【 သတင်းဆောင်းပါး 】 “သစ်တောပြုန်းတီးမှုနှင့် ရေကြီးရေလျှံမှု”

【 သတင်းဆောင်းပါး 】 “သစ်တောပြုန်းတီးမှုနှင့် ရေကြီးရေလျှံမှု”

မြန်မာနိုင်ငံဟာ ယခုဘက်နှစ်တွေမှာ ကမ္ဘာ့ရာသီဥတု အပြောင်းအလဲကို ပိုခံလာရသလို မကြာခဏ သဘာဝဘေးဒဏ်တွေကို ရင်ဆိုင်နေရပါတယ်။မြန်မာနိုင်ငံတွင် ရာသီဥတုပြောင်းလဲမှုများသည် ၂၀၀၀ ခုနှစ် နောက်ပိုင်းတွင် သိသာစွာဖြစ်ပေါ်ခဲ့ပြီး အပူချိန်မြင့်တက်မှုတွေဟာလည်း ပိုတိုးလို့လာခဲ့ပါတယ်။

၂၀၁၀ ခုနှစ်အတွက် ထုတ်ပြန်ခဲ့သော ကမ္ဘာ့သစ်တောပြုန်းတီးမှုအများဆုံး ၁၀ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံက အဆင့် ၄ နေရာတွင် ရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် အဆင့် ၃ နေရာသို့ တက်ခဲ့သည့်အထိ နှစ်စဉ် သစ်တောပြုန်းတီးမှုနူန်းက ဟက်တာ ငါးသိန်းလေးသောင်းကျော်နှုန်းထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။ထို့အပြင် အိမ်ထောင်စုပေါင်း ၁၁ သန်းခန့် ရှိသည့်အနက် ၈ဝ ရာခိုင်နှုန်းခန့်သည် လောင်စာအတွက် ထင်းနှင့် မီးသွေးကို အသုံးပြုနေပြီး နေအိမ်အတွက်လည်း သစ်နှင့် ဝါးကို အသုံးပြုနေသည့်အတွက် သစ်တောများအား မှီခိုနေသည်ကို တွေ့ရှိရမည်ဖြစ်ပြီး လက်ရှိမျိုးဆက်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်သာမက နောင်အနာဂတ်မျိုးဆက်များအတွက် သစ်တောသယံဇာတ လိုအပ်ချက်များကို စဉ်ဆက်မပြတ် ဖြည့်ဆည်းနိုင်ရန် မြန်မာ့သစ်တောများကို စနစ်တကျ စီမံအုပ်ချုပ်ရန် လိုအပ်နေပြီဆိုတာကလည်း ငြင်းလို့မရတဲ့ အချက်ပါ။မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့်ဆိုလျှင် မြန်မာနိုင်ငံရှိ ကုန်းမြေဧရိယာ၏ ထက်ဝက်နီးပါးသည် သစ်တောများ ဖုံးလွှမ်းနေသည့်အတွက် မြန်မာနိုင်ငံသည် သစ်တောသယံဇာတများ ကြွယ်ဝနေဆဲ နိုင်ငံတစ်နိုင်ဖြစ်ပေမယ့် သစ်တောပြုန်းတီးမှုသည်လည်း နေရာအတော်များများတွင် ရှိနေဆဲဖြစ်ပါတယ်။

ဒါကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်အချို့က ယခုဖြစ်နေတဲ့ မြစ်ရေကြီးမှု၊ မြေပြိုမှုများဟာ သစ်တောပြုန်းတီးမှုနဲ့ ဆက်စပ်နေတယ်လို့ဆိုပြီး ယခင်လို သစ်တော၊ သစ်ပင်များ မရှိတဲ့အတွက် မြေကြီးနှင့် မိုးရေကို ထိန်းသိမ်းနိုင်မှု အားနည်းလို့ ရွာချလိုက်တဲ့ မိုးရေက မြေကိုတိုက်စားကာ နုံးမြေအဖြစ် မြစ်ကြောင်းထဲ ဝင်ရောက်လာခြင်းကြောင့် မြစ်ကြမ်းပြင် မြင့်တက်ပြီး မထင်ထားတဲ့အထိ ရေကြီးရေလျှံမှုတွေ ဖြစ်လာရတယ်လို့လည်း ဆိုပါတယ်။

ထို့အတူ သတ္ထုတွင်းများ၊ ရေကာတာများ၊ စိုက်ပျိုးမြေခဲျ့ထွင်ခြင်း၊ သစ်ခုတ်ခြင်းများကြောင့်လည်း သစ်တောများပြုန်းတီးကုန်တာကြောင့် မြစ်ရေကြီးမှုတွေ ရေကြီးရေလျှံမှုတွေက ပိုဆိုးရွားလာစေခဲ့တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေက မှတ်ချက်ပြု သုံးသပ်မှုတွေကလည်း ရှိခဲ့ပြန်ပါတယ်။

အစိုးရ ပြည်သူ ပူးပေါင်းလုပ်ဆောင်ရန်လို

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဒေါ်ဒေဝီသန့်ဇင် ကတော့ (Climate Change) တွေဟာ ကမ္ဘာနဲ့ချီပြီး ဖြစ်နေသည့်အတွက် ဒါကို နိုင်ငံတကာမှာရှိတဲ့ အစိုးရ ပြည်သူ အကုန်ဝိုင်းဝန်း ပူးပေါင်းလုပ်ဆောင်မှ ရမယ်လို့လည်း သုံးသပ်ခဲ့ပြန်ပါတယ်။

“ရေကြီးရေလျှံမှုနဲ့ ပတ်သတ်လာရင် မြန်မာနိုင်ငံနဲ့ ကမ္ဘာကို ယှဉ်ပြောမှရမယ်လေ။အဲ့တော့ မြန်မာပြည်မှာ ၂၀၁၅ ခုနှစ်တည်းက ရေကြီးတာပေါ့။တိုင်း ၁၄ တိုင်း ရှိတဲ့အထဲမှာ တိုင်း ၁၂ တိုင်းလောက်က ရေကြီးတာဖြစ်တယ်။အဲ့တုန်းကတော့ ဒီလောက်မဆိုးဘူးပေါ့။နောက် ၂၀၁၆ မှာ တိုင်း ၁၀ တိုင်းလောက် ဖြစ်တယ်။ပြီးတော့ အခု ၂၀၁၇ နဲ့ ၂၀၁၈ ပေါ့လေ။ဒါတွေ ဘာလို့ဖြစ်လဲဆိုရင် ဧရာဝတီမြစ် အပါအဝင် မြစ်တို့ချောင်းတို့မှာ သစ်တောတွေ မရှိတော့လို့ပေါ့။ဒါတွေကို ဝိုင်းပြီးတော့ အစိုးရ ပြည်သူ စီးပွားရေးလုပ်ငန်းရှင်တွေ အကုန်လုံးက လုပ်မှရမယ်။” လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဒေါ်ဒေဝီသန့်ဇင် က ၎င်းရဲ့အမြင်ကို ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝအန္တရာယ်တွေဟာ လူပုဂ္ဂိုလ်တွေရဲ့ ဆောင်ရွက်မှုတွေကြောင့် အဓိကဖြစ်ပွားနေရပြီး ဒါတွေကို အချိန်မီမထိန်းသိမ်း မကာကွယ်ရင်ဘဲ သဘာဝပတ်ဝန်းကျင်အပေါ်မှာ ကျောခိုင်းထားမယ်ဆိုရင် လူတစ်ဦးချင်းစီအပေါ်မှာ တာဝန်ရှိတာကို တာဝန်တွေပျက်ကွက်နေမယ် ကျင့်ဝတ်တွေပျက်ကွက်နေမယ်ဆိုရင်တော့ ဒါဟာ နောင်အနာဂတ်အတွက်ကတော့ မတွေးဝင့်စရာပါပဲလို့  နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည် ကလည်း သစ်တောပြုန်းတီးမှုနှင့် သဘာဝဘေးအန္တရာယ်အပေါ် ၎င်းရဲ့ သဘောထားအမြင်ကို ယခုလိုပြောပြခဲ့ပါတယ်။

