်နှစ်၏ အစကို ပြောင်းလဲသတ်မှတ်တဲ့ နိုင်ငံတွေလည်း ရှိလာပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ နှစ်သစ်ကူး ရေကစားပွဲတော်ကို နှစ်စဉ် ဧပြီလ ၁၃ ရက်မှ ၁၅ ရက်နေ့အထိ သတ်မှတ်ပြီး ၂၀၁၈ ခုနှစ်မှ စတင်ပြီး ဧပြီ ၁၂ ရက်မှ ၁၆ ရက်အထိ ရုံးပိတ်ရက်အဖြစ် အစိုးရမှ တိုးမြှင့်ခဲ့ပါတယ်။နှစ်သစ်ကူးနေ့အဖြစ် ဇန်နဝါရီလ ၁ ရက်နေ့ကို ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာလည်း သြင်္ကန်ကာလပြီးဆုံးတဲ့နောက် ကျရောက်တဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ကို ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့က အထွတ်အမြတ်ထားရာ နေ့တစ်နေ့အဖြစ် သတ်မှတ်ပြီး အလှူအတန်းပြုလုပ်ခြင်း၊ သတ္တဝါများဘေးမဲ့ပေးခြင်း၊ ဥပုဒ်သီလ ဆောက်တည်ခြင်း၊ သက်ကြီးရွယ်အိုများအား ပူဇော်ကန်တော့ခြင်း အစရှိတဲ့ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ဖြတ်သန်းလေ့ ရှိကြပါတယ်။

ခေတ်ကာလအလိုက် ယဉ်ကျေးမှုတွေ တစ်နေရာမှ တစ်နေရာ ကူးလူးယှက်သွယ်မှု သဘောရှိတဲ့အတွက် မြန်မာနိုင်ငံမှာလည်း ဂရီဂေါရီယန်း ပြက္ခဒိန်အရ ကျင်းပပြုလုပ်တဲ့ နှစ်သစ်ကူးပွဲတော်တွေကို မြို့ပြတွေသာမက ကျေးလက်နေရာဒေသတွေမှာလည်း ကျင်းပပြုလုပ်လာကြပြီ ဖြစ်ပါတယ်။နှစ်သစ်ကူးကာလတွေမှာ ရန်ကုန်မြို့မှာရှိတဲ့ အင်းယားကန်ပေါင်ပေါ်မှာ နှစ်စဉ်စည်ကားခဲ့တာ ဆယ်စုနှစ်နှစ်ခုကာလကို ကျော်လွန်ခဲ့ပြီ ဖြစ်ပါတယ်။ပြည်သူ့ရင်ပြင်၊ မဟာဗန္ဓုလပန်းခြံ၊ မိုင်ဒါကွင်းတို့မှာလည်း ပျော်ပွဲရွှင်ပွဲတွေ စတိတ်ရှိုးပွဲတွေ ကျင်းပပြုလုပ်ကြပြီး မြို့ပေါ်ရပ်ကွက်တွေမှာလည်း နှစ်သစ်ကူးအကြိုအနေနဲ့ မိသားစုတွေ၊ မိတ်ဆွေတွေ စုပေါင်းပြီး ချက်ပြုတ်စားသောက်ကြပါတယ်။တချို့ကတော့ နှစ်တစ်နှစ်ရဲ့ နောက်ဆုံးနေဝင်ချိန်နဲ့ နှစ်တစ်နှစ်ရဲ့ ပထမဆုံးနေထွက်ချိန်တွေကို စောင့်ကြည့်လိုသူတွေအတွက် အပန်းဖြေကမ်းခြေတွေကို သွားရောက်ကြတယ်လို့ ဆိုပါတယ်။ယခုလာမယ့် ၂၀၁၉ ခုနှစ် နှစ်သစ်အကြို ဒီဇင်ဘာ ၃၁ ရက်မှာတော့ ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းရှေ့ ရင်ပြင်မှာ ပထမအဆုံးအကြိမ် ကျင်းပပြုလုပ်မယ့် ရိုးရာပွဲခင်းနဲ့ မီးပုံပွဲတော်ရှိသလို တိုင်းရင်းသားရိုးရာ အစားအစာနဲ့ မုန့်၊ ပင်လယ်စာများကို သုံးဆောင်နိုင်မှာဖြစ်ပြီး ကောက်ရိတ်သိမ်းအကနဲ့အတူ ရိုးရာအထည်အလိပ်တွေကို ရောင်းချပေးမှာ ဖြစ်ပါတယ်။ဒါနဲ့အတူ New Years Countdown Show ပွဲကိုလည်း ကျင်းပမှာ ဖြစ်ပါတယ်။

