【 သတင်းဆောင်းပါး 】 “ပူလိုက်တဲ့ မြန်မာနွေ”

【 သတင်းဆောင်းပါး 】 “ပူလိုက်တဲ့ မြန်မာနွေ”

“အဲ့ဒီတောင်ကတုံးတွေက ကုမ္ပဏီတွေဝင်ပြီး သစ်ခုတ်ထားတာလေ။သူတို့ သစ်ခုတ်ခွင့် လုပ်ကွက်ရရင် တောထဲမှာ ဘာမှမကျန်ဘူး။သစ်ကော၊ ဝါးကော၊ လက်ညှိုးလောက် သစ်ပင်တွေက အစ အကုန်ခုတ်သွားတယ်” လို့ မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ဒါဟာ သစ်တောတွေ ဖုံးလွှမ်းနေတဲ့ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့ နယ်မြေချင်းထိစပ်နေတဲ့  မွန်ပြည်နယ်၊ ရေးမြို့နယ်မှ ထိုင်းနိုင်ငံနယ်စပ် ဘုရားသုံးဆူသွားတဲ့ လမ်းမဘေးအနီး ဒေသခံတွေ သစ်ထုတ်လုပ်ရေး လုပ်ကိုင်နေတဲ့ နေရာကို ၂၀၁၄ ခုနှစ်က သွားရောက်လည်ပတ်ခဲ့စဉ် မိတ်ဆွေတစ်ဦးက ပြောကြားခဲ့တာပါ။

အဲ့ဒီ့ဒေသဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေတွေဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် အချို့သော သစ်တောတွေကို ထုတ်ယူသုံးစွဲခွင့်ပြုခဲ့တဲ့ အချိန်ဖြစ်ပါတယ်။

တန်ဖိုးရှိလှတဲ့ သစ်ပင်တွေကို ခုတ်လှဲရောင်းချနေကြတာတွေဟာ အလွန်နှမြောစရာကောင်းလှပြီး ဒေသခံ သစ်ထုတ်လုပ်သူတွေကတော့ သူတို့ဟာ ရောင်းတန်းဝင် သစ်များကိုသာ ခုတ်ယူလေ့ရှိပြီး အသုံးမလိုတဲ့ သစ်တွေကို ခုတ်ယူခြင်းမရှိဘူးလို့ ဆိုပါတယ်။

“ဒေသခံတွေလုပ်တဲ့ သစ်လုပ်ကွက်တွေက ရောင်းတန်းဝင်တဲ့ သစ်ကောင်းတွေကိုဘဲ ရွေးခုတ်တယ်။အဲ့တော့ အချို့သစ်ပင်တွေ ကျန်ခဲ့သေးတယ်” လို့ မိတ်ဆွေဖြစ်သူက ရှင်းပြပါတယ်။

လျော့လာတဲ့ သစ်တောနဲ့ တိုးလာတဲ့ အပူ

လူသားများ၊ သစ်ပင်နဲ့ တိရိစ္ဆာန်များ အတူတကွ လိုက်လျောညီထွေ အပြန်အလှန် အမှီသဟဲပြုပြီး နေထိုင်အသက်ရှင်လာမှုတွေဟာ လူသားတွေရဲ့ လတ်တလောအဆင်ပြေမှုကို ရှေးရှုကာ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ သစ်ပင်တွေကို ခုတ်ယူသုံးစွဲခဲ့ကြတဲ့အတွက် သစ်တောပြုန်းတီးမှုများ အများအပြား ဖြစ်ပေါ်လာခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ သစ်တောတွေဟာလည်း နည်းလမ်းမျိုးစုံနဲ့ ထုတ်ယူသုံးစွဲခြင်းခံရတဲ့အတွက် သစ်တောဖုံးလွှမ်းမှုတွေ တဖြည်းဖြည်းလျော့နည်းလာခဲ့ကြောင်း မှတ်တမ်းတွေက ဆိုပါတယ်။

တိုင်းပြည်လွတ်လပ်ရေး ရရှိခဲ့တဲ့ ၁၉၄၈ ခုနှစ် ပတ်ဝန်းကျင်အချိန်က တိုင်းပြည်ဧရိယာရဲ့ ၇၀ ရာခိုင်နှုန်းခန့် သစ်တောများ ဖုံးလွှမ်းခဲ့ပါတယ်။ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် လယ်ယာစိုက်ပျိုးရေးအဖွဲ့ (FAO) ရဲ့ ခန့်မှန်းချက်အရ မြန်မာနိုင်ငံဟာ ၁၉၉၀ ခုနှစ် မှ ၂၀၁၀ ခုနှစ်အတွင်း တိုင်းပြည်ရဲ့ သစ်တောဧရိယာ ၁၉ ရာခိုင်နှုန်းခန့် ဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။Global Forest Resources Assessment 2015 အရလည်း  ၂၀၁၀ ခုနှစ် မှ ၂၀၁၅ ခုနှစ်အတွင်း သစ်တောဧရိယာရဲ့ ၈ ဒသမ ၅ ရာခိုင်နှုန်းခန့် ထပ်မံဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သစ်တောများ ပြုန်းတီးလာမှုနဲ့အတူ ဂေဟစနစ် ပျက်ပြားမှု မြန်ဆန်လာခဲ့ပါတယ်။သိသာလွန်းတဲ့ အပူချိန်မြင့်တက်မှုတွေ ဖြစ်လာပြီး ထင်ရှားတဲ့ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ဒါနဲ့အတူ ရာသီဥတုဖောက်ပြန်မှုနဲ့ သဘာဝဘေးဒဏ်တွေကို ယခင်ကထက် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှာ ပိုခံစားလာရပါတယ်။

