【 သတင်းဆောင်းပါး 】 “ရာသီဥတုပြောင်းလဲမှုနှင့် မြန်မာနိုင်ငံ”

【 သတင်းဆောင်းပါး 】 “ရာသီဥတုပြောင်းလဲမှုနှင့် မြန်မာနိုင်ငံ”

နှစ်သန်းပေါင်းများစွာ သက်တမ်းရှိပြီဖြစ်တဲ့ ကမ္ဘာကြီးမှာ တနေ့တခြားတိုးပွားလာတဲ့ လူသားတွေအတွက် အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် သဘာဝသယံဇာတ ပစ္စည်းတွေကို ထုတ်ယူသုံးစွဲခဲ့ကြပါတယ်။အဲ့ဒီလိုထုတ်ယူသုံးစွဲမှုတွေကြောင့် သဘာဝပတ်ဝန်းကျင်များ ဆုံးရှုံးခဲ့ပြီး မြေထု၊ လေထု၊ ရေထုများ ညစ်ညမ်းလာခြင်း၊ အပူချိန်မြင့်မားလာခြင်းများ အစရှိတဲ့ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ ဖြစ်ပေါ်လာခဲ့ပါတယ်။

ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှုနဲ့အတူ မြန်မာနိုင်ငံဟာလည်း ရာသီဥတုဒဏ်ကို ခံစားလာရပြီး ၂၀၀၀ ခုနှစ် နောက်ပိုင်းမှာတော့ သဘာဝဘေးဒဏ်ကို သိသာစွာရင်ဆိုင်လာခဲ့ရပါတယ်။လက်ရှိအချိန်မှာ သဘာဝဘေးအန္တရာယ် အများဆုံးကြုံရတဲ့ နိုင်ငံများစာရင်းမှာ မြန်မာနိုင်ငံဟာ အဆင့် ၂ နေရာမှာ ရပ်တည်လျှက်ရှိပါတယ်။

ရာသီဥတုပြောင်းလဲလာမှုနဲ့အတူ မြန်မာနိုင်ငံဟာ သဘာဝဘေးဒဏ်တွေကို ပြင်းထန်စွာခံစားလာခဲ့ရပြီး နွေအခါ ပူပြင်းတဲ့ဒဏ်၊ ရေရှားတဲ့ဒဏ်၊ မိုးအခါ ရေကြီးရေလျှံမှု၊ မြေပြိုမှု၊ ကမ်းပါးပြိုမှု၊ မိုးခေါင်မှု၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း ဖြစ်စဉ်များ တိုးပွားလာခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များကြောင့် လူ့အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရပြီး ၂၀၀၈ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၁၃၀၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။၂၀၁၅ ခုနှစ်မှာ ရေကြီးရေလျှံမှုကြောင့် တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။၂၀၁၆ ခုနှစ်မှာ တိုင်းနဲ့ပြည်နယ် ၁၂ ခုမှာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။၂၀၁၇ ခုနှစ်မှာလည်း ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ ကရင်ပြည်နယ်မှာ ရေကြီးရေလျှံမှု အချိန်ကြာမြင့်စွာ ဖြစ်ပေါ်ခဲ့ပါတယ်။၂၀၁၉ ခုနှစ်မှာတော့ မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာရှိတဲ့ မလတ်တောင် ပြိုကျမှုကြောင့် လူပေါင်း ၇၂ ဦး သေဆုံးပြီး ၂၈ ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပါတယ်။

နှစ်စဉ်နှစ်တိုင်း မရိုးနိုင်အောင် ဒုက္ခပေးလာတဲ့ သဘာဝဘေးအန္တရာယ်တွေဟာ ကြောက်မက်ဖွယ်ရာတွေဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာတော့ သဘာဝဘေးအန္တရာယ်အပြင် လက်ရှိဖြစ်နေတဲ့ ကပ်ရောဂါဘေးကြောင့် စိုးရိမ်ထိတ်လန့်စရာ ဖြစ်လို့လာခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ စတင်ပြီး တရုတ်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးမှာ စိုးရိမ်ပူပန်မှုတွေဖြစ်ပေါ်ခဲ့ပြီး မြန်မာနိုင်ငံမှာတော့ မတ်လ ၂၃ ရက်နေ့မှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ စတင်တွေ့ရှိခဲ့ပါတယ်။

ကိုဗစ်-၁၉ ရောဂါဟာ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဖြစ်ပေါ်နေပြီး လူသေဆုံးမှုအများအပြားလည်း ဖြစ်ပေါ် လျှက်ရှိပါတယ်။မြန်မာနိုင်ငံမှာလည်း ၂၀၂၀ ခုနှစ် မေလ ၁၀ ရက်နေ့အထိ ရောဂါဖြစ်ပွားသူ ၁၈၀ ဦးရှိပြီး သေဆုံးသူ ၆ ဦးရှိခဲ့ပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကမ္ဘာ့ကပ်ရောဂါတစ်ခုဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှုကြောင့် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အစရှိတဲ့လုပ်ငန်းများ အခက်အခဲများကြုံတွေ့လျှက်ရှိပြီး ရေထွက်ကုန်ပစ္စည်း၊ ခရီးသွားလာရေး၊ စက်ရုံ၊ အလုပ်ရုံများ၊ လက်လုပ်လက်စားလုပ်ငန်းများ အစရှိတဲ့ စီးပွားရေးလုပ်ငန်းများ ဘက်စုံအားနည်းလျှက်ရှိနေပြီး ပြင်ပပုဂ္ဂလိက ဆေးခန်းများလည်း ရောဂါကူးစက်မှုအန္တရာယ်ကြောင့် ယာယီရပ်နားထားကြပါတယ်။

