【 သတင်းဆောင်းပါး 】 “မြန်မာပြည်မှာ တရားဥပဒေစိုးမိုးမှု ရှိလာပြီလား”

【 သတင်းဆောင်းပါး 】 “မြန်မာပြည်မှာ တရားဥပဒေစိုးမိုးမှု ရှိလာပြီလား”

တိုင်းပြည်တစ်ခုရဲ့ အေးချမ်းသာယာမှုဟာ အဲ့ဒီတိုင်းပြည်ရဲ့ တရားဥပဒေစိုးမိုးမှုအပေါ် မူတည်ပေမယ့် မြန်မာနိုင်ငံမှာ နေထိုင်သူတွေအတွက် တစ်နေ့ထက်တစ်နေ့ များပြားနေဆဲဖြစ်တဲ့ မှုခင်းဖြစ်ရပ်တွေကြောင့် စိုးရိမ်ထိတ်လန့်စရာ အခြေအနေကနေ အရပ်သားအစိုးရ သက်တမ်း ၄ နှစ်တွင်း ဝင်လာတဲ့အထိ ရုန်းမထွက်နိုင်သေးပါဘူး။ဒါဟာ ဘာကြောင့်ပါလဲ…။

ရဲတပ်ဖွဲ့ရဲ့ လစဉ်ထုတ်ပြန်ချက်တွေကို ပြန်ကြည့်တဲ့အခါ  မြန်မာနိုင်ငံအတွင်း ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ထဲ လူသတ်မှု ၁၄၇၆ မှုအထိ ဖြစ်ပွားခဲ့ပါတယ်။ဒါဟာ  ၂၀၁၆၊ ၂၀၁၇ ခုနှစ်တွေထက် ပိုလာတဲ့ အရေအတွက်ပါ။စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့တစ်ခုတည်းမှာ ၂၀၁၇ ခုနှစ်က လူသတ်မှု ၁၅၆ မှု ဖြစ်ပွားခဲ့ပေမယ့်  ၂၀၁၈ ခုနှစ် မှာတော့ ယခင်နှစ်ကထက် အမှု ၂၀ ပိုကာ ၁၇၆ မှု ဖြစ်ပွားခဲ့ပါတယ်။သရုပ်ဆောင် အောင်ရဲထွေး အသတ် ခံရမှု၊ FDA ဝန်ထမ်း အမျိုးသမီးတစ်ဦးအား အငှားယာဉ်မောင်းက အဓမ္မပြုကျင့် သတ်ဖြတ်မှု စတဲ့ တရားဥပဒေကို စိန်ခေါ်တဲ့ မှုခင်းတွေ ၂၀၁၈ ခုနှစ်အတွင်းမှာ အများပြည်သူများအကြား ထိတ်လန့်အံ့သြဖွယ် ပေါ်ပေါက်ခဲ့ပါတယ်။

ယခုနှစ်  ဇန်နဝါရီကနေ ဧပြီအထိ (၄) လအတွင်း  ရန်ကုန်တိုင်းဒေသကြီးတစ်ခုတည်းမှာ လူသတ်မှု (၆၄) မှု ဖြစ်ပေါ်ခဲ့ပါတယ်။ထူးခြားကြောက်လန့်ဖွယ် လူသတ်ခံရမှုကလည်း ဖေဖေါ်ဝါရီမှာဖြစ်ခဲ့ပြီး လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ဒါဟာ တောင်ငူက  မြေကွက်အတွက် ဂရမ်ကိစ္စသွားတဲ့ စစ်တပ်အငြိမ်းစား အရာရှိလင်မယားကို မြေကွက်နဂိုပိုင်ရှင်က လျှပ်စစ်ကြွေသီးနဲ့ ထုရိုက်သတ်ခဲ့တဲ့ ဖြစ်ရပ်ပါဘဲ။ဒီဖြစ်ရပ်မှာ လူမှုအဝန်းအဝိုင်းကြား ဆွေးနွေးငြင်းခုံမှုတွေ ထွက်လာခဲ့သလို ရပ်ရွာမှာပျောက်ကွယ်နေတဲ့ “တားဆီးခြင်း” ထုံးတမ်းအစဉ်အလာ တန်ဖိုးက ပြန်လည်ရှေ့တန်းရောက်ခဲ့ပါတယ်။

ဒီအခြေအနေတွေကြောင့် ရာဇဝတ်မှုတွေကို ဦးစားပေးအနေနဲ့ ကာကွယ်တားဆီးပေးဖို့ လွှတ်တော်မှာ ဆွေးနွေးရတဲ့အထိ ဖြစ်ပေါ်လာခဲ့ပါတယ်။မတ်လ ၄ ရက် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးမှာ မြို့ပြများတွင် တရားဥပဒေစိုးမိုးပြီး ပြည်သူလူထုရဲ့ လူနေမှုဘဝ လုံခြုံမှုရှိစေရန် ရာဇဝတ်မှုများ ဖြစ်ပေါ်နေမှုကို ကာကွယ်တားဆီးပေးဖို့ ဦးစားပေးအဆင့် ဆောင်ရွက်ပေးရန် အစိုးရကို တိုက်တွန်းတဲ့ အဆိုကို ဝေါမဲဆန္ဒနယ် ပြည်သူ့လွှွတ်တော် ကိုယ်စားလှယ်က တင်သွင်းခဲ့ပါ တယ်။ဒီလိုတင်သွင်းခဲ့တဲ့အခါ လွှတ်တော်အတွင်း အပြန်အလှန်ဆွေးနွေးခဲ့ပြီး တောင်ငူမှာဖြစ်ပွားခဲ့တဲ့ လူသတ်မှုဖြစ်စဉ်မှာ ဝင်ရောက်ဟန့်တားသူတွေနဲ့ တာဝန်ရှိသူတွေ အချိန်မီမရောက်လာလို့ ပြည်သူလူထုအနေနဲ့ လုံခြုံစိတ်ချစွာ နေထိုင်သွားလာရေးအတွက် စိုးရိမ်စရာဖြစ်လာတယ်လို့ ဆွေးနွေးခဲ့ပါတယ်။