မိုး/ဇလ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး ကတော့ အပူချိန်မြင့်မားလာခြင်းဟာ သစ်ပင်တွေပြုန်းတီးမှုက အဓိကကျပြီး လူတို့အသုံးပြုနေတဲ့ စက်ပစ္စည်းများမှ စွန့်ထုတ်ဓာတ်ငွေ့များကြောင့်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။

“အပူချိန်တွေမြင့်လာတာ လူတွေရဲ့ အပြုအမူတွေကြောင့်မို့ိလို့။ကားတွေ၊ ရေခဲသေတ္တာတွေ၊ လေအေးပေးစက်တွေ လူတွေအသုံးအဆောင်တွေကနေ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေ ထုတ်လုပ်မှုများလာတယ်။ဒါတွေထုတ်လုပ်တာများလာပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထိန်းသိမ်းပေးတဲ့ သစ်ပင်တွေက လျော့လာတဲ့အတွက် အပူချိန်တွေက တစ်နှစ်ထက် တစ်နှစ် ပိုပိုများလာတယ်” လို့ မိုး/ဇလ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က အပူချိန်မြင့်မားလာမူနဲ့ ပတ်သက်ပြီး မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။

ဒီအခြေအနေက သတိထားစရာပါ။မြန်မာနိုင်ငံမှာ နောင် ၁၀ နှစ်မှ နှစ် ၂၀ အတွင်း ရာသီဥတုပြောင်းလဲမှုကြောင့် ဆိုးဝါးစွာ ထိခိုက်လာနိုင်တယ်လို့ ဒေါက်တာသန့်မြင့်ဦး က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပြီး “ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာပြီး ကမ်းရိုးတန်းဒေသများ ရေလွှမ်းမိုးခံရမည်။ရာသီဥတုပြင်းထန်ခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ရေကြီးခြင်း (၂၀၁၅ ခုနှစ်တုန်းက ကဲ့သို့) နှင့် ဆိုင်ကလုန်းမုန်တိုင်းများ (နာဂစ်မုန်တိုင်းကဲ့သို့) လည်း မကြာခဏဖြစ်ပွားလာမည်။မုတ်သုန်မိုးသည် ခန့်မှန်းမရအောင်ဖြစ်ပြီး စိုက်ပျိုးရေးအတွက် များစွာအခက်တွေ့စေမည်” လို့ ဆိုပါတယ်။

အပူချိန်နှင့် သဘာဝဘေး

အပူချိန်မြင့်မားလာမှုကြောင့် ရေခဲ့တောင်များ အရည်ပျော်ကျသည့်အတွက် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ ဂေဟစနစ် ပျက်စီးခြင်း၊ ရောဂါဘယ ထူပြောလာခြင်း၊ ရာသီဥတု ပြောင်းလဲဖောက်ပြန်ခြင်း၊ မြေငလျင်များ ပိုမိုလှုပ်ခတ်လာခြင်းများ ကြုံတွေ့လာနိုင်တယ်လို့ ဦးကျော်မိုးဦး က ဆိုပါတယ်။

“ရေခဲတောင်တွေ အရည်ပျော်ကျလာမယ်၊ အဲ့ဒါကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတဲ့ အခြေအနေကြောင့် အချို့ကျွန်းတွေ မြေအောက်ရောက်ကုန်မယ်။မုန်တိုင်းတွေ အဖြစ်များလာမယ်။ရေကြီးတာတို့ မိုးခေါင်တာတို့ ပုံမမှန်တဲ့ ရာသီဥတုဖြစ်စဉ်တွေလည်း ပိုပြီးကြုံလာနိုင်တယ်။နောက်ပြီးတော့ မြေငလျင်လှုပ်တာတွေလည်း ပိုပြီးတော့ များလာမယ်” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ သဘာဝဘေးအန္တရာယ် ဖြစ်စဉ်များကြောင့် လူ့အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရပြီး အိုးမဲ့အိမ်မဲ့ဖြစ်မှုတွေလည်း မကြာခဏပေါ်ပေါက်ခဲ့ပါတယ်။အဆိုးဝါးဆုံးဖြစ်စဉ်အဖြစ် ၂၀၀၈ ခုနှစ်က ဖြစ်ပေါ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၁၃၀၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