နှစ်ကူးအပျော် သတိထားစေဖို့

နှစ်တစ်ခုကနေတစ်ခု ကူးတဲ့အခါ အလွန်အကျွံ ပျော်ရွှင်ရာကနေ ကြေကွဲစရာတွေဖြစ်လာရတာ နောက်ပိုင်းမှာ များလာပါတယ်။မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာ နှစ်သစ်ကူးအချိန်မှာ မတော်မဆမှု၊ မူးယစ်ရမ်းကားမှု၊ အုပ်စုဖွဲ့ရိုက်နှက်မှု၊ ခိုက်ရန်ဖြစ်ပွားမှုတွေကြောင့် နှစ်စဉ် ရာနဲ့ချီသေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ နှစ်သစ်ကူးမှာ ထိခိုက်ဒဏ်ရာရရှိသူ ၂၀၀ ရှိပြီး ၄ ဦး သေဆုံးခဲ့ကာ မန္တလေးမှာ ထိခိုက်ဒဏ်ရာရသူ ၇၃ ဦး သေဆုံးသူ ၄ ဦးထိ ရှိခဲ့ပါတယ်။နှစ်သစ်ကူးပြောင်းချိန်တွေမှာ အပျော်လွန်ကဲရာမှ ခိုက်ရန်ဖြစ်ပွားမှုတွေ၊ မတော်တဆဖြစ်မှုတွေကြောင့် နှစ်စဉ် လူပေါင်းများစွာ သေဆုံးနေတဲ့အတွက် အပျော်မလွန်ကဲဖို့နဲ့ သတိပြုသွားလာနေထိုင်ကြဖို့က နှစ်သစ်မှာ သတိထားရမှာပါ။

မင်းထွန်း(အုတ်ကျင်း)
ဒီဇင်ဘာ - ၃၁

( Zawgyi )

ႏွစ္ေဟာင္းကုန္ၿပီး ႏွစ္သစ္ကူးေျပာင္းတဲ့ အခ်ိန္ကာလေတြမွာ မိမိတို႔ရဲ႕ သက္ဆိုင္ရာ ယဥ္ေက်းမႈ၊ ဓေလ့ထုံးတမ္း အစဥ္အလာေတြနဲ႔ ႏွစ္ေဟာင္းကို ႏူတ္ဆက္ၿပီး ႏွစ္သစ္ကို ႀကိဳဆိုတဲ့ အေလ့အထေတြနဲ႔ ျဖတ္သန္းၾကတဲ့ ဓေလ့ထုံးစံ ကမာၻေပၚမွာရွိတဲ့ လူမ်ိဳးတိုင္းမွာ ရွိပါတယ္။

ယေန႔ေခတ္မွာေတာ့ အေနာက္ႏိုင္ငံေတြ သုံးတဲ့ ျပကၡဒိန္စနစ္အရ ႏွစ္တစ္ႏွစ္ကုန္ဆုံးတဲ့ ဒီဇင္ဘာလ ၃၁ ရက္ညမွာ ကုန္ဆုံးတဲ့ အခ်ိန္ကို ႏွစ္သစ္ကူးတဲ့ အခ်ိန္အခါအျဖစ္ ကမာၻတစ္ဝန္းမွာ က်င္းပခဲ့လာတာ ၾကာေနပါၿပီ။