မြန်မာနိုင်ငံမှာ ရောဂါကပ်ဘေးအပြင် ယခင်နှစ်များထက် ပိုမိုပူပြင်းတဲ့ဒဏ်တွေကို ခံစားလာခဲ့ရပြီး မိုး/ဇလရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၀ ခုနှစ် မတ်လအတွင်း ကျောက်တော်၊ အမ်း၊ မြောက်ဦး၊ ခရမ်း၊ ရမ်ကလောင်း၊ တောင်ငူမြို့တွေမှာ အပူချိန်စံချိန်တင်မြင့်တက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ဧပြီလအတွင်း ကိုကိုးကျွန်း၊ မော်လမြိုင်၊ ရန်ကုန်၊ အမ်း၊ တောင်ငူမြို့တွေမှာ အပူချိန်စံချိန်တင်မြင့်တက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။မေလအတွင်းမှာတော့ ဖျာပုံ၊ ချောက်မြို့နဲ့ ကြို့ပင်ကောက်မြို့တွေမှာ အပူချိန်စံချိန်တင်မြင့်တက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။အပူချိန်မြင့်တက်မှု ဖြစ်စဉ်များနဲ့အတူ အပူပျံတက်တိမ်များဖြစ်ပေါ်ပြီး မွန်းလွဲပိုင်းနဲ့ ညနေပိုင်းတွေမှာ မိုးတိမ်တောင်များဖြစ်ပေါ်ပြီး လေပြင်းတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်းများ ဖြစ်ပေါ်နိုင်တဲ့အတွက် အများပြည်သူအနေနဲ့ အထူးဂရုပြုနေထိုင်ကြရန် မိုး/ဇလမှ သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

အပူချိန်မြင့်မားလာမှုနဲ့အတူ လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်လာပြီး မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ ပြည်နယ် ဒေသအသီးသီးမှာ နေအိမ်များပျက်စီးခြင်း၊ သာသနိကအဆောက်အဦးများပျက်စီးခြင်း၊ သစ်ပင်များပြိုလဲခြင်း၊ မိုးသီးကြွေခြင်း၊ သောက်သုံးရေရှားပါးခြင်း အစရှိတဲ့ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်ခဲ့ပါတယ်။

မိုး/ဇလ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က “နွေကာလရောက်ပြီဆိုရင်တော့ မိုးတိမ်တောင်တွေကို အထူးသတိပြုဖို့လိုတယ်။ဘာဖြစ်လို့လဲဆိုရင် နေ့ဘက် အပူချိန်မြင့်လာပြီဆိုရင် မွန်းလွဲညနေပိုင်းအချိန်တွေမှာ အပူပျံတက်တိမ်တွေဖြစ်ပြီး အပူပျံတက်တိမ်တွေကတဆင့် စုစည်းလာပြီး မိုးတိမ်တောင်တွေဖြစ်တယ်။ဒါတွေက နွေကာလတွေမှာ ကျွန်တော်တို့နိုင်ငံအနေနဲ့ ဂရုပြုရမယ့် မိုးလေဝသအခြေအနေဖြစ်တယ်။သူက ဖြစ်ပေါ်တဲ့အချိန်က တိုတောင်းတယ်။ပြီးသွားရင် ပြန်ပြီးပြိုကွဲသွားတဲ့အချိန်က ခဏလေးဖြစ်တာဆိုတော့ ဒီဟာတွေက သတိပြုဖို့လိုတယ်။” “လေပြင်းတိုက်တာတွေက ပူလို့ဖြစ်တာ။ပူတဲ့အတွက်ကြောင့် မိုးတိမ်တောင်တွေဖြစ်ပြီး လေပြင်းတိုက်တာ” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံတွင် တစ်နှစ်ထက်တစ်နှစ် အပူချိန်မြင့်မားလာခြင်းသည် သစ်တောသစ်ပင်များ နည်းပါးလာမှုများကြောင့်လည်း ဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်သူများက ဆိုပါတယ်။

SPECTRUM အဖွဲ့ရဲ့ ပရိုဂရမ်အရာရှိ ဆလိုင်းသောင်းလှိုင်လန်း က “သီအိုရီအရကြည့်ရင် ဖွံ့ဖြိုးတိုးတက်မှုနဲ့ သဘာဝပတ်ဝန်းကျင်က ဖွံ့ဖြိုးတိုးတက်လေလေ သဘာဝပတ်ဝန်းကျင် အရည်အသွေးကလည်း ပိုပြီးတော့ကျလေလေပေါ့။တစ်ဖက်မှာ ကမ္ဘာကြီးပူနေသလိုမျိုး ကျွန်တော်တို့က ဖွံ့ဖြိုးတိုးတက်မှုကို ပိုပြီးအာရုံစိုက်လာတယ်။ပိုပြီးတော့တာဆူလာတဲ့အတွက်ကြောင့် ဒီသဘာဝပတ်ဝန်းကျင်ပေါ့ ရိုးရိုးလေးပြောရရင် သစ်ပင်တွေလျော့ကျလာတဲ့အတွက်ကြောင့် တစ်နှစ်ထက်တစ်နှစ် ပူတဲ့ရာသီဥတုမျိုးကို ပိုပြီးခံစားလာရတာဖြစ်ပါတယ်” လို့ ဆိုပါတယ်။

အပူချိန်မြင့်တက်လာခြင်းသည် စိုက်ပျိုးရေးကဲ့သို့သောကဏ္ဍ၌ ကြီးမားသောအကျိုးသက်ရောက်မှု ဖြစ်ပေါ် လာပြီး အကျိုးဆက်အားဖြင့် မိုးရွာသွန်းမှုပုံစံများပြောင်းလဲခြင်း၊ ပိုးမွှားများပိုမိုကျရောက်ခြင်း စသည်တို့၏ အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