“လူမြင်ကွင်းမှာ ဒေါသအလျောက် လူသတ်နေတာကို ဗီဒီယိုဖိုင်ရိုက်ထားနိုင်ပြီး ပတ်ဝန်းကျင်မှ ဝင်ရောက်ဟန့်တားနိုင်ခြင်း မရှိသလို အခင်းဖြစ်ပွားနေချိန် တာဝန်ရှိသူတွေ အချိန်မီ မလာရောက်နိုင်ခြင်းကလည်း ရင်နာစရာအဖြစ်ဆိုးတွေ ဖြစ်ပေါ်စေပြီး ပြည်သူလူထုအတွက် နေထိုင်သွားလာရေး လုံခြုံစိတ်ချရမှုဆိုတာကြီးကို စိန်ခေါ်မှုတစ်ရပ်လို ဖြစ်နေပါတယ်” လို့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ပြဆွေးနွေးရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဒါဟာ တရားဥပဒေစိုးမိုးမှု အကောင်အထည်ဖော်ရာမှာ အားနည်းချက် ဘယ်လောက်ရှိနေသလဲဆိုတာ ဖော်ပြလိုက်တာဖြစ်ပြီး တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးထင်ဇော်လွင် ကတော့  မြန်မာနိုင်ငံဟာ တရားဥပဒေစိုးမိုးမှု အညွှန်းကိန်းအရ ၂၀၁၇-၁၈ မှာ နိုင်ငံပေါင်း ၁၁၃ နိုင်ငံအနက် အဆင့် ၁၀၀ ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ် အညွှန်းကိန်းမှာတော့ ၁၁၀ အထိ ကျဆင်းသွားတယ်လို့ ပြောခဲ့ပါတယ်။

မှုခင်းတွေဘာကြောင့် အဖြစ်များလာသလဲ

မှုခင်းများဖြစ်ပွားမှု များပြားလာရခြင်းဟာ အဖွဲ့စုံပါဝင်တဲ့ မှုခင်းကာကွယ်ရေး ကြိုတင်အသိပေး ဆွေးနွေးပွဲတွေ မပြုလုပ်တာကြောင့်လည်းဖြစ်တယ်လို့ ဒုရဲမှူးဟောင်း မိုးရန်နိုင် က သုံးသပ်ပြောကြားပါတယ်။

“ရာဇဝတ်မှုတွေ ထူပြောလာတာက မှုခင်းကျဆင်းရေး ဟောပြောပွဲတွေလုပ်တာ အားနည်းတာပေါ့။ကျွန်တော်တို့ခေတ်တုန်းကဆိုရင် စစ်ကြောင်းသဘောမျိုးနဲ့ပေါ့။ဌာနတွေပါတယ် လ.ဝ.ကတို့ အကုန်ပါတယ်။ဌာနပေါင်းစုံက အကြီးအကဲတွေကိုယ်တိုင် ရဲတပ်ဖွဲ့နဲ့ပေါင်းပြီး စစ်ကြောင်းတွေထွက်တယ်။၃ ဖွဲ့ဆို ၃ ဖွဲ့ပေါ့။ခင်ဦးမြို့နယ်ဆိုရင် အပိုင်းလိုက် အပိုင်းလိုက် နယ်လှည့်ပြီးတော့ ၁ ပတ်၊ ၁၀ ရက် ညအိပ်ပြီးတော့ မှုခင်းကျဆင်းရေးကို တက်ရောက်ပြီးတော့ တခါတည်းဟောတာ။လ.ဝ.က ဆိုရင်လည်း မှတ်ပုံတင်ကိစ္စတွေ၊ အုပ်ချုပ်ရေးပိုင်းကဆိုရင်လည်း အုပ်ချုပ်ရေးအပိုင်းက သဘောတရားတွေ၊ ရဲတပ်ဖွဲ့ဆိုရင်လည်း ရဲတပ်ဖွဲ့သဘောတရားတွေ ပေါင်းစုံပေါ့၊ သစ်တောဆိုရင်လည်း သစ်တောဥပဒေ သဘောတရားတွေ တခါတည်းလှည့်ပြီးတော့ ဟောပြောပြီးလုပ်တယ်။ခုနောက်ပိုင်း သိပ်ပြီးလုပ်တာမတွေ့ဘူး လုပ်လိုက်လို့ရှိရင်လည်း မှတ်တမ်းဓာတ်ပုံပါရုံလေး ဖြစ်နေတယ်” လို့ ဆိုပါတယ်။

အခြားသော နယ်မြို့များနည်းတူ တရားဥပဒေစိုးမိုးပါတယ်ဆိုတဲ့ ရန်ကုန်မြို့မှာလည်း လူသတ်မှု၊ မုဒိမ်းမှုတွေ ပိုမိုဖြစ်ပွားလာပြီး အဲ့ဒီလိုဖြစ်ပွားရခြင်းဟာ ပျံကျအလုပ်သမားများလာခြင်း၊ လူမိုက်ဂိုဏ်းများ ပေါများလာပြီး အဆိုပါ လူဆိုးလူမိုက် ဂိုဏ်းများကို ရဲတပ်ဖွဲ့မှ ထိထိရောက်ရောက် မနှိမ်နှင်းတဲ့အတွက် ဖြစ်တယ်လို့ ဒုရဲမှူးဟောင်း မိုးရန်နိုင် က ဆိုပါတယ်။

“ရန်ကုန်မြို့က တစ်နိုင်ငံလုံးထဲမှာ လူဦးရေ အထူထပ်ဆုံးတိုင်း။လူဦးရေထူထပ်တာလည်းပါတယ်၊ ပျံကျအလုပ်သမားတွေ များလာတယ်။လူမိုက်တွေဆိုရင်လည်း အုပ်စုလိုက် အုပ်စုလိုက် သူ့အပိုင် ကိုယ့်အပိုင် ဒီလိုမျိုးလေးတွေရှိတယ်။ဒီလိုအဖွဲ့တွေ ကြီးစိုးတာတွေရှိတာကို ရဲတပ်ဖွဲ့က ထိထိရောက်ရောက် မနှိမ်နှင်းနိုင်ဘူး။အဲ့ဒါကြောင့် လူသတ်မှုတွေ ပိုများလာတယ်” လို့ ဆိုပါတယ်။

ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်း ကတော့ ရန်ကုန်မြို့တွင် အလုပ်အကိုင် အခွင့်အလမ်းများ ရှိသည့်အတွက် လာရောက်အခြေချ နေထိုင်သူများပြားရာမှ လူဦးရေထူထပ်များပြားလာပြီး ငွေကြေးအလွယ်တကူ ရရှိလိုသူများက ရာဇဝတ်မှုများကျူးလွန်ကြတဲ့အတွက် မှုခင်းတွေ ပိုမိုဖြစ်ပွားလာတာလို့ ဆိုပါတယ်။ဒါဟာ တရားဥပဒေစိုးမိုးမှု အားနည်းခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးခြင်းနှင့်အတူ စားဝတ်နေရေး ကျပ်တည်းမှုတွေကြောင့် မှုခင်းဖြစ်ပွားမှုကို တိုးပွားလာစေတယ်လို့ ဥပဒေအကြံပေး ဦးတင်သန်းဦး က သုံးသပ်ခဲ့ပါတယ်။  

၎င်းက မှုခင်းတွေများလာတာက တရားဥပဒေတွေ အားနည်းလာတဲ့အတွက် မှုခင်းတွေများလာတယ်။အထူးသဖြင့် ဒုစရိုက်မှုခင်းကြီးတွေ များလာတယ်။ဒုစရိုက်မှုခင်းလေးတွေ များလာတာက လူတွေရဲ့ စားဝတ်နေရေး ကျပ်တည်းလာတယ်။ဝင်ငွေကျပ်တည်းလာတယ်။ခက်ခဲလာတယ်။လူတွေက ပြစ်မှုကျူးလွန်ပြီးတော့ ငွေကြေးလိမ်လည်မှုတွေ ပိုများလာတယ်လို့ ပြောလို့ရတယ်” လို့လည်း ဆိုပါတယ်။

လက်ရှိမှာ အာဏာပိုင်တွေဘက်က ဒုစရိုက်မှုခင်းများ တားဆီးကာကွယ်ရန် လုပ်ဆောင်နေကြတယ်လို့ ဆိုပေမယ့် မှုခင်းဖြစ်စဉ်တွေ လျော့နည်းသွားခြင်းမရှိဘဲ ပုံစံအမျိုးမျိုးနဲ့ ဆက်လက်ဖြစ်ပွားလျှက်ရှိပါတယ်။လတ်တလောထင်ရှားတဲ့ လူသတ်မှုတွေကိုကြည့်ရင် လူသတ်မှုက အောက်ခြေလူတန်းစားတွင်မကဘဲ ဖြစ်နေတာကို တွေ့ရမှာပါ။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်မှာ လှိုင်သာယာမြို့နယ် ၁၂ ရပ်ကွက် ပေါ်ဆန်းမွှေးလမ်းမှာရှိတဲ့ ဆောက်လက်စ ၃ ထပ်ခွဲတိုက် နေအိမ်မှာ အလုပ်လုပ်တဲ့ ပန်းရံသမားက အိမ်အတွင်း ပစ္စည်းဝင်ခိုးစဉ် အိပ်ယာမှနိုးလာတဲ့ အိမ်ရှင်လင်မယားကို ဓားနဲ့ထိုးတဲ့အတွက် အိမ်ရှင်အမျိုးသမီး သေဆုံးခဲ့ပြီး ခင်ပွန်းဖြစ်သူမှာလည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။နောက်တစ်ရက်ဖြစ်တဲ့ ဇူလိုင်လ ၃၀ ရက်နေ့ကလည်း မင်္ဂလာတောင်ညွှန့်မြို့နယ် ဗိုလ်မင်းရောင်လမ်းနဲ့ ၁၁၈ လမ်းထောင့်ရှိ လေးလွှာတိုက်ခန်းတစ်ခုမှာ ပစ္စည်းများခိုးယူရန် ဖောက်ထွင်းဝင်ရောက်လာတဲ့ သူခိုးက နိုးလာတဲ့ အိမ်ရှင်လင်မယားကို ဓားနဲ့ထိုးသတ်ခဲ့တဲ့အတွက် ယောင်္ကျားဖြစ်သူ ပွဲချင်းပြီးသေဆုံးပြီး မိန်းမဖြစ်သူ အပြင်းအထန် ဒဏ်ရာတွေရရှိခဲ့ပါတယ်။

ဒီလိုဖြစ်စဉ်တွေကြောင့် မှုခင်းနှိမ်နှင်းရေးကို အဓိကလုပ်ဆောင်နေတဲ့ ရဲတပ်ဖွဲ့ကို ဝေဖန်မှုများ မြင့်တက်လာခဲ့ပါတယ်။ရဲအရာရှိတစ်ဦးကတော့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း မှုခင်းကျဆင်းရေးကို အစွမ်းကုန်လုပ်ဆောင်နေပေမယ့် အခက်အခဲအချို့ ရှိတယ်လို့ ဆိုပါတယ်။

“တပ်ဖွဲ့ဝင်အင်အားအနေနဲ့လည်း နည်းပါးတယ်။ညဘက် လှည့်ကင်းထွက်ရတယ်။နေ့ဘက်မှာ တရားရုံးချိန်းတွေကို တရားခံတွေ လိုက်ပို့ရတယ်။အရေးပေါ်လုံခြုံရေးတွေ ပေးရတယ်။ရုှိတဲ့တပ်ဖွဲ့ဝင်နဲ့ လုပ်ရတဲ့အလုပ်က မမျှတော့ မှုခင်းကြိုတင်နှိမ်နှင်းရေးကို အားနည်းစေတယ်” လို့ ဆိုပါတယ်။