“ရာသီဥတုပြောင်းလဲမှုတွေက ဖြစ်နေတယ်။သဘာဝဘေးအန္တရာယ်တွေကလည်း ဖြစ်နေတယ်။ဒါတွေဟာ အဓိကလူကြောင့်ဖြစ်တာ လူတစ်ဦးချင်းစီပေါ်မှာ တာဝန်ရှိတယ် လူမျိုးမရွေး ဘာသာမရွေး ကျား၊ မ ဆင်းရဲချမ်းသာမရွေး ဒီလိုမျိုး လူတစ်ဦးချင်းစီပေါ်မှာ တာဝန်ရှိတယ်။သဘာဝပတ်ဝန်းကျင်ပေါ်မှာ  ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမယ့် အပိုင်းတွေမှာ အားနည်းတယ် အခုဘာပဲပြောပြော သစ်ပင်စိုက်တဲ့အဖွဲ့ ဆိုကျပါစို့ ဒီလိုလူပုဂ္ဂိုလ်တွေ သစ်ပင်စိုက်မယ့် အဖွဲ့အစည်းတွေကို အားပေးရမယ် ကြိုဆိုရမယ်။တို့တိုင်းပြည်ကြီးမှာ နဂိုကထက်စာရင် အခုက သဘာဝပတ်ဝန်းကျင် ပြောင်းလဲနေတယ်ဆိုတာက သဘာဝတရားကြီးကို အပြစ်တင်လို့မရပါဘူး။လူတွေပေါ်မှာ အပြစ်တင်ရမယ်၊ အဖွဲ့အစည်းတွေအပေါ်မှာ အပြစ်တင်ရမယ်၊ အစိုးရတွေအပေါ်မှာ ထောက်ပြဝေဖန်ရမှာပါ။ဘာလို့လဲဆိုတော့ အရင်က ကိုယ့်တိုင်းပြည်လောက် စိမ်းလန်းစိုပြေတဲ့တိုင်းပြည် မရှိပါဘူး။တောတောင်သဘာဝရှုခင်း  အလွန်တရာမှ ချစ်စရာကောင်းတယ် လေ့လာစရာတွေအများကြီး မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်မှာ သို့သေ်ာငြားလည်း ဒီသဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမယ်ဆိုတဲ့ အသိနဲ့ သဘာဝပတ်ဝန်းကျင်တွေအပေါ်မှာ တောတောင်တွေအပေါ်မှာ သဘာဝအရင်းအမြစ်တွေပေါ်မှာ အသုံးချတာတွေဟာ လူသားအကျိုးပြုမှုထက် မိမိတို့ရဲ့ ကိုယ်ကျိုးစီးပွားတွေ မိမိတို့ အာဏာတည်တံ့ဖို့အတွက် အသုံးချလာတာတွေ အရမ်းများလာတယ်။ဒါကြောင့် သဘာဝပတ်ဝန်းကျင်တွေ ပျက်သုန်းလာတယ်၊ ရာသီဥတုပြောင်းလဲမှုတွေ ဖြစ်လာတယ်။” လို့ ဦးထွန်းကြည် က ၎င်းရဲ့အမြင်ကို ပြောပြခဲ့တာပါ။

ထို့အတူ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး ကလည်း ရာသီဥတုပြောင်းလဲမှုက တစ်ကမ္ဘာလုံးမှာဖြစ်နေပြီး သဘာဝဘေးဒဏ်တွေကိုလည်း ခံစားကြုံတွေ့နေရတာကြောင့် သစ်တောသစ်ပင်တွေကို ထိန်းသိမ်းစိုက်ပျိုးဖို့လိုကြောင်းနှင့် ကာဗွန်ဓါတ်ငွေ့ ထုတ်လုပ်မှုတွေကိုလည်း လျှော့ချဖို့လိုကာ ပြန်လည်ဖြည့်ဖြိုးမြဲ စွမ်းအင်တွေကိုလည်း အသုံးချဖို့လိုတယ်လို့ အကြံပြုပြောကြားခဲ့ပါသေးတယ်။

“ရာသီဥတုပြောင်းလဲမှုက တစ်နှစ်ထက် တစ်နှစ်ကို များလာတယ်ပေါ့လေ။ကာဗွန်ဓါတ်ငွေ့တွေ မိသိမ်းဓါတ်ငွေ့ ထုတ်လုပ်မှုတွေ များလာတယ်။ဒါတွေကိုလျှော့ချဖို့လိုတယ်၊ အားလုံးပါဝင် ဆောင်ရွက်ပေးဖို့လိုပါမယ်။နောက်တစ်ချက်က ပြည့်ဖြိုးမြဲစွမ်းအင်တွေကို အသုံးပြုရမယ် ဒါတွေက ကျနော်တို့နိုင်ငံ အနေအထားနဲ့က အခုလက်ရှိမှာ မဖြစ်နိုင်ပေမယ့် နောင်အနာဂတ်မှာ ဖြစ်လာပါမယ်။နောက်တစ်ခါ သစ်တောသစ်ပင်တွေကို ထိန်းသိမ်းဖို့လိုသလို ပြန်လည်စိုက်ပျိုးဖို့လည်း လိုပါတယ်။ကျနော်တို့နိုင်ငံက သစ်တောဖုန်းလွှမ်းတဲ့ ဧရိယာက အရင်ကဆိုရင် ၇၀ ရာခိုင်နှုန်းလောက်ရှိတယ်။အခုဆိုရင် ၄၀ ရာခိုင်နှုန်းလောက်ရှိတယ်။ဒီအတွက်ကြောင့် သစ်တော၊ သစ်ပင်တွေကို ထိန်းသိမ်းဖို့နဲ့ ပြန်လည်စိုက်ပျိုးဖို့ကိုလည်း လက်ရှိမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအနေနဲ့ လုပ်ဆောင်နေပါတယ်။” လို့ ဦးကျော်မိုးဦး က ပြောကြားပေးခဲ့ပါတယ်။