“စီးပွားရေးအရကြည့်မယ်ဆိုရင်တော့ ရာသီဥတုက ပိုပြီးပူလာမယ်။စွမ်းအင်က လုံလုံလောက်လောက်ပေးနိုင်တဲ့ အခြေအနေမရှိသေးတဲ့အတွက် စီးပွားရေးမှာ ပူလာတာနဲ့အမျှ  ပိုပြီးထိခိုက်ဖို့လည်းရှိတယ်။မြန်မာနိုင်ငံက စိုက်ပျိုးရေးနိုင်ငံဖြစ်နေတယ်။ပူတဲ့ရာသီဥတုက ကျွန်တော်တို့ရဲ့ စိုက်ပျိုးသီးနှံတွေကို အရည်အသွေးပိုင်းကသော်လည်းကောင်း အထွက်နှုန်းအတွက်သော်လည်းကောင်း လျော့ကျစေတာကိုတွေ့ရတယ်။သီးနှံတွေရဲ့ တာရှည်ထားနိုင်မှု တခြားနိုင်ငံကို တင်ပို့ရင်သော်လည်းကောင်း၊ ကျွန်တော်တို့ရဲ့ ရာသီဥတုအခြေအနေအရ အကြာကြီးမထားနိုင်ဘူး။
အဓိကစီးပွားရေးဖြစ်တဲ့ စိုက်ပျိုးရေးက ပူလာတာနဲ့အမျှ အနည်းနဲ့အများ ထိခိုက်မှုတွေရှိလာမယ်” လို့ ဆလိုင်းသောင်းလှိုင်လန်း က ဆိုပါတယ်။

မြန်မာနိုင်ငံတွင် မုန်တိုင်းကြီးများတိုက်ခတ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ပိုမိုများပြားလာခြင်း၊ မိုးရွာသွန်းမှုပုံစံများ ပြောင်းလဲလာခြင်း၊ စံချိန်တင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခြင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းများကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးအပေါ် ထိခိုက်မှုများရှိလာပြီး သဘာဝပတ်ဝန်းကျင်၊ သယံဇာတနဲ့ ဇီဝမျိုးစုံမျိုးကွဲများအပေါ် သက်ရောက်မှုများစွာ ဖြစ်ပေါ်လျှက်ရှိတယ်လို့ ပညာရှင်များက ဆိုကြပါတယ်။

သဘာဝဘေးအန္တရာယ်များလျှော့ချရန် ကမ္ဘာ့နိုင်ငံအသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေပြီး မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံတကာသဘောတူညီချက်များအတိုင်း လိုက်နာဆောင်ရွက်သင့်တယ်လို့ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူများက ဆိုပါတယ်။

သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားဆောင်ရွက်သူ ဒေါ်ဒေဝီသန့်စင် က “အပူရှိန်လျှော့ချတဲ့ကိစ္စက မြန်မာပြည်တစ်ခုတည်းတော့ လုပ်လို့မရဘူး။ Global wanmix change ဆိုတာ တစ်ကမ္ဘာလုံးလုပ်ရမယ့်အလုပ်။ဒါကြောင့်မို့လည်း Confriend party ဆိုပြီး နိုဝင်ဘာ၊ ဒီဇင်ဘာလောက်မှာ အစည်းအဝေးလုပ်တာ။ဒီနှစ် cord 26 ဆိုရင် အင်္ဂလန်မှာလုပ်မယ်လေ။ကိုယ့်တိုင်းပြည်မှာ အစည်းအဝေးတွေ သွားသွားတက်ပြီးရင် ပြန်လာလို့ရှိရင် ကတိကဝတ်တွေထိုးတဲ့အတိုင်း ကိုယ့်နိုင်ငံမှာ ပြန်လာလို့ရှိရင် ဘာတွေလျှော့ရမယ် ဘာတွေကိုတော့မလုပ်ပါဘူး။ဘာတွေကိုတော့ ကမ္ဘာနဲ့တွဲပြီးလုပ်ပါ့မယ်ဆိုတဲ့အတိုင်း ပြန်ပြီးတော့ဖော်ဆောင်ဖို့ လိုတယ်လို့ထင်တယ်” လို့ ဆိုပါတယ်။

အပူချိန်မြင့်မားမှုကြောင့် ဖြစ်ပေါ်နေတဲ့ လေပြင်းတိုက်ခတ်ခြင်း၊ သောက်သုံးရေရှားပါးခြင်း အစရှိတဲ့ ဖြစ်စဉ်များအတွက် မိုးရွာသွန်းမယ့်အချိန်ကို မျှော်လင့်ရမှာဖြစ်ပြီး မိုးရွာသွန်းပါက ပူပြင်းတဲ့ဒဏ်၊ လေပြင်းတိုက်ခတ်မှုဒဏ်များ လျော့နည်းလာဖွယ်ရာရှိပါတယ်။

မိုး/ဇလမှ မေလ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် နောက် ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်လာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မြန်မာနိုင်ငံသို့ မုတ်သုန်လေသည် မေလ ၁၆ ရက်နေ့မှ ၂၁ ရက်နေ့ အတွင်း မြန်မာနိုင်ငံတောင်ပိုင်းသို့ စတင်ဝင်ရောက်နိုင်ပေမယ့် သင်္ချာမော်ဒယ်ပြုစက်များရဲ့ တွက်ချက်မှုအရ မိုးဦးနောက်ကျနိုင်တယ်လို့ ဦးကျော်မိုးဦး က ဆိုပါတယ်။

