【 ‌ဆောင်းပါး 】 နွေဦးကိုတွေးလို့ သီတင်းကျွတ်ကြည့်ခြင်း

【 ‌ဆောင်းပါး 】 နွေဦးကိုတွေးလို့ သီတင်းကျွတ်ကြည့်ခြင်း

ပြီးခဲ့သည့် ၆ နှစ်ဝန်းကျင်က အအေးလွှမ်းသော တရုတ်နိုင်ငံမြောက်ပိုင်း ဘေဂျင်းတွင်၂ နှစ်တာ သွားရောက်နေထိုင်ခဲ့သည်။အပူပိုင်းဒေသတွင် တစ်သက်တာ ပူပူပြင်းပြင်း နေထိုင်ခဲ့သူတစ်ဦးအတွက် ဘေဂျင်း ဆောင်းဦးသည်ပင် ခိုက်ခိုက်တုန် ဖြုံခဲ့ရသည်။
တကယ့်ဆောင်းတွင်းထဲကိုဝင်တော့ ဘယ်အချိန်ကြည့်ကြည့် ကောင်းကင်သည် အခုပဲငိုတော့မည့်ဟန် အုံ့ဆိုင်းလို့။

ခန္ဓာကိုယ်အပေါ်ပိုင်းတွင် ပုံမှန်အင်္ကျီတစ်ထပ်၊ ပြင်ဦးလွင်ဆွယ်တာလိုမျိုးတစ်ထပ်၊ သူ့အပေါ်တွင် ထူထူထဲထဲ ကုတ်အထူကြီးက တစ်ထပ်ဖြင့် လေးလံလို့။ခန္ဓာကိုယ်အောက်ပိုင်းတွင်တော့ အသားကပ် (သို့မဟုတ်) အတွင်းဝတ် ဘောင်းဘီရှည်တစ်ထည်၊ သူ့အပေါ်တွင် ဂျင်းဘောင်းဘီ ခပ်ထူထူတစ်ထပ်။ပြီးတော့ နားရွက်ဖုံးခေါင်းစွပ်လည်း စွပ်ထားရ၊ လက်နှစ်ဖက်ကိုလည်း လက်အိတ်ထူထူ စွပ်ထားရ။အအေးအပြင်းဆုံးသော ဒီဇင်ဘာနှင့် ဇန်နဝါရီလို လမျိုးဆိုလျှင် ခန္ဓာကိုယ် နေရာလှပ်မချန် အကုန်ထုပ်ပိုးပြီးမှ အပြင်ထွက်ချင်သည်အထိ။အေးလိုက်တာကလည်း အောက်တိုဘာလောက်က စလို့ ဟိုး..ဧပြီကုန်သည်အထိ။

သင်္ကြန်အပြီးသို့ရောက်ပြီဆို ကောင်းကင်သည် တစစကြည်လင်လာသလို အအေးဓာတ်သည်လည်း တဖြည်းဖြည်းပေါ့လာသဖြင့် အလိုလိုလန်းလာသည်။ခန္ဓာကိုယ်ပေါ်က ထူထူထဲထဲတွေ အကုန်ချွတ်၊ မပါးသောရှပ်အင်္ကျီအရှည် (သို့မဟုတ်) အနွေးထည်ပါးပါး တစ်ထည်လောက်ဖြင့် လုံလောက်သော နွေဦးရာသီ။နည်းနည်း ခပ်အေးအေး အနေအထားမို့ သွားလာကောင်းလာလို့ကောင်း၊ သွားချင်လာချင်စိတ်သည်လည်း အပြည့်။နွေဦးကြိုပန်းဟုဆိုသော အဝါရောင်လှသော ပန်းများက ဘေဂျင်းတခွင် တချို့သောလမ်းဘေးတို့တွင် ခပ်ရဲရဲပွင့်လို့။နွေဦးကြိုပန်းမှာ အပင်ထက်တွင် လှနေသလောက် နမ်းကြည့်သည့်အခါမှာတော့ မွှေးမြမှုမရှိ။လှရုံသာလှသောပန်းဟု ဆိုလျှင်မမှား။