ဒါကြောင့်လည်း ယခုလက်ရှိမှာ သစ်တောဦးစီးဌာနအနေနဲ့ အရိပ်ရပျိုးပင်များနှင့် ဒေသရာသီဥတုနှင့် ကိုက်ညီသည့် ကျွန်း၊ လျော်ဖြူ၊ မယ်ဇယ်၊ ယင်းမာ၊ ရေတမာ၊ တမာ၊ ခရေ၊ ယူကလစ်၊ ဝါး အစရှိသည့် ပျိုးပင်တွေကို ပျိုးထောင်ပြီး တစ်နိုင်ငံလုံးအနေဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်တွေကို လုပ်ဆောင်လျက်ရှိကြသလို တစ်သီးပုဂ္ဂလ သစ်ပင်စိုက်ပျိုးသူများနှင့် အရပ်ဘက်အဖွဲ့အစည်းများက အစုအဖွဲ့အလိုက် သစ်ပင်စိုက်ပျိုးမှုတွေကို တက်ကြွစွာလုပ်ဆောင်နေမှုတွေလည်း ရှိလာခဲ့တာဖြစ်ပါတယ်။

“နဂိုအတိုင်းအတာအထိ ရဖို့ဆိုတာက အင်နဲ့အားနဲ့ လူတစ်ချင်းစီပေါ်မှာ နိုင်ငံသူနိုင်ငံသားတွေအပေါ်မှာ တာဝန်ရှိတယ်လို့ ခံယူပြီးတော့  စိမ်းလန်းပါစေ မြန်မာပြည်ပေါ့ အဲ့ဆောင်ပုဒ် အဲ့ရည်ရွယ်ချက်နဲ့ ပီပီပြင်ပြင် အင်နဲ့အားနဲ့ လောက်လောက်ငင လုပ်နိုင်မှသာလျှင် တို့တိုင်းပြည်ရဲ့ အနာဂတ် မျိုးဆက်သစ်တွေအတွက်ရော နိုင်ငံသူနိုင်ငံသား ပြည်သူလူထုတွေအတွက်ရော သဘာဝတရားက  ချီးမြှင့်မယ့် ဆုလာဒ်တွေကို ခံစားခွင့်ရှိမှာဖြစ်တယ်။” လို့လည်း ဦးထွန်းကြည် က ၎င်းရဲ့အမြင်ကို ထပ်လောင်းပြောပြခဲ့ပါသေးတယ်။

သမိုင်းထဲက သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှုများ

GERMAN WATCH အဖွဲ့က ၁၉၉၅ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ နှစ် (၂၀) အတွင်း သဘာဝဘေးအန္တရာယ် အများဆုံးကြုံခဲ့ရတဲ့ နိုင်ငံများစာရင်းမှာ မြန်မာနိုင်ငံကို နံပါတ် ၂ နေရာမှာထားပြီး ဖော်ပြခဲ့ပါတယ်။GERMAN WATCH အဖွဲ့ဆိုတာ ရာသီဥတုပြောင်းလဲဖောက်ပြန်မှုကြောင့် ကမ္ဘာတစ်ဝန်း သဘာဝဘေးအန္တရာယ် ကြုံရမှုများကို အစဉ်တစိုက် လေ့လာမှတ်တမ်းတင် သတိပေးနေတဲ့ အများလေးစားရတဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။

ဒီဘက်နှစ်ပိုင်းမှာ သဘာဝဘေးကြောင့် အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးရတဲ့ ပမာဏဟာ ထိုးတက်လာခဲ့ပါတယ်။ဒီစာရင်းကိုဖွင့်မယ်ဆိုရင် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းကို မထည့်ရင် မပြည့်စုံပါဘူး။၂၀၀၈ ခုနှစ်က ဖြစ်ပွားတဲ့ နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီ၊ ရန်ကုန် စတဲ့ တိုင်းဒေသတွေမှာ မုန်တိုင်းဒီရေကြောင့် လူ တစ်သိန်းသုံးသောင်းကျော်နဲ့ ကျွဲ၊ နွား တိရစ္ဆာန်၊ လယ်ယာမြေ မရေမတွက်နိုင်အောင် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

ဒီဘက်နောက်ပိုင်းမှာဆို မြန်မာ့သမိုင်းမှာ ရေကြီးမှု အဆိုးရွားဆုံးဖြစ်ခဲ့တဲ့ ၂၀၁၅ ခုနှစ် ရေကြီးမှုဖြစ်စဉ်မှာ တိုင်းနှင့်ပြည်နယ် ၁၄ ခုအနက် ၁၀ ခုမှာ ရေကြီးရေလွှမ်းမှုများ ဖြစ်ပေါ်ခဲ့ကာ လယ်ယာမြေဧက ၁၄ သိန်းကျော် ရေကြီးနစ်မြုပ်ခဲ့ကာ ရေကြီးမှုကြောင့် လူဦးရေ ၁ ဒသမ ၆ သန်းကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ဒီကာလအတွင်းမှာ ရေဘေးဒဏ်ကြောင့် သေဆုံးသူ ၁၀၀ ကျော် ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ရေကြီးရေလျှံမှု အဖြစ်များဆုံးကာလက မိုးလယ်နဲ့ မိုနှောင်း ကာလတွေ ဖြစ်နေတာကို တွေ့နေရပါတယ်။ဒီကာလမှာ ဖြစ်ပေါ်တတ်တဲ့ ရေဘေးကြောင့် ပျက်စီးထိခိုက်မှုကလည်း များပြားလေ့ရှိတယ် ဆိုတာကလည်း ပကတိအမှန်တရားတစ်ခု ဖြစ်ခဲ့ပါတယ်။

ရေကြီးရေလျှံမှုကို ကာကွယ်ဖို့ ထိရောက်တဲ့ပြင်ဆင်မှု ရှိပြီလား

၁၉၇၈ ခုနှစ် အရှေ့ပိုင်းထက် ၁၉၇၈ ခုနှစ် နောက်ပိုင်းမှာ ရာသီဥတုဖောက်ပြန်မှုဟာ ပိုသိသာလာတယ်လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင် က ဆိုပါတယ်။အခုနောက်ပိုင်း ၂၀၁၄-၂၀၁၅ လောက်ကစလို့ နှစ်စဉ်နီးပါး ကြုံနေရတဲ့ ရေကြီးရေလျှံမှု အခြေအနေတွေဟာ ဒေသဆိုင်ရာ အစိုးရတွေရဲ့ စွမ်းဆောင်ရည်တွေကို စာမေးပွဲစစ်သလို ဖြစ်လို့နေပါတယ်။ဒါ့အပြင် ရေကြီးရေလျှံမှုများကို ကာကွယ်တားဆီးရန် သစ်တောများကို ထိန်းသိမ်းရမည်ဖြစ်ပြီး အစိုးရက စီမံကိန်းများ ချမှတ်ဆောင်ရွက်သင့်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေက အကြံပြုထားကြပါတယ်။