ယေန႔ကမာၻသုံးျဖစ္ေနတဲ့  ဒီျပကၡဒိန္စနစ္ကို ၁၆ ရာစုႏွစ္အႀကိဳက စတင္အသုံးျပဳလာခဲ့တာ ျဖစ္ပါတယ္။အေနာက္ႏိုင္ငံေတြက ေနကို ဗဟိုျပဳတြက္ခ်က္ထားတဲ့ ျပကၡဒိန္ကို ဂရီေဂါရီယန္း ျပကၡဒိန္လို႔ ေခၚတြင္ၾကၿပီး ႏွစ္တစ္ႏွစ္တဲ့ၾကာခ်ိန္ကို (၃၆၅) ရက္ သတ္မွတ္ပါတယ္။ရက္ထပ္ႏွစ္ျဖစ္ပါက (၃၆၆) ရက္ သတ္မွတ္ၿပီး ႏွစ္တစ္ႏွစ္ရဲ႕ ေနာက္ဆုံးညမွာေတာ့  ႏွစ္သစ္ကူးပြဲေတာ္ကို ေပ်ာ္႐ႊင္စြာ က်င္းပျပဳလုပ္ၾကပါတယ္။

ဂရီေဂါရီယန္း ျပကၡဒိန္ကို အေနာက္တိုင္းျပကၡဒိန္၊ ခရစ္ယာန္ျပကၡဒိန္လု႔ိ ေခၚတြင္ၿပီး ၁၅၈၂ ခုႏွစ္မွာ စတင္အသုံးျပဳခဲ့ၿပီး ျပင္ဆင္ခဲ့သူ  ပုပ္ဂရီေဂါရီ (၁၃) ကို အစြဲျပဳလို႔ ဂရီေဂါရီယန္းျပကၡဒိန္လို႔ ေခၚဆိုၾကျခင္း ျဖစ္ပါတယ္။

အေနာက္ဥေရာပႏိုင္ငံ အမ်ားစုဟာ ဂရီေဂါရီယန္းျပကၡဒိန္ ေျပာင္းလဲအသုံးမျပဳခင္ကတည္းက ႏွစ္တစ္ႏွစ္ရဲ႕အစ ပထမရက္ကို ဇန္နဝါရီ ၁ ရက္အျဖစ္ သတ္မွတ္က်င့္သုံးခဲ့ၾကပါတယ္။
စေကာ့တလန္ႏိုင္ငံရဲ႕ ႏွစ္တစ္ႏွစ္ရဲ႕ ပထမဆုံးေန႔ကို ဇန္နဝါရီ ၁ ရက္အျဖစ္ ၁၆၀ဝ ခုႏွစ္မွာ စတင္သတ္မွတ္ခဲ့ၿပီး အဂၤလန္၊ အိုင္ယာလန္နဲ႔ ၿဗိတိသွ် ကိုလိုနီနယ္မ်ားမွာေတာ့ ၁၇၅၂ ခုႏွစ္က စတင္သတ္မွတ္ခဲ့ၾကပါတယ္။