“ရာသီလိုက်ခန့်မှန်းချက်က မိုးဦးက ဒီနှစ်အနေနဲ့က သင်္ချာမော်ဒယ်တွေမှာ သိပ်မကောင်းဘူး။မိုးသိပ်မကောင်းတဲ့ အနေအထားမျိုးတွေ တွေ့ရတယ်။မိုးနောက်ကျချင်လည်း နောက်ကျမယ်။မုန်တိုင်းလမ်းကြောင်းပေါ် မူတည်တယ်။သူ့ရဲ့လမ်းကြောင်းပေါ် မူတည်တယ်။ဒီဘက်ထဲကိုလာရင် ဒီဘက်က မိုးစောစောစီးစီးရမယ်။ပြီးသွားရင်တော့ မိုးပြန်နည်းရင်နည်းသွားမယ်” လို့ ဆိုပါတယ်။

ပူပြင်းလွန်းတဲ့ အပူရှိန်တွေကြောင့် မိုးကို အများကမျှော်လင့်နေပေမယ့် မိုးရာသီမှာဖြစ်ပေါ်လေ့ရှိတဲ့ ရေကြီးရေလျှံမှု၊ မြေပြိုမှု အစရှိတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်လာမှာကိုလည်း အများကစိုးရိမ်ထိတ်လန့်နေကြပါတယ်။

နှစ်စဉ်နှစ်တိုင်း မြင့်တက်လာတဲ့ အပူချိန်တွေကြောင့် လက်ရှိအချိန်မှာ ပူပြင်းတဲ့ဒဏ်တွေအပြင် အခြားသောအန္တရာယ်ဖြစ်စဉ်များလည်း ကြုံတွေ့လာခဲ့ပါတယ်။လာမယ့်နှစ်တွေမှာလည်း ထပ်မံမြင့်တက်လာဖို့ရှိတဲ့ အပူချိန်တွေကို မြန်မာနိုင်ငံသူနိုင်ငံသားများ ဆက်လက်ကြုံတွေ့ရဦးမှာဖြစ်ပြီး ရေကြီးရေလျှံမှုများလည်း ဆက်လက်ဖြစ်ပေါ်လာနိုင်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ကို ဝိုင်းဝန်းထိန်းသိမ်းကြဖို့ အချိန်တန်ပြီဖြစ်ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
မေ - ၁၂
( Zawgyi )
ႏွစ္သန္းေပါင္းမ်ားစြာ သက္တမ္းရွိၿပီျဖစ္တဲ့ ကမာၻႀကီးမွာ တေန႔တျခားတိုးပြားလာတဲ့ လူသားေတြအတြက္ အေျခခံလိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးႏိုင္မယ့္ သဘာဝသယံဇာတ ပစၥည္းေတြကို ထုတ္ယူသုံးစြဲခဲ့ၾကပါတယ္။အဲ့ဒီလိုထုတ္ယူသုံးစြဲမႈေတြေၾကာင့္ သဘာဝပတ္ဝန္းက်င္မ်ား ဆုံးရႈံးခဲ့ၿပီး ေျမထု၊ ေလထု၊ ေရထုမ်ား ညစ္ညမ္းလာျခင္း၊ အပူခ်ိန္ျမင့္မားလာျခင္းမ်ား အစရွိတဲ့ ရာသီဥတုေျပာင္းလဲမႈျဖစ္စဥ္မ်ား ျဖစ္ေပၚလာခဲ့ပါတယ္။

ကမာၻ႔ရာသီဥတု ေျပာင္းလဲလာမႈနဲ႔အတူ ျမန္မာႏိုင္ငံဟာလည္း ရာသီဥတုဒဏ္ကို ခံစားလာရၿပီး ၂၀၀၀ ခုႏွစ္ ေနာက္ပိုင္းမွာေတာ့ သဘာဝေဘးဒဏ္ကို သိသာစြာရင္ဆိုင္လာခဲ့ရပါတယ္။လက္ရွိအခ်ိန္မွာ သဘာဝေဘးအႏၲရာယ္ အမ်ားဆုံးႀကဳံရတဲ့ ႏိုင္ငံမ်ားစာရင္းမွာ ျမန္မာႏိုင္ငံဟာ အဆင့္ ၂ ေနရာမွာ ရပ္တည္လွ်က္ရွိပါတယ္။

ရာသီဥတုေျပာင္းလဲလာမႈနဲ႔အတူ ျမန္မာႏိုင္ငံဟာ သဘာဝေဘးဒဏ္ေတြကို ျပင္းထန္စြာခံစားလာခဲ့ရၿပီး ေႏြအခါ ပူျပင္းတဲ့ဒဏ္၊ ေရရွားတဲ့ဒဏ္၊ မိုးအခါ ေရႀကီးေရလွ်ံမႈ၊ ေျမၿပိဳမႈ၊ ကမ္းပါးၿပိဳမႈ၊ မိုးေခါင္မႈ၊ မုန္တိုင္းတိုက္ခတ္ျခင္း၊ ေလျပင္းတိုက္ခတ္ျခင္း ျဖစ္စဥ္မ်ား တိုးပြားလာခဲ့ပါတယ္။