“စောနကပြောသလိုပေါ့လေ ကမ္ဘာနဲ့ချီပြီး (Climate Change) တွေကလည်း ဖြစ်နေတယ်။အဲ့ဒါကို ဝိုင်းပြီးတော့ မြန်မာတစ်နိုင်ငံတည်းတင် မဟုတ်ဘူး။နိုင်ငံတကာမှာရှိတဲ့ အစိုးရပြည်သူ အကုန်လုပ်မှ ရမယ်လေ။ဒါကြောင့်မို့လည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွန်ဖရင့်တွေ ကျင်းပခဲ့တဲ့ နိုင်ငံတကာဖိုရမ်တွေမှာ နိုင်ငံ့ခေါင်းဆောင်အသီးသီးက ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တွေကို လက်မှတ်တွေထိုးခဲ့တာ ရှိပါတယ်။ဒါတွေအားလုံးကို ခြုံငုံကြည့်ရင် ဒေါ်လေးတို့နိုင်ငံတွေ အပါအဝင်ပေါ့ တော်တော်များများက အစိုးရတွေမှာ တာဝန်ရှိတယ်လို့ မြင်တယ်လေ။ဘာဖြစ်လို့လဲဆိုတော့ အစိုးရနဲ့ စီးပွားရေးသမားတွေက ချိတ်ဆက်မှုရှိတယ်လေ ဒါကြောင့် စီးပွားရေးသမား ကုန်သည်တွေကို ထိန်းချုပ်ရမယ်။
ပလပ်စတစ်လျှော့ချရေးတွေကို လုပ်ရမယ်။အခုပြောပြောနေတဲ့ အစိမ်းရောင်ဖွံ့ဖြိုးမှု အစိမ်းရောင်စွမ်းအင်တို့ ဘာတို့ကို လုပ်ဖို့ဆိုတဲ့အထဲမှာ မြန်မာပြည်လည်း ပါတယ်။ဒါတွေကိုလည်း Top 21 လို ကွန်ဖရင့်တွေမှာ ဆွေးနွေးခဲ့ကြတယ်။အစိုးရအနေနဲ့လည်း နိုင်ငံတကာက ချမှတ်ထားတဲ့ ကတိကဝတ်တွေကို တည်စေချင်တယ်။သဘောတူညီချက်တွေ လုပ်ပြီးပြီဆိုရင် နိုင်ငံ့ခေါင်းဆောင်တွေဟာ ကိုယ့်တိုင်းပြည်ကို ပြန်ရောက်ရင် သူ့အချိန်သူ့အခါမှာ ဒါတွေကို တကယ်ကျင့်သုံးရမယ် အကောင်အထည်ဖော်ဖို့ လိုတယ်။” လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဒေါ်ဒေဝီသန့်ဇင် က သုံးသပ်ပြောကြားခဲ့ပါသေးတယ်။

သို့သော်လည်း နှစ်စဉ်ဖြစ်နေတဲ့ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေမှုကို ဟန့်တားဖို့ဆိုတာက အစိုးရက စီမံကိန်းများချမှတ်ပြီး လုပ်ခဲ့တယ်ဆိုရင်တောင် ရေကြီးရေလျှံမှုက ချက်ချင်းလျော့နည်း ပျောက်ကွယ်သွားမှာမဟုတ်ဘဲ ဆက်လက်ဖြစ်ပေါ်နေဦးမှာဘဲလို့လည်း ပညာရှင်အချို့ရဲ့ သုံးသပ်မှုတွေကလည်း ရှိနေပြန်ပါတယ်။

အဆိုပါရှောင်လွှဲလို့မရတဲ့ ရေကြီးရေလျှံမှု သဘာဝဘေးတွေကို ဘယ်လိုရင်ဆိုင် ဖြတ်ကျော်မလဲဆိုတဲ့ အစီအစဉ်တွေ ပိုမိုလိုအပ်လာပြီး ထိုအစီအစဉ်တွေကိုလည်း အားလုံးက ပူးပေါင်းဝိုင်းဝန်းပြီး ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့ လိုတယ်လို့လည်း သုံးသပ်မှုတွေ ရှိလာကြပါတယ်။ဒါကြောင့်လည်း ယခုလိုမိုးတွင်းကာလတွေဆိုရင် မိမိနေထိုင်ရာ ဒေသတစ်ဝိုက်မှာ ဖြစ်လာနိုင်တဲ့ ရေကြီးရေလျှံမှု ဘေးအန္တရာယ်တွေအတွက် ဘယ်လိုရင်ဆိုင် တုန့်ပြန်မယ်ဆိုတဲ့ အသိပညာတွေနဲ့ ကြိုတင်ပြင်ဆင်ရင်း ရှောင်လွှဲမရတဲ့ ရေကြီးရေလျှံမှု သဘာဝဘေးကို ကျော်လွှားနိုင်စေဖို့ သတိထားဖို့ လိုနေပြီ ဖြစ်ပါတယ်။

ပြေသိမ်း
ဇွန် - ၄

( Zawgyi )

ျမန္မာႏိုင္ငံဟာ ယခုဘက္ႏွစ္ေတြမွာ ကမာၻ႔ရာသီဥတု အေျပာင္းအလဲကို ပိုခံလာရသလို မၾကာခဏ သဘာဝေဘးဒဏ္ေတြကို ရင္ဆိုင္ေနရပါတယ္။ျမန္မာႏိုင္ငံတြင္ ရာသီဥတုေျပာင္းလဲမႈမ်ားသည္ ၂၀၀၀ ခုႏွစ္ ေနာက္ပိုင္းတြင္ သိသာစြာျဖစ္ေပၚခဲ့ၿပီး အပူခ်ိန္ျမင့္တက္မႈေတြဟာလည္း ပိုတိုးလို႔လာခဲ့ပါတယ္။

၂၀၁၀ ခုႏွစ္အတြက္ ထုတ္ျပန္ခဲ့ေသာ ကမာၻ႔သစ္ေတာျပဳန္းတီးမႈအမ်ားဆုံး ၁၀ ႏိုင္ငံစာရင္းတြင္ ျမန္မာႏိုင္ငံက အဆင့္ ၄ ေနရာတြင္ ရွိခဲ့ရာမွ ၂၀၁၅ ခုႏွစ္တြင္ အဆင့္ ၃ ေနရာသို႔ တက္ခဲ့သည့္အထိ ႏွစ္စဥ္ သစ္ေတာျပဳန္းတီးမႈႏူန္းက ဟက္တာ ငါးသိန္းေလးေသာင္းေက်ာ္ႏႈန္းထိ ရွိခဲ့တယ္လို႔ ဆိုပါတယ္။ထို႔အျပင္ အိမ္ေထာင္စုေပါင္း ၁၁ သန္းခန႔္ ရွိသည့္အနက္ ၈ဝ ရာခိုင္ႏႈန္းခန႔္သည္ ေလာင္စာအတြက္ ထင္းႏွင့္ မီးေသြးကို အသုံးျပဳေနၿပီး ေနအိမ္အတြက္လည္း သစ္ႏွင့္ ဝါးကို အသုံးျပဳေနသည့္အတြက္ သစ္ေတာမ်ားအား မွီခိုေနသည္ကို ေတြ႕ရွိရမည္ျဖစ္ၿပီး လက္ရွိမ်ိဳးဆက္မ်ား၏ လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းႏိုင္ရန္သာမက ေနာင္အနာဂတ္မ်ိဳးဆက္မ်ားအတြက္ သစ္ေတာသယံဇာတ လိုအပ္ခ်က္မ်ားကို စဥ္ဆက္မျပတ္ ျဖည့္ဆည္းႏိုင္ရန္ ျမန္မာ့သစ္ေတာမ်ားကို စနစ္တက် စီမံအုပ္ခ်ဳပ္ရန္ လိုအပ္ေနၿပီဆိုတာကလည္း ျငင္းလို႔မရတဲ့ အခ်က္ပါ။ျမန္မာတစ္ႏိုင္ငံလုံး အတိုင္းအတာအေနျဖင့္ဆိုလွ်င္ ျမန္မာႏိုင္ငံရွိ ကုန္းေျမဧရိယာ၏ ထက္ဝက္နီးပါးသည္ သစ္ေတာမ်ား ဖုံးလႊမ္းေနသည့္အတြက္ ျမန္မာႏိုင္ငံသည္ သစ္ေတာသယံဇာတမ်ား ႂကြယ္ဝေနဆဲ ႏိုင္ငံတစ္ႏိုင္ျဖစ္ေပမယ့္ သစ္ေတာျပဳန္းတီးမႈသည္လည္း ေနရာအေတာ္မ်ားမ်ားတြင္ ရွိေနဆဲျဖစ္ပါတယ္။