ဒါကြောင့်လည်း ဒုရဲမှူးဟောင်း မိုးရန်နိုင် က မှုခင်းဖြစ်စဉ်တွေ လျော့နည်းကျဆင်းလာစေဖို့ အကြံပြုခဲ့ရာမှာ “ရဲတပ်ဖွဲ့မှာ ဥပဒေက ပြဌာန်းပြီးသား၊ တရားခံဖမ်းရင် လိုအပ်သလို ဖမ်းဆီးနိုင်တယ်။ပစ်ခတ်ပြီး ဖမ်းဆီးနိုင်တယ်။ သေဒဏ်၊ ကျွန်းဒဏ် တရားခံတွေကို အသေပစ်သတ်ပြီး ဖမ်းဆီးနိုင်တယ်ဆိုတာ ဥပဒေမှာကို ပြဌာန်းထားတယ်။ဒါပေမယ့် ရဲတပ်ဖွဲ့မှာ လုံလုံလောက်လောက် မကျင့်သုံးနိုင်ဘူး။ဒါလည်း ဒီလိုတစ်ခုခုကျင့်သုံးလိုက်ရင် အထက်က လူကြီးတွေက ဥပဒေနဲ့ညီရင် အရေးမယူရမှာကို မလိုလားအပ်ဘဲနဲ့ ခုံရုံးဖွဲ့စစ်ဆေးတာတို့ လုပ်တဲ့အခါကျတော့ ရဲတပ်ဖွဲ့မှာ အကြောက်တရားတွေဖြစ်တာပေါ့။ဒီလိုအကြောက်တရားဖြစ်အောင် တမင်သက်သက် လုပ်နေသလားပေါ့။ဒါမျိုးတွေ သံသယရှိတယ်။ဒီလိုဆိုတော့ ရဲတပ်ဖွဲ့က အင်အားစိုက်ထုတ်ရမယ့်ဟာကို မစိုက်ထုတ်တော့ဘူး” လို့ ဆိုပါတယ်။

ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်း ကလည်း မှုခင်းများနည်းပါးလာစေဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် နိုင်ငံတကာစံချိန်စံညွှန်းအမီ လေ့လာသင်ယူဆောင်ရွက်သင့်ပြီး လွှွတ်တော်အနေဖြင့်လည်း လိုအပ်သည့် ဥပဒေများ ပြင်ဆင်ရန် ဆွေးနွေးအဖြေရှာကြရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြစ်မှု ပြစ်ဒဏ်အတိုင်း အမှန်တကယ် ပြစ်ဒဏ်စီရင်ပါက ပြစ်မှုကျူးလွန်ရန် ကြံစည်သူများ ကြောက်လန့်လာပြီး မှုခင်းဖြစ်ပွားမှုများ လျော့နည်းလာမယ်လို့ အများကလက်ခံ ယုံကြည်လာခဲ့ကြပါတယ်။ပြစ်မှု ပြစ်ဒဏ်ကို စီရင်ဆုံးဖြတ်သည့် တရားရုံးများအနေဖြင့် အမှုကို မြန်ဆန်အောင် စစ်ဆေးကာ ဥပဒေအတိုင်း စီရင်ဆောင်ရွက်သင့်ကြောင်း၊ သေဒဏ်ထိုက်သည့် ပြစ်မှုများ ကျူးလွန်သူကိုများကိုလည်း အများမြင်သာမှုရှိစေရန် ထိထိရောက်ရောက် ပြစ်ဒဏ်ချမှတ်သင့်တယ်လို့  ဦးတင်သန်းဦး က ဆိုပါတယ်။

“ခုချိန်ထိ သေဒဏ်ပေးတာတွေ မတွေ့ရဘူး။အရင်တုန်းကတော့ သမ္မတမရှိလို့ ဖွဲ့စည်းပုံအရ စစ်တပ်ခေတ် တောက်လျှောက်မှာ သေဒဏ်မပေးခဲ့ဘူးဆိုပေမယ့် နိုင်ငံတော်သမ္မတရှိလာတဲ့ အခါမျိုးမှာလည်းဘဲ သေဒဏ်ပေးတာတွေ မတွေ့ရသေးဘူး။တရားရုံးက သေဒဏ်ချလိုက်တယ်ဆိုရင် တရားခံရဲ့ အခွင့်အရေးဖြစ်တဲ့ အယူခံခွင့်၊ ပြင်ဆင်ခွင့်တို့ ပေးပြီးတာနဲ့ လူတွေက တကယ်တမ်းလိုချင်တာက သေဒဏ် ၁ ယောက် ၂ ယောက် ချလိုက်ရင် မှုခင်းတွေရပ်သွားနိုင်တယ်” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ မှုခင်းဖြစ်စဉ်တွေကို ထိထိရောက်ရောက်ကာကွယ် မတားဆီးနိုင်ရင် တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပိုမိုဆိုးဝါးလာနိုင်ပါတယ်။လက်ရှိအချိန်မှာတော့ တိုင်းသူပြည်သားတွေအနေနဲ့ မိမိတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို မိမိကိုယ်သာ ကိုးကွယ်ရာလို့ သတ်မှတ်ပြီး သတိ၊ ဝီရိယနဲ့သာ နေထိုင်သွားလာရမယ့် အခြေအနေမျိုးကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
သြဂုတ် - ၂၇

( Zawgyi )

တိုင္းျပည္တစ္ခုရဲ႕ ေအးခ်မ္းသာယာမႈဟာ အဲ့ဒီတိုင္းျပည္ရဲ႕ တရားဥပေဒစိုးမိုးမႈအေပၚ မူတည္ေပမယ့္ ျမန္မာႏိုင္ငံမွာ ေနထိုင္သူေတြအတြက္ တစ္ေန႔ထက္တစ္ေန႔ မ်ားျပားေနဆဲျဖစ္တဲ့ မႈခင္းျဖစ္ရပ္ေတြေၾကာင့္ စိုးရိမ္ထိတ္လန႔္စရာ အေျခအေနကေန အရပ္သားအစိုးရ သက္တမ္း ၄ ႏွစ္တြင္း ဝင္လာတဲ့အထိ ႐ုန္းမထြက္ႏိုင္ေသးပါဘူး။ဒါဟာ ဘာေၾကာင့္ပါလဲ…။