တိုင်းပြည်အတွင်း မုန်တိုင်းကြီးများ ဝင်ရောက်လာခြင်း၊ အပူချိန်မြင့်မားလာခြင်း၊ မိုးတိမ်တောင်များဖြစ်ပွားမှု များပြားလာခြင်း အစရှိတဲ့ ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များနဲ့အတူ ရေကြီးရေလျှံမှုများ တိုင်းပြည်အတွင်း ပိုမိုဖြစ်ပွားလာခဲ့ပါတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေကတော့ ဖြစ်ပေါ်နေတဲ့ မြစ်ရေကြီးမှု၊ မြေပြိုမှုတွေဟာ သစ်တောပြုန်းတီးမှုနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။သစ်တော၊ သစ်ပင်များ ပြုန်းတီးလာသည့်အတွက် မြေကြီးနှင့် မိုးရေကို ထိန်းသိမ်းနိုင်မှု အားနည်းလာပြီးမိုး ရေက မြေကို တိုက်စားကာ နုံးမြေအဖြစ် မြစ်ကြောင်းထဲ ဝင်ရောက်လာခြင်းကြောင့် မြစ်ကြမ်းပြင် မြင့်တက်ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်လာရတယ်လို့လည်း ဆိုပါတယ်။ဒါ့အပြင် သတ္ထုတွင်းများ၊ ရေကာတာများ၊ စိုက်ပျိုးမြေခဲျ့ထွင်ခြင်း၊ သစ်ခုတ်ခြင်းများ၊ မြစ်ဝှမ်းဧရိယာများကို လူတို့ဝင်ရောက် နေထိုင်ခြင်းများကြောင့်လည်း သစ်တောများ ပြုန်းတီးပြီး မြစ်ရေကြီးမှု၊ ရေကြီးရေလျှံမှုများက ပိုမိုဆိုးရွားလာစေခဲ့တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေက မှတ်ချက်ပြု သုံးသပ်မှုတွေလည်း ရှိခဲ့ပါတယ်။

အပူချိန် မြင့်မားလာမှုသည် မြန်မာနိုင်ငံတွင်သာမက တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ရင်ဆိုင်နေရတဲ့အတွက် ပူပေါင်းအဖြေရှာရန် ဝိုင်းဝန်းလုပ်ဆောင်နေကြပြီး ရေရှည်အချိန်ယူကာ အစီအမံများအတိုင်း လိုက်နာဆောင်ရွက်မှသာ နောင် နှစ်ပေါင်း ၃၀ ခန့်တွင် အပူချိန်လျော့နည်းလာနိုင်ပြီး မလုပ်ဆောင်ပါက ပိုမိုပြင်းထန်တဲ့ ရာသီဥတုဒဏ်တွေကို ခံစားရမှာ ဖြစ်တယ်လို့ ဦးကျော်မိုးဦး က ဆိုပါတယ်။

“မြန်မာနိုင်ငံတင်မကဘဲ တစ်ကမ္ဘာလုံး အတိုင်းအတာအနေနဲ့ ဖြစ်နေတဲ့အတွက် ကမ္ဘာ့နိုင်ငံအသီးသီးက အပူချိန်လျော့ကျအောင် လျှော့ချဖို့ အစီအမံရေးဆွဲနေတယ်။၂၀၁၅ ခုနှစ်မှာ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ အပူချိန်လျှော့ချနိုင်ဖို့ ကာဗွန်ဒိုင်အောက်ဆိုဒ်အတွက် အစီအစဉ်ရေးဆွဲနေတာ ဖြစ်တယ်။ပိုလန်နိုင်ငံမှာလုပ်တဲ့ ညှိနှိုင်းအစည်းအဝေးမှာ အစီအစဉ်ရေးဆွဲနိုင်ခဲ့တဲ့အတွက် ၂၀၂၀ လောက်ကစပြီး ဒီလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဖို့ရှိတယ်။၂၀၃၀ လောက် ရည်မှန်းချက်ထားပြီးတော့ လုပ်နေတယ်။ကျွန်တော်တို့ ရည်မှန်းချက်ထားပြီး လုပ်နေပေမယ့် အပူချိန်က လျော့တော့မလျော့သွားသေးဘူး။IVCC ရဲ့ အစီရင်ခံစာအရ ဆက်ပြီးတက်နေဦးမှာဘဲ။၂၀၄၀ နဲ့ ၂၀၅၅ အဲ့လောက်ကျမှ လျှော့ချတဲ့ လုပ်ငန်းစဉ်တွေ အားလုံးကို ဆောင်ရွက်မှ အပူချိန်က တပြေးညီဖြစ်သွားမယ်။နို့မိုဆိုရင်တော့ ရာစုနှစ်အတွင်းမှာ အပူချိန်က တောက်လျှောက် ထောင်တက်သွားမယ်” လို့ ဆိုပါတယ်။

