【 သတင်းဆောင်းပါး 】 “သဘာဝဘေးနှင့် မြန်မာနိုင်ငံ”

【 သတင်းဆောင်းပါး 】 “သဘာဝဘေးနှင့် မြန်မာနိုင်ငံ”

သဘာဝအရင်းအမြစ် မြစ်ချောင်းတွေ ပေါကြွယ်လှတဲ့ မြန်မာနိုင်ငံဟာ အဲဒီမြစ်ချောင်းတွေကရရှိတဲ့ ရေတွေကို သောက်သုံးရန်နဲ့ စိုက်ပျိုးရန်အတွက် ဘိုးဘွားစဉ်ဆက် ထုတ်ယူသုံးစွဲခဲ့ကြပါတယ်။

ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှုနဲ့အတူ မြန်မာနိုင်ငံဟာလည်း ရာသီဥတုပြောင်းလဲမှုဒဏ်တွေကို ခံစားရလာပြီး ၂၀၀၀ ခုနှစ် နောက်ပိုင်းမှာ သဘာဝဘေးဒဏ်တွေ သိသာစွာ ရင်ဆိုင်လာခဲ့ရပါတယ်။GERMAN WATCH အဖွဲ့က ၁၉၉၅ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ နှစ် (၂၀) အတွင်း သဘာဝဘေးအန္တရာယ် အများဆုံးကြုံခဲ့ရတဲ့ နိုင်ငံများစာရင်းကို ဖော်ပြခဲ့ရာမှာ မြန်မာနိုင်ငံဟာ နံပါတ် ၂ နေရာမှာ ရှိခဲ့ပြီး လက်ရှိအချိန်အထိလည်း သဘာဝဘေးအန္တရာယ် အများဆုံးဖြစ်တဲ့ နိုင်ငံတွေမှာ အဆင့် ၂ နေရာမှာ ဆက်လက်ရပ်တည်လျှက် ရှိပါတယ်။

ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှုနဲ့အတူ မြန်မာနိုင်ငံဟာလည်း သဘာဝဘေးဒဏ်တွေကို ပြင်းထန်စွာ ခံစားလာခဲ့ရပြီး နွေအခါ ပူပြင်းတဲ့ဒဏ်၊ မိုးအခါ ရေကြီးရေလျှံမှုနဲ့ ကမ်းပါးပြိုမှုတွေ နှစ်စဉ်နှစ်တိုင်း ဖြစ်ပေါ်လာခဲ့ပါတယ်။မြန်မာနိုင်ငံမှာ ဘိုးစဉ်ဘောင်ဆက် အားကိုးအားထားပြုရတဲ့ မြစ်ချောင်းအင်းအိုင်တွေဟာ မိုးရာသီကာလတွေမှာ နိုင်ငံသားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ခြိမ်းခြောက်လာနေပြီ ဖြစ်ပါတယ်။

သဘာဝဘေးနှင့် မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေ

မြန်မာနိုင်ငံဟာ သဘာဝဘေးအန္တရာယ် ဖြစ်စဉ်များကြောင့် လူ့အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရပြီး ၂၀၀၈ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၁၃၀၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။၂၀၁၅ ခုနှစ်မှာ ဖြစ်ပေါ်တဲ့ ရေကြီးရေလျှံမှုကြောင့် တိုင်းနဲ့ပြည်နယ် ၁၄ ခုအနက် ၁၀ ခုမှာ ရေကြီးရေလွှမ်းမိုးမှုတွေ ဖြစ်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်က တိုင်းနဲ့ပြည်နယ် ၁၂ ခုမှာ ရေဘေးထပ်မံကြုံတွေ့ခဲ့ပြီး ၂၀၁၇ နဲ့ ၂၀၁၈ ခုနှစ်တွေမှာလည်း ရေကြီးရေလျှံမှုနဲ့ ကမ်းပါးပြိုကျမှုတွေ ဆက်တိုက်ဖြစ်ပေါ်လာခဲ့ပါတယ်။

လက်ရှိအချိန်မှာလည်း မြစ်ရေကြီးမြင့်မှုကြောင့် ဧရာဝတီမြစ် အထက်ပိုင်းဒေသတွေဖြစ်တဲ့ ကချင်ပြည်နယ်မှာ မြစ်ကြီးနား၊ တနိုင်း၊ ဆင်ဘို၊ ဝိုင်းမော်၊ ဗန်းမော်၊ ရွှေကူ၊ ဆော့လော်၊ နောင်မွန်း မြို့တွေမှာ ရေဘေးကြုံတွေ့လျှက်ရှိပြီး ကားလမ်းတွေ ပိတ်ပင်ထားရကာ စာသင်ကျောင်းတွေလည်း ပိတ်ထားရပါတယ်။မြောက်ဦး၊ မင်းပြား၊ ပလက်ဝ၊ ခန္တီး၊ ကသာ မြို့တွေမှာလည်း မြစ်ရေကြီးမြင့်မှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားရပြီ ဖြစ်ပါတယ်။

အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးဟင်နရီဗန်ထီးယူ က "မြန်မာနိုင်ငံအနေနဲ့ မုတ်သုန်ကာလ တိုတောင်းလာကာ မိုးရွာသွန်းမှုပုံစံ ပြောင်းလဲလာခြင်း၊ လေပြင်းတိုက်ခတ်မှုများ၊ မိုးကြိုးပစ်မှုများ ပိုမိုများပြားလာခြင်း၊ ရေကြီးရေလျှံမှုများ ပိုမိုဖြစ်ပေါ်လာခြင်း စသဖြင့် ဘေးအန္တရာယ်များ ပိုမိုရင်ဆိုင် ကြုံတွေ့နေရတာကို သိရှိကြပြီးဖြစ်တယ်" လို့ ၂၀၁၉ ခုနှစ်အတွင်းမှာ ပြုလုပ်ခဲ့တဲ့ သဘာဝဘေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

မိုး/ဇလ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး ကလည်း မုတ်သုန်ကာလ ပြောင်းလဲမှုဖြစ်စဉ်များ ဖြစ်ပေါ်လျှက်ရှိတယ်လို့ ဆိုပါတယ်။

"မုတ်သုန်က ၁၉၆၁ ကနေပြီးတော့ ၁၉၉၀ ပုံမှန်တွက်ခဲ့တဲ့ဟာမှာ ၁၄၄ ရက် ရှိတယ်။ကမ္ဘာ့မိုးလေဝသအဖွဲ့ရဲ့ လမ်းညွှန်ချက်အရ ၁၉၈၁ ကနေ ၂၀၁၀ ကို ပြန်ယူလိုက်တဲ့အချိန်မှာ ၁၂၁ ရက်ဘဲ ရှိတော့တယ်။ရက်ပေါင်း ၂၃ ရက်လောက် တိုသွားတဲ့ အနေအထားမျိုးလေးတွေ ရှိတယ်" လို့ ဆိုပါတယ်။

၂၀၁၈ ခုနှစ်၊ ဇူလိုင်လက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ ကရင်ပြည်နယ် ခရီးစဉ်အတွင်း လမ်းညွှန်စကား ပြောကြားခဲ့ရာမှာတော့ "ယခုကာလသည် ရာသီဥတုပြောင်းလဲမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ယခင်က ဖြစ်လေ့ဖြစ်ထ မရှိခဲ့သော်လည်း ယခုအခါ မဖြစ်ဘူးသည့် ပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ယင်းပြောင်းလဲမှုများမှာ ပုံသေသဘောဖြစ်လာမည် ဖြစ်ပါကြောင်း" လို့ ဒေသခံတွေကို ထည့်သွင်းပြောကြားခဲ့တာကိုကြည့်ရင် မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ရေကြီးရေလျှံမှု၊ ကမ်းပါးပြိုမှုတွေဟာ နိုင်ငံရဲ့ နေရာအတော်များများမှာ နှစ်စဉ်ဖြစ်ပေါ်နေပြီး မကွေးတိုင်း၊ စလင်းမြို့နယ်မှာရှိတဲ့ ကြူတောကျေးရွာဟာလည်း မြစ်ကမ်းပါးပြိုကျမှုကြောင့် ရွာလုံးကျွတ် ရွှေ့ပြောင်းရတဲ့ ကျေးရွာတစ်ခုဘဲ ဖြစ်ပါတယ်။အဲ့ဒီ ကြူတောကျေးရွာဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ခန့်ကတည်းက ဧရာဝတီကမ်းမြစ်ဘေးမှာ ဘိုးဘွားစဉ်ဆက် နေထိုင် လုပ်ကိုင်စားသောက်ခဲ့တဲ့ ကျေးရွာတစ်ခု ဖြစ်ပါတယ်။၂၀၁၅ ခုနှစ်က ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးစတင်ပြိုကျချိန်မှ စတင်ပြီး ဒီရွာရဲ့ရပ်တည်မှုနဲ့ ရွာသားတွေရဲ့ ဘဝတွေကို ခြိမ်းခြောက်လာခဲ့တာ ယနေ့ထိတိုင်ဘဲ ဖြစ်ပါတယ်။

ကမ်းပါးပြိုကျတဲ့အတွက် အနီးအနား ကျေးရွာဆီသို့ ရွှေ့ပြောင်းနေထိုင်သူများရှိသလို ငွေကြေးမတတ်နိုင်သူများအနေနဲ့ အဲ့ဒီရွာမှာဘဲ အိမ်တွေကို ရွှေ့ပြောင်းဆောက်လုပ် နေထိုင်ကြတယ်လို့ ဒေသခံ ကိုထွန်းထွန်းအောင် က ဆိုပါတယ်။