ျမန္မာႏိုင္ငံဟာ သဘာဝေဘးအႏၲရာယ္ျဖစ္စဥ္မ်ားေၾကာင့္ လူ႔အသက္ေပါင္းမ်ားစြာ ေပးဆပ္ခဲ့ရၿပီး ၂၀၀၈ ခုႏွစ္မွာ ျဖစ္ေပၚခဲ့တဲ့ နာဂစ္မုန္တိုင္းေၾကာင့္ လူေပါင္း ၁၃၀၀၀၀ ေက်ာ္ ေသဆုံးခဲ့ပါတယ္။၂၀၁၅ ခုႏွစ္မွာ ေရႀကီးေရလွ်ံမႈေၾကာင့္ တိုင္းနဲ႔ျပည္နယ္ ၁၀ ခုမွာ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ေပၚခဲ့ပါတယ္။၂၀၁၆ ခုႏွစ္မွာ တိုင္းနဲ႔ျပည္နယ္ ၁၂ ခုမွာ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ေပၚခဲ့ပါတယ္။၂၀၁၇ ခုႏွစ္မွာလည္း ေရႀကီးေရလွ်ံမႈမ်ား ဆက္လက္ျဖစ္ေပၚခဲ့ၿပီး ၂၀၁၈ ခုႏွစ္မွာေတာ့ ကရင္ျပည္နယ္မွာ ေရႀကီးေရလွ်ံမႈ အခ်ိန္ၾကာျမင့္စြာ ျဖစ္ေပၚခဲ့ပါတယ္။၂၀၁၉ ခုႏွစ္မွာေတာ့ မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕နယ္မွာရွိတဲ့ မလတ္ေတာင္ ၿပိဳက်မႈေၾကာင့္ လူေပါင္း ၇၂ ဦး ေသဆုံးၿပီး ၂၈ ဦး ျပင္းထန္စြာဒဏ္ရာရရွိခဲ့ပါတယ္။

ႏွစ္စဥ္ႏွစ္တိုင္း မ႐ိုးႏိုင္ေအာင္ ဒုကၡေပးလာတဲ့ သဘာဝေဘးအႏၲရာယ္ေတြဟာ ေၾကာက္မက္ဖြယ္ရာေတြျဖစ္ၿပီး ၂၀၂၀ ခုႏွစ္မွာေတာ့ သဘာဝေဘးအႏၲရာယ္အျပင္ လက္ရွိျဖစ္ေနတဲ့ ကပ္ေရာဂါေဘးေၾကာင့္ စိုးရိမ္ထိတ္လန႔္စရာ ျဖစ္လို႔လာခဲ့ပါတယ္။

၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလမွာ စတင္ၿပီး တ႐ုတ္ႏိုင္ငံမွာျဖစ္ပြားခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါေၾကာင့္ ကမာၻ႔ႏိုင္ငံအသီးသီးမွာ စိုးရိမ္ပူပန္မႈေတြျဖစ္ေပၚခဲ့ၿပီး ျမန္မာႏိုင္ငံမွာေတာ့ မတ္လ ၂၃ ရက္ေန႔မွာ ကိုဗစ္-၁၉ ေရာဂါျဖစ္ပြားသူ စတင္ေတြ႕ရွိခဲ့ပါတယ္။

ကိုဗစ္-၁၉ ေရာဂါဟာ ကမာၻ႔ႏိုင္ငံအသီးသီးမွာ ျဖစ္ေပၚေနၿပီး လူေသဆုံးမႈအမ်ားအျပားလည္း ျဖစ္ေပၚ လွ်က္ရွိပါတယ္။ျမန္မာႏိုင္ငံမွာလည္း ၂၀၂၀ ခုႏွစ္ ေမလ ၁၀ ရက္ေန႔အထိ ေရာဂါျဖစ္ပြားသူ ၁၈၀ ဦးရွိၿပီး ေသဆုံးသူ ၆ ဦးရွိခဲ့ၿပီျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ ကမာၻ႔ကပ္ေရာဂါတစ္ခုျဖစ္တဲ့ ကိုဗစ္-၁၉ ေရာဂါ ျဖစ္ပြားေနမႈေၾကာင့္ စီးပြားေရး၊ လူမႈေရး၊ က်န္းမာေရး အစရွိတဲ့လုပ္ငန္းမ်ား အခက္အခဲမ်ားႀကဳံေတြ႕လွ်က္ရွိၿပီး ေရထြက္ကုန္ပစၥည္း၊ ခရီးသြားလာေရး၊ စက္႐ုံ၊ အလုပ္႐ုံမ်ား၊ လက္လုပ္လက္စားလုပ္ငန္းမ်ား အစရွိတဲ့ စီးပြားေရးလုပ္ငန္းမ်ား ဘက္စုံအားနည္းလွ်က္ရွိေနၿပီး ျပင္ပပုဂၢလိက ေဆးခန္းမ်ားလည္း ေရာဂါကူးစက္မႈအႏၲရာယ္ေၾကာင့္ ယာယီရပ္နားထားၾကပါတယ္။