ဒါေၾကာင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ပညာရွင္အခ်ိဳ႕က ယခုျဖစ္ေနတဲ့ ျမစ္ေရႀကီးမႈ၊ ေျမၿပိဳမႈမ်ားဟာ သစ္ေတာျပဳန္းတီးမႈနဲ႔ ဆက္စပ္ေနတယ္လို႔ဆိုၿပီး ယခင္လို သစ္ေတာ၊ သစ္ပင္မ်ား မရွိတဲ့အတြက္ ေျမႀကီးႏွင့္ မိုးေရကို ထိန္းသိမ္းႏိုင္မႈ အားနည္းလို႔ ႐ြာခ်လိုက္တဲ့ မိုးေရက ေျမကိုတိုက္စားကာ ႏုံးေျမအျဖစ္ ျမစ္ေၾကာင္းထဲ ဝင္ေရာက္လာျခင္းေၾကာင့္ ျမစ္ၾကမ္းျပင္ ျမင့္တက္ၿပီး မထင္ထားတဲ့အထိ ေရႀကီးေရလွ်ံမႈေတြ ျဖစ္လာရတယ္လို႔လည္း ဆိုပါတယ္။

ထို႔အတူ သတၳဳတြင္းမ်ား၊ ေရကာတာမ်ား၊ စိုက္ပ်ိဳးေျမခဲ်႕ထြင္ျခင္း၊ သစ္ခုတ္ျခင္းမ်ားေၾကာင့္လည္း သစ္ေတာမ်ားျပဳန္းတီးကုန္တာေၾကာင့္ ျမစ္ေရႀကီးမႈေတြ ေရႀကီးေရလွ်ံမႈေတြက ပိုဆိုး႐ြားလာေစခဲ့တယ္လို႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ပညာရွင္ေတြက မွတ္ခ်က္ျပဳ သုံးသပ္မႈေတြကလည္း ရွိခဲ့ျပန္ပါတယ္။

အစိုးရ ျပည္သူ ပူးေပါင္းလုပ္ေဆာင္ရန္လို

သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ပညာရွင္ ေဒၚေဒဝီသန႔္ဇင္ ကေတာ့ (Climate Change) ေတြဟာ ကမာၻနဲ႔ခ်ီၿပီး ျဖစ္ေနသည့္အတြက္ ဒါကို ႏိုင္ငံတကာမွာရွိတဲ့ အစိုးရ ျပည္သူ အကုန္ဝိုင္းဝန္း ပူးေပါင္းလုပ္ေဆာင္မွ ရမယ္လို႔လည္း သုံးသပ္ခဲ့ျပန္ပါတယ္။

“ေရႀကီးေရလွ်ံမႈနဲ႔ ပတ္သတ္လာရင္ ျမန္မာႏိုင္ငံနဲ႔ ကမာၻကို ယွဥ္ေျပာမွရမယ္ေလ။အဲ့ေတာ့ ျမန္မာျပည္မွာ ၂၀၁၅ ခုႏွစ္တည္းက ေရႀကီးတာေပါ့။တိုင္း ၁၄ တိုင္း ရွိတဲ့အထဲမွာ တိုင္း ၁၂ တိုင္းေလာက္က ေရႀကီးတာျဖစ္တယ္။အဲ့တုန္းကေတာ့ ဒီေလာက္မဆိုးဘူးေပါ့။ေနာက္ ၂၀၁၆ မွာ တိုင္း ၁၀ တိုင္းေလာက္ ျဖစ္တယ္။ၿပီးေတာ့ အခု ၂၀၁၇ နဲ႔ ၂၀၁၈ ေပါ့ေလ။ဒါေတြ ဘာလို႔ျဖစ္လဲဆိုရင္ ဧရာဝတီျမစ္ အပါအဝင္ ျမစ္တို႔ေခ်ာင္းတို႔မွာ သစ္ေတာေတြ မရွိေတာ့လို႔ေပါ့။ဒါေတြကို ဝိုင္းၿပီးေတာ့ အစိုးရ ျပည္သူ စီးပြားေရးလုပ္ငန္းရွင္ေတြ အကုန္လုံးက လုပ္မွရမယ္။” လို႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ပညာရွင္ ေဒၚေဒဝီသန႔္ဇင္ က ၎ရဲ႕အျမင္ကို ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ ရာသီဥတုေျပာင္းလဲမႈႏွင့္ သဘာဝအႏၲရာယ္ေတြဟာ လူပုဂၢိဳလ္ေတြရဲ႕ ေဆာင္႐ြက္မႈေတြေၾကာင့္ အဓိကျဖစ္ပြားေနရၿပီး ဒါေတြကို အခ်ိန္မီမထိန္းသိမ္း မကာကြယ္ရင္ဘဲ သဘာဝပတ္ဝန္းက်င္အေပၚမွာ ေက်ာခိုင္းထားမယ္ဆိုရင္ လူတစ္ဦးခ်င္းစီအေပၚမွာ တာဝန္ရွိတာကို တာဝန္ေတြပ်က္ကြက္ေနမယ္ က်င့္ဝတ္ေတြပ်က္ကြက္ေနမယ္ဆိုရင္ေတာ့ ဒါဟာ ေနာင္အနာဂတ္အတြက္ကေတာ့ မေတြးဝင့္စရာပါပဲလို႔  ႏိုင္ငံေရးအက်ဥ္းသားေဟာင္းမ်ားအဖြဲ႕ ဦးေဆာင္ေကာ္မတီဝင္ ဦးထြန္းၾကည္ ကလည္း သစ္ေတာျပဳန္းတီးမႈႏွင့္ သဘာဝေဘးအႏၲရာယ္အေပၚ ၎ရဲ႕ သေဘာထားအျမင္ကို ယခုလိုေျပာျပခဲ့ပါတယ္။