"ကမ်းကလည်းပြိုနေတာဘဲ။မရွှေ့တဲ့လူတွေကတော့ တဖြည်းဖြည်းနီးလာကြပြီ။သူတို့က ပိုက်ဆံမှမရှိတာကိုး။ဝိုင်းဖိုးမတတ်နိုင်ကြလို့လေ။ကျွန်တော်တို့လည်း ချေးငှားပြီး ဝယ်ကြတာပေါ့ဗျာ" လို့ ဆိုပါတယ်။

ကမ်းပြိုမှုတွေ ကာကွယ်ဖို့အတွက် ၂၀၁၅ ခုနှစ်ကတည်းက အစိုးရမှ ကျောက်များချခဲ့ပြီး ဒေသခံများကလည်း ကိုယ်ထူကိုယ်ထစနစ်နဲ့ ကမ်းထိန်းနံရံတွေ ပြုလုပ်ခဲ့ပေမယ့် ကမ်းပြိုမှုတွေ ရပ်တန့်မသွားဘူးလို့ ဆိုပါတယ်။

"ကျွန်တော်တို့ရွာ စပြိုတုန်းက ကျောက်တွေချတယ်။အစိုးရက လာချတယ်။အဲ့ဒါတွေလည်း ရေထဲပါသွားတာဘဲ။မရပါဘူး။ထန်းတုံးတွေ တုပ်ခံပြီးတော့ ၂၀၁၇ မှာလည်း လုပ်တယ်။၂၀၁၈ မှာလည်း လုပ်တယ်။အကုန် ကုန်သွားတာဘဲ။ရေထဲအကုန်လုံးပါသွားတာ ကမ်းထိန်းလုပ်လည်း မရပါဘူး။ကြူတော (မြောက်) ရွာ ကုန်လို့ ခုဆိုရင် (တောင်) ရွာတောင် ကုန်တော့မယ်လေ။ခုတော့ ကမ်းထိန်းက မလုပ်တော့ဘူး" လို့ ဆိုပါတယ်။

ကြူတောကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝမ်းကျော် က လက်ရှိအချိန်မှာ မြစ်ရေစတက်လာတဲ့အတွက် ကမ်းပါးပြိုမှုတွေ ဖြစ်ပေါ်လျှက်ရှိပြီး ရေဆက်လက်မြင့်တက်လာပါက စာသင်ကျောင်းများ ပိတ်ထားရမှာဖြစ်ပြီး ဒေသခံတွေလည်း အလုပ်အကိုင် ရှားပါးလာမှာဖြစ်တယ်လို့ ဆိုပါတယ်။

“မြစ်ရေစတက်တော့ ကမ်းပါးပြိုတာ စဖြစ်နေပြီ။ခုချိန်မှာ (တောင်) ရွာကတော့ ရွာတစ်ဝက်လောက်တော့ ရွှေ့ပြောင်းသွားပြီ။မိုးတွင်းပိုင်းဆိုရင် ကမ်းပါးပြိုမှုအန္တရာယ်က ဖြစ်လာတော့တာဘဲ။ရေကြီးသွားရင်တော့ ကျောင်းတွေက ပိတ်ရတယ်။ရေကြီးတဲ့အချိန်မှာတော့ ကျွန်တော်တို့ဆီမှာ အလုပ်မရှိတော့ဘူး။၁ မိုင်လောက်ဝေးတဲ့ နေရာမှာ လူကော နွားကော သွားနေကြရတယ်။အလုပ်ကတော့ နေ့စားငှားတဲသူရှိရင်တော့ လုပ်ကြရတာပေါ့။အလုပ်မရှိတော့လဲ ဒီအတိုင်း ထိုင်စားရတာပေါ့။နှစ်တိုင်းတော့ ရေကြီးလိုက်ရွှေ့လိုက်ပေါ့ ဝါတွင်းကာလတွေမှာ ရေမြုပ်တော့ အလုပ်မရှိတော့ဘူး။စိုက်ပျိုးရာသီကတော့ ဆောင်းရယ် နွေရယ်ဘဲ ရှိတယ်” လို့ ဆိုပါတယ်။

ကြူတောကျေးရွာမှာ ကမ်းပါးပြိုမှုတွေကြောင့် ပြောင်းရွှေ့ရတဲ့ အိမ်ထောင်စုတွေကို အစိုးရမှ ၁ အိမ်ထောင်လျှင် ငွေကျပ် ၃ သောင်း ထောက်ပံ့မှုပေးခဲ့ပြီး နောက်ပိုင်း ပြောင်းရွှေ့ရတဲ့ အိမ်ထောင်စုတွေကိုတော့ ၁၂၀၀၀၀ ကျပ် ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

ရေကြီးမှု၊ မြစ်ကမ်းပါးပြိုကျမှု ဘာကြောင့်ဖြစ်သလဲ

မြစ်ကြောင်းတလျှောက် ရေကြီးခြင်းရဲ့ အဓိကတရားခံက သစ်တောသစ်ပင်တွေ မရှိတဲ့အတွက်ဖြစ်ပြီး မိုးရွာသွန်းမှုပုံစံတွေ ပြောင်းလဲလာလို့လည်း မြစ်ရေကြီးမှုတွေ ဖြစ်ပေါ်တယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။

လက်ရှိအချိန်မှာတော့ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်တွေကြောင့် မိုးအဆက်မပြတ်ရွာသွန်းခြင်း၊ ရေနဲ့မြေကြီးကို ထိန်းထားတဲ့ သစ်တောသစ်ပင်တွေ မရှိတဲ့အတွက် သဲနုန်းတွေ မြစ်အတွင်း ကျဆင်းပြီး မြစ်ကြမ်းပြင် မြင့်တက်လာတာကြောင့် ဖြစ်တယ်လို့ ရေလမ်းကြောင်းနဲ့ ပတ်သက်တဲ့ သုတေသနလုပ်ငန်းဆိုင်ရာ လုပ်ကိုင်နေတဲ့ ဦးချိုချို က ဆိုပါတယ်။

"၁ ရက်ထဲမှာ ၃ လက်မရွာတဲ့ မိုး၊ ၄ လက်မရွာတဲ့ မိုး အရင်တုန်းက တော်တော်ရှားရင် ရှားမယ် ခုက ရေအိုးသွန်ချသလို ရွာတဲ့မိုးတွေကြောင့် ဖြစ်တယ်။၁ ရက်အတွင်းမှာ အများကြီးရွာချတယ်။ကမ်းက မနိုင်တော့ဘဲ ကမ်းကိုကျော်တဲ့ သဘာဝရှိပါတယ်။မြစ်ကြောင်း ပြောင်းလဲမှုတွေ ဖြစ်လာတယ်။မြစ်ထဲမှာ သဲသောင်တွေ အများကြီးဖြစ်လာတယ်။မြစ်ရဲ့ကြမ်းပြင် မြင့်လာတဲ့အတွက် အရင်တုန်းက ရေမကြီးတဲ့နေရာတွေ ရေကြီးလာတယ်။သဲနုန်းတွေ ဘာကြောင့်မြင့်တက်လာလဲဆိုရင် အပေါ်ဘက်က ရေဝေ ရေလဲ ဒေသက သဲနုန်းတွေ ဆင်းလာလို့ ဖြစ်တယ်။သဲနုန်းတွေ ဘာလို့အများကြီးဆင်းလာလဲဆိုရင် သစ်ပင်မရှိလို့။ရေဝေ ရေလဲ ဧရိယာမှာ သစ်ပင်မရှိခြင်းက မြစ်တွေကို ကောင်းကောင်းဒုက္ခပေးလာတယ်" လို့ ဆိုပါတယ်။

မြစ်ကမ်းပါးများ ပြိုကျခြင်းသည်လည်း ကမ်းပါးကို ထိန်းထားသည့် သစ်ပင်များမရှိခြင်းနဲ့ ရေစီးဆင်းမှု သဘာဝပုံစံတွေအရ မြစ်ကမ်းပါးတွေ ပြိုကျတယ်လို့ ဦးချိုချို က ဆက်လက်ပြောဆိုပါတယ်။

"မြစ်ဆိုတာ ရေကြီးဘဲ စီးတာမဟုတ်ဘူး။သဲနုန်းတွေပါ စီးဆင်းတာ။ရေက သဲနုန်းတွေကို အမြဲတမ်းသယ်ပါတယ်။သူသယ်နိုင်သလောက် သူ့မှာသယ်စရာ သဲနုန်းမရှိဘူးဆိုရင် ကမ်းပါးက သဲနုန်းတွေကို ယူသွားတာဘဲ။အဲ့ဒါကြောင့် ကမ်းပါးပြိုကျမှုတွေဖြစ်တာ" လို့ ဆိုပါတယ်။

မိုး/ဇလ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး ကလည်း ရေကြီးရေလျှံမှု ဖြစ်စဉ်တွေဟာ မြစ်ကြမ်းပြင်မြင့်တက်လာမှု၊ မိုးရွာသွန်းမှု ပုံစံပြောင်းလဲလာမှုတို့ကြောင့်လို့ ဆိုပါတယ်။

"ရေကြီးရေလျှံမှုဖြစ်တဲ့ အဓိက ကတော့ ရာသီဥတုပြောင်းလဲမှုကြောင့်ပေါ့။အချိန်တိုလေးအတွင်းမှာ မိုးအမြောက်အများ ရွာတဲ့အတွက်ကြောင့်ပါ။အရင်တုန်းက မိုးရွာပြီဆိုလည်း သစ်တောသစ်ပင်ရှိတော့ အချို့ရေကို စုပ်ယူထားတယ်။နည်းပါးတော့ ရွာသမျှရေက မြစ်ထဲရောက်တဲ့ အနေအထားလေးတွေရှိတယ်။ရေတင်မဟုတ်ဘဲ မြေကြီးတွေပါရောက်တော့ ကြမ်းပြင်မြင့်တက်လာတဲ့ အနေအထားလေးတွေ ဖြစ်တယ်" လို့ ဆိုပါတယ်။