နွေဦးကြိုပန်းတို့ ရဲရဲပွင့်နေသည့်အချိန်တွင် ဆောင်းတွင်းတစ်လျှောက် ထန်ပြင်းသော အအေးဒဏ်ကြောင့် အရွက်မဲ့အပွင့်မဲ့ အရိုးစုသဖွယ်ဖြစ်နေသော သစ်ပင်အကိုင်းတို့တွင် ရွက်သစ်ဝေရန် အားယူနေသော အဖူးအငုံတို့ကိုလည်း မြင်ရပြီဖြစ်သည်။တစ်ဆောင်းလုံး ငုပ်လျှိုးခဲ့သမျှ အကုန်ပွင့်ထွက်ရန် တာစူနေသော နွေဦးရာသီဟုဆိုလျှင်မမှား။     

မြန်မာပြည် အောက်ပိုင်းဒေသတွင် မွေးဖွားကြီးပြင်းလာခဲ့သော ကျနော့်အတွက် နွေဦးရာသီဆိုသည်ကို ထိုအချိန်ကျမှ သေချာခံစားမိကာ ခိုက်သွားမိသည်။နွေဦးဆိုသည်မှာ ခက်ခဲကြမ်းတမ်းသော ဆောင်းကာလကို ဖြတ်သန်းပြီးမှ ရောက်ရှိမည်ဖြစ်ကြောင်း ကောင်းကောင်းသဘောပေါက်ခဲ့သည်။နွေဦး၊ နွေဦးဟူ၍ ဘာ့ကြောင့်ကျော်ကြားရသလဲ ဆိုသည်ကိုလည်း ကောင်းစွာသဘောပေါက်ခဲ့ရသည်။

နွေဦးသည် သိပ်ကိုလှလို့။သူတို့ပြောသည့် နွေဦးဆိုသည်မှာ ကျနော်တို့ခံစားခဲ့ဖူးသော နွေဦးတွင် လေရူးပွေနေတာမျိုးမဟုတ်။ကျနော်တို့ နွေဦးသည် တစ်ကမ္ဘာလုံးက တဖွဖွပြောနေသော နွေဦးအရသာနှင့် လုံးဝမတူ။(မြန်မာနိုင်ငံ၏ အအေးပိုင်းဒေသများတွင်မူ သူတို့ပြောသော နွေဦးအဓိပ္ပါယ်မျိုး သက်ရောက်မည်ဟု ထင်၏။)

တစ်ခုတော့ရှိသည်။သူတို့နွေဦးနှင့် ကျနော်တို့ရာသီဥတုကြား လုံးဝမတူညီတာတော့မဟုတ်။မြန်မာတို့၏ သီတင်းကျွတ်ရာသီဆို နွေဦးနှင့် အနီးစပ်ဆုံးတူသည်ဟု ထင်၏။မိုးကာလတစ်လျှောက် တဝေါဝေါရွာနေသောမိုးနှင့် အုံ့ဆိုင်းနေသော ကောင်းကင်ကြီး၏အောက် မသွားချင်မလာချင်၊ ထိုင်းမှိုင်းနေသမျှ သီတင်းကျွတ်ပြီဟေ့ဆိုလျှင် လင်းလင်းရှင်းရှင်း ကောင်းကင်ကြီးကို စတင်မြင်လိုက်ရသလို ဘာမဆို လုပ်ချင်ကိုင်ချင်စိတ်တို့သည်လည်း အလိုလိုမွေးဖွားလာသကဲ့သို့ ဖြစ်သည်။

သူတို့ဆီမှာ ဆောင်းအထွက် ကိုယ်တွေကဆီမှာက ဆောင်းသို့အဝင်။သီတင်းကျွတ်ရာသီသည် မိုးလည်းလုံးဝမကုန်သေး၊ ဆောင်းလည်းမပီသေးသည့် ကြားရာသီ။တောများတောင်များ မပြောင်သေးသည့် စစ်အစိုးရ အစပိုင်းကာလများတုန်းက သီတင်းကျွတ်ရာသီမှာ ခပ်စိမ့်စိမ့်အအေးများ စတင်သိပ်သည်းစ အချိန်ဖြစ်သည်။ယခုအခါမှာတော့ ဆောင်းတွင်းစစ်စစ် တစ်ပတ်ဖြစ် ကံကောင်းခေတ်မို့ သီတင်းကျွတ်တွင် အအေးဓာတ်ဝင်ရန် မမျှော်လင့်ရဲတော့တာ မတတ်နိုင်။