လိုလာတဲ့ ကာကွယ်မှု

ဒီရက်ပိုင်းမှာ နေ့အပူချိန်တွေက စင်တီဂရိတ် ၄၀ အထက်မှာ ရှိနေတဲ့အတွက် လူတိုင်းက အပူချိန်နဲ့ နွမ်းနယ်နေသလို သစ်ပင်သစ်တောတွေ ပြန်ပြုစုပျိုးထောင်ဖို့ အရေးတကြီးလုပ်ဖို့ လိုလာပြီဆိုတာ သတိထားမိလာကြပါတယ်။အစိုးရအနေနဲ့ သဘာဝဘေးဒဏ်တွေ လျော့နည်းစေဖို့၊ အပူချိန်တွေ တိုးမြင့်မလာစေဖို့၊ အလွန်အကျွံ ထုတ်ယူသုံးစွဲခဲ့တဲ့ သစ်တောများ ပြန်လည်အစားထိုးနိုင်ဖို့အတွက် အကောင်ထည်ဖော် ဆောင်ရွက်မှုအချို့ကို ပြုလုပ်ဆောင်ရွက်နေပြီလို့ ဆိုပါတယ်။

အစိုးရသစ်လက်ထက်မှာ မြန်မာနိုင်ငံတွင် ၂၀၁၆ -၂၀၁၇ ခုနှစ်မှ စတင်ကာ ပဲခူးရိုးမတွင် သစ်ထုတ်လုပ် မှု ၁၀ နှစ် ရပ်ဆိုင်းခြင်း၊ သစ်တောပြန်လည်ထူထောင်ရေး စီမံကိန်းကို တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးမှာ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ဒီရေတောများ ပြန်လည်စိုက်ပျိုးမွေးမြူခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိနေပြီ ဖြစ်ပါတယ်။

တစ်နှစ်ထက်တစ်နှစ် တိုးလာတဲ့ အပူချိန်တွေ၊ ပြောင်းလဲလာတဲ့ ရာသီဥတုဖြစ်စဉ်တွေကိုကြည့်ရင် ရာသီဥတုကို စောင့်ရှောက်ဖို့ ကျွန်တော်တို့တွေ ဘယ်လောက်အထိ ပျက်ကွက်ခဲ့သလဲဆိုတာ သိနိုင်မယ်ထင်ပါ တယ်။ဒါဟာ ပျက်ကွက်မှုရဲ့ ထင်ရှားတဲ့ အမှတ်အသားဖြစ်ပြီး ယခင်ထက် ပူပြင်းလာမယ့် နွေရာသီတွေကို မလွဲမသွေ ထပ်မံကြုံတွေ့လာရဦးမှာဖြစ်ပြီး နောင်လာနောက်သားတွေအတွက် ပိုမိုကောင်းမွန်တဲ့ သဘာဝပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့ အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်သင့်နေပြီ ဖြစ်ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ဧပြီ - ၂၃
( Zawgyi )
“အဲ့ဒီေတာင္ကတုံးေတြက ကုမၸဏီေတြဝင္ၿပီး သစ္ခုတ္ထားတာေလ။သူတို႔ သစ္ခုတ္ခြင့္ လုပ္ကြက္ရရင္ ေတာထဲမွာ ဘာမွမက်န္ဘူး။သစ္ေကာ၊ ဝါးေကာ၊ လက္ညႇိဳးေလာက္ သစ္ပင္ေတြက အစ အကုန္ခုတ္သြားတယ္” လို႔ မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္မွာ ေနထိုင္တဲ့ ေဒသခံတစ္ဦးက ဆိုပါတယ္။

ဒါဟာ သစ္ေတာေတြ ဖုံးလႊမ္းေနတဲ့ ကရင္ျပည္နယ္နဲ႔ မြန္ျပည္နယ္တို႔ နယ္ေျမခ်င္းထိစပ္ေနတဲ့  မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္မွ ထိုင္းႏိုင္ငံနယ္စပ္ ဘုရားသုံးဆူသြားတဲ့ လမ္းမေဘးအနီး ေဒသခံေတြ သစ္ထုတ္လုပ္ေရး လုပ္ကိုင္ေနတဲ့ ေနရာကို ၂၀၁၄ ခုႏွစ္က သြားေရာက္လည္ပတ္ခဲ့စဥ္ မိတ္ေဆြတစ္ဦးက ေျပာၾကားခဲ့တာပါ။

အဲ့ဒီ့ေဒသဟာ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေတြရဲ႕ ထိန္းခ်ဳပ္နယ္ေျမေတြျဖစ္ၿပီး ေဒသဖြံ႕ၿဖိဳးေရးအတြက္ အခ်ိဳ႕ေသာ သစ္ေတာေတြကို ထုတ္ယူသုံးစြဲခြင့္ျပဳခဲ့တဲ့ အခ်ိန္ျဖစ္ပါတယ္။

တန္ဖိုးရွိလွတဲ့ သစ္ပင္ေတြကို ခုတ္လွဲေရာင္းခ်ေနၾကတာေတြဟာ အလြန္ႏွေျမာစရာေကာင္းလွၿပီး ေဒသခံ သစ္ထုတ္လုပ္သူေတြကေတာ့ သူတို႔ဟာ ေရာင္းတန္းဝင္ သစ္မ်ားကိုသာ ခုတ္ယူေလ့ရွိၿပီး အသုံးမလိုတဲ့ သစ္ေတြကို ခုတ္ယူျခင္းမရွိဘူးလို႔ ဆိုပါတယ္။