ရဲတပ္ဖြဲ႕ရဲ႕ လစဥ္ထုတ္ျပန္ခ်က္ေတြကို ျပန္ၾကည့္တဲ့အခါ  ျမန္မာႏိုင္ငံအတြင္း ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ထဲ လူသတ္မႈ ၁၄၇၆ မႈအထိ ျဖစ္ပြားခဲ့ပါတယ္။ဒါဟာ  ၂၀၁၆၊ ၂၀၁၇ ခုႏွစ္ေတြထက္ ပိုလာတဲ့ အေရအတြက္ပါ။စီးပြားေရးၿမိဳ႕ေတာ္ျဖစ္တဲ့ ရန္ကုန္ၿမိဳ႕တစ္ခုတည္းမွာ ၂၀၁၇ ခုႏွစ္က လူသတ္မႈ ၁၅၆ မႈ ျဖစ္ပြားခဲ့ေပမယ့္  ၂၀၁၈ ခုႏွစ္ မွာေတာ့ ယခင္ႏွစ္ကထက္ အမႈ ၂၀ ပိုကာ ၁၇၆ မႈ ျဖစ္ပြားခဲ့ပါတယ္။သ႐ုပ္ေဆာင္ ေအာင္ရဲေထြး အသတ္ ခံရမႈ၊ FDA ဝန္ထမ္း အမ်ိဳးသမီးတစ္ဦးအား အငွားယာဥ္ေမာင္းက အဓမၼျပဳက်င့္ သတ္ျဖတ္မႈ စတဲ့ တရားဥပေဒကို စိန္ေခၚတဲ့ မႈခင္းေတြ ၂၀၁၈ ခုႏွစ္အတြင္းမွာ အမ်ားျပည္သူမ်ားအၾကား ထိတ္လန႔္အံ့ၾသဖြယ္ ေပၚေပါက္ခဲ့ပါတယ္။

ယခုႏွစ္  ဇန္နဝါရီကေန ဧၿပီအထိ (၄) လအတြင္း  ရန္ကုန္တိုင္းေဒသႀကီးတစ္ခုတည္းမွာ လူသတ္မႈ (၆၄) မႈ ျဖစ္ေပၚခဲ့ပါတယ္။ထူးျခားေၾကာက္လန႔္ဖြယ္ လူသတ္ခံရမႈကလည္း ေဖေဖၚဝါရီမွာျဖစ္ခဲ့ၿပီး လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။ဒါဟာ ေတာင္ငူက  ေျမကြက္အတြက္ ဂရမ္ကိစၥသြားတဲ့ စစ္တပ္အၿငိမ္းစား အရာရွိလင္မယားကို ေျမကြက္နဂိုပိုင္ရွင္က လွ်ပ္စစ္ေႂကြသီးနဲ႔ ထု႐ိုက္သတ္ခဲ့တဲ့ ျဖစ္ရပ္ပါဘဲ။ဒီျဖစ္ရပ္မွာ လူမႈအဝန္းအဝိုင္းၾကား ေဆြးေႏြးျငင္းခုံမႈေတြ ထြက္လာခဲ့သလို ရပ္႐ြာမွာေပ်ာက္ကြယ္ေနတဲ့ “တားဆီးျခင္း” ထုံးတမ္းအစဥ္အလာ တန္ဖိုးက ျပန္လည္ေရွ႕တန္းေရာက္ခဲ့ပါတယ္။

ဒီအေျခအေနေတြေၾကာင့္ ရာဇဝတ္မႈေတြကို ဦးစားေပးအေနနဲ႔ ကာကြယ္တားဆီးေပးဖို႔ လႊတ္ေတာ္မွာ ေဆြးေႏြးရတဲ့အထိ ျဖစ္ေပၚလာခဲ့ပါတယ္။မတ္လ ၄ ရက္ ျပည္သူ႔လႊတ္ေတာ္ ပုံမွန္အစည္းအေဝးမွာ ၿမိဳ႕ျပမ်ားတြင္ တရားဥပေဒစိုးမိုးၿပီး ျပည္သူလူထုရဲ႕ လူေနမႈဘဝ လုံၿခဳံမႈရွိေစရန္ ရာဇဝတ္မႈမ်ား ျဖစ္ေပၚေနမႈကို ကာကြယ္တားဆီးေပးဖို႔ ဦးစားေပးအဆင့္ ေဆာင္႐ြက္ေပးရန္ အစိုးရကို တိုက္တြန္းတဲ့ အဆိုကို ေဝါမဲဆႏၵနယ္ ျပည္သူ႔လႊြတ္ေတာ္ ကိုယ္စားလွယ္က တင္သြင္းခဲ့ပါ တယ္။ဒီလိုတင္သြင္းခဲ့တဲ့အခါ လႊတ္ေတာ္အတြင္း အျပန္အလွန္ေဆြးေႏြးခဲ့ၿပီး ေတာင္ငူမွာျဖစ္ပြားခဲ့တဲ့ လူသတ္မႈျဖစ္စဥ္မွာ ဝင္ေရာက္ဟန႔္တားသူေတြနဲ႔ တာဝန္ရွိသူေတြ အခ်ိန္မီမေရာက္လာလို႔ ျပည္သူလူထုအေနနဲ႔ လုံၿခဳံစိတ္ခ်စြာ ေနထိုင္သြားလာေရးအတြက္ စိုးရိမ္စရာျဖစ္လာတယ္လို႔ ေဆြးေႏြးခဲ့ပါတယ္။

“လူျမင္ကြင္းမွာ ေဒါသအေလ်ာက္ လူသတ္ေနတာကို ဗီဒီယိုဖိုင္႐ိုက္ထားႏိုင္ၿပီး ပတ္ဝန္းက်င္မွ ဝင္ေရာက္ဟန႔္တားႏိုင္ျခင္း မရွိသလို အခင္းျဖစ္ပြားေနခ်ိန္ တာဝန္ရွိသူေတြ အခ်ိန္မီ မလာေရာက္ႏိုင္ျခင္းကလည္း ရင္နာစရာအျဖစ္ဆိုးေတြ ျဖစ္ေပၚေစၿပီး ျပည္သူလူထုအတြက္ ေနထိုင္သြားလာေရး လုံၿခဳံစိတ္ခ်ရမႈဆိုတာႀကီးကို စိန္ေခၚမႈတစ္ရပ္လို ျဖစ္ေနပါတယ္” လို႔ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးက ေထာက္ျပေဆြးေႏြးရတဲ့အထိ ျဖစ္ခဲ့ပါတယ္။