“ရာသီဥတုေျပာင္းလဲမႈေတြက ျဖစ္ေနတယ္။သဘာဝေဘးအႏၲရာယ္ေတြကလည္း ျဖစ္ေနတယ္။ဒါေတြဟာ အဓိကလူေၾကာင့္ျဖစ္တာ လူတစ္ဦးခ်င္းစီေပၚမွာ တာဝန္ရွိတယ္ လူမ်ိဳးမေ႐ြး ဘာသာမေ႐ြး က်ား၊ မ ဆင္းရဲခ်မ္းသာမေ႐ြး ဒီလိုမ်ိဳး လူတစ္ဦးခ်င္းစီေပၚမွာ တာဝန္ရွိတယ္။သဘာဝပတ္ဝန္းက်င္ေပၚမွာ  ထိန္းသိမ္းကာကြယ္ ေစာင့္ေရွာက္ရမယ့္ အပိုင္းေတြမွာ အားနည္းတယ္ အခုဘာပဲေျပာေျပာ သစ္ပင္စိုက္တဲ့အဖြဲ႕ ဆိုက်ပါစို႔ ဒီလိုလူပုဂၢိဳလ္ေတြ သစ္ပင္စိုက္မယ့္ အဖြဲ႕အစည္းေတြကို အားေပးရမယ္ ႀကိဳဆိုရမယ္။တို႔တိုင္းျပည္ႀကီးမွာ နဂိုကထက္စာရင္ အခုက သဘာဝပတ္ဝန္းက်င္ ေျပာင္းလဲေနတယ္ဆိုတာက သဘာဝတရားႀကီးကို အျပစ္တင္လို႔မရပါဘူး။လူေတြေပၚမွာ အျပစ္တင္ရမယ္၊ အဖြဲ႕အစည္းေတြအေပၚမွာ အျပစ္တင္ရမယ္၊ အစိုးရေတြအေပၚမွာ ေထာက္ျပေဝဖန္ရမွာပါ။ဘာလို႔လဲဆိုေတာ့ အရင္က ကိုယ့္တိုင္းျပည္ေလာက္ စိမ္းလန္းစိုေျပတဲ့တိုင္းျပည္ မရွိပါဘူး။ေတာေတာင္သဘာဝရႈခင္း  အလြန္တရာမွ ခ်စ္စရာေကာင္းတယ္ ေလ့လာစရာေတြအမ်ားႀကီး ေျမေပၚေျမေအာက္၊ ေရေပၚေရေအာက္မွာ သို႔ေသ္ာျငားလည္း ဒီသဘာဝပတ္ဝန္းက်င္ကို ထိန္းသိမ္းကာကြယ္ ေစာင့္ေရွာက္ရမယ္ဆိုတဲ့ အသိနဲ႔ သဘာဝပတ္ဝန္းက်င္ေတြအေပၚမွာ ေတာေတာင္ေတြအေပၚမွာ သဘာဝအရင္းအျမစ္ေတြေပၚမွာ အသုံးခ်တာေတြဟာ လူသားအက်ိဳးျပဳမႈထက္ မိမိတို႔ရဲ႕ ကိုယ္က်ိဳးစီးပြားေတြ မိမိတို႔ အာဏာတည္တံ့ဖို႔အတြက္ အသုံးခ်လာတာေတြ အရမ္းမ်ားလာတယ္။ဒါေၾကာင့္ သဘာဝပတ္ဝန္းက်င္ေတြ ပ်က္သုန္းလာတယ္၊ ရာသီဥတုေျပာင္းလဲမႈေတြ ျဖစ္လာတယ္။” လို႔ ဦးထြန္းၾကည္ က ၎ရဲ႕အျမင္ကို ေျပာျပခဲ့တာပါ။

ထို႔အတူ မိုးေလဝသႏွင့္ ဇလေဗဒ ၫႊန္ၾကားမႈဦးစီးဌာန၊ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္မိုးဦး ကလည္း ရာသီဥတုေျပာင္းလဲမႈက တစ္ကမာၻလုံးမွာျဖစ္ေနၿပီး သဘာဝေဘးဒဏ္ေတြကိုလည္း ခံစားႀကဳံေတြ႕ေနရတာေၾကာင့္ သစ္ေတာသစ္ပင္ေတြကို ထိန္းသိမ္းစိုက္ပ်ိဳးဖို႔လိုေၾကာင္းႏွင့္ ကာဗြန္ဓါတ္ေငြ႕ ထုတ္လုပ္မႈေတြကိုလည္း ေလွ်ာ့ခ်ဖို႔လိုကာ ျပန္လည္ျဖည့္ၿဖိဳးၿမဲ စြမ္းအင္ေတြကိုလည္း အသုံးခ်ဖို႔လိုတယ္လို႔ အႀကံျပဳေျပာၾကားခဲ့ပါေသးတယ္။

“ရာသီဥတုေျပာင္းလဲမႈက တစ္ႏွစ္ထက္ တစ္ႏွစ္ကို မ်ားလာတယ္ေပါ့ေလ။ကာဗြန္ဓါတ္ေငြ႕ေတြ မိသိမ္းဓါတ္ေငြ႕ ထုတ္လုပ္မႈေတြ မ်ားလာတယ္။ဒါေတြကိုေလွ်ာ့ခ်ဖို႔လိုတယ္၊ အားလုံးပါဝင္ ေဆာင္႐ြက္ေပးဖို႔လိုပါမယ္။ေနာက္တစ္ခ်က္က ျပည့္ၿဖိဳးၿမဲစြမ္းအင္ေတြကို အသုံးျပဳရမယ္ ဒါေတြက က်ေနာ္တို႔ႏိုင္ငံ အေနအထားနဲ႔က အခုလက္ရွိမွာ မျဖစ္ႏိုင္ေပမယ့္ ေနာင္အနာဂတ္မွာ ျဖစ္လာပါမယ္။ေနာက္တစ္ခါ သစ္ေတာသစ္ပင္ေတြကို ထိန္းသိမ္းဖို႔လိုသလို ျပန္လည္စိုက္ပ်ိဳးဖို႔လည္း လိုပါတယ္။က်ေနာ္တို႔ႏိုင္ငံက သစ္ေတာဖုန္းလႊမ္းတဲ့ ဧရိယာက အရင္ကဆိုရင္ ၇၀ ရာခိုင္ႏႈန္းေလာက္ရွိတယ္။အခုဆိုရင္ ၄၀ ရာခိုင္ႏႈန္းေလာက္ရွိတယ္။ဒီအတြက္ေၾကာင့္ သစ္ေတာ၊ သစ္ပင္ေတြကို ထိန္းသိမ္းဖို႔နဲ႔ ျပန္လည္စိုက္ပ်ိဳးဖို႔ကိုလည္း လက္ရွိမွာ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီးဌာနအေနနဲ႔ လုပ္ေဆာင္ေနပါတယ္။” လို႔ ဦးေက်ာ္မိုးဦး က ေျပာၾကားေပးခဲ့ပါတယ္။