“ေဒသခံေတြလုပ္တဲ့ သစ္လုပ္ကြက္ေတြက ေရာင္းတန္းဝင္တဲ့ သစ္ေကာင္းေတြကိုဘဲ ေ႐ြးခုတ္တယ္။အဲ့ေတာ့ အခ်ိဳ႕သစ္ပင္ေတြ က်န္ခဲ့ေသးတယ္” လို႔ မိတ္ေဆြျဖစ္သူက ရွင္းျပပါတယ္။

ေလ်ာ့လာတဲ့ သစ္ေတာနဲ႔ တိုးလာတဲ့ အပူ

လူသားမ်ား၊ သစ္ပင္နဲ႔ တိရိစာၦန္မ်ား အတူတကြ လိုက္ေလ်ာညီေထြ အျပန္အလွန္ အမွီသဟဲျပဳၿပီး ေနထိုင္အသက္ရွင္လာမႈေတြဟာ လူသားေတြရဲ႕ လတ္တေလာအဆင္ေျပမႈကို ေရွးရႈကာ ရည္႐ြယ္ခ်က္အမ်ိဳးမ်ိဳးနဲ႔ သစ္ပင္ေတြကို ခုတ္ယူသုံးစြဲခဲ့ၾကတဲ့အတြက္ သစ္ေတာျပဳန္းတီးမႈမ်ား အမ်ားအျပား ျဖစ္ေပၚလာခဲ့ပါတယ္။

ျမန္မာႏိုင္ငံရဲ႕ သစ္ေတာေတြဟာလည္း နည္းလမ္းမ်ိဳးစုံနဲ႔ ထုတ္ယူသုံးစြဲျခင္းခံရတဲ့အတြက္ သစ္ေတာဖုံးလႊမ္းမႈေတြ တျဖည္းျဖည္းေလ်ာ့နည္းလာခဲ့ေၾကာင္း မွတ္တမ္းေတြက ဆိုပါတယ္။

တိုင္းျပည္လြတ္လပ္ေရး ရရွိခဲ့တဲ့ ၁၉၄၈ ခုႏွစ္ ပတ္ဝန္းက်င္အခ်ိန္က တိုင္းျပည္ဧရိယာရဲ႕ ၇၀ ရာခိုင္ႏႈန္းခန႔္ သစ္ေတာမ်ား ဖုံးလႊမ္းခဲ့ပါတယ္။ကုလသမဂၢ စားနပ္ရိကၡာႏွင့္ လယ္ယာစိုက္ပ်ိဳးေရးအဖြဲ႕ (FAO) ရဲ႕ ခန႔္မွန္းခ်က္အရ ျမန္မာႏိုင္ငံဟာ ၁၉၉၀ ခုႏွစ္ မွ ၂၀၁၀ ခုႏွစ္အတြင္း တိုင္းျပည္ရဲ႕ သစ္ေတာဧရိယာ ၁၉ ရာခိုင္ႏႈန္းခန႔္ ဆုံးရႈံးခဲ့တယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။Global Forest Resources Assessment 2015 အရလည္း  ၂၀၁၀ ခုႏွစ္ မွ ၂၀၁၅ ခုႏွစ္အတြင္း သစ္ေတာဧရိယာရဲ႕ ၈ ဒသမ ၅ ရာခိုင္ႏႈန္းခန႔္ ထပ္မံဆုံးရႈံးခဲ့တယ္လို႔ ထုတ္ျပန္ထားပါတယ္။

သစ္ေတာမ်ား ျပဳန္းတီးလာမႈနဲ႔အတူ ေဂဟစနစ္ ပ်က္ျပားမႈ ျမန္ဆန္လာခဲ့ပါတယ္။သိသာလြန္းတဲ့ အပူခ်ိန္ျမင့္တက္မႈေတြ ျဖစ္လာၿပီး ထင္ရွားတဲ့ ရာသီဥတုေျပာင္းလဲမႈ ျဖစ္စဥ္မ်ားလည္း ျဖစ္ေပၚခဲ့ပါတယ္။ဒါနဲ႔အတူ ရာသီဥတုေဖာက္ျပန္မႈနဲ႔ သဘာဝေဘးဒဏ္ေတြကို ယခင္ကထက္ ၂၀၀၀ ျပည့္ႏွစ္ ေနာက္ပိုင္းမွာ ပိုခံစားလာရပါတယ္။

မိုး/ဇလ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္မိုးဦး ကေတာ့ အပူခ်ိန္ျမင့္မားလာျခင္းဟာ သစ္ပင္ေတြျပဳန္းတီးမႈက အဓိကက်ၿပီး လူတို႔အသုံးျပဳေနတဲ့ စက္ပစၥည္းမ်ားမွ စြန႔္ထုတ္ဓာတ္ေငြ႕မ်ားေၾကာင့္လည္း ျဖစ္တယ္လို႔ ဆိုပါတယ္။