ဒါဟာ တရားဥပေဒစိုးမိုးမႈ အေကာင္အထည္ေဖာ္ရာမွာ အားနည္းခ်က္ ဘယ္ေလာက္ရွိေနသလဲဆိုတာ ေဖာ္ျပလိုက္တာျဖစ္ၿပီး တပ္မေတာ္သား ကိုယ္စားလွယ္ ဗိုလ္မႉးထင္ေဇာ္လြင္ ကေတာ့  ျမန္မာႏိုင္ငံဟာ တရားဥပေဒစိုးမိုးမႈ အၫႊန္းကိန္းအရ ၂၀၁၇-၁၈ မွာ ႏိုင္ငံေပါင္း ၁၁၃ ႏိုင္ငံအနက္ အဆင့္ ၁၀၀ ရွိခဲ့ရာမွ ၂၀၁၉ ခုႏွစ္ အၫႊန္းကိန္းမွာေတာ့ ၁၁၀ အထိ က်ဆင္းသြားတယ္လို႔ ေျပာခဲ့ပါတယ္။

မႈခင္းေတြဘာေၾကာင့္ အျဖစ္မ်ားလာသလဲ

မႈခင္းမ်ားျဖစ္ပြားမႈ မ်ားျပားလာရျခင္းဟာ အဖြဲ႕စုံပါဝင္တဲ့ မႈခင္းကာကြယ္ေရး ႀကိဳတင္အသိေပး ေဆြးေႏြးပြဲေတြ မျပဳလုပ္တာေၾကာင့္လည္းျဖစ္တယ္လို႔ ဒုရဲမႉးေဟာင္း မိုးရန္ႏိုင္ က သုံးသပ္ေျပာၾကားပါတယ္။

“ရာဇဝတ္မႈေတြ ထူေျပာလာတာက မႈခင္းက်ဆင္းေရး ေဟာေျပာပြဲေတြလုပ္တာ အားနည္းတာေပါ့။ကြၽန္ေတာ္တို႔ေခတ္တုန္းကဆိုရင္ စစ္ေၾကာင္းသေဘာမ်ိဳးနဲ႔ေပါ့။ဌာနေတြပါတယ္ လ.ဝ.ကတို႔ အကုန္ပါတယ္။ဌာနေပါင္းစုံက အႀကီးအကဲေတြကိုယ္တိုင္ ရဲတပ္ဖြဲ႕နဲ႔ေပါင္းၿပီး စစ္ေၾကာင္းေတြထြက္တယ္။၃ ဖြဲ႕ဆို ၃ ဖြဲ႕ေပါ့။ခင္ဦးၿမိဳ႕နယ္ဆိုရင္ အပိုင္းလိုက္ အပိုင္းလိုက္ နယ္လွည့္ၿပီးေတာ့ ၁ ပတ္၊ ၁၀ ရက္ ညအိပ္ၿပီးေတာ့ မႈခင္းက်ဆင္းေရးကို တက္ေရာက္ၿပီးေတာ့ တခါတည္းေဟာတာ။လ.ဝ.က ဆိုရင္လည္း မွတ္ပုံတင္ကိစၥေတြ၊ အုပ္ခ်ဳပ္ေရးပိုင္းကဆိုရင္လည္း အုပ္ခ်ဳပ္ေရးအပိုင္းက သေဘာတရားေတြ၊ ရဲတပ္ဖြဲ႕ဆိုရင္လည္း ရဲတပ္ဖြဲ႕သေဘာတရားေတြ ေပါင္းစုံေပါ့၊ သစ္ေတာဆိုရင္လည္း သစ္ေတာဥပေဒ သေဘာတရားေတြ တခါတည္းလွည့္ၿပီးေတာ့ ေဟာေျပာၿပီးလုပ္တယ္။ခုေနာက္ပိုင္း သိပ္ၿပီးလုပ္တာမေတြ႕ဘူး လုပ္လိုက္လို႔ရွိရင္လည္း မွတ္တမ္းဓာတ္ပုံပါ႐ုံေလး ျဖစ္ေနတယ္” လို႔ ဆိုပါတယ္။

အျခားေသာ နယ္ၿမိဳ႕မ်ားနည္းတူ တရားဥပေဒစိုးမိုးပါတယ္ဆိုတဲ့ ရန္ကုန္ၿမိဳ႕မွာလည္း လူသတ္မႈ၊ မုဒိမ္းမႈေတြ ပိုမိုျဖစ္ပြားလာၿပီး အဲ့ဒီလိုျဖစ္ပြားရျခင္းဟာ ပ်ံက်အလုပ္သမားမ်ားလာျခင္း၊ လူမိုက္ဂိုဏ္းမ်ား ေပါမ်ားလာၿပီး အဆိုပါ လူဆိုးလူမိုက္ ဂိုဏ္းမ်ားကို ရဲတပ္ဖြဲ႕မွ ထိထိေရာက္ေရာက္ မႏွိမ္ႏွင္းတဲ့အတြက္ ျဖစ္တယ္လို႔ ဒုရဲမႉးေဟာင္း မိုးရန္ႏိုင္ က ဆိုပါတယ္။

“ရန္ကုန္ၿမိဳ႕က တစ္ႏိုင္ငံလုံးထဲမွာ လူဦးေရ အထူထပ္ဆုံးတိုင္း။လူဦးေရထူထပ္တာလည္းပါတယ္၊ ပ်ံက်အလုပ္သမားေတြ မ်ားလာတယ္။လူမိုက္ေတြဆိုရင္လည္း အုပ္စုလိုက္ အုပ္စုလိုက္ သူ႔အပိုင္ ကိုယ့္အပိုင္ ဒီလိုမ်ိဳးေလးေတြရွိတယ္။ဒီလိုအဖြဲ႕ေတြ ႀကီးစိုးတာေတြရွိတာကို ရဲတပ္ဖြဲ႕က ထိထိေရာက္ေရာက္ မႏွိမ္ႏွင္းႏိုင္ဘူး။အဲ့ဒါေၾကာင့္ လူသတ္မႈေတြ ပိုမ်ားလာတယ္” လို႔ ဆိုပါတယ္။

ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဇာ္ဝင္း ကေတာ့ ရန္ကုန္ၿမိဳ႕တြင္ အလုပ္အကိုင္ အခြင့္အလမ္းမ်ား ရွိသည့္အတြက္ လာေရာက္အေျခခ် ေနထိုင္သူမ်ားျပားရာမွ လူဦးေရထူထပ္မ်ားျပားလာၿပီး ေငြေၾကးအလြယ္တကူ ရရွိလိုသူမ်ားက ရာဇဝတ္မႈမ်ားက်ဴးလြန္ၾကတဲ့အတြက္ မႈခင္းေတြ ပိုမိုျဖစ္ပြားလာတာလို႔ ဆိုပါတယ္။ဒါဟာ တရားဥပေဒစိုးမိုးမႈ အားနည္းျခင္း၊ အလုပ္အကိုင္ အခြင့္အလမ္း ရွားပါးျခင္းႏွင့္အတူ စားဝတ္ေနေရး က်ပ္တည္းမႈေတြေၾကာင့္ မႈခင္းျဖစ္ပြားမႈကို တိုးပြားလာေစတယ္လို႔ ဥပေဒအႀကံေပး ဦးတင္သန္းဦး က သုံးသပ္ခဲ့ပါတယ္။  

၎က မႈခင္းေတြမ်ားလာတာက တရားဥပေဒေတြ အားနည္းလာတဲ့အတြက္ မႈခင္းေတြမ်ားလာတယ္။အထူးသျဖင့္ ဒုစ႐ိုက္မႈခင္းႀကီးေတြ မ်ားလာတယ္။ဒုစ႐ိုက္မႈခင္းေလးေတြ မ်ားလာတာက လူေတြရဲ႕ စားဝတ္ေနေရး က်ပ္တည္းလာတယ္။ဝင္ေငြက်ပ္တည္းလာတယ္။ခက္ခဲလာတယ္။လူေတြက ျပစ္မႈက်ဴးလြန္ၿပီးေတာ့ ေငြေၾကးလိမ္လည္မႈေတြ ပိုမ်ားလာတယ္လို႔ ေျပာလို႔ရတယ္” လို႔လည္း ဆိုပါတယ္။

လက္ရွိမွာ အာဏာပိုင္ေတြဘက္က ဒုစ႐ိုက္မႈခင္းမ်ား တားဆီးကာကြယ္ရန္ လုပ္ေဆာင္ေနၾကတယ္လို႔ ဆိုေပမယ့္ မႈခင္းျဖစ္စဥ္ေတြ ေလ်ာ့နည္းသြားျခင္းမရွိဘဲ ပုံစံအမ်ိဳးမ်ိဳးနဲ႔ ဆက္လက္ျဖစ္ပြားလွ်က္ရွိပါတယ္။လတ္တေလာထင္ရွားတဲ့ လူသတ္မႈေတြကိုၾကည့္ရင္ လူသတ္မႈက ေအာက္ေျခလူတန္းစားတြင္မကဘဲ ျဖစ္ေနတာကို ေတြ႕ရမွာပါ။

ၿပီးခဲ့တဲ့ ဇူလိုင္လ ၂၉ ရက္မွာ လႈိင္သာယာၿမိဳ႕နယ္ ၁၂ ရပ္ကြက္ ေပၚဆန္းေမႊးလမ္းမွာရွိတဲ့ ေဆာက္လက္စ ၃ ထပ္ခြဲတိုက္ ေနအိမ္မွာ အလုပ္လုပ္တဲ့ ပန္းရံသမားက အိမ္အတြင္း ပစၥည္းဝင္ခိုးစဥ္ အိပ္ယာမွႏိုးလာတဲ့ အိမ္ရွင္လင္မယားကို ဓားနဲ႔ထိုးတဲ့အတြက္ အိမ္ရွင္အမ်ိဳးသမီး ေသဆုံးခဲ့ၿပီး ခင္ပြန္းျဖစ္သူမွာလည္း ဒဏ္ရာျပင္းထန္စြာ ရရွိခဲ့ပါတယ္။ေနာက္တစ္ရက္ျဖစ္တဲ့ ဇူလိုင္လ ၃၀ ရက္ေန႔ကလည္း မဂၤလာေတာင္ၫႊန႔္ၿမိဳ႕နယ္ ဗိုလ္မင္းေရာင္လမ္းနဲ႔ ၁၁၈ လမ္းေထာင့္ရွိ ေလးလႊာတိုက္ခန္းတစ္ခုမွာ ပစၥည္းမ်ားခိုးယူရန္ ေဖာက္ထြင္းဝင္ေရာက္လာတဲ့ သူခိုးက ႏိုးလာတဲ့ အိမ္ရွင္လင္မယားကို ဓားနဲ႔ထိုးသတ္ခဲ့တဲ့အတြက္ ေယာက်ၤားျဖစ္သူ ပြဲခ်င္းၿပီးေသဆုံးၿပီး မိန္းမျဖစ္သူ အျပင္းအထန္ ဒဏ္ရာေတြရရွိခဲ့ပါတယ္။

ဒီလိုျဖစ္စဥ္ေတြေၾကာင့္ မႈခင္းႏွိမ္ႏွင္းေရးကို အဓိကလုပ္ေဆာင္ေနတဲ့ ရဲတပ္ဖြဲ႕ကို ေဝဖန္မႈမ်ား ျမင့္တက္လာခဲ့ပါတယ္။ရဲအရာရွိတစ္ဦးကေတာ့ ရဲတပ္ဖြဲ႕ဝင္ေတြအေနနဲ႔လည္း မႈခင္းက်ဆင္းေရးကို အစြမ္းကုန္လုပ္ေဆာင္ေနေပမယ့္ အခက္အခဲအခ်ိဳ႕ ရွိတယ္လို႔ ဆိုပါတယ္။

“တပ္ဖြဲ႕ဝင္အင္အားအေနနဲ႔လည္း နည္းပါးတယ္။ညဘက္ လွည့္ကင္းထြက္ရတယ္။ေန႔ဘက္မွာ တရား႐ုံးခ်ိန္းေတြကို တရားခံေတြ လိုက္ပို႔ရတယ္။အေရးေပၚလုံၿခဳံေရးေတြ ေပးရတယ္။႐ုွိတဲ့တပ္ဖြဲ႕ဝင္နဲ႔ လုပ္ရတဲ့အလုပ္က မမွ်ေတာ့ မႈခင္းႀကိဳတင္ႏွိမ္ႏွင္းေရးကို အားနည္းေစတယ္” လို႔ ဆိုပါတယ္။