သစ်တောများနှင့် မြန်မာနိုင်ငံ

တိုင်းပြည်ရဲ့ သစ်တောဖုံးလွှမ်းမှု ၇၀ ရာခိုင်နှုန်းခန့် ရှိခဲ့တဲ့ မြန်မာနိုင်ငံဟာ ၁၉၉၀ ခုနှစ် မှ ၂၀၁၀ ခုနှစ်အတွင်း တိုင်းပြည်ရဲ့ သစ်တောဧရိယာ ၁၉ ရာခိုင်နှုန်းခန့် ဆုံးရှုံးခဲ့ပြီး ၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ သစ်တောဧရိယာရဲ့ ၈ ဒဿမ ၅ ရာခိုင်နှုန်း ထပ်မံဆုံးရှုံးခဲ့တယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

သစ်တောဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ သစ်တောပြုန်းတီးရခြင်းရဲ့ အဓိကအကြောင်းအရင်းတွေက မြေအသုံးချမှုကို အခြားသော ရည်ရွယ်ချက်များတွင် ပြောင်းလဲအသုံးပြုခြင်း၊ တရားဝင် သစ်ထုတ်လုပ်မှု ကဏ္ဍတွင် အလွန်အကျွံ သစ်ထုတ်လုပ်ခြင်း၊ လူဦးရေတိုးပွားလာမှုနဲ့ ကျေးရွာများ မြို့များ ချဲ့ထွင်လာခြင်း၊ ထင်းနှင့် မီးသွေး အသုံးပြုခြင်း၊ သစ်နှင့် သစ်သား ဝယ်လိုအားများလာခြင်း၊ မှောင်ခို သစ်ထုတ်လုပ်ခြင်းတွေကြောင့် ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ သစ်ထုတ်လုပ်ရောင်းချမှုမှ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၆၉၈၈၃၄ ရရှိခဲ့ပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၇၁၄၆၆၃ ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ သစ်တောကဏ္ဍ အစီရင်ခံစာမှာ ထုတ်ပြန်ထားပါတယ်။

အဆိုပါ သစ်ထုတ်လုပ်မှုမှရရှိတဲ့ တိုင်းပြည်ရဲ့ဝင်ငွေတွေနဲ့ ကုန်ဆုံးသွားတဲ့ သစ်ပင်တွေကို အစားထိုး ပြန်လည်စိုက်ပျိုးရန် မဖြစ်နိုင်တဲ့အတွက် သစ်ထုတ်လုပ်ရောင်းချမှုတွေက တိုင်းပြည်အတွက် နစ်နာတယ်လို့ မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်းနှင့် သစ်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးစိန်ဝင်း က ဆိုပါတယ်။

"ကျွန်တော်တို့ တစ်နှစ်ကို ပျှမ်းမျှ နိုင်ငံခြားဝင်ငွေ ဒေါ်လာ သန်း ၃၀၀ လောက် ပျှမ်းမျှရခြင်းဘဲ ဖြစ်ပါတယ်။နှစ်ပေါင်း ၃၀ လောက် အတွင်းမှာ သန်း ၉၀၀၀၊ ၁ သောင်း ပေါ့၊ ၁၀ ဘီလီယံလောက် ရတယ်။ဒီ ၁၀ ဘီလီယံနဲ့ ကုန်ဆုံးသွားတဲ့ သစ်ပင်တွေ ပြန်စိုက်မယ်ဆိုလို့ရှိရင် ဖြစ်နိုင်သလား။ဒါ ကျွန်တော် စီးပွားရေးသမားတစ်ယောက်အနေနဲ့ပြောရင် နိုင်ငံတော်ရှုံးတယ်။ပိုက်ဆံရတာနဲ့ ကုန်သွားတာ မကာမိဘူး" လို့ ၎င်းက ဆိုပါတယ်။

ရေကြီးမှုနဲ့ ကမ်းပါးပြိုကျမှုတွေကို ဘယ်လိုကာကွယ်မလဲ၊ ဘာတွေလုပ်ဆောင်နေလဲ

မြစ်ရေကြီးမှုနဲ့ ကမ်းပါးပြိုကျမှုတွေကို ကာကွယ်ရန် သစ်တောသစ်ပင်တွေကို ပြုစုပျိုးထောင်ရမှာ ဖြစ်တယ်လို့ ဦးချိုချို က ဆိုပါတယ်။

"မြစ်ကြောင်းတွေ ပြန်ကောင်းဖို့ဆိုရင် သဲတွေပြန်မလာအောင် သစ်တောတွေ ပြန်စိုက်ပေါ့။သစ်တောစိုက်တာ ကြာတယ်ဆိုရင် အခုစိုက်နေတာ ၁၀၀ စိုက်ရင် ၅ ပင်လောက် ရှင်ချင်ရှင်တယ် အဲ့လိုမျိုးတော့မရဘူး။တကယ်ရှင်ပြီးတော့ ရေစီးရေလာကို ထိန်းနိုင်တဲ့ဟာမျိုးတွေ ခုဆိုရင် ဘာတီပါမြက်တို့ဆိုရင် အဲ့ဒါတွေပေါ်တယ်။အဲ့ဒါတွေလုပ်ပါ" လို့ ဆိုပါတယ်။

မြစ်ချောင်းများ ရေစီးရေလာကောင်းမွန်ရန် မြစ်ချောင်းများကို ဖြောင့်တန်းအောင် ပြုလုပ်ရမှာဖြစ်ပြီး မြစ်အတွင်း နုံးအနည်အနှစ်များ မကျအောင်လည်း သစ်ပင်များ စိုက်ပျိုးရမှာဖြစ်တယ်လို့ ဦးကျော်မိုးဦး က ဆိုပါတယ်။

"မြစ်ကမ်းပါးပြိုမှုကို ထိန်းနိုင်တဲ့ ရေစီးရေလာကောင်းအောင် လုပ်ဖို့ဆိုရင် မြစ်တွေကို ဖြောင့်တန်းအောင် လုပ်ရမယ်။မြစ်ကမ်းပါးတွေမှာ နုံးအနည်းအနှစ်တွေ မကျနိုင်အောင် မြစ်ကမ်းပါးထိန်းတာတွေ ဆောက်တာတို့ ဒါမှမဟုတ် ကမ်းပါးက မြေစာတွေ မပါအောင် မြက်တွေစိုက်တာတို့ လုပ်ရမယ်" လို့ သူ့ရဲ့သဘောထားကို ပြောဆိုခဲ့ပါတယ်။

သစ်တောဦးစီးဌာနအနေနဲ့လဲ သစ်တောများ ပြန်လည်ဖွံ့ဖြိုးလာဖို့ နှစ်စဉ် သစ်တောများ ပြန်လည်ပြုစု ပျိုးထောင်ခြင်း၊ သစ်ပင်စိုက်ပျိုးခြင်းများကို ပြုလုပ်လျှက်ရှိပါတယ်။

သစ်တောများ လက်ရှိအခြေအနေထက် ပိုမိုဆိုးမသွားဖို့နဲ့ ပိုမိုကောင်းမွန်လာရေးကို ရည်ရွယ်ပြီး ၂၀၁၇ မှ ၂၀၂၆ ခုနှစ်အထိ ၁၀ နှစ် စီမံကိန်း ရေးဆွဲထားပြီး မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်းများ အကောင်အထည်ဖော်လျှက်ရှိပြီး ပုဂ္ဂလိကစိုက်ခင်း ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဆောင်ရွက်လျှက်ရှိတယ်လို့ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ထွန်း က ဆိုပါတယ်။

ပြင်ဦးလွင်မြို့နယ်မှာ ပြင်ပကြိုးဝိုင်း သစ်တောလုပ်ကွက် စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ဦးအောင်ဝေ က နှစ်ရှည်သစ်ပင်များ စိုက်ပျိုးရာမှာ ရှင်သန်ဖို့ မလွယ်ကူဘဲ အမြဲတမ်း ဂရုစိုက်လုပ်ကိုင်ရတယ်လို့ ဆိုပါတယ်။

"သစ်ပင်က စိုက်ပြီးရင် ပေါင်းတွေ၊ မြက်တွေ မဖုံးသွားအောင် ရှင်းပေးရတယ်။မရှင်းပေးရင်လည်း မရှင်နိုင်ဘူး။နွေရောက်ရင် ရေလောင်းပေးရတယ်။တောမီးမလောင်အောင် ပေါင်းမြက်တွေ ရှင်းတာတို့ မီးတားလမ်းတို့ လုပ်ပေးရတယ်။ဒီအတိုင်း သစ်ပင်စိုက်ပြီး ပစ်ထားရင် ရှင်ဖို့က တော်တော်မလွယ်ဘူး" လို့ ဆိုပါတယ်။

သစ်ပင်၊ သစ်တောများ ပြန်လည်စိုက်ပျိုး ဖြစ်ထွန်းမှု အောင်မြင်ဖို့ မလွယ်ကူတဲ့အပြင် သစ်ခိုးထုတ်မှုတွေကိုလည်း ထိရောက်စွာ မကာကွယ်နိုင်သေးတဲ့အတွက် သစ်တော၊ သစ်ပင်များ ထပ်မံဆုံးရှုံးလျှက် ရှိပါတယ်။