“အပူခ်ိန္ေတြျမင့္လာတာ လူေတြရဲ႕ အျပဳအမူေတြေၾကာင့္မို႔ိလို႔။ကားေတြ၊ ေရခဲေသတၱာေတြ၊ ေလေအးေပးစက္ေတြ လူေတြအသုံးအေဆာင္ေတြကေန ကာဗြန္ဒိုင္ေအာက္ဆိုဒ္ ဓာတ္ေငြ႕ေတြ ထုတ္လုပ္မႈမ်ားလာတယ္။ဒါေတြထုတ္လုပ္တာမ်ားလာၿပီး ကာဗြန္ဒိုင္ေအာက္ဆိုဒ္ကို ထိန္းသိမ္းေပးတဲ့ သစ္ပင္ေတြက ေလ်ာ့လာတဲ့အတြက္ အပူခ်ိန္ေတြက တစ္ႏွစ္ထက္ တစ္ႏွစ္ ပိုပိုမ်ားလာတယ္” လို႔ မိုး/ဇလ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္မိုးဦး က အပူခ်ိန္ျမင့္မားလာမူနဲ႔ ပတ္သက္ၿပီး မွတ္ခ်က္ျပဳ ေျပာၾကားခဲ့ပါတယ္။

ဒီအေျခအေနက သတိထားစရာပါ။ျမန္မာႏိုင္ငံမွာ ေနာင္ ၁၀ ႏွစ္မွ ႏွစ္ ၂၀ အတြင္း ရာသီဥတုေျပာင္းလဲမႈေၾကာင့္ ဆိုးဝါးစြာ ထိခိုက္လာႏိုင္တယ္လို႔ ေဒါက္တာသန႔္ျမင့္ဦး က သူ႔ရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာမွာ ေရးသားေဖာ္ျပခဲ့ၿပီး “ပင္လယ္ေရမ်က္ႏွာျပင္ ျမင့္တက္လာၿပီး ကမ္း႐ိုးတန္းေဒသမ်ား ေရလႊမ္းမိုးခံရမည္။ရာသီဥတုျပင္းထန္ျခင္း၊ မိုးေခါင္ေရရွားျခင္း၊ ေရႀကီးျခင္း (၂၀၁၅ ခုႏွစ္တုန္းက ကဲ့သို႔) ႏွင့္ ဆိုင္ကလုန္းမုန္တိုင္းမ်ား (နာဂစ္မုန္တိုင္းကဲ့သို႔) လည္း မၾကာခဏျဖစ္ပြားလာမည္။မုတ္သုန္မိုးသည္ ခန႔္မွန္းမရေအာင္ျဖစ္ၿပီး စိုက္ပ်ိဳးေရးအတြက္ မ်ားစြာအခက္ေတြ႕ေစမည္” လို႔ ဆိုပါတယ္။

အပူခ်ိန္ႏွင့္ သဘာဝေဘး

အပူခ်ိန္ျမင့္မားလာမႈေၾကာင့္ ေရခဲ့ေတာင္မ်ား အရည္ေပ်ာ္က်သည့္အတြက္ ပင္လယ္ေရမ်က္ႏွာျပင္ ျမင့္တက္လာျခင္း၊ ေရႀကီးျခင္း၊ ေျမၿပိဳျခင္း၊ ေဂဟစနစ္ ပ်က္စီးျခင္း၊ ေရာဂါဘယ ထူေျပာလာျခင္း၊ ရာသီဥတု ေျပာင္းလဲေဖာက္ျပန္ျခင္း၊ ေျမငလ်င္မ်ား ပိုမိုလႈပ္ခတ္လာျခင္းမ်ား ႀကဳံေတြ႕လာႏိုင္တယ္လို႔ ဦးေက်ာ္မိုးဦး က ဆိုပါတယ္။

“ေရခဲေတာင္ေတြ အရည္ေပ်ာ္က်လာမယ္၊ အဲ့ဒါေၾကာင့္ ပင္လယ္ေရမ်က္ႏွာျပင္ ျမင့္တက္လာတဲ့ အေျခအေနေၾကာင့္ အခ်ိဳ႕ကြၽန္းေတြ ေျမေအာက္ေရာက္ကုန္မယ္။မုန္တိုင္းေတြ အျဖစ္မ်ားလာမယ္။ေရႀကီးတာတို႔ မိုးေခါင္တာတို႔ ပုံမမွန္တဲ့ ရာသီဥတုျဖစ္စဥ္ေတြလည္း ပိုၿပီးႀကဳံလာႏိုင္တယ္။ေနာက္ၿပီးေတာ့ ေျမငလ်င္လႈပ္တာေတြလည္း ပိုၿပီးေတာ့ မ်ားလာမယ္” လို႔ ဆိုပါတယ္။