သို့သော်၊ သီတင်းကျွတ်ဆိုသည် မိုးအကုန် ပွင့်လင်းရာသီအကြိုမို့ လုပ်ငန်းတစ်ခုခု စတင်ပြီဆိုသည့် မင်္ဂလာအချိန်လည်းဖြစ်သည်။ထို့ပြင် သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာအလိုအရ မြတ်စွာဘုရား  နတ်ပြည်၌ နတ်ဗြဟ္မာတို့အား အဘိဓမ္မာဒေသနာ ဟောကြားမှု ပြီးဆုံးပြီးနောက် လူ့ပြည်သို့ ပြန်လည်ကြွချီလာသောနေ့။ရဟန်းသံဃာတို့သည်လည်း ဝါတွင်းသုံးလ မိမိကျောင်းတိုက်၌ သီတင်းသုံးနေရာမှ လွတ်ကျွတ်စွာ ညအိပ်ညနေ ခရီးသွားနိုင်ပြီလည်း ဖြစ်သည်။

သီတင်းကျွတ် လပြည့်နေ့တွင် လူ့ပြည်သို့ ပြန်လည်ကြွချီလာသော ဘုရားရှင်အား ပူဇော်သည့်အနေနှင့် မီးရှူးမီးပန်း ဆီမီးများ ပူဇော်ထွန်းညှိရာမှ သီတင်းကျွတ် မီးထွန်းပွဲတော်သည် ယနေ့ထိတိုင် အစဉ်အလာကြီးမြဲဖြစ်သည်။ထို့ပြင် ငယ်သူကကြီးသူကို၊ တပည့်များက ဆရာကို ပူဇော်ကန်တော့ခြင်းမှာ မြန်မာတို့အတွက် အရေးကြီးသော ယဉ်ကျေးမှုဖြစ်သည်။

ကျနော်ငယ်ငယ်က သီတင်းကျွတ်ပြီဟေ့ဆို သိပ်ကိုပျော်ခဲ့သည်။မီးထွန်းပွဲတွေ ဘာတွေနဲ့ သီတင်းကျွတ်မို့ ပျော်ခြင်းဖြစ်သည်။ထို့ပြင် လူကြီးသူမများကို ကန်တော့ရခြင်းကလည်း သိပ်ကိုပျော်စရာ။ကျနော့်အဘွားမှာ ဘာသာရေးအလိုအတိုင်း ဗိုင်းကောင်းကျောက်ပိ ကြီးပြင်းလာသူပီပီ ကန်တော့ပန်းဆင်သည့် ရာသီတိုင်းတွင် အမျိုးအဆွေများထဲမှ အကြီးအမှူးများအားလုံး မလွတ်စေရ၊ လိုက်လံကန်တော့စေသည်။

သွားကန်တော့ခြင်းအတွက် မုန့်စားရသည်။မုန့်ဖိုးရသည်။ရသည့်မုန့်ဖိုးများကို သုံးရန်ဖြုန်းရန် ပွဲတော်များကလည်း အစီအရီမို့ ပျော်လိုက်သည်ဖြစ်ခြင်း။အလုပ်အကိုင် မရမချင်း သွားကန်တော့သည့်အချိန်တိုင်း မုန့်ဖိုးရမြဲမို့ ပျော်စရာကြီးက ကာလရှည်ကြာခဲ့သည်။