သစ်ခိုးထုတ်သူများကို သစ်တောဝန်ထမ်း အင်အားနဲ့ ဖမ်းဆီးဖို့ မဖြစ်နိုင်တဲ့အတွက် ပြည်သူ့အင်အားကိုယူပြီး တရားမဝင်သစ် တားဆီးကာကွယ်ရေး လုပ်ငန်းများကို လုပ်ကိုင်နေရတယ်လို့ ဦးတင်ထွန်း က ဆိုပါတယ်။

"တရားမဝင်သစ် ဖမ်းဆီးရေးဟာ ဌာနရဲ့ ဝန်ထမ်းအင်အားနဲ့ အများကြီးအခက်အခဲရှိပါတယ်။ဒါ့ကြောင့်မို့လို့ ပြည်သူ့အင်အားကို ယူပြီးတော့ ပြည်သူ ပါဝင်တဲ့ တရားမဝင်သစ် တားဆီးကာကွယ်ရေး လုပ်ငန်းများကို အကောင်အထည်ဖော်လျှက် ရှိနေတယ်" လို့ ဆိုပါတယ်။

သစ်တောဝန်ထမ်း အင်အားနဲ့ မလုံလောက်တဲ့အတွက် သစ်ခိုးထုတ်လုပ်မှုများကို တားဆီးနှိမ်နှင်းဖို့ ခက်ခဲနေတယ်လို့လည်း ဦးကျော်မိုးဦး က မှတ်ချက်ပြုပြောဆိုပါတယ်။

"သစ်ခိုးထုတ်တဲ့ ဂိုဏ်းတွေဘာတွေ သူတို့အင်အားနဲ့ သူတို့ဖမ်းဖို့ဆိုတာ နည်းနည်းလေးခက်တယ်။သစ်ခိုးထုတ်တဲ့သူတွေက နေရာတိုင်းလိုလို ရှိနေတယ်။စိုက်လိုက်တဲ့အပင်နဲ့ ခိုးယူထုတ်သွားတဲ့ အပင်တွေက ပိုပြီးတော့များနေတဲ့ အချိန်ကျတော့ မနိုင်ဘူးဖြစ်နေတယ်။အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေတယ်" လို့ ဆိုပါတယ်။

သစ်ခိုးထုတ်မှုများကို ကာကွယ်တားဆီးရန်၊ သစ်တောသစ်ပင်များ ပြန်လည်စိုက်ပျိုးရန် အခက်အခဲဖြစ်ပေါ်နေသည့်အပြင် မြစ်များ ရေလမ်းကြောင်း ကောင်းမွန်စေရန်၊ ဆိပ်ကမ်းများ မပြောင်းရွှေ့ရဘဲ ဆယ့်နှစ်ရာသီ အသုံးပြုနိုင်စေရန်၊ ရေတိုက်စား ကမ်းပြိုမှုမှ ကာကွယ်ရန်၊ မြစ်ကြောင်းများ ရေအနက်မြင့်မားလာစေရန် အစရှိတဲ့ ဆောင်ရွက်ချက်တွေကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးရေး ဦးစီးဌာနအနေနဲ့ လုပ်ဆောင်နေပေမယ့် ရရှိလာတဲ့ အသုံးစရိတ်တွေက နည်းပါးတဲ့အတွက် လိုအပ်ချက်တွေကို အပြည့်အဝမလုပ်ဆောင်နိုင်ဘူးလို့ ဧရာဝတီတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှမိုး က ဆိုပါတယ်။

"ကမ်းပါးပြိုကျမှုတွေက ဧရာဝတီတိုင်းမှာ နှစ်စဉ် စာရင်းကောက်ယူမှုအရ ဆောင်ရွက်ရမှာက ၂၅၀ လောက်ရှိတယ်။တစ်နှစ်တစ်နှစ် ဆောင်ရွက်ပေးနိုင်တာက၂၀/၂၅/၃၀လောက်ဘဲ ရှိတယ်။ဆောင်ရွက်ရမယ့် ၂၅၀ လောက်မှာ ကျပ် ၁၂၇ ဘီလီယံလောက် ရှိတယ်။တကယ်တမ်း လုပ်ပေးနိုင်တာက ကျပ် ၅ ဘီလီယံ၊ ၆ ဘီလီယံ အဲ့လောက်ဘဲရတယ်။ဆောင်ရွက်ပေးနိုင်မှုနဲ့တွက်ရင် ၂၀ ပုံမှ ၁ ပုံလောက်ဘဲ လုပ်ရတဲ့ အနေအထားမျိုးလေး ရှိတယ်" လို့ ဆိုပါတယ်။

မြစ်ရေကြီးတဲ့ ကာလတွေမှာ စာသင်ကျောင်းတွေ ပိတ်ထားရတဲ့အတွက် ကလေးငယ်တွေ စာပေမသင်ကြားနိုင်ခြင်း၊ မီးရထားလမ်း၊ ကားလမ်းများ ရပ်နားထားရတဲ့ ခရီးသွားလာမှုနဲ့ ကုန်စည်စီးဆင်းမှု လုပ်ငန်းများ ရပ်ဆိုင်းခြင်း၊ စိုက်ပျိုးစားသောက်လို့ မဖြစ်နိုင်တဲ့အတွက် ရရာအလုပ်တွေ လုပ်ကိုင်စားသောက်နေရပြီး ကမ်းပြိုမှုကြောင့် နေရာတွေ ရွှေ့ပြောင်းရတဲ့အတွက် မြေယာပြဿနာများ ဖြစ်ပေါ်လာခြင်း၊ ကျန်းမာရေးနဲ့ အခြားသော အခက်အခဲပြဿနာတွေ ဖြစ်ပေါ်လျှက်ရှိတဲ့အတွက်  နိုင်ငံသားတွေအနေနဲ့ ရှောင်လွှဲလို့မရနိုင်ဘဲ ရာသီဥတုဘေးဒဏ်တွေကို ကြံ့ကြံ့ခံရင်း သစ်ပင်သစ်တောနဲ့ အခြားသော ကဏ္ဍတွေမှာ အစိုးရနဲ့ပူးပေါင်းပြီး ရာသီဥတုဘေးဒဏ်တွေကို တွန်းလှန်ဖို့ ဝိုင်းဝန်းလုပ်ဆောင်ရတော့မှာ ဖြစ်ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ဇူလိုင် - ၁၇

( Zawgyi )

သဘာဝအရင္းအျမစ္ ျမစ္ေခ်ာင္းေတြ ေပါႂကြယ္လွတဲ့ ျမန္မာႏိုင္ငံဟာ အဲဒီျမစ္ေခ်ာင္းေတြကရရွိတဲ့ ေရေတြကို ေသာက္သုံးရန္နဲ႔ စိုက္ပ်ိဳးရန္အတြက္ ဘိုးဘြားစဥ္ဆက္ ထုတ္ယူသုံးစြဲခဲ့ၾကပါတယ္။

ကမာၻ႔ရာသီဥတု ေျပာင္းလဲလာမႈနဲ႔အတူ ျမန္မာႏိုင္ငံဟာလည္း ရာသီဥတုေျပာင္းလဲမႈဒဏ္ေတြကို ခံစားရလာၿပီး ၂၀၀၀ ခုႏွစ္ ေနာက္ပိုင္းမွာ သဘာဝေဘးဒဏ္ေတြ သိသာစြာ ရင္ဆိုင္လာခဲ့ရပါတယ္။GERMAN WATCH အဖြဲ႕က ၁၉၉၅ ခုႏွစ္မွ ၂၀၁၄ ခုႏွစ္အထိ ႏွစ္ (၂၀) အတြင္း သဘာဝေဘးအႏၲရာယ္ အမ်ားဆုံးႀကဳံခဲ့ရတဲ့ ႏိုင္ငံမ်ားစာရင္းကို ေဖာ္ျပခဲ့ရာမွာ ျမန္မာႏိုင္ငံဟာ နံပါတ္ ၂ ေနရာမွာ ရွိခဲ့ၿပီး လက္ရွိအခ်ိန္အထိလည္း သဘာဝေဘးအႏၲရာယ္ အမ်ားဆုံးျဖစ္တဲ့ ႏိုင္ငံေတြမွာ အဆင့္ ၂ ေနရာမွာ ဆက္လက္ရပ္တည္လွ်က္ ရွိပါတယ္။

ကမာၻ႔ရာသီဥတု ေျပာင္းလဲလာမႈနဲ႔အတူ ျမန္မာႏိုင္ငံဟာလည္း သဘာဝေဘးဒဏ္ေတြကို ျပင္းထန္စြာ ခံစားလာခဲ့ရၿပီး ေႏြအခါ ပူျပင္းတဲ့ဒဏ္၊ မိုးအခါ ေရႀကီးေရလွ်ံမႈနဲ႔ ကမ္းပါးၿပိဳမႈေတြ ႏွစ္စဥ္ႏွစ္တိုင္း ျဖစ္ေပၚလာခဲ့ပါတယ္။ျမန္မာႏိုင္ငံမွာ ဘိုးစဥ္ေဘာင္ဆက္ အားကိုးအားထားျပဳရတဲ့ ျမစ္ေခ်ာင္းအင္းအိုင္ေတြဟာ မိုးရာသီကာလေတြမွာ ႏိုင္ငံသားေတြရဲ႕ အသက္အိုးအိမ္ စည္းစိမ္ေတြကို ၿခိမ္းေျခာက္လာေနၿပီ ျဖစ္ပါတယ္။