ဒါေၾကာင့္လည္း ဒုရဲမႉးေဟာင္း မိုးရန္ႏိုင္ က မႈခင္းျဖစ္စဥ္ေတြ ေလ်ာ့နည္းက်ဆင္းလာေစဖို႔ အႀကံျပဳခဲ့ရာမွာ “ရဲတပ္ဖြဲ႕မွာ ဥပေဒက ျပဌာန္းၿပီးသား၊ တရားခံဖမ္းရင္ လိုအပ္သလို ဖမ္းဆီးႏိုင္တယ္။ပစ္ခတ္ၿပီး ဖမ္းဆီးႏိုင္တယ္။ ေသဒဏ္၊ ကြၽန္းဒဏ္ တရားခံေတြကို အေသပစ္သတ္ၿပီး ဖမ္းဆီးႏိုင္တယ္ဆိုတာ ဥပေဒမွာကို ျပဌာန္းထားတယ္။ဒါေပမယ့္ ရဲတပ္ဖြဲ႕မွာ လုံလုံေလာက္ေလာက္ မက်င့္သုံးႏိုင္ဘူး။ဒါလည္း ဒီလိုတစ္ခုခုက်င့္သုံးလိုက္ရင္ အထက္က လူႀကီးေတြက ဥပေဒနဲ႔ညီရင္ အေရးမယူရမွာကို မလိုလားအပ္ဘဲနဲ႔ ခုံ႐ုံးဖြဲ႕စစ္ေဆးတာတို႔ လုပ္တဲ့အခါက်ေတာ့ ရဲတပ္ဖြဲ႕မွာ အေၾကာက္တရားေတြျဖစ္တာေပါ့။ဒီလိုအေၾကာက္တရားျဖစ္ေအာင္ တမင္သက္သက္ လုပ္ေနသလားေပါ့။ဒါမ်ိဳးေတြ သံသယရွိတယ္။ဒီလိုဆိုေတာ့ ရဲတပ္ဖြဲ႕က အင္အားစိုက္ထုတ္ရမယ့္ဟာကို မစိုက္ထုတ္ေတာ့ဘူး” လို႔ ဆိုပါတယ္။

ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဇာ္ဝင္း ကလည္း မႈခင္းမ်ားနည္းပါးလာေစဖို႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕အေနျဖင့္ ႏိုင္ငံတကာစံခ်ိန္စံၫႊန္းအမီ ေလ့လာသင္ယူေဆာင္႐ြက္သင့္ၿပီး လႊြတ္ေတာ္အေနျဖင့္လည္း လိုအပ္သည့္ ဥပေဒမ်ား ျပင္ဆင္ရန္ ေဆြးေႏြးအေျဖရွာၾကရမွာျဖစ္တယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ ျပစ္မႈ ျပစ္ဒဏ္အတိုင္း အမွန္တကယ္ ျပစ္ဒဏ္စီရင္ပါက ျပစ္မႈက်ဴးလြန္ရန္ ႀကံစည္သူမ်ား ေၾကာက္လန႔္လာၿပီး မႈခင္းျဖစ္ပြားမႈမ်ား ေလ်ာ့နည္းလာမယ္လို႔ အမ်ားကလက္ခံ ယုံၾကည္လာခဲ့ၾကပါတယ္။ျပစ္မႈ ျပစ္ဒဏ္ကို စီရင္ဆုံးျဖတ္သည့္ တရား႐ုံးမ်ားအေနျဖင့္ အမႈကို ျမန္ဆန္ေအာင္ စစ္ေဆးကာ ဥပေဒအတိုင္း စီရင္ေဆာင္႐ြက္သင့္ေၾကာင္း၊ ေသဒဏ္ထိုက္သည့္ ျပစ္မႈမ်ား က်ဴးလြန္သူကိုမ်ားကိုလည္း အမ်ားျမင္သာမႈရွိေစရန္ ထိထိေရာက္ေရာက္ ျပစ္ဒဏ္ခ်မွတ္သင့္တယ္လို႔  ဦးတင္သန္းဦး က ဆိုပါတယ္။

“ခုခ်ိန္ထိ ေသဒဏ္ေပးတာေတြ မေတြ႕ရဘူး။အရင္တုန္းကေတာ့ သမၼတမရွိလို႔ ဖြဲ႕စည္းပုံအရ စစ္တပ္ေခတ္ ေတာက္ေလွ်ာက္မွာ ေသဒဏ္မေပးခဲ့ဘူးဆိုေပမယ့္ ႏိုင္ငံေတာ္သမၼတရွိလာတဲ့ အခါမ်ိဳးမွာလည္းဘဲ ေသဒဏ္ေပးတာေတြ မေတြ႕ရေသးဘူး။တရား႐ုံးက ေသဒဏ္ခ်လိုက္တယ္ဆိုရင္ တရားခံရဲ႕ အခြင့္အေရးျဖစ္တဲ့ အယူခံခြင့္၊ ျပင္ဆင္ခြင့္တို႔ ေပးၿပီးတာနဲ႔ လူေတြက တကယ္တမ္းလိုခ်င္တာက ေသဒဏ္ ၁ ေယာက္ ၂ ေယာက္ ခ်လိုက္ရင္ မႈခင္းေတြရပ္သြားႏိုင္တယ္” လို႔ ဆိုပါတယ္။

ျမန္မာႏိုင္ငံမွာ ျဖစ္ပြားေနတဲ့ မႈခင္းျဖစ္စဥ္ေတြကို ထိထိေရာက္ေရာက္ကာကြယ္ မတားဆီးႏိုင္ရင္ တိုင္းျပည္တည္ၿငိမ္ေအးခ်မ္းမႈ ပိုမိုဆိုးဝါးလာႏိုင္ပါတယ္။လက္ရွိအခ်ိန္မွာေတာ့ တိုင္းသူျပည္သားေတြအေနနဲ႔ မိမိတို႔ရဲ႕ အသက္အိုးအိမ္ စည္းစိမ္ေတြကို မိမိကိုယ္သာ ကိုးကြယ္ရာလို႔ သတ္မွတ္ၿပီး သတိ၊ ဝီရိယနဲ႔သာ ေနထိုင္သြားလာရမယ့္ အေျခအေနမ်ိဳးကို ေရာက္ရွိေနၿပီ ျဖစ္ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ၾသဂုတ္ - ၂၇