ဒါေၾကာင့္လည္း ယခုလက္ရွိမွာ သစ္ေတာဦးစီးဌာနအေနနဲ႔ အရိပ္ရပ်ိဳးပင္မ်ားႏွင့္ ေဒသရာသီဥတုႏွင့္ ကိုက္ညီသည့္ ကြၽန္း၊ ေလ်ာ္ျဖဴ၊ မယ္ဇယ္၊ ယင္းမာ၊ ေရတမာ၊ တမာ၊ ခေရ၊ ယူကလစ္၊ ဝါး အစရွိသည့္ ပ်ိဳးပင္ေတြကို ပ်ိဳးေထာင္ၿပီး တစ္ႏိုင္ငံလုံးအေနျဖင့္ သစ္ပင္စိုက္ပ်ိဳးပြဲေတာ္ေတြကို လုပ္ေဆာင္လ်က္ရွိၾကသလို တစ္သီးပုဂၢလ သစ္ပင္စိုက္ပ်ိဳးသူမ်ားႏွင့္ အရပ္ဘက္အဖြဲ႕အစည္းမ်ားက အစုအဖြဲ႕အလိုက္ သစ္ပင္စိုက္ပ်ိဳးမႈေတြကို တက္ႂကြစြာလုပ္ေဆာင္ေနမႈေတြလည္း ရွိလာခဲ့တာျဖစ္ပါတယ္။

“နဂိုအတိုင္းအတာအထိ ရဖို႔ဆိုတာက အင္နဲ႔အားနဲ႔ လူတစ္ခ်င္းစီေပၚမွာ ႏိုင္ငံသူႏိုင္ငံသားေတြအေပၚမွာ တာဝန္ရွိတယ္လို႔ ခံယူၿပီးေတာ့  စိမ္းလန္းပါေစ ျမန္မာျပည္ေပါ့ အဲ့ေဆာင္ပုဒ္ အဲ့ရည္႐ြယ္ခ်က္နဲ႔ ပီပီျပင္ျပင္ အင္နဲ႔အားနဲ႔ ေလာက္ေလာက္ငင လုပ္ႏိုင္မွသာလွ်င္ တို႔တိုင္းျပည္ရဲ႕ အနာဂတ္ မ်ိဳးဆက္သစ္ေတြအတြက္ေရာ ႏိုင္ငံသူႏိုင္ငံသား ျပည္သူလူထုေတြအတြက္ေရာ သဘာဝတရားက  ခ်ီးျမႇင့္မယ့္ ဆုလာဒ္ေတြကို ခံစားခြင့္ရွိမွာျဖစ္တယ္။” လို႔လည္း ဦးထြန္းၾကည္ က ၎ရဲ႕အျမင္ကို ထပ္ေလာင္းေျပာျပခဲ့ပါေသးတယ္။

သမိုင္းထဲက သဘာဝေဘးေၾကာင့္ ပ်က္စီးဆုံးရႈံးမႈမ်ား

GERMAN WATCH အဖြဲ႕က ၁၉၉၅ ခုႏွစ္မွ ၂၀၁၄ ခုႏွစ္အထိ ႏွစ္ (၂၀) အတြင္း သဘာဝေဘးအႏၲရာယ္ အမ်ားဆုံးႀကဳံခဲ့ရတဲ့ ႏိုင္ငံမ်ားစာရင္းမွာ ျမန္မာႏိုင္ငံကို နံပါတ္ ၂ ေနရာမွာထားၿပီး ေဖာ္ျပခဲ့ပါတယ္။GERMAN WATCH အဖြဲ႕ဆိုတာ ရာသီဥတုေျပာင္းလဲေဖာက္ျပန္မႈေၾကာင့္ ကမာၻတစ္ဝန္း သဘာဝေဘးအႏၲရာယ္ ႀကဳံရမႈမ်ားကို အစဥ္တစိုက္ ေလ့လာမွတ္တမ္းတင္ သတိေပးေနတဲ့ အမ်ားေလးစားရတဲ့ အဖြဲ႕တစ္ခုျဖစ္ပါတယ္။

ဒီဘက္ႏွစ္ပိုင္းမွာ သဘာဝေဘးေၾကာင့္ အသက္အိုးအိမ္စည္းစိမ္ ဆုံးရႈံးရတဲ့ ပမာဏဟာ ထိုးတက္လာခဲ့ပါတယ္။ဒီစာရင္းကိုဖြင့္မယ္ဆိုရင္ ၂၀၀၈ ခုႏွစ္ နာဂစ္မုန္တိုင္းကို မထည့္ရင္ မျပည့္စုံပါဘူး။၂၀၀၈ ခုႏွစ္က ျဖစ္ပြားတဲ့ နာဂစ္မုန္တိုင္းေၾကာင့္ ဧရာဝတီ၊ ရန္ကုန္ စတဲ့ တိုင္းေဒသေတြမွာ မုန္တိုင္းဒီေရေၾကာင့္ လူ တစ္သိန္းသုံးေသာင္းေက်ာ္နဲ႔ ကြၽဲ၊ ႏြား တိရစာၦန္၊ လယ္ယာေျမ မေရမတြက္ႏိုင္ေအာင္ ပ်က္စီးဆုံးရႈံးခဲ့ရပါတယ္။

ဒီဘက္ေနာက္ပိုင္းမွာဆို ျမန္မာ့သမိုင္းမွာ ေရႀကီးမႈ အဆိုး႐ြားဆုံးျဖစ္ခဲ့တဲ့ ၂၀၁၅ ခုႏွစ္ ေရႀကီးမႈျဖစ္စဥ္မွာ တိုင္းႏွင့္ျပည္နယ္ ၁၄ ခုအနက္ ၁၀ ခုမွာ ေရႀကီးေရလႊမ္းမႈမ်ား ျဖစ္ေပၚခဲ့ကာ လယ္ယာေျမဧက ၁၄ သိန္းေက်ာ္ ေရႀကီးနစ္ျမဳပ္ခဲ့ကာ ေရႀကီးမႈေၾကာင့္ လူဦးေရ ၁ ဒသမ ၆ သန္းကို ေ႐ႊ႕ေျပာင္းေပးခဲ့ရပါတယ္။ဒီကာလအတြင္းမွာ ေရေဘးဒဏ္ေၾကာင့္ ေသဆုံးသူ ၁၀၀ ေက်ာ္ ရွိခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ ေရႀကီးေရလွ်ံမႈ အျဖစ္မ်ားဆုံးကာလက မိုးလယ္နဲ႔ မိုေႏွာင္း ကာလေတြ ျဖစ္ေနတာကို ေတြ႕ေနရပါတယ္။ဒီကာလမွာ ျဖစ္ေပၚတတ္တဲ့ ေရေဘးေၾကာင့္ ပ်က္စီးထိခိုက္မႈကလည္း မ်ားျပားေလ့ရွိတယ္ ဆိုတာကလည္း ပကတိအမွန္တရားတစ္ခု ျဖစ္ခဲ့ပါတယ္။