သဘာဝေဘးႏွင့္ ျမန္မာႏိုင္ငံရဲ႕ လက္ရွိအေျခအေန

ျမန္မာႏိုင္ငံဟာ သဘာဝေဘးအႏၲရာယ္ ျဖစ္စဥ္မ်ားေၾကာင့္ လူ႔အသက္ေပါင္းမ်ားစြာ ေပးဆပ္ခဲ့ရၿပီး ၂၀၀၈ ခုႏွစ္မွာ ျဖစ္ေပၚခဲ့တဲ့ နာဂစ္မုန္တိုင္းေၾကာင့္ လူေပါင္း ၁၃၀၀၀၀ ေက်ာ္ ေသဆုံးခဲ့ပါတယ္။၂၀၁၅ ခုႏွစ္မွာ ျဖစ္ေပၚတဲ့ ေရႀကီးေရလွ်ံမႈေၾကာင့္ တိုင္းနဲ႔ျပည္နယ္ ၁၄ ခုအနက္ ၁၀ ခုမွာ ေရႀကီးေရလႊမ္းမိုးမႈေတြ ျဖစ္ခဲ့ပါတယ္။ ၂၀၁၆ ခုႏွစ္က တိုင္းနဲ႔ျပည္နယ္ ၁၂ ခုမွာ ေရေဘးထပ္မံႀကဳံေတြ႕ခဲ့ၿပီး ၂၀၁၇ နဲ႔ ၂၀၁၈ ခုႏွစ္ေတြမွာလည္း ေရႀကီးေရလွ်ံမႈနဲ႔ ကမ္းပါးၿပိဳက်မႈေတြ ဆက္တိုက္ျဖစ္ေပၚလာခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာလည္း ျမစ္ေရႀကီးျမင့္မႈေၾကာင့္ ဧရာဝတီျမစ္ အထက္ပိုင္းေဒသေတြျဖစ္တဲ့ ကခ်င္ျပည္နယ္မွာ ျမစ္ႀကီးနား၊ တႏိုင္း၊ ဆင္ဘို၊ ဝိုင္းေမာ္၊ ဗန္းေမာ္၊ ေ႐ႊကူ၊ ေဆာ့ေလာ္၊ ေနာင္မြန္း ၿမိဳ႕ေတြမွာ ေရေဘးႀကဳံေတြ႕လွ်က္ရွိၿပီး ကားလမ္းေတြ ပိတ္ပင္ထားရကာ စာသင္ေက်ာင္းေတြလည္း ပိတ္ထားရပါတယ္။ေျမာက္ဦး၊ မင္းျပား၊ ပလက္ဝ၊ ခႏၲီး၊ ကသာ ၿမိဳ႕ေတြမွာလည္း ျမစ္ေရႀကီးျမင့္မႈေၾကာင့္ ေရေဘးကယ္ဆယ္ေရးစခန္းေတြ ဖြင့္လွစ္ထားရၿပီ ျဖစ္ပါတယ္။

အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲမႈေကာ္မတီ ဥကၠဌ ဦးဟင္နရီဗန္ထီးယူ က "ျမန္မာႏိုင္ငံအေနနဲ႔ မုတ္သုန္ကာလ တိုေတာင္းလာကာ မိုး႐ြာသြန္းမႈပုံစံ ေျပာင္းလဲလာျခင္း၊ ေလျပင္းတိုက္ခတ္မႈမ်ား၊ မိုးႀကိဳးပစ္မႈမ်ား ပိုမိုမ်ားျပားလာျခင္း၊ ေရႀကီးေရလွ်ံမႈမ်ား ပိုမိုျဖစ္ေပၚလာျခင္း စသျဖင့္ ေဘးအႏၲရာယ္မ်ား ပိုမိုရင္ဆိုင္ ႀကဳံေတြ႕ေနရတာကို သိရွိၾကၿပီးျဖစ္တယ္" လို႔ ၂၀၁၉ ခုႏွစ္အတြင္းမွာ ျပဳလုပ္ခဲ့တဲ့ သဘာဝေဘးဆိုင္ရာ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးမွာ ေျပာၾကားခဲ့ပါတယ္။

မိုး/ဇလ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္မိုးဦး ကလည္း မုတ္သုန္ကာလ ေျပာင္းလဲမႈျဖစ္စဥ္မ်ား ျဖစ္ေပၚလွ်က္ရွိတယ္လို႔ ဆိုပါတယ္။

"မုတ္သုန္က ၁၉၆၁ ကေနၿပီးေတာ့ ၁၉၉၀ ပုံမွန္တြက္ခဲ့တဲ့ဟာမွာ ၁၄၄ ရက္ ရွိတယ္။ကမာၻ႔မိုးေလဝသအဖြဲ႕ရဲ႕ လမ္းၫႊန္ခ်က္အရ ၁၉၈၁ ကေန ၂၀၁၀ ကို ျပန္ယူလိုက္တဲ့အခ်ိန္မွာ ၁၂၁ ရက္ဘဲ ရွိေတာ့တယ္။ရက္ေပါင္း ၂၃ ရက္ေလာက္ တိုသြားတဲ့ အေနအထားမ်ိဳးေလးေတြ ရွိတယ္" လို႔ ဆိုပါတယ္။

၂၀၁၈ ခုႏွစ္၊ ဇူလိုင္လက ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္မွ ကရင္ျပည္နယ္ ခရီးစဥ္အတြင္း လမ္းၫႊန္စကား ေျပာၾကားခဲ့ရာမွာေတာ့ "ယခုကာလသည္ ရာသီဥတုေျပာင္းလဲမႈေၾကာင့္ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ေပၚလ်က္ရွိပါေၾကာင္း၊ ယခင္က ျဖစ္ေလ့ျဖစ္ထ မရွိခဲ့ေသာ္လည္း ယခုအခါ မျဖစ္ဘူးသည့္ ေျပာင္းလဲမႈမ်ား ျဖစ္ေပၚလ်က္ရွိပါေၾကာင္း၊ ယင္းေျပာင္းလဲမႈမ်ားမွာ ပုံေသသေဘာျဖစ္လာမည္ ျဖစ္ပါေၾကာင္း" လို႔ ေဒသခံေတြကို ထည့္သြင္းေျပာၾကားခဲ့တာကိုၾကည့္ရင္ ျမန္မာႏိုင္ငံရဲ႕ လက္ရွိအေျခအေနကို ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။

ေရႀကီးေရလွ်ံမႈ၊ ကမ္းပါးၿပိဳမႈေတြဟာ ႏိုင္ငံရဲ႕ ေနရာအေတာ္မ်ားမ်ားမွာ ႏွစ္စဥ္ျဖစ္ေပၚေနၿပီး မေကြးတိုင္း၊ စလင္းၿမိဳ႕နယ္မွာရွိတဲ့ ၾကဴေတာေက်း႐ြာဟာလည္း ျမစ္ကမ္းပါးၿပိဳက်မႈေၾကာင့္ ႐ြာလုံးကြၽတ္ ေ႐ႊ႕ေျပာင္းရတဲ့ ေက်း႐ြာတစ္ခုဘဲ ျဖစ္ပါတယ္။အဲ့ဒီ ၾကဴေတာေက်း႐ြာဆိုတာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၁၀၀ ခန႔္ကတည္းက ဧရာဝတီကမ္းျမစ္ေဘးမွာ ဘိုးဘြားစဥ္ဆက္ ေနထိုင္ လုပ္ကိုင္စားေသာက္ခဲ့တဲ့ ေက်း႐ြာတစ္ခု ျဖစ္ပါတယ္။၂၀၁၅ ခုႏွစ္က ဧရာဝတီျမစ္ေရ တိုက္စားမႈေၾကာင့္ ကမ္းပါးစတင္ၿပိဳက်ခ်ိန္မွ စတင္ၿပီး ဒီ႐ြာရဲ႕ရပ္တည္မႈနဲ႔ ႐ြာသားေတြရဲ႕ ဘဝေတြကို ၿခိမ္းေျခာက္လာခဲ့တာ ယေန႔ထိတိုင္ဘဲ ျဖစ္ပါတယ္။

ကမ္းပါးၿပိဳက်တဲ့အတြက္ အနီးအနား ေက်း႐ြာဆီသို႔ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ားရွိသလို ေငြေၾကးမတတ္ႏိုင္သူမ်ားအေနနဲ႔ အဲ့ဒီ႐ြာမွာဘဲ အိမ္ေတြကို ေ႐ႊ႕ေျပာင္းေဆာက္လုပ္ ေနထိုင္ၾကတယ္လို႔ ေဒသခံ ကိုထြန္းထြန္းေအာင္ က ဆိုပါတယ္။

"ကမ္းကလည္းၿပိဳေနတာဘဲ။မေ႐ႊ႕တဲ့လူေတြကေတာ့ တျဖည္းျဖည္းနီးလာၾကၿပီ။သူတို႔က ပိုက္ဆံမွမရွိတာကိုး။ဝိုင္းဖိုးမတတ္ႏိုင္ၾကလို႔ေလ။ကြၽန္ေတာ္တို႔လည္း ေခ်းငွားၿပီး ဝယ္ၾကတာေပါ့ဗ်ာ" လို႔ ဆိုပါတယ္။

ကမ္းၿပိဳမႈေတြ ကာကြယ္ဖို႔အတြက္ ၂၀၁၅ ခုႏွစ္ကတည္းက အစိုးရမွ ေက်ာက္မ်ားခ်ခဲ့ၿပီး ေဒသခံမ်ားကလည္း ကိုယ္ထူကိုယ္ထစနစ္နဲ႔ ကမ္းထိန္းနံရံေတြ ျပဳလုပ္ခဲ့ေပမယ့္ ကမ္းၿပိဳမႈေတြ ရပ္တန႔္မသြားဘူးလို႔ ဆိုပါတယ္။