ႏိုင္ငံအမ်ိဳးမ်ိဳးက ႏွစ္သစ္ကူးပြဲေတာ္ပုံစံ

ကမာၻ႔ႏိုင္ငံ အႏွံ႔အျပားမွာ ႏွစ္သစ္ကူးပြဲေတာ္ေတြကို ပုံစံအမ်ိဳးမ်ိဳးနဲ႔ က်င္းပၾကၿပီး အေမရိကန္ပိုင္ ကိုလိုနီႏိုင္ငံမ်ားမွာေတာ့ ယခင္ကႏွစ္ေဟာင္းအား ဇီဝိန္ေခြၽၿပီး ႏွစ္သစ္ကို ႀကိဳဆိုတဲ့အေနနဲ႔ ပစၥတိုေသနတ္ေတြ မိုးေပၚေထာင္ေဖာက္ကာ ႏွစ္သစ္ကို ႀကိဳဆိုေလ့ရွိၾကပါတယ္။အီတလီႏိုင္ငံနဲ႔ အခ်ိဳ႕ေသာ ႏိုင္ငံမ်ားမွာေတာ့ ႏွစ္သစ္ကို ႀကိဳဆိုတဲ့အေနနဲ႔ ခရစ္ယာန္ဘုရားေက်ာင္းေတြမွာ သံစုံေခါင္းေလာင္းေတြ ထိုးေလ့ရွိၾကပါတယ္။အဲ့ဒီ့ဓေလ့ဟာ ၁၇၇၀ ခုနစ္က အေမရိကန္ႏိုင္ငံ ဖီလာဒယ္ဖီးယားၿမိဳ႕မွာရွိတဲ့ စိန္ေဂ်ာ့မက္သဒစ္ ဘုရားေက်ာင္းမွ စတင္ခဲ့တယ္လို႔ အဆိုရွိပါတယ္။ဆြစ္ဇာလန္ႏိုင္ငံသားတို႔က ဘင္ခရာေတြ တီးမႈတ္ၿပီး ႏွစ္သစ္ကို ႀကိဳဆိုၾကပါတယ္။ေျမာက္အေမရိကတိုက္သားေတြက အခ်က္ေပးဥဩအသံမ်ား၊ ပါတီပြဲမ်ား က်င္းပေနစဥ္ ခရာမ်ားမႈတ္ၿပီး ခြဲခြာရေတာ့မယ့္ ႏွစ္ေဟာင္းကို ႏႈတ္ဆက္ၿပီး ႏွစ္သစ္ကို ႀကိဳဆိုၾကပါတယ္။ဒတ္ခ္်လူမ်ိဳးေတြကေတာ့ ႏွစ္သစ္ကူးေျပာင္းခ်ိန္မွာ ႏွစ္ေဟာင္းမွ ဆိုးညစ္တဲ့ အရာေတြကို မီးရႈိ႕ပစ္ခဲ့ၿပီဆိုတဲ့ အယူအဆနဲ႔ လမ္းမေတြေပၚ မီးပုံပြဲမ်ားက်င္းပၿပီး ႏွစ္သစ္ကို ႀကိဳဆိုၾကပါတယ္။

စေကာ့လူမ်ိဳးေတြကေတာ့ မိမိတို႔ရဲ႕ အိမ္နီးနားခ်င္းမ်ားကို ႏႈတ္ဆက္ကာ ႏွစ္သစ္ဆုမြန္ေကာင္း ေတာင္းေပးတတ္ၾကၿပီး စေကာ့တလန္ရဲ႕ ၿမိဳ႕ေတာ္ အီဒင္ဘာရာၿမိဳ႕မွာေတာ့ လူအမ်ားစုက ကိုယ္စီ အရက္ပုလင္းကိုင္ေဆာင္ၿပီး လမ္းမႀကီးမ်ားေပၚတြင္ တစ္ညတာလုံး ဦးတည္ရာမဲ့ လွည့္လည္သြားလာ စားေသာက္ၿပီး လမ္းေလွ်ာက္ပါတီပြဲမ်ား က်င္းပျပဳလုပ္ၾကပါတယ္။ဂ်ပန္ႏိုင္ငံရဲ႕ ႏွစ္သစ္ကူးပြဲေတာ္ကိုလည္း ဇန္နဝါရီ ၁ ရက္ေန႔မွာ က်င္းပျပဳလုပ္ၾကပါတယ္။ဂ်ပန္လူမ်ိဳးေတြရဲ႕ ဓေလ့ထုံးစံအရ လူသားတိုင္း အားနည္းခ်က္ ၁၀၈ ခ်က္စီရွိေၾကာင္း ယုံၾကည္ၾကတဲ့အတြက္ ႏွစ္သစ္ကူးခ်ိန္မွာ အျပစ္ ၁၀၈ မ်ိဳးကို ရွင္းလင္းဖယ္ရွားဖို႔ ဗုဒၶဘုရားေက်ာင္းမ်ားမွ ေမာင္း ၁၀၈ ခ်က္ ထိုးေလ့ရွိၾကပါတယ္။ဗုဒၶဘုရားေက်ာင္းမ်ားမွ ထိုးတဲ့ သန္းေခါင္းယံ ေခါင္းေလာင္းသံကို ဂ်ပန္လူမ်ိဳးမ်ား ေစာင့္ဆိုင္းနားေထာင္ၾကၿပီး တစ္ႏွစ္လုံးက အျပစ္ေတြ ေခါင္းေလာင္းသံနဲ႔အတူ ေဝးလႊင့္သြားတယ္လို႔ သက္ဝင္ယုံၾကည္ၾကပါတယ္။