နည်းနည်းအရွယ်ရောက်လာတော့ ဘာသာတရားအပေါ် အခြေခံကာ လူ့အဖွဲ့အစည်းတွင်း အပြန်အလှန်ချည်နှောင်ထားသည့် ကြိုးများကို သဘောပေါက်မိသည်။ကြီးသူနှင့် ငယ်သူ၊ ဆရာနှင့် တပည့် အပြန်အလှန် အကျိုးရှိရာရှိကြောင်း အကျိုးစီးပွား တစ်ပြားတစ်စေ့ မပါဘဲ ချီးမြှောက်ခြင်း၊ ဂါရဝပြုခြင်း၊ ဆိုဆုံးမခြင်း၊ ထိတွေ့မှုမပြတ်ခြင်း စသည့် ချစ်စရာ့ အပြန်အလှန်စီးဆင်းမှု သဘောကို အလေးအနက်ပြုမိသည်။

သို့သော်၊ ဘာသာရေးအခြေပြု ယဉ်ကျေးမှုအသွင် အခိုင်အမာစီးဆင်းခဲ့သော ကန်တော့ပန်းအစီအစဉ်သည် စစ်အစိုးရကာလကိုရောက်တော့ လာဘ်ပေးလာဘ်ယူ ကျူးလွန်ရန်အတွက် အသုံးချခံဘဝသို့ ရောက်ခဲ့ရသည်။

စတင်မြစ်ဖျားခံသည်မှာ အကျိုးစီးပွားအပေါ် အခြေခံသော ကန်တော့ပန်းဆင်ခြင်းမှ ဖြစ်သည်။ဆရာကို တပည့်က ထုံးလမ်းစဉ်လာအရ ကန်တော့ရမည့်အချိန်တွင် သွားကန်တော့သည်။ယဉ်ကျေးမှုအရ ကန်တော့ခြင်းဟု အပြန်အလှန် နားလည်ထားသော်လည်း သိတတ်သော တပည့်အပေါ် ပြန်လည်သိတတ်ခြင်းဟူ၍ ပုဂ္ဂိုလ်ရေးအစွဲအလန်းပါလာပါက ယင်းသည် မရိုးဖြောင့်မှန်းမသိ မရိုးဖြောင့်လာသော မရိုးဖြောင့်ခြင်းတစ်နည်း ဖြစ်လာသည်။

ယဉ်ကျေးမှု ကိုယ်ခံအားကောင်းနေသော အချိန်တွင် ယင်းသို့သော မရိုးဖြောင့်ခြင်းမှာ သိသာထင်ရှားမှု မရှိလာသော်လည်း ငွေသံကြေးသံများ ဆူသထက် ပိုဆူလာသော အချိန်ရောက်တော့ မရိုးဖြောင့်သော ရည်ရွယ်ချက်ဖြင့် ကန်တော့ပန်းဆင်ခြင်း (သို့မဟုတ်) အကျိုးလို၍ ညောင်ရေလောင်းခြင်းမှာ ရှေ့သို့ တစ်လှမ်းချင်းတိုးလာတော့သည်။

စစ်အစိုးရလက်ထက် ကုမ္ပဏီအများစုမှာ သီတင်းကျွတ်တော့မည်ဆိုလျှင် မဖြစ်မနေ ကန်တော့ပန်းဆင်ရမည့် လူစာရင်း ပြုစုရသည်။ယင်းလူများအားလုံးမှာ မိမိတို့ ကုမ္ပဏီလုပ်ငန်း အဆင်ပြေချောမွေ့စေရေးအတွက် အရေးပါသော ပုဂ္ဂိုလ်များဖြစ်သည်။အကောင်ကြီးပြီး အရေးပါသူဆိုလျှင် ကန်တော့ခြင်း (လက်ဆောင်ခြင်း) ကြီးကြီး။မည်သူ့ကို မည်မျှသော လက်ဆောင်ခြင်း ပေးရမည်ဟူ၍ ညောင်ရေလောင်းကြသည်။