"ကြၽန္ေတာ္တို႔႐ြာ စၿပိဳတုန္းက ေက်ာက္ေတြခ်တယ္။အစိုးရက လာခ်တယ္။အဲ့ဒါေတြလည္း ေရထဲပါသြားတာဘဲ။မရပါဘူး။ထန္းတုံးေတြ တုပ္ခံၿပီးေတာ့ ၂၀၁၇ မွာလည္း လုပ္တယ္။၂၀၁၈ မွာလည္း လုပ္တယ္။အကုန္ ကုန္သြားတာဘဲ။ေရထဲအကုန္လုံးပါသြားတာ ကမ္းထိန္းလုပ္လည္း မရပါဘူး။ၾကဴေတာ (ေျမာက္) ႐ြာ ကုန္လို႔ ခုဆိုရင္ (ေတာင္) ႐ြာေတာင္ ကုန္ေတာ့မယ္ေလ။ခုေတာ့ ကမ္းထိန္းက မလုပ္ေတာ့ဘူး" လို႔ ဆိုပါတယ္။

ၾကဴေတာေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးဝမ္းေက်ာ္ က လက္ရွိအခ်ိန္မွာ ျမစ္ေရစတက္လာတဲ့အတြက္ ကမ္းပါးၿပိဳမႈေတြ ျဖစ္ေပၚလွ်က္ရွိၿပီး ေရဆက္လက္ျမင့္တက္လာပါက စာသင္ေက်ာင္းမ်ား ပိတ္ထားရမွာျဖစ္ၿပီး ေဒသခံေတြလည္း အလုပ္အကိုင္ ရွားပါးလာမွာျဖစ္တယ္လို႔ ဆိုပါတယ္။

“ျမစ္ေရစတက္ေတာ့ ကမ္းပါးၿပိဳတာ စျဖစ္ေနၿပီ။ခုခ်ိန္မွာ (ေတာင္) ႐ြာကေတာ့ ႐ြာတစ္ဝက္ေလာက္ေတာ့ ေ႐ႊ႕ေျပာင္းသြားၿပီ။မိုးတြင္းပိုင္းဆိုရင္ ကမ္းပါးၿပိဳမႈအႏၲရာယ္က ျဖစ္လာေတာ့တာဘဲ။ေရႀကီးသြားရင္ေတာ့ ေက်ာင္းေတြက ပိတ္ရတယ္။ေရႀကီးတဲ့အခ်ိန္မွာေတာ့ ကြၽန္ေတာ္တို႔ဆီမွာ အလုပ္မရွိေတာ့ဘူး။၁ မိုင္ေလာက္ေဝးတဲ့ ေနရာမွာ လူေကာ ႏြားေကာ သြားေနၾကရတယ္။အလုပ္ကေတာ့ ေန႔စားငွားတဲသူရွိရင္ေတာ့ လုပ္ၾကရတာေပါ့။အလုပ္မရွိေတာ့လဲ ဒီအတိုင္း ထိုင္စားရတာေပါ့။ႏွစ္တိုင္းေတာ့ ေရႀကီးလိုက္ေ႐ႊ႕လိုက္ေပါ့ ဝါတြင္းကာလေတြမွာ ေရျမဳပ္ေတာ့ အလုပ္မရွိေတာ့ဘူး။စိုက္ပ်ိဳးရာသီကေတာ့ ေဆာင္းရယ္ ေႏြရယ္ဘဲ ရွိတယ္” လို႔ ဆိုပါတယ္။

ၾကဴေတာေက်း႐ြာမွာ ကမ္းပါးၿပိဳမႈေတြေၾကာင့္ ေျပာင္းေ႐ႊ႕ရတဲ့ အိမ္ေထာင္စုေတြကို အစိုးရမွ ၁ အိမ္ေထာင္လွ်င္ ေငြက်ပ္ ၃ ေသာင္း ေထာက္ပံ့မႈေပးခဲ့ၿပီး ေနာက္ပိုင္း ေျပာင္းေ႐ႊ႕ရတဲ့ အိမ္ေထာင္စုေတြကိုေတာ့ ၁၂၀၀၀၀ က်ပ္ ေထာက္ပံ့ေပးခဲ့တယ္လို႔ ဆိုပါတယ္။

ေရႀကီးမႈ၊ ျမစ္ကမ္းပါးၿပိဳက်မႈ ဘာေၾကာင့္ျဖစ္သလဲ

ျမစ္ေၾကာင္းတေလွ်ာက္ ေရႀကီးျခင္းရဲ႕ အဓိကတရားခံက သစ္ေတာသစ္ပင္ေတြ မရွိတဲ့အတြက္ျဖစ္ၿပီး မိုး႐ြာသြန္းမႈပုံစံေတြ ေျပာင္းလဲလာလို႔လည္း ျမစ္ေရႀကီးမႈေတြ ျဖစ္ေပၚတယ္လို႔ ပညာရွင္ေတြက ဆိုၾကပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ရာသီဥတုေျပာင္းလဲမႈ ျဖစ္စဥ္ေတြေၾကာင့္ မိုးအဆက္မျပတ္႐ြာသြန္းျခင္း၊ ေရနဲ႔ေျမႀကီးကို ထိန္းထားတဲ့ သစ္ေတာသစ္ပင္ေတြ မရွိတဲ့အတြက္ သဲႏုန္းေတြ ျမစ္အတြင္း က်ဆင္းၿပီး ျမစ္ၾကမ္းျပင္ ျမင့္တက္လာတာေၾကာင့္ ျဖစ္တယ္လို႔ ေရလမ္းေၾကာင္းနဲ႔ ပတ္သက္တဲ့ သုေတသနလုပ္ငန္းဆိုင္ရာ လုပ္ကိုင္ေနတဲ့ ဦးခ်ိဳခ်ိဳ က ဆိုပါတယ္။

"၁ ရက္ထဲမွာ ၃ လက္မ႐ြာတဲ့ မိုး၊ ၄ လက္မ႐ြာတဲ့ မိုး အရင္တုန္းက ေတာ္ေတာ္ရွားရင္ ရွားမယ္ ခုက ေရအိုးသြန္ခ်သလို ႐ြာတဲ့မိုးေတြေၾကာင့္ ျဖစ္တယ္။၁ ရက္အတြင္းမွာ အမ်ားႀကီး႐ြာခ်တယ္။ကမ္းက မႏိုင္ေတာ့ဘဲ ကမ္းကိုေက်ာ္တဲ့ သဘာဝရွိပါတယ္။ျမစ္ေၾကာင္း ေျပာင္းလဲမႈေတြ ျဖစ္လာတယ္။ျမစ္ထဲမွာ သဲေသာင္ေတြ အမ်ားႀကီးျဖစ္လာတယ္။ျမစ္ရဲ႕ၾကမ္းျပင္ ျမင့္လာတဲ့အတြက္ အရင္တုန္းက ေရမႀကီးတဲ့ေနရာေတြ ေရႀကီးလာတယ္။သဲႏုန္းေတြ ဘာေၾကာင့္ျမင့္တက္လာလဲဆိုရင္ အေပၚဘက္က ေရေဝ ေရလဲ ေဒသက သဲႏုန္းေတြ ဆင္းလာလို႔ ျဖစ္တယ္။သဲႏုန္းေတြ ဘာလို႔အမ်ားႀကီးဆင္းလာလဲဆိုရင္ သစ္ပင္မရွိလို႔။ေရေဝ ေရလဲ ဧရိယာမွာ သစ္ပင္မရွိျခင္းက ျမစ္ေတြကို ေကာင္းေကာင္းဒုကၡေပးလာတယ္" လို႔ ဆိုပါတယ္။

ျမစ္ကမ္းပါးမ်ား ၿပိဳက်ျခင္းသည္လည္း ကမ္းပါးကို ထိန္းထားသည့္ သစ္ပင္မ်ားမရွိျခင္းနဲ႔ ေရစီးဆင္းမႈ သဘာဝပုံစံေတြအရ ျမစ္ကမ္းပါးေတြ ၿပိဳက်တယ္လို႔ ဦးခ်ိဳခ်ိဳ က ဆက္လက္ေျပာဆိုပါတယ္။

"ျမစ္ဆိုတာ ေရႀကီးဘဲ စီးတာမဟုတ္ဘူး။သဲႏုန္းေတြပါ စီးဆင္းတာ။ေရက သဲႏုန္းေတြကို အၿမဲတမ္းသယ္ပါတယ္။သူသယ္ႏိုင္သေလာက္ သူ႔မွာသယ္စရာ သဲႏုန္းမရွိဘူးဆိုရင္ ကမ္းပါးက သဲႏုန္းေတြကို ယူသြားတာဘဲ။အဲ့ဒါေၾကာင့္ ကမ္းပါးၿပိဳက်မႈေတြျဖစ္တာ" လို႔ ဆိုပါတယ္။

မိုး/ဇလ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္မိုးဦး ကလည္း ေရႀကီးေရလွ်ံမႈ ျဖစ္စဥ္ေတြဟာ ျမစ္ၾကမ္းျပင္ျမင့္တက္လာမႈ၊ မိုး႐ြာသြန္းမႈ ပုံစံေျပာင္းလဲလာမႈတို႔ေၾကာင့္လို႔ ဆိုပါတယ္။

"ေရႀကီးေရလွ်ံမႈျဖစ္တဲ့ အဓိက ကေတာ့ ရာသီဥတုေျပာင္းလဲမႈေၾကာင့္ေပါ့။အခ်ိန္တိုေလးအတြင္းမွာ မိုးအေျမာက္အမ်ား ႐ြာတဲ့အတြက္ေၾကာင့္ပါ။အရင္တုန္းက မိုး႐ြာၿပီဆိုလည္း သစ္ေတာသစ္ပင္ရွိေတာ့ အခ်ိဳ႕ေရကို စုပ္ယူထားတယ္။နည္းပါးေတာ့ ႐ြာသမွ်ေရက ျမစ္ထဲေရာက္တဲ့ အေနအထားေလးေတြရွိတယ္။ေရတင္မဟုတ္ဘဲ ေျမႀကီးေတြပါေရာက္ေတာ့ ၾကမ္းျပင္ျမင့္တက္လာတဲ့ အေနအထားေလးေတြ ျဖစ္တယ္" လို႔ ဆိုပါတယ္။