ျမန္မာႏိုင္ငံဟာ သဘာဝေဘးအႏၲရာယ္ ျဖစ္စဥ္မ်ားေၾကာင့္ လူ႔အသက္ေပါင္းမ်ားစြာ ေပးဆပ္ခဲ့ရၿပီး အိုးမဲ့အိမ္မဲ့ျဖစ္မႈေတြလည္း မၾကာခဏေပၚေပါက္ခဲ့ပါတယ္။အဆိုးဝါးဆုံးျဖစ္စဥ္အျဖစ္ ၂၀၀၈ ခုႏွစ္က ျဖစ္ေပၚခဲ့တဲ့ နာဂစ္မုန္တိုင္းေၾကာင့္ လူေပါင္း ၁၃၀၀၀၀ ေက်ာ္ ေသဆုံးခဲ့ပါတယ္။

တိုင္းျပည္အတြင္း မုန္တိုင္းႀကီးမ်ား ဝင္ေရာက္လာျခင္း၊ အပူခ်ိန္ျမင့္မားလာျခင္း၊ မိုးတိမ္ေတာင္မ်ားျဖစ္ပြားမႈ မ်ားျပားလာျခင္း အစရွိတဲ့ ရာသီဥတု ေျပာင္းလဲမႈျဖစ္စဥ္မ်ားနဲ႔အတူ ေရႀကီးေရလွ်ံမႈမ်ား တိုင္းျပည္အတြင္း ပိုမိုျဖစ္ပြားလာခဲ့ပါတယ္။

သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ပညာရွင္ေတြကေတာ့ ျဖစ္ေပၚေနတဲ့ ျမစ္ေရႀကီးမႈ၊ ေျမၿပိဳမႈေတြဟာ သစ္ေတာျပဳန္းတီးမႈနဲ႔ ဆက္စပ္ေနတယ္လို႔ ဆိုပါတယ္။သစ္ေတာ၊ သစ္ပင္မ်ား ျပဳန္းတီးလာသည့္အတြက္ ေျမႀကီးႏွင့္ မိုးေရကို ထိန္းသိမ္းႏိုင္မႈ အားနည္းလာၿပီးမိုး ေရက ေျမကို တိုက္စားကာ ႏုံးေျမအျဖစ္ ျမစ္ေၾကာင္းထဲ ဝင္ေရာက္လာျခင္းေၾကာင့္ ျမစ္ၾကမ္းျပင္ ျမင့္တက္ၿပီး ေရႀကီးေရလွ်ံမႈေတြ ျဖစ္လာရတယ္လို႔လည္း ဆိုပါတယ္။ဒါ့အျပင္ သတၳဳတြင္းမ်ား၊ ေရကာတာမ်ား၊ စိုက္ပ်ိဳးေျမခဲ်႕ထြင္ျခင္း၊ သစ္ခုတ္ျခင္းမ်ား၊ ျမစ္ဝွမ္းဧရိယာမ်ားကို လူတို႔ဝင္ေရာက္ ေနထိုင္ျခင္းမ်ားေၾကာင့္လည္း သစ္ေတာမ်ား ျပဳန္းတီးၿပီး ျမစ္ေရႀကီးမႈ၊ ေရႀကီးေရလွ်ံမႈမ်ားက ပိုမိုဆိုး႐ြားလာေစခဲ့တယ္လို႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ပညာရွင္ေတြက မွတ္ခ်က္ျပဳ သုံးသပ္မႈေတြလည္း ရွိခဲ့ပါတယ္။

အပူခ်ိန္ ျမင့္မားလာမႈသည္ ျမန္မာႏိုင္ငံတြင္သာမက တစ္ကမာၻလုံး အတိုင္းအတာျဖင့္ ရင္ဆိုင္ေနရတဲ့အတြက္ ပူေပါင္းအေျဖရွာရန္ ဝိုင္းဝန္းလုပ္ေဆာင္ေနၾကၿပီး ေရရွည္အခ်ိန္ယူကာ အစီအမံမ်ားအတိုင္း လိုက္နာေဆာင္႐ြက္မွသာ ေနာင္ ႏွစ္ေပါင္း ၃၀ ခန႔္တြင္ အပူခ်ိန္ေလ်ာ့နည္းလာႏိုင္ၿပီး မလုပ္ေဆာင္ပါက ပိုမိုျပင္းထန္တဲ့ ရာသီဥတုဒဏ္ေတြကို ခံစားရမွာ ျဖစ္တယ္လို႔ ဦးေက်ာ္မိုးဦး က ဆိုပါတယ္။