ႏွစ္သစ္ကူး ညစာစားပြဲမ်ား

ႏွစ္သစ္ကူးပြဲေတာ္ကို ပုံစံအမ်ိဳးမ်ိဳးနဲ႔ က်င္းပျပဳလုပ္ၾကသလို  ႏွစ္သစ္ကူးအခ်ိန္မွာ စားေသာက္တဲ့ အစားေသာက္ အမ်ိဳးအစားေတြကလည္း ႏိုင္ငံအလိုက္၊ ေဒသအလိုက္၊ ဓေလ့ထုံးစံမ်ားအလိုက္ မတူကြဲျပား ျခားနားမႈေတြ ရွိေနပါတယ္။အေမရိကန္ႏိုင္ငံ ေတာင္ပိုင္းသားေတြက ႏွစ္သစ္ကူး ညစာစားပြဲေတြမွာ ပဲ၊ ဝက္ေပါင္ေျခာက္နဲ႔ ဝိုင္အျဖဴကို ေသာက္သုံးျခင္းျဖင့္ ေနာင္လာမယ့္ တစ္ႏွစ္တာလုံး ကံေကာင္းေစတယ္လို႔ ယုံၾကည္ၾကတဲ့အတြက္ အဲ့ဒီ အစားအေသာက္ေတြကို စားေသာက္ေလ့ ရွိၾကပါတယ္။

အိုင္ယာလန္လူမ်ိဳးေတြက အစာသြပ္မုန႔္မ်ားဖုတ္ကာ စားေလ့ရွိၾကၿပီး စပိန္လူမ်ိဳးေတြက ႏွစ္သစ္ ၁၂ လတာ ကာလတေလွ်ာက္ ေပ်ာ္႐ႊင္စရာေကာင္းေသာ ကာလမ်ား ျဖစ္လာေစဖို႔ စပ်စ္သီး ၁၂ လုံးစီ စားေလ့ရွိၾကပါတယ္။

ဆြစ္ဇာလန္ႏိုင္ငံသားေတြက ၾကက္ဥ၊ ေခ်ာကလက္တို႔နဲ႔ အထူးစီမံ ျပဳလုပ္ထားတဲ့ မလိုင္ကို စားေသာက္ၾကၿပီး ဂ်ဴးလူမ်ိဳးေတြက  ပန္းသီးတစ္စိတ္ကို ပ်ားရည္အတြင္းႏွစ္ကာ စားေသာက္ေလ့ရွိၾကပါတယ္။

ဂရိႏိုင္ငံနဲ႔ ဆိုက္ပရပ္ကြၽန္းႏိုင္ငံေတြမွာေတာ့ ႏွစ္သစ္ကူးညစာကို မိသားစု၊ မိတ္ေဆြေတြနဲ႔ အတူတကြ စားေသာက္ေလ့ရွိၾကၿပီး ေငြအေႂကြေစ့တစ္ေစ့ ထည့္ျမဳပ္ၿပီး ကိတ္မုန႔္ဖုတ္ၿပီး လွီးဖဲ့စားေသာက္ၾကပါတယ္။မိမိရရွိတဲ့ ကိတ္မုန႔္ထဲ အေႂကြေစ့ပါလာသူအေနနဲ႔ တစ္ႏွစ္ပတ္လုံး ကံေကာင္းတယ္လို႔ အယူရွိၾကၿပီး ႐ိုးရာဓေလ့အစဥ္အလာအရ တစ္ညတာလုံး ဖဲ႐ိုက္ေဆာ့ကစားေလ့ ရွိၾကတယ္လို႔ ဆိုပါတယ္။