ေရႀကီးေရလွ်ံမႈကို ကာကြယ္ဖို႔ ထိေရာက္တဲ့ျပင္ဆင္မႈ ရွိၿပီလား

၁၉၇၈ ခုႏွစ္ အေရွ႕ပိုင္းထက္ ၁၉၇၈ ခုႏွစ္ ေနာက္ပိုင္းမွာ ရာသီဥတုေဖာက္ျပန္မႈဟာ ပိုသိသာလာတယ္လို႔ မိုးေလဝသပညာရွင္ ဦးထြန္းလြင္ က ဆိုပါတယ္။အခုေနာက္ပိုင္း ၂၀၁၄-၂၀၁၅ ေလာက္ကစလို႔ ႏွစ္စဥ္နီးပါး ႀကဳံေနရတဲ့ ေရႀကီးေရလွ်ံမႈ အေျခအေနေတြဟာ ေဒသဆိုင္ရာ အစိုးရေတြရဲ႕ စြမ္းေဆာင္ရည္ေတြကို စာေမးပြဲစစ္သလို ျဖစ္လို႔ေနပါတယ္။ဒါ့အျပင္ ေရႀကီးေရလွ်ံမႈမ်ားကို ကာကြယ္တားဆီးရန္ သစ္ေတာမ်ားကို ထိန္းသိမ္းရမည္ျဖစ္ၿပီး အစိုးရက စီမံကိန္းမ်ား ခ်မွတ္ေဆာင္႐ြက္သင့္တယ္လို႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ပညာရွင္ေတြက အႀကံျပဳထားၾကပါတယ္။

“ေစာနကေျပာသလိုေပါ့ေလ ကမာၻနဲ႔ခ်ီၿပီး (Climate Change) ေတြကလည္း ျဖစ္ေနတယ္။အဲ့ဒါကို ဝိုင္းၿပီးေတာ့ ျမန္မာတစ္ႏိုင္ငံတည္းတင္ မဟုတ္ဘူး။ႏိုင္ငံတကာမွာရွိတဲ့ အစိုးရျပည္သူ အကုန္လုပ္မွ ရမယ္ေလ။ဒါေၾကာင့္မို႔လည္း သဘာဝပတ္ဝန္းက်င္ဆိုင္ရာ ကြန္ဖရင့္ေတြ က်င္းပခဲ့တဲ့ ႏိုင္ငံတကာဖိုရမ္ေတြမွာ ႏိုင္ငံ့ေခါင္းေဆာင္အသီးသီးက ပူးေပါင္းေဆာင္႐ြက္မႈ သေဘာတူညီခ်က္ေတြကို လက္မွတ္ေတြထိုးခဲ့တာ ရွိပါတယ္။ဒါေတြအားလုံးကို ၿခဳံငုံၾကည့္ရင္ ေဒၚေလးတို႔ႏိုင္ငံေတြ အပါအဝင္ေပါ့ ေတာ္ေတာ္မ်ားမ်ားက အစိုးရေတြမွာ တာဝန္ရွိတယ္လို႔ ျမင္တယ္ေလ။ဘာျဖစ္လို႔လဲဆိုေတာ့ အစိုးရနဲ႔ စီးပြားေရးသမားေတြက ခ်ိတ္ဆက္မႈရွိတယ္ေလ ဒါေၾကာင့္ စီးပြားေရးသမား ကုန္သည္ေတြကို ထိန္းခ်ဳပ္ရမယ္။
ပလပ္စတစ္ေလွ်ာ့ခ်ေရးေတြကို လုပ္ရမယ္။အခုေျပာေျပာေနတဲ့ အစိမ္းေရာင္ဖြံ႕ၿဖိဳးမႈ အစိမ္းေရာင္စြမ္းအင္တို႔ ဘာတို႔ကို လုပ္ဖို႔ဆိုတဲ့အထဲမွာ ျမန္မာျပည္လည္း ပါတယ္။ဒါေတြကိုလည္း Top 21 လို ကြန္ဖရင့္ေတြမွာ ေဆြးေႏြးခဲ့ၾကတယ္။အစိုးရအေနနဲ႔လည္း ႏိုင္ငံတကာက ခ်မွတ္ထားတဲ့ ကတိကဝတ္ေတြကို တည္ေစခ်င္တယ္။သေဘာတူညီခ်က္ေတြ လုပ္ၿပီးၿပီဆိုရင္ ႏိုင္ငံ့ေခါင္းေဆာင္ေတြဟာ ကိုယ့္တိုင္းျပည္ကို ျပန္ေရာက္ရင္ သူ႔အခ်ိန္သူ႔အခါမွာ ဒါေတြကို တကယ္က်င့္သုံးရမယ္ အေကာင္အထည္ေဖာ္ဖို႔ လိုတယ္။” လို႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ပညာရွင္ ေဒၚေဒဝီသန႔္ဇင္ က သုံးသပ္ေျပာၾကားခဲ့ပါေသးတယ္။

သို႔ေသာ္လည္း ႏွစ္စဥ္ျဖစ္ေနတဲ့ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ေပၚေနမႈကို ဟန႔္တားဖို႔ဆိုတာက အစိုးရက စီမံကိန္းမ်ားခ်မွတ္ၿပီး လုပ္ခဲ့တယ္ဆိုရင္ေတာင္ ေရႀကီးေရလွ်ံမႈက ခ်က္ခ်င္းေလ်ာ့နည္း ေပ်ာက္ကြယ္သြားမွာမဟုတ္ဘဲ ဆက္လက္ျဖစ္ေပၚေနဦးမွာဘဲလို႔လည္း ပညာရွင္အခ်ိဳ႕ရဲ႕ သုံးသပ္မႈေတြကလည္း ရွိေနျပန္ပါတယ္။

အဆိုပါေရွာင္လႊဲလို႔မရတဲ့ ေရႀကီးေရလွ်ံမႈ သဘာဝေဘးေတြကို ဘယ္လိုရင္ဆိုင္ ျဖတ္ေက်ာ္မလဲဆိုတဲ့ အစီအစဥ္ေတြ ပိုမိုလိုအပ္လာၿပီး ထိုအစီအစဥ္ေတြကိုလည္း အားလုံးက ပူးေပါင္းဝိုင္းဝန္းၿပီး ထိထိေရာက္ေရာက္ အေကာင္အထည္ေဖာ္ဖို႔ လိုတယ္လို႔လည္း သုံးသပ္မႈေတြ ရွိလာၾကပါတယ္။ဒါေၾကာင့္လည္း ယခုလိုမိုးတြင္းကာလေတြဆိုရင္ မိမိေနထိုင္ရာ ေဒသတစ္ဝိုက္မွာ ျဖစ္လာႏိုင္တဲ့ ေရႀကီးေရလွ်ံမႈ ေဘးအႏၲရာယ္ေတြအတြက္ ဘယ္လိုရင္ဆိုင္ တုန႔္ျပန္မယ္ဆိုတဲ့ အသိပညာေတြနဲ႔ ႀကိဳတင္ျပင္ဆင္ရင္း ေရွာင္လႊဲမရတဲ့ ေရႀကီးေရလွ်ံမႈ သဘာဝေဘးကို ေက်ာ္လႊားႏိုင္ေစဖို႔ သတိထားဖို႔ လိုေနၿပီ ျဖစ္ပါတယ္။

ေျပသိမ္း
ဇြန္ - ၄