“ျမန္မာႏိုင္ငံတင္မကဘဲ တစ္ကမာၻလုံး အတိုင္းအတာအေနနဲ႔ ျဖစ္ေနတဲ့အတြက္ ကမာၻ႔ႏိုင္ငံအသီးသီးက အပူခ်ိန္ေလ်ာ့က်ေအာင္ ေလွ်ာ့ခ်ဖို႔ အစီအမံေရးဆြဲေနတယ္။၂၀၁၅ ခုႏွစ္မွာ ျပင္သစ္ႏိုင္ငံ ပါရီၿမိဳ႕မွာ အပူခ်ိန္ေလွ်ာ့ခ်ႏိုင္ဖို႔ ကာဗြန္ဒိုင္ေအာက္ဆိုဒ္အတြက္ အစီအစဥ္ေရးဆြဲေနတာ ျဖစ္တယ္။ပိုလန္ႏိုင္ငံမွာလုပ္တဲ့ ညႇိႏႈိင္းအစည္းအေဝးမွာ အစီအစဥ္ေရးဆြဲႏိုင္ခဲ့တဲ့အတြက္ ၂၀၂၀ ေလာက္ကစၿပီး ဒီလုပ္ငန္းစဥ္ေတြကို အေကာင္အထည္ေဖာ္ဖို႔ရွိတယ္။၂၀၃၀ ေလာက္ ရည္မွန္းခ်က္ထားၿပီးေတာ့ လုပ္ေနတယ္။ကြၽန္ေတာ္တို႔ ရည္မွန္းခ်က္ထားၿပီး လုပ္ေနေပမယ့္ အပူခ်ိန္က ေလ်ာ့ေတာ့မေလ်ာ့သြားေသးဘူး။IVCC ရဲ႕ အစီရင္ခံစာအရ ဆက္ၿပီးတက္ေနဦးမွာဘဲ။၂၀၄၀ နဲ႔ ၂၀၅၅ အဲ့ေလာက္က်မွ ေလွ်ာ့ခ်တဲ့ လုပ္ငန္းစဥ္ေတြ အားလုံးကို ေဆာင္႐ြက္မွ အပူခ်ိန္က တေျပးညီျဖစ္သြားမယ္။ႏို႔မိုဆိုရင္ေတာ့ ရာစုႏွစ္အတြင္းမွာ အပူခ်ိန္က ေတာက္ေလွ်ာက္ ေထာင္တက္သြားမယ္” လို႔ ဆိုပါတယ္။

လိုလာတဲ့ ကာကြယ္မႈ

ဒီရက္ပိုင္းမွာ ေန႔အပူခ်ိန္ေတြက စင္တီဂရိတ္ ၄၀ အထက္မွာ ရွိေနတဲ့အတြက္ လူတိုင္းက အပူခ်ိန္နဲ႔ ႏြမ္းနယ္ေနသလို သစ္ပင္သစ္ေတာေတြ ျပန္ျပဳစုပ်ိဳးေထာင္ဖို႔ အေရးတႀကီးလုပ္ဖို႔ လိုလာၿပီဆိုတာ သတိထားမိလာၾကပါတယ္။အစိုးရအေနနဲ႔ သဘာဝေဘးဒဏ္ေတြ ေလ်ာ့နည္းေစဖို႔၊ အပူခ်ိန္ေတြ တိုးျမင့္မလာေစဖို႔၊ အလြန္အကြၽံ ထုတ္ယူသုံးစြဲခဲ့တဲ့ သစ္ေတာမ်ား ျပန္လည္အစားထိုးႏိုင္ဖို႔အတြက္ အေကာင္ထည္ေဖာ္ ေဆာင္႐ြက္မႈအခ်ိဳ႕ကို ျပဳလုပ္ေဆာင္႐ြက္ေနၿပီလို႔ ဆိုပါတယ္။

အစိုးရသစ္လက္ထက္မွာ ျမန္မာႏိုင္ငံတြင္ ၂၀၁၆ -၂၀၁၇ ခုႏွစ္မွ စတင္ကာ ပဲခူး႐ိုးမတြင္ သစ္ထုတ္လုပ္ မႈ ၁၀ ႏွစ္ ရပ္ဆိုင္းျခင္း၊ သစ္ေတာျပန္လည္ထူေထာင္ေရး စီမံကိန္းကို တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ အသီးသီးမွာ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ျခင္း၊ ဒီေရေတာမ်ား ျပန္လည္စိုက္ပ်ိဳးေမြးျမဴျခင္း လုပ္ငန္းမ်ားကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္လွ်က္ရွိေနၿပီ ျဖစ္ပါတယ္။

တစ္ႏွစ္ထက္တစ္ႏွစ္ တိုးလာတဲ့ အပူခ်ိန္ေတြ၊ ေျပာင္းလဲလာတဲ့ ရာသီဥတုျဖစ္စဥ္ေတြကိုၾကည့္ရင္ ရာသီဥတုကို ေစာင့္ေရွာက္ဖို႔ ကြၽန္ေတာ္တို႔ေတြ ဘယ္ေလာက္အထိ ပ်က္ကြက္ခဲ့သလဲဆိုတာ သိႏိုင္မယ္ထင္ပါ တယ္။ဒါဟာ ပ်က္ကြက္မႈရဲ႕ ထင္ရွားတဲ့ အမွတ္အသားျဖစ္ၿပီး ယခင္ထက္ ပူျပင္းလာမယ့္ ေႏြရာသီေတြကို မလြဲမေသြ ထပ္မံႀကဳံေတြ႕လာရဦးမွာျဖစ္ၿပီး ေနာင္လာေနာက္သားေတြအတြက္ ပိုမိုေကာင္းမြန္တဲ့ သဘာဝပတ္ဝန္းက်င္ကို ဖန္တီးေပးဖို႔ အားလုံး ပူးေပါင္းပါဝင္ ေဆာင္႐ြက္သင့္ေနၿပီ ျဖစ္ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ဧၿပီ - ၂၃