သစ္ေတာမ်ားႏွင့္ ျမန္မာႏိုင္ငံ

တိုင္းျပည္ရဲ႕ သစ္ေတာဖုံးလႊမ္းမႈ ၇၀ ရာခိုင္ႏႈန္းခန႔္ ရွိခဲ့တဲ့ ျမန္မာႏိုင္ငံဟာ ၁၉၉၀ ခုႏွစ္ မွ ၂၀၁၀ ခုႏွစ္အတြင္း တိုင္းျပည္ရဲ႕ သစ္ေတာဧရိယာ ၁၉ ရာခိုင္ႏႈန္းခန႔္ ဆုံးရႈံးခဲ့ၿပီး ၂၀၁၀ ခုႏွစ္မွ ၂၀၁၅ ခုႏွစ္အထိ သစ္ေတာဧရိယာရဲ႕ ၈ ဒႆမ ၅ ရာခိုင္ႏႈန္း ထပ္မံဆုံးရႈံးခဲ့တယ္လို႔ ႏိုင္ငံတကာအဖြဲ႕အစည္းေတြက ထုတ္ျပန္ထားပါတယ္။

သစ္ေတာဦးစီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံ သစ္ေတာျပဳန္းတီးရျခင္းရဲ႕ အဓိကအေၾကာင္းအရင္းေတြက ေျမအသုံးခ်မႈကို အျခားေသာ ရည္႐ြယ္ခ်က္မ်ားတြင္ ေျပာင္းလဲအသုံးျပဳျခင္း၊ တရားဝင္ သစ္ထုတ္လုပ္မႈ က႑တြင္ အလြန္အကြၽံ သစ္ထုတ္လုပ္ျခင္း၊ လူဦးေရတိုးပြားလာမႈနဲ႔ ေက်း႐ြာမ်ား ၿမိဳ႕မ်ား ခ်ဲ႕ထြင္လာျခင္း၊ ထင္းႏွင့္ မီးေသြး အသုံးျပဳျခင္း၊ သစ္ႏွင့္ သစ္သား ဝယ္လိုအားမ်ားလာျခင္း၊ ေမွာင္ခို သစ္ထုတ္လုပ္ျခင္းေတြေၾကာင့္ ျဖစ္တယ္လို႔ ထုတ္ျပန္ထားပါတယ္။

ျမန္မာႏိုင္ငံမွာ သစ္ထုတ္လုပ္ေရာင္းခ်မႈမွ ၂၀၁၄-၁၅ ဘ႑ာႏွစ္တြင္ က်ပ္သန္းေပါင္း ၆၉၈၈၃၄ ရရွိခဲ့ၿပီး ၂၀၁၅-၁၆ ဘ႑ာႏွစ္တြင္ က်ပ္သန္းေပါင္း ၇၁၄၆၆၃ ရရွိခဲ့တယ္လို႔ ျမန္မာႏိုင္ငံ သစ္ေတာက႑ အစီရင္ခံစာမွာ ထုတ္ျပန္ထားပါတယ္။

အဆိုပါ သစ္ထုတ္လုပ္မႈမွရရွိတဲ့ တိုင္းျပည္ရဲ႕ဝင္ေငြေတြနဲ႔ ကုန္ဆုံးသြားတဲ့ သစ္ပင္ေတြကို အစားထိုး ျပန္လည္စိုက္ပ်ိဳးရန္ မျဖစ္ႏိုင္တဲ့အတြက္ သစ္ထုတ္လုပ္ေရာင္းခ်မႈေတြက တိုင္းျပည္အတြက္ နစ္နာတယ္လို႔ ျမန္မာႏိုင္ငံ သစ္ေတာထြက္ပစၥည္းႏွင့္ သစ္လုပ္ငန္းရွင္မ်ားအသင္း ဥကၠဌ ဦးစိန္ဝင္း က ဆိုပါတယ္။

"ကြၽန္ေတာ္တို႔ တစ္ႏွစ္ကို ပွ်မ္းမွ် ႏိုင္ငံျခားဝင္ေငြ ေဒၚလာ သန္း ၃၀၀ ေလာက္ ပွ်မ္းမွ်ရျခင္းဘဲ ျဖစ္ပါတယ္။ႏွစ္ေပါင္း ၃၀ ေလာက္ အတြင္းမွာ သန္း ၉၀၀၀၊ ၁ ေသာင္း ေပါ့၊ ၁၀ ဘီလီယံေလာက္ ရတယ္။ဒီ ၁၀ ဘီလီယံနဲ႔ ကုန္ဆုံးသြားတဲ့ သစ္ပင္ေတြ ျပန္စိုက္မယ္ဆိုလို႔ရွိရင္ ျဖစ္ႏိုင္သလား။ဒါ ကြၽန္ေတာ္ စီးပြားေရးသမားတစ္ေယာက္အေနနဲ႔ေျပာရင္ ႏိုင္ငံေတာ္ရႈံးတယ္။ပိုက္ဆံရတာနဲ႔ ကုန္သြားတာ မကာမိဘူး" လို႔ ၎က ဆိုပါတယ္။

ေရႀကီးမႈနဲ႔ ကမ္းပါးၿပိဳက်မႈေတြကို ဘယ္လိုကာကြယ္မလဲ၊ ဘာေတြလုပ္ေဆာင္ေနလဲ

ျမစ္ေရႀကီးမႈနဲ႔ ကမ္းပါးၿပိဳက်မႈေတြကို ကာကြယ္ရန္ သစ္ေတာသစ္ပင္ေတြကို ျပဳစုပ်ိဳးေထာင္ရမွာ ျဖစ္တယ္လို႔ ဦးခ်ိဳခ်ိဳ က ဆိုပါတယ္။

"ျမစ္ေၾကာင္းေတြ ျပန္ေကာင္းဖို႔ဆိုရင္ သဲေတြျပန္မလာေအာင္ သစ္ေတာေတြ ျပန္စိုက္ေပါ့။သစ္ေတာစိုက္တာ ၾကာတယ္ဆိုရင္ အခုစိုက္ေနတာ ၁၀၀ စိုက္ရင္ ၅ ပင္ေလာက္ ရွင္ခ်င္ရွင္တယ္ အဲ့လိုမ်ိဳးေတာ့မရဘူး။တကယ္ရွင္ၿပီးေတာ့ ေရစီးေရလာကို ထိန္းႏိုင္တဲ့ဟာမ်ိဳးေတြ ခုဆိုရင္ ဘာတီပါျမက္တို႔ဆိုရင္ အဲ့ဒါေတြေပၚတယ္။အဲ့ဒါေတြလုပ္ပါ" လို႔ ဆိုပါတယ္။

ျမစ္ေခ်ာင္းမ်ား ေရစီးေရလာေကာင္းမြန္ရန္ ျမစ္ေခ်ာင္းမ်ားကို ေျဖာင့္တန္းေအာင္ ျပဳလုပ္ရမွာျဖစ္ၿပီး ျမစ္အတြင္း ႏုံးအနည္အႏွစ္မ်ား မက်ေအာင္လည္း သစ္ပင္မ်ား စိုက္ပ်ိဳးရမွာျဖစ္တယ္လို႔ ဦးေက်ာ္မိုးဦး က ဆိုပါတယ္။

"ျမစ္ကမ္းပါးၿပိဳမႈကို ထိန္းႏိုင္တဲ့ ေရစီးေရလာေကာင္းေအာင္ လုပ္ဖို႔ဆိုရင္ ျမစ္ေတြကို ေျဖာင့္တန္းေအာင္ လုပ္ရမယ္။ျမစ္ကမ္းပါးေတြမွာ ႏုံးအနည္းအႏွစ္ေတြ မက်ႏိုင္ေအာင္ ျမစ္ကမ္းပါးထိန္းတာေတြ ေဆာက္တာတို႔ ဒါမွမဟုတ္ ကမ္းပါးက ေျမစာေတြ မပါေအာင္ ျမက္ေတြစိုက္တာတို႔ လုပ္ရမယ္" လို႔ သူ႔ရဲ႕သေဘာထားကို ေျပာဆိုခဲ့ပါတယ္။

သစ္ေတာဦးစီးဌာနအေနနဲ႔လဲ သစ္ေတာမ်ား ျပန္လည္ဖြံ႕ၿဖိဳးလာဖို႔ ႏွစ္စဥ္ သစ္ေတာမ်ား ျပန္လည္ျပဳစု ပ်ိဳးေထာင္ျခင္း၊ သစ္ပင္စိုက္ပ်ိဳးျခင္းမ်ားကို ျပဳလုပ္လွ်က္ရွိပါတယ္။

သစ္ေတာမ်ား လက္ရွိအေျခအေနထက္ ပိုမိုဆိုးမသြားဖို႔နဲ႔ ပိုမိုေကာင္းမြန္လာေရးကို ရည္႐ြယ္ၿပီး ၂၀၁၇ မွ ၂၀၂၆ ခုႏွစ္အထိ ၁၀ ႏွစ္ စီမံကိန္း ေရးဆြဲထားၿပီး ျမန္မာႏိုင္ငံ သစ္ေတာမ်ား ျပန္လည္တည္ေထာင္ေရး စီမံကိန္းမ်ား အေကာင္အထည္ေဖာ္လွ်က္ရွိၿပီး ပုဂၢလိကစိုက္ခင္း ဖြံ႕ၿဖိဳးတိုးတက္ေရးကိုလည္း ေဆာင္႐ြက္လွ်က္ရွိတယ္လို႔ သစ္ေတာဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးတင္ထြန္း က ဆိုပါတယ္။