ျမန္မာႏိုင္ငံမွာ ေရာဂါကပ္ေဘးအျပင္ ယခင္ႏွစ္မ်ားထက္ ပိုမိုပူျပင္းတဲ့ဒဏ္ေတြကို ခံစားလာခဲ့ရၿပီး မိုး/ဇလရဲ႕ ထုတ္ျပန္ခ်က္အရ ၂၀၂၀ ခုႏွစ္ မတ္လအတြင္း ေက်ာက္ေတာ္၊ အမ္း၊ ေျမာက္ဦး၊ ခရမ္း၊ ရမ္ကေလာင္း၊ ေတာင္ငူၿမိဳ႕ေတြမွာ အပူခ်ိန္စံခ်ိန္တင္ျမင့္တက္မႈေတြ ျဖစ္ေပၚခဲ့ပါတယ္။
ဧၿပီလအတြင္း ကိုကိုးကြၽန္း၊ ေမာ္လၿမိဳင္၊ ရန္ကုန္၊ အမ္း၊ ေတာင္ငူၿမိဳ႕ေတြမွာ အပူခ်ိန္စံခ်ိန္တင္ျမင့္တက္မႈေတြ ျဖစ္ေပၚခဲ့ပါတယ္။ေမလအတြင္းမွာေတာ့ ဖ်ာပုံ၊ ေခ်ာက္ၿမိဳ႕နဲ႔ ႀကိဳ႕ပင္ေကာက္ၿမိဳ႕ေတြမွာ အပူခ်ိန္စံခ်ိန္တင္ျမင့္တက္မႈေတြ ျဖစ္ေပၚခဲ့ပါတယ္။အပူခ်ိန္ျမင့္တက္မႈ ျဖစ္စဥ္မ်ားနဲ႔အတူ အပူပ်ံတက္တိမ္မ်ားျဖစ္ေပၚၿပီး မြန္းလြဲပိုင္းနဲ႔ ညေနပိုင္းေတြမွာ မိုးတိမ္ေတာင္မ်ားျဖစ္ေပၚၿပီး ေလျပင္းတိုက္ခတ္ျခင္း၊ ေလျပင္းႏွင့္အတူ မိုးထစ္ခ်ဳန္းျခင္း၊ မိုးႀကိဳးပစ္ျခင္း၊ လွ်ပ္စီးလက္ျခင္း၊ မိုးသီးေႂကြျခင္း၊ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာျခင္းမ်ား ျဖစ္ေပၚႏိုင္တဲ့အတြက္ အမ်ားျပည္သူအေနနဲ႔ အထူးဂ႐ုျပဳေနထိုင္ၾကရန္ မိုး/ဇလမွ သတိေပးခ်က္ေတြ ထုတ္ျပန္ခဲ့ပါတယ္။

အပူခ်ိန္ျမင့္မားလာမႈနဲ႔အတူ ေလျပင္းတိုက္ခတ္မႈမ်ား ျဖစ္ေပၚလာၿပီး ျမန္မာႏိုင္ငံရဲ႕ တိုင္းနဲ႔ ျပည္နယ္ ေဒသအသီးသီးမွာ ေနအိမ္မ်ားပ်က္စီးျခင္း၊ သာသနိကအေဆာက္အဦးမ်ားပ်က္စီးျခင္း၊ သစ္ပင္မ်ားၿပိဳလဲျခင္း၊ မိုးသီးေႂကြျခင္း၊ ေသာက္သုံးေရရွားပါးျခင္း အစရွိတဲ့ သဘာဝေဘးအႏၲရာယ္မ်ား ျဖစ္ေပၚခဲ့ပါတယ္။

မိုး/ဇလ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္မိုးဦး က “ေႏြကာလေရာက္ၿပီဆိုရင္ေတာ့ မိုးတိမ္ေတာင္ေတြကို အထူးသတိျပဳဖို႔လိုတယ္။ဘာျဖစ္လို႔လဲဆိုရင္ ေန႔ဘက္ အပူခ်ိန္ျမင့္လာၿပီဆိုရင္ မြန္းလြဲညေနပိုင္းအခ်ိန္ေတြမွာ အပူပ်ံတက္တိမ္ေတြျဖစ္ၿပီး အပူပ်ံတက္တိမ္ေတြကတဆင့္ စုစည္းလာၿပီး မိုးတိမ္ေတာင္ေတြျဖစ္တယ္။ဒါေတြက ေႏြကာလေတြမွာ ကြၽန္ေတာ္တို႔ႏိုင္ငံအေနနဲ႔ ဂ႐ုျပဳရမယ့္ မိုးေလဝသအေျခအေနျဖစ္တယ္။သူက ျဖစ္ေပၚတဲ့အခ်ိန္က တိုေတာင္းတယ္။ၿပီးသြားရင္ ျပန္ၿပီးၿပိဳကြဲသြားတဲ့အခ်ိန္က ခဏေလးျဖစ္တာဆိုေတာ့ ဒီဟာေတြက သတိျပဳဖို႔လိုတယ္။” “ေလျပင္းတိုက္တာေတြက ပူလို႔ျဖစ္တာ။ပူတဲ့အတြက္ေၾကာင့္ မိုးတိမ္ေတာင္ေတြျဖစ္ၿပီး ေလျပင္းတိုက္တာ” လို႔ ဆိုပါတယ္။

ျမန္မာႏိုင္ငံတြင္ တစ္ႏွစ္ထက္တစ္ႏွစ္ အပူခ်ိန္ျမင့္မားလာျခင္းသည္ သစ္ေတာသစ္ပင္မ်ား နည္းပါးလာမႈမ်ားေၾကာင့္လည္း ျဖစ္တယ္လို႔ သဘာဝပတ္ဝန္းက်င္အေရး ေဆာင္႐ြက္သူမ်ားက ဆိုပါတယ္။

SPECTRUM အဖြဲ႕ရဲ႕ ပ႐ိုဂရမ္အရာရွိ ဆလိုင္းေသာင္းလႈိင္လန္း က “သီအိုရီအရၾကည့္ရင္ ဖြံ႕ၿဖိဳးတိုးတက္မႈနဲ႔ သဘာဝပတ္ဝန္းက်င္က ဖြံ႕ၿဖိဳးတိုးတက္ေလေလ သဘာဝပတ္ဝန္းက်င္ အရည္အေသြးကလည္း ပိုၿပီးေတာ့က်ေလေလေပါ့။တစ္ဖက္မွာ ကမာၻႀကီးပူေနသလိုမ်ိဳး ကြၽန္ေတာ္တို႔က ဖြံ႕ၿဖိဳးတိုးတက္မႈကို ပိုၿပီးအာ႐ုံစိုက္လာတယ္။ပိုၿပီးေတာ့တာဆူလာတဲ့အတြက္ေၾကာင့္ ဒီသဘာဝပတ္ဝန္းက်င္ေပါ့ ႐ိုး႐ိုးေလးေျပာရရင္ သစ္ပင္ေတြေလ်ာ့က်လာတဲ့အတြက္ေၾကာင့္ တစ္ႏွစ္ထက္တစ္ႏွစ္ ပူတဲ့ရာသီဥတုမ်ိဳးကို ပိုၿပီးခံစားလာရတာျဖစ္ပါတယ္” လို႔ ဆိုပါတယ္။