လာဘ်ပေးလာဘ်ယူ ကိစ္စများကို အချိန်မရွေး နည်းလမ်းမျိုးစုံဖြင့် ပေးကြယူကြသည်က တစ်ပိုင်း။ကန်တော့ပန်းဆင်ရမည့် ရာသီတွင် လက်ဆောင်ခြင်းဖြင့် သွားရောက်ဂါရဝပြုခြင်းသည် ယဉ်ကျေးမှုအရ လုပ်ကိုလုပ်ရမည့် ကိစ္စမျိုးဟု ခံယူကြသည်။ထို့ကြောင့် သီတင်းကျွတ်တော့မည့် ယခုလိုအချိန်မျိုးတွင် ရနေကျ ပုဂ္ဂိုလ်ကြီးများက မျှော်နေကျရာသီဟုဆိုလျှင် မမှားပေ။

ထို့ပြင် လူကြီးသူမများအား ကန်တော့သည်မှာ ယဉ်ကျေးမှုဆိုင်ရာ ကိစ္စမျိုးဖြစ်သောကြောင့် နှစ်ဖက်စလုံးအတွက် မရိုင်းသောအပြုအမူမို့ လာဘ်ပေးလာဘ်ယူ ကိစ္စအတွက် အကောင်းဆုံးအသုံးချနည်း ဖြစ်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။

ဘယ်သူ့ကို ဘယ်လောက်ကန်တော့ရမည်ကို ကန်တော့နေကျ ပုဂ္ဂိုလ်များက ကောင်းကောင်းတွက်ချက်တတ်သည်။ကန်တော့ခံနေကျ ပုဂ္ဂိုလ်များကလည်း ဘယ်သူက ဘယ်လောက်တော့ ကန်တော့သင့်သည်ဟု တွက်ချက်ပြီးသားဖြစ်သည်။ယင်းသို့သော အပေးအယူ ယန္တရားမှာ ယခုအခါ အသံထွက်မကျယ်တော့သော်လည်း သူ့နည်းသူ့ဟန်ဖြင့် ခပ်တိတ်တိတ် လည်ပတ်နေဆဲဟု နားလည်မိသည်။

အကျိုးလို၍ ညောင်ရေလာလောင်းသော လာရောက်ကန်တော့မှုမျိုးကို သင်ငြင်းပယ်ရဲရန် လိုသည်။မိမိအကျိုးစီးပွားအတွက် တစ်စုံတစ်ယောက်ထံ သွားရောက်ကန်တော့မှုမျိုးကို သင်ရှက်တတ်ရန်လိုသည်။အပေးအယူသဘော လုံးဝမပါသော မိမိတို့၏ ယဉ်ကျေးမှုကို ထိမ်းသိန်းစောင့်ရှောက်ကြရန် လိုပေသည်။

လင်းဆက်ငြိမ်းချမ်း
အောက်တိုဘာ - ၃

( Zawgyi )

ၿပီးခဲ့သည့္ ၆ ႏွစ္ဝန္းက်င္က အေအးလႊမ္းေသာ တ႐ုတ္ႏိုင္ငံေျမာက္ပိုင္း ေဘဂ်င္းတြင္၂ ႏွစ္တာ သြားေရာက္ေနထိုင္ခဲ့သည္။အပူပိုင္းေဒသတြင္ တစ္သက္တာ ပူပူျပင္းျပင္း ေနထိုင္ခဲ့သူတစ္ဦးအတြက္ ေဘဂ်င္း ေဆာင္းဦးသည္ပင္ ခိုက္ခိုက္တုန္ ၿဖဳံခဲ့ရသည္။
တကယ့္ေဆာင္းတြင္းထဲကိုဝင္ေတာ့ ဘယ္အခ်ိန္ၾကည့္ၾကည့္ ေကာင္းကင္သည္ အခုပဲငိုေတာ့မည့္ဟန္ အုံ႔ဆိုင္းလို႔။