အခ်ိဳ႕ႏိုင္ငံမ်ားမွာေတာ့ ဓေလ့ထုံးတမ္း အစဥ္အလာေတြ ေျပာင္းလဲၿပီး ႏိုင္ငံမ်ားမွ လိုက္နာရန္ သတ္မွတ္ထားတဲ့ အမ်ိဳးမ်ိဳးေသာ ယဥ္ေက်းမႈတို႔ရဲ႕ လႊမ္းမိုးမႈနဲ႔ ပုံစံတို႔ေၾကာင့္ ႏွစ္တစ္ႏွစ္၏ အစကို ေျပာင္းလဲသတ္မွတ္တဲ့ ႏိုင္ငံေတြလည္း ရွိလာပါတယ္။

အိမ္နီးခ်င္း ထိုင္းႏိုင္ငံမွာေတာ့ ႏွစ္သစ္ကူး ေရကစားပြဲေတာ္ကို ႏွစ္စဥ္ ဧၿပီလ ၁၃ ရက္မွ ၁၅ ရက္ေန႔အထိ သတ္မွတ္ၿပီး ၂၀၁၈ ခုႏွစ္မွ စတင္ၿပီး ဧၿပီ ၁၂ ရက္မွ ၁၆ ရက္အထိ ႐ုံးပိတ္ရက္အျဖစ္ အစိုးရမွ တိုးျမႇင့္ခဲ့ပါတယ္။ႏွစ္သစ္ကူးေန႔အျဖစ္ ဇန္နဝါရီလ ၁ ရက္ေန႔ကို ေျပာင္းလဲသတ္မွတ္ခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာလည္း ၾသကၤန္ကာလၿပီးဆုံးတဲ့ေနာက္ က်ေရာက္တဲ့ ျမန္မာႏွစ္ဆန္းတစ္ရက္ေန႔ကို ဗုဒၶဘာသာဝင္ ျမန္မာလူမ်ိဳးတို႔က အထြတ္အျမတ္ထားရာ ေန႔တစ္ေန႔အျဖစ္ သတ္မွတ္ၿပီး အလႉအတန္းျပဳလုပ္ျခင္း၊ သတၱဝါမ်ားေဘးမဲ့ေပးျခင္း၊ ဥပုဒ္သီလ ေဆာက္တည္ျခင္း၊ သက္ႀကီး႐ြယ္အိုမ်ားအား ပူေဇာ္ကန္ေတာ့ျခင္း အစရွိတဲ့ ကုသိုလ္ေကာင္းမႈေတြ ျပဳလုပ္ျဖတ္သန္းေလ့ ရွိၾကပါတယ္။