အပူခ်ိန္ျမင့္တက္လာျခင္းသည္ စိုက္ပ်ိဳးေရးကဲ့သို႔ေသာက႑၌ ႀကီးမားေသာအက်ိဳးသက္ေရာက္မႈ ျဖစ္ေပၚ လာၿပီး အက်ိဳးဆက္အားျဖင့္ မိုး႐ြာသြန္းမႈပုံစံမ်ားေျပာင္းလဲျခင္း၊ ပိုးမႊားမ်ားပိုမိုက်ေရာက္ျခင္း စသည္တို႔၏ အက်ိဳးဆက္မ်ား ျဖစ္ေပၚလာႏိုင္တယ္လို႔ ပညာရွင္ေတြက ဆိုပါတယ္။

“စီးပြားေရးအရၾကည့္မယ္ဆိုရင္ေတာ့ ရာသီဥတုက ပိုၿပီးပူလာမယ္။စြမ္းအင္က လုံလုံေလာက္ေလာက္ေပးႏိုင္တဲ့ အေျခအေနမရွိေသးတဲ့အတြက္ စီးပြားေရးမွာ ပူလာတာနဲ႔အမွ်  ပိုၿပီးထိခိုက္ဖို႔လည္းရွိတယ္။ျမန္မာႏိုင္ငံက စိုက္ပ်ိဳးေရးႏိုင္ငံျဖစ္ေနတယ္။ပူတဲ့ရာသီဥတုက ကြၽန္ေတာ္တို႔ရဲ႕ စိုက္ပ်ိဳးသီးႏွံေတြကို အရည္အေသြးပိုင္းကေသာ္လည္းေကာင္း အထြက္ႏႈန္းအတြက္ေသာ္လည္းေကာင္း ေလ်ာ့က်ေစတာကိုေတြ႕ရတယ္။သီးႏွံေတြရဲ႕ တာရွည္ထားႏိုင္မႈ တျခားႏိုင္ငံကို တင္ပို႔ရင္ေသာ္လည္းေကာင္း၊ ကြၽန္ေတာ္တို႔ရဲ႕ ရာသီဥတုအေျခအေနအရ အၾကာႀကီးမထားႏိုင္ဘူး။
အဓိကစီးပြားေရးျဖစ္တဲ့ စိုက္ပ်ိဳးေရးက ပူလာတာနဲ႔အမွ် အနည္းနဲ႔အမ်ား ထိခိုက္မႈေတြရွိလာမယ္” လို႔ ဆလိုင္းေသာင္းလႈိင္လန္း က ဆိုပါတယ္။

ျမန္မာႏိုင္ငံတြင္ မုန္တိုင္းႀကီးမ်ားတိုက္ခတ္ျခင္း၊ ေလျပင္းတိုက္ခတ္ျခင္းမ်ား ပိုမိုမ်ားျပားလာျခင္း၊ မိုး႐ြာသြန္းမႈပုံစံမ်ား ေျပာင္းလဲလာျခင္း၊ စံခ်ိန္တင္ မိုးသည္းထန္စြာ႐ြာသြန္းျခင္း၊ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ေပၚျခင္း၊ ပင္လယ္ေရမ်က္ႏွာျပင္ ျမင့္တက္လာျခင္းမ်ားေၾကာင့္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးအေပၚ ထိခိုက္မႈမ်ားရွိလာၿပီး သဘာဝပတ္ဝန္းက်င္၊ သယံဇာတနဲ႔ ဇီဝမ်ိဳးစုံမ်ိဳးကြဲမ်ားအေပၚ သက္ေရာက္မႈမ်ားစြာ ျဖစ္ေပၚလွ်က္ရွိတယ္လို႔ ပညာရွင္မ်ားက ဆိုၾကပါတယ္။

သဘာဝေဘးအႏၲရာယ္မ်ားေလွ်ာ့ခ်ရန္ ကမာၻ႔ႏိုင္ငံအသီးသီးမွ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ျပဳလုပ္ေနၿပီး ျမန္မာႏိုင္ငံအေနျဖင့္လည္း ႏိုင္ငံတကာသေဘာတူညီခ်က္မ်ားအတိုင္း လိုက္နာေဆာင္႐ြက္သင့္တယ္လို႔ သဘာဝပတ္ဝန္းက်င္အေရး လႈပ္ရွားသူမ်ားက ဆိုပါတယ္။

သဘာဝပတ္ဝန္းက်င္အေရး လႈပ္ရွားေဆာင္႐ြက္သူ ေဒၚေဒဝီသန႔္စင္ က “အပူရွိန္ေလွ်ာ့ခ်တဲ့ကိစၥက ျမန္မာျပည္တစ္ခုတည္းေတာ့ လုပ္လို႔မရဘူး။ Global wanmix change ဆိုတာ တစ္ကမာၻလုံးလုပ္ရမယ့္အလုပ္။ဒါေၾကာင့္မို႔လည္း Confriend party ဆိုၿပီး ႏိုဝင္ဘာ၊ ဒီဇင္ဘာေလာက္မွာ အစည္းအေဝးလုပ္တာ။ဒီႏွစ္ cord 26 ဆိုရင္ အဂၤလန္မွာလုပ္မယ္ေလ။ကိုယ့္တိုင္းျပည္မွာ အစည္းအေဝးေတြ သြားသြားတက္ၿပီးရင္ ျပန္လာလို႔ရွိရင္ ကတိကဝတ္ေတြထိုးတဲ့အတိုင္း ကိုယ့္ႏိုင္ငံမွာ ျပန္လာလို႔ရွိရင္ ဘာေတြေလွ်ာ့ရမယ္ ဘာေတြကိုေတာ့မလုပ္ပါဘူး။ဘာေတြကိုေတာ့ ကမာၻနဲ႔တြဲၿပီးလုပ္ပါ့မယ္ဆိုတဲ့အတိုင္း ျပန္ၿပီးေတာ့ေဖာ္ေဆာင္ဖို႔ လိုတယ္လို႔ထင္တယ္” လို႔ ဆိုပါတယ္။