ခႏၶာကိုယ္အေပၚပိုင္းတြင္ ပုံမွန္အက်ႌတစ္ထပ္၊ ျပင္ဦးလြင္ဆြယ္တာလိုမ်ိဳးတစ္ထပ္၊ သူ႔အေပၚတြင္ ထူထူထဲထဲ ကုတ္အထူႀကီးက တစ္ထပ္ျဖင့္ ေလးလံလို႔။ခႏၶာကိုယ္ေအာက္ပိုင္းတြင္ေတာ့ အသားကပ္ (သို႔မဟုတ္) အတြင္းဝတ္ ေဘာင္းဘီရွည္တစ္ထည္၊ သူ႔အေပၚတြင္ ဂ်င္းေဘာင္းဘီ ခပ္ထူထူတစ္ထပ္။ၿပီးေတာ့ နား႐ြက္ဖုံးေခါင္းစြပ္လည္း စြပ္ထားရ၊ လက္ႏွစ္ဖက္ကိုလည္း လက္အိတ္ထူထူ စြပ္ထားရ။အေအးအျပင္းဆုံးေသာ ဒီဇင္ဘာႏွင့္ ဇန္နဝါရီလို လမ်ိဳးဆိုလွ်င္ ခႏၶာကိုယ္ ေနရာလွပ္မခ်န္ အကုန္ထုပ္ပိုးၿပီးမွ အျပင္ထြက္ခ်င္သည္အထိ။ေအးလိုက္တာကလည္း ေအာက္တိုဘာေလာက္က စလို႔ ဟိုး..ဧၿပီကုန္သည္အထိ။

သၾကၤန္အၿပီးသို႔ေရာက္ၿပီဆို ေကာင္းကင္သည္ တစစၾကည္လင္လာသလို အေအးဓာတ္သည္လည္း တျဖည္းျဖည္းေပါ့လာသျဖင့္ အလိုလိုလန္းလာသည္။ခႏၶာကိုယ္ေပၚက ထူထူထဲထဲေတြ အကုန္ခြၽတ္၊ မပါးေသာရွပ္အက်ႌအရွည္ (သို႔မဟုတ္) အေႏြးထည္ပါးပါး တစ္ထည္ေလာက္ျဖင့္ လုံေလာက္ေသာ ေႏြဦးရာသီ။နည္းနည္း ခပ္ေအးေအး အေနအထားမို႔ သြားလာေကာင္းလာလို႔ေကာင္း၊ သြားခ်င္လာခ်င္စိတ္သည္လည္း အျပည့္။ေႏြဦးႀကိဳပန္းဟုဆိုေသာ အဝါေရာင္လွေသာ ပန္းမ်ားက ေဘဂ်င္းတခြင္ တခ်ိဳ႕ေသာလမ္းေဘးတို႔တြင္ ခပ္ရဲရဲပြင့္လို႔။ေႏြဦးႀကိဳပန္းမွာ အပင္ထက္တြင္ လွေနသေလာက္ နမ္းၾကည့္သည့္အခါမွာေတာ့ ေမႊးျမမႈမရွိ။လွ႐ုံသာလွေသာပန္းဟု ဆိုလွ်င္မမွား။

ေႏြဦးႀကိဳပန္းတို႔ ရဲရဲပြင့္ေနသည့္အခ်ိန္တြင္ ေဆာင္းတြင္းတစ္ေလွ်ာက္ ထန္ျပင္းေသာ အေအးဒဏ္ေၾကာင့္ အ႐ြက္မဲ့အပြင့္မဲ့ အ႐ိုးစုသဖြယ္ျဖစ္ေနေသာ သစ္ပင္အကိုင္းတို႔တြင္ ႐ြက္သစ္ေဝရန္ အားယူေနေသာ အဖူးအငုံတို႔ကိုလည္း ျမင္ရၿပီျဖစ္သည္။တစ္ေဆာင္းလုံး ငုပ္လွ်ိဳးခဲ့သမွ် အကုန္ပြင့္ထြက္ရန္ တာစူေနေသာ ေႏြဦးရာသီဟုဆိုလွ်င္မမွား။     