ျပင္ဦးလြင္ၿမိဳ႕နယ္မွာ ျပင္ပႀကိဳးဝိုင္း သစ္ေတာလုပ္ကြက္ စိုက္ပ်ိဳးေရးလုပ္ငန္းေတြ လုပ္ကိုင္ေနတဲ့ ဦးေအာင္ေဝ က ႏွစ္ရွည္သစ္ပင္မ်ား စိုက္ပ်ိဳးရာမွာ ရွင္သန္ဖို႔ မလြယ္ကူဘဲ အၿမဲတမ္း ဂ႐ုစိုက္လုပ္ကိုင္ရတယ္လို႔ ဆိုပါတယ္။

"သစ္ပင္က စိုက္ၿပီးရင္ ေပါင္းေတြ၊ ျမက္ေတြ မဖုံးသြားေအာင္ ရွင္းေပးရတယ္။မရွင္းေပးရင္လည္း မရွင္ႏိုင္ဘူး။ေႏြေရာက္ရင္ ေရေလာင္းေပးရတယ္။ေတာမီးမေလာင္ေအာင္ ေပါင္းျမက္ေတြ ရွင္းတာတို႔ မီးတားလမ္းတို႔ လုပ္ေပးရတယ္။ဒီအတိုင္း သစ္ပင္စိုက္ၿပီး ပစ္ထားရင္ ရွင္ဖို႔က ေတာ္ေတာ္မလြယ္ဘူး" လို႔ ဆိုပါတယ္။

သစ္ပင္၊ သစ္ေတာမ်ား ျပန္လည္စိုက္ပ်ိဳး ျဖစ္ထြန္းမႈ ေအာင္ျမင္ဖို႔ မလြယ္ကူတဲ့အျပင္ သစ္ခိုးထုတ္မႈေတြကိုလည္း ထိေရာက္စြာ မကာကြယ္ႏိုင္ေသးတဲ့အတြက္ သစ္ေတာ၊ သစ္ပင္မ်ား ထပ္မံဆုံးရႈံးလွ်က္ ရွိပါတယ္။

သစ္ခိုးထုတ္သူမ်ားကို သစ္ေတာဝန္ထမ္း အင္အားနဲ႔ ဖမ္းဆီးဖို႔ မျဖစ္ႏိုင္တဲ့အတြက္ ျပည္သူ႔အင္အားကိုယူၿပီး တရားမဝင္သစ္ တားဆီးကာကြယ္ေရး လုပ္ငန္းမ်ားကို လုပ္ကိုင္ေနရတယ္လို႔ ဦးတင္ထြန္း က ဆိုပါတယ္။

"တရားမဝင္သစ္ ဖမ္းဆီးေရးဟာ ဌာနရဲ႕ ဝန္ထမ္းအင္အားနဲ႔ အမ်ားႀကီးအခက္အခဲရွိပါတယ္။ဒါ့ေၾကာင့္မို႔လို႔ ျပည္သူ႔အင္အားကို ယူၿပီးေတာ့ ျပည္သူ ပါဝင္တဲ့ တရားမဝင္သစ္ တားဆီးကာကြယ္ေရး လုပ္ငန္းမ်ားကို အေကာင္အထည္ေဖာ္လွ်က္ ရွိေနတယ္" လို႔ ဆိုပါတယ္။

သစ္ေတာဝန္ထမ္း အင္အားနဲ႔ မလုံေလာက္တဲ့အတြက္ သစ္ခိုးထုတ္လုပ္မႈမ်ားကို တားဆီးႏွိမ္ႏွင္းဖို႔ ခက္ခဲေနတယ္လို႔လည္း ဦးေက်ာ္မိုးဦး က မွတ္ခ်က္ျပဳေျပာဆိုပါတယ္။

"သစ္ခိုးထုတ္တဲ့ ဂိုဏ္းေတြဘာေတြ သူတို႔အင္အားနဲ႔ သူတို႔ဖမ္းဖို႔ဆိုတာ နည္းနည္းေလးခက္တယ္။သစ္ခိုးထုတ္တဲ့သူေတြက ေနရာတိုင္းလိုလို ရွိေနတယ္။စိုက္လိုက္တဲ့အပင္နဲ႔ ခိုးယူထုတ္သြားတဲ့ အပင္ေတြက ပိုၿပီးေတာ့မ်ားေနတဲ့ အခ်ိန္က်ေတာ့ မႏိုင္ဘူးျဖစ္ေနတယ္။အိတ္ေပါက္နဲ႔ ဖားေကာက္သလို ျဖစ္ေနတယ္" လို႔ ဆိုပါတယ္။

သစ္ခိုးထုတ္မႈမ်ားကို ကာကြယ္တားဆီးရန္၊ သစ္ေတာသစ္ပင္မ်ား ျပန္လည္စိုက္ပ်ိဳးရန္ အခက္အခဲျဖစ္ေပၚေနသည့္အျပင္ ျမစ္မ်ား ေရလမ္းေၾကာင္း ေကာင္းမြန္ေစရန္၊ ဆိပ္ကမ္းမ်ား မေျပာင္းေ႐ႊ႕ရဘဲ ဆယ့္ႏွစ္ရာသီ အသုံးျပဳႏိုင္ေစရန္၊ ေရတိုက္စား ကမ္းၿပိဳမႈမွ ကာကြယ္ရန္၊ ျမစ္ေၾကာင္းမ်ား ေရအနက္ျမင့္မားလာေစရန္ အစရွိတဲ့ ေဆာင္႐ြက္ခ်က္ေတြကို ေရအရင္းအျမစ္ႏွင့္ ျမစ္ေခ်ာင္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးေရး ဦးစီးဌာနအေနနဲ႔ လုပ္ေဆာင္ေနေပမယ့္ ရရွိလာတဲ့ အသုံးစရိတ္ေတြက နည္းပါးတဲ့အတြက္ လိုအပ္ခ်က္ေတြကို အျပည့္အဝမလုပ္ေဆာင္ႏိုင္ဘူးလို႔ ဧရာဝတီတိုင္းေဒသႀကီး ေရအရင္းအျမစ္ႏွင့္ ျမစ္ေခ်ာင္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရး ဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးလွမိုး က ဆိုပါတယ္။

"ကမ္းပါးၿပိဳက်မႈေတြက ဧရာဝတီတိုင္းမွာ ႏွစ္စဥ္ စာရင္းေကာက္ယူမႈအရ ေဆာင္႐ြက္ရမွာက ၂၅၀ ေလာက္ရွိတယ္။တစ္ႏွစ္တစ္ႏွစ္ ေဆာင္႐ြက္ေပးႏိုင္တာက၂၀/၂၅/၃၀ေလာက္ဘဲ ရွိတယ္။ေဆာင္႐ြက္ရမယ့္ ၂၅၀ ေလာက္မွာ က်ပ္ ၁၂၇ ဘီလီယံေလာက္ ရွိတယ္။တကယ္တမ္း လုပ္ေပးႏိုင္တာက က်ပ္ ၅ ဘီလီယံ၊ ၆ ဘီလီယံ အဲ့ေလာက္ဘဲရတယ္။ေဆာင္႐ြက္ေပးႏိုင္မႈနဲ႔တြက္ရင္ ၂၀ ပုံမွ ၁ ပုံေလာက္ဘဲ လုပ္ရတဲ့ အေနအထားမ်ိဳးေလး ရွိတယ္" လို႔ ဆိုပါတယ္။

ျမစ္ေရႀကီးတဲ့ ကာလေတြမွာ စာသင္ေက်ာင္းေတြ ပိတ္ထားရတဲ့အတြက္ ကေလးငယ္ေတြ စာေပမသင္ၾကားႏိုင္ျခင္း၊ မီးရထားလမ္း၊ ကားလမ္းမ်ား ရပ္နားထားရတဲ့ ခရီးသြားလာမႈနဲ႔ ကုန္စည္စီးဆင္းမႈ လုပ္ငန္းမ်ား ရပ္ဆိုင္းျခင္း၊ စိုက္ပ်ိဳးစားေသာက္လို႔ မျဖစ္ႏိုင္တဲ့အတြက္ ရရာအလုပ္ေတြ လုပ္ကိုင္စားေသာက္ေနရၿပီး ကမ္းၿပိဳမႈေၾကာင့္ ေနရာေတြ ေ႐ႊ႕ေျပာင္းရတဲ့အတြက္ ေျမယာျပႆနာမ်ား ျဖစ္ေပၚလာျခင္း၊ က်န္းမာေရးနဲ႔ အျခားေသာ အခက္အခဲျပႆနာေတြ ျဖစ္ေပၚလွ်က္ရွိတဲ့အတြက္  ႏိုင္ငံသားေတြအေနနဲ႔ ေရွာင္လႊဲလို႔မရႏိုင္ဘဲ ရာသီဥတုေဘးဒဏ္ေတြကို ႀကံ့ႀကံ့ခံရင္း သစ္ပင္သစ္ေတာနဲ႔ အျခားေသာ က႑ေတြမွာ အစိုးရနဲ႔ပူးေပါင္းၿပီး ရာသီဥတုေဘးဒဏ္ေတြကို တြန္းလွန္ဖို႔ ဝိုင္းဝန္းလုပ္ေဆာင္ရေတာ့မွာ ျဖစ္ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ဇူလိုင္ - ၁၇