အပူခ်ိန္ျမင့္မားမႈေၾကာင့္ ျဖစ္ေပၚေနတဲ့ ေလျပင္းတိုက္ခတ္ျခင္း၊ ေသာက္သုံးေရရွားပါးျခင္း အစရွိတဲ့ ျဖစ္စဥ္မ်ားအတြက္ မိုး႐ြာသြန္းမယ့္အခ်ိန္ကို ေမွ်ာ္လင့္ရမွာျဖစ္ၿပီး မိုး႐ြာသြန္းပါက ပူျပင္းတဲ့ဒဏ္၊ ေလျပင္းတိုက္ခတ္မႈဒဏ္မ်ား ေလ်ာ့နည္းလာဖြယ္ရာရွိပါတယ္။

မိုး/ဇလမွ ေမလ ၁၁ ရက္ေန႔ ထုတ္ျပန္ခ်က္အရ ဘဂၤလားပင္လယ္ေအာ္ အေရွ႕ေတာင္ပိုင္းႏွင့္ ကပၸလီပင္လယ္ျပင္တို႔တြင္ ေနာက္ ၄၈ နာရီအတြင္း ေလဖိအားနည္းရပ္ဝန္း ျဖစ္ေပၚလာႏိုင္တယ္လို႔ ထုတ္ျပန္ထားပါတယ္။

အဆိုပါ ေလဖိအားနည္းရပ္ဝန္းအရွိန္ေၾကာင့္ ျမန္မာႏိုင္ငံသို႔ မုတ္သုန္ေလသည္ ေမလ ၁၆ ရက္ေန႔မွ ၂၁ ရက္ေန႔ အတြင္း ျမန္မာႏိုင္ငံေတာင္ပိုင္းသို႔ စတင္ဝင္ေရာက္ႏိုင္ေပမယ့္ သခ်ၤာေမာ္ဒယ္ျပဳစက္မ်ားရဲ႕ တြက္ခ်က္မႈအရ မိုးဦးေနာက္က်ႏိုင္တယ္လို႔ ဦးေက်ာ္မိုးဦး က ဆိုပါတယ္။

“ရာသီလိုက္ခန႔္မွန္းခ်က္က မိုးဦးက ဒီႏွစ္အေနနဲ႔က သခ်ၤာေမာ္ဒယ္ေတြမွာ သိပ္မေကာင္းဘူး။မိုးသိပ္မေကာင္းတဲ့ အေနအထားမ်ိဳးေတြ ေတြ႕ရတယ္။မိုးေနာက္က်ခ်င္လည္း ေနာက္က်မယ္။မုန္တိုင္းလမ္းေၾကာင္းေပၚ မူတည္တယ္။သူ႔ရဲ႕လမ္းေၾကာင္းေပၚ မူတည္တယ္။ဒီဘက္ထဲကိုလာရင္ ဒီဘက္က မိုးေစာေစာစီးစီးရမယ္။ၿပီးသြားရင္ေတာ့ မိုးျပန္နည္းရင္နည္းသြားမယ္” လို႔ ဆိုပါတယ္။

ပူျပင္းလြန္းတဲ့ အပူရွိန္ေတြေၾကာင့္ မိုးကို အမ်ားကေမွ်ာ္လင့္ေနေပမယ့္ မိုးရာသီမွာျဖစ္ေပၚေလ့ရွိတဲ့ ေရႀကီးေရလွ်ံမႈ၊ ေျမၿပိဳမႈ အစရွိတဲ့ သဘာဝေဘးအႏၲရာယ္ေတြ ျဖစ္ေပၚလာမွာကိုလည္း အမ်ားကစိုးရိမ္ထိတ္လန႔္ေနၾကပါတယ္။

ႏွစ္စဥ္ႏွစ္တိုင္း ျမင့္တက္လာတဲ့ အပူခ်ိန္ေတြေၾကာင့္ လက္ရွိအခ်ိန္မွာ ပူျပင္းတဲ့ဒဏ္ေတြအျပင္ အျခားေသာအႏၲရာယ္ျဖစ္စဥ္မ်ားလည္း ႀကဳံေတြ႕လာခဲ့ပါတယ္။လာမယ့္ႏွစ္ေတြမွာလည္း ထပ္မံျမင့္တက္လာဖို႔ရွိတဲ့ အပူခ်ိန္ေတြကို ျမန္မာႏိုင္ငံသူႏိုင္ငံသားမ်ား ဆက္လက္ႀကဳံေတြ႕ရဦးမွာျဖစ္ၿပီး ေရႀကီးေရလွ်ံမႈမ်ားလည္း ဆက္လက္ျဖစ္ေပၚလာႏိုင္တဲ့အတြက္ သဘာဝပတ္ဝန္းက်င္ကို ဝိုင္းဝန္းထိန္းသိမ္းၾကဖို႔ အခ်ိန္တန္ၿပီျဖစ္ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ေမ - ၁၂