ျမန္မာျပည္ ေအာက္ပိုင္းေဒသတြင္ ေမြးဖြားႀကီးျပင္းလာခဲ့ေသာ က်ေနာ့္အတြက္ ေႏြဦးရာသီဆိုသည္ကို ထိုအခ်ိန္က်မွ ေသခ်ာခံစားမိကာ ခိုက္သြားမိသည္။ေႏြဦးဆိုသည္မွာ ခက္ခဲၾကမ္းတမ္းေသာ ေဆာင္းကာလကို ျဖတ္သန္းၿပီးမွ ေရာက္ရွိမည္ျဖစ္ေၾကာင္း ေကာင္းေကာင္းသေဘာေပါက္ခဲ့သည္။ေႏြဦး၊ ေႏြဦးဟူ၍ ဘာ့ေၾကာင့္ေက်ာ္ၾကားရသလဲ ဆိုသည္ကိုလည္း ေကာင္းစြာသေဘာေပါက္ခဲ့ရသည္။

ေႏြဦးသည္ သိပ္ကိုလွလို႔။သူတို႔ေျပာသည့္ ေႏြဦးဆိုသည္မွာ က်ေနာ္တို႔ခံစားခဲ့ဖူးေသာ ေႏြဦးတြင္ ေလ႐ူးေပြေနတာမ်ိဳးမဟုတ္။က်ေနာ္တို႔ ေႏြဦးသည္ တစ္ကမာၻလုံးက တဖြဖြေျပာေနေသာ ေႏြဦးအရသာႏွင့္ လုံးဝမတူ။(ျမန္မာႏိုင္ငံ၏ အေအးပိုင္းေဒသမ်ားတြင္မူ သူတို႔ေျပာေသာ ေႏြဦးအဓိပၸါယ္မ်ိဳး သက္ေရာက္မည္ဟု ထင္၏။)

တစ္ခုေတာ့ရွိသည္။သူတို႔ေႏြဦးႏွင့္ က်ေနာ္တို႔ရာသီဥတုၾကား လုံးဝမတူညီတာေတာ့မဟုတ္။ျမန္မာတို႔၏ သီတင္းကြၽတ္ရာသီဆို ေႏြဦးႏွင့္ အနီးစပ္ဆုံးတူသည္ဟု ထင္၏။မိုးကာလတစ္ေလွ်ာက္ တေဝါေဝါ႐ြာေနေသာမိုးႏွင့္ အုံ႔ဆိုင္းေနေသာ ေကာင္းကင္ႀကီး၏ေအာက္ မသြားခ်င္မလာခ်င္၊ ထိုင္းမႈိင္းေနသမွ် သီတင္းကြၽတ္ၿပီေဟ့ဆိုလွ်င္ လင္းလင္းရွင္းရွင္း ေကာင္းကင္ႀကီးကို စတင္ျမင္လိုက္ရသလို ဘာမဆို လုပ္ခ်င္ကိုင္ခ်င္စိတ္တို႔သည္လည္း အလိုလိုေမြးဖြားလာသကဲ့သို႔ ျဖစ္သည္။

သူတို႔ဆီမွာ ေဆာင္းအထြက္ ကိုယ္ေတြကဆီမွာက ေဆာင္းသို႔အဝင္။သီတင္းကြၽတ္ရာသီသည္ မိုးလည္းလုံးဝမကုန္ေသး၊ ေဆာင္းလည္းမပီေသးသည့္ ၾကားရာသီ။ေတာမ်ားေတာင္မ်ား မေျပာင္ေသးသည့္ စစ္အစိုးရ အစပိုင္းကာလမ်ားတုန္းက သီတင္းကြၽတ္ရာသီမွာ ခပ္စိမ့္စိမ့္အေအးမ်ား စတင္သိပ္သည္းစ အခ်ိန္ျဖစ္သည္။ယခုအခါမွာေတာ့ ေဆာင္းတြင္းစစ္စစ္ တစ္ပတ္ျဖစ္ ကံေကာင္းေခတ္မို႔ သီတင္းကြၽတ္တြင္ အေအးဓာတ္ဝင္ရန္ မေမွ်ာ္လင့္ရဲေတာ့တာ မတတ္ႏိုင္။

သို႔ေသာ္၊ သီတင္းကြၽတ္ဆိုသည္ မိုးအကုန္ ပြင့္လင္းရာသီအႀကိဳမို႔ လုပ္ငန္းတစ