ေခတ္ကာလအလိုက္ ယဥ္ေက်းမႈေတြ တစ္ေနရာမွ တစ္ေနရာ ကူးလူးယွက္သြယ္မႈ သေဘာရွိတဲ့အတြက္ ျမန္မာႏိုင္ငံမွာလည္း ဂရီေဂါရီယန္း ျပကၡဒိန္အရ က်င္းပျပဳလုပ္တဲ့ ႏွစ္သစ္ကူးပြဲေတာ္ေတြကို ၿမိဳ႕ျပေတြသာမက ေက်းလက္ေနရာေဒသေတြမွာလည္း က်င္းပျပဳလုပ္လာၾကၿပီ ျဖစ္ပါတယ္။ႏွစ္သစ္ကူးကာလေတြမွာ ရန္ကုန္ၿမိဳ႕မွာရွိတဲ့ အင္းယားကန္ေပါင္ေပၚမွာ ႏွစ္စဥ္စည္ကားခဲ့တာ ဆယ္စုႏွစ္ႏွစ္ခုကာလကို ေက်ာ္လြန္ခဲ့ၿပီ ျဖစ္ပါတယ္။ျပည္သူ႔ရင္ျပင္၊ မဟာဗႏၶဳလပန္းၿခံ၊ မိုင္ဒါကြင္းတို႔မွာလည္း ေပ်ာ္ပြဲ႐ႊင္ပြဲေတြ စတိတ္ရႈိးပြဲေတြ က်င္းပျပဳလုပ္ၾကၿပီး ၿမိဳ႕ေပၚရပ္ကြက္ေတြမွာလည္း ႏွစ္သစ္ကူးအႀကိဳအေနနဲ႔ မိသားစုေတြ၊ မိတ္ေဆြေတြ စုေပါင္းၿပီး ခ်က္ျပဳတ္စားေသာက္ၾကပါတယ္။တခ်ိဳ႕ကေတာ့ ႏွစ္တစ္ႏွစ္ရဲ႕ ေနာက္ဆုံးေနဝင္ခ်ိန္နဲ႔ ႏွစ္တစ္ႏွစ္ရဲ႕ ပထမဆုံးေနထြက္ခ်ိန္ေတြကို ေစာင့္ၾကည့္လိုသူေတြအတြက္ အပန္းေျဖကမ္းေျခေတြကို သြားေရာက္ၾကတယ္လို႔ ဆိုပါတယ္။ယခုလာမယ့္ ၂၀၁၉ ခုႏွစ္ ႏွစ္သစ္အႀကိဳ ဒီဇင္ဘာ ၃၁ ရက္မွာေတာ့ ရန္ကုန္ၿမိဳ႕ သုဝဏၰ မိုးလုံေလလုံ အားကစားကြင္းေရွ႕ ရင္ျပင္မွာ ပထမအဆုံးအႀကိမ္ က်င္းပျပဳလုပ္မယ့္ ႐ိုးရာပြဲခင္းနဲ႔ မီးပုံပြဲေတာ္ရွိသလို တိုင္းရင္းသား႐ိုးရာ အစားအစာနဲ႔ မုန႔္၊ ပင္လယ္စာမ်ားကို သုံးေဆာင္ႏိုင္မွာျဖစ္ၿပီး ေကာက္ရိတ္သိမ္းအကနဲ႔အတူ ႐ိုးရာအထည္အလိပ္ေတြကို ေရာင္းခ်ေပးမွာ ျဖစ္ပါတယ္။ဒါနဲ႔အတူ New Years Countdown Show ပြဲကိုလည္း က်င္းပမွာ ျဖစ္ပါတယ္။

ႏွစ္ကူးအေပ်ာ္ သတိထားေစဖို႔

ႏွစ္တစ္ခုကေနတစ္ခု ကူးတဲ့အခါ အလြန္အကြၽံ ေပ်ာ္႐ႊင္ရာကေန ေၾကကြဲစရာေတြျဖစ္လာရတာ ေနာက္ပိုင္းမွာ မ်ားလာပါတယ္။ျမန္မာႏိုင္ငံ အပါအဝင္ ကမာၻ႔ႏိုင္ငံအႏွံ႔အျပားမွာ ႏွစ္သစ္ကူးအခ်ိန္မွာ မေတာ္မဆမႈ၊ မူးယစ္ရမ္းကားမႈ၊ အုပ္စုဖြဲ႕႐ိုက္ႏွက္မႈ၊ ခိုက္ရန္ျဖစ္ပြားမႈေတြေၾကာင့္ ႏွစ္စဥ္ ရာနဲ႔ခ်ီေသဆုံးမႈေတြ ျဖစ္ေပၚခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၇ ႏွစ္သစ္ကူးမွာ ထိခိုက္ဒဏ္ရာရရွိသူ ၂၀၀ ရွိၿပီး ၄ ဦး ေသဆုံးခဲ့ကာ မႏၲေလးမွာ ထိခိုက္ဒဏ္ရာရသူ ၇၃ ဦး ေသဆုံးသူ ၄ ဦးထိ ရွိခဲ့ပါတယ္။ႏွစ္သစ္ကူးေျပာင္းခ်ိန္ေတြမွာ အေပ်ာ္လြန္ကဲရာမွ ခိုက္ရန္ျဖစ္ပြားမႈေတြ၊ မေတာ္တဆျဖစ္မႈေတြေၾကာင့္ ႏွစ္စဥ္ လူေပါင္းမ်ားစြာ ေသဆုံးေနတဲ့အတြက္ အေပ်ာ္မလြန္ကဲဖို႔နဲ႔ သတိျပဳသြားလာေနထိုင္ၾကဖို႔က ႏွစ္သစ္မွာ သတိထားရမွာပါ။

မင္းထြန္း(အုတ္က်င္း)
ဒီဇင္ဘာ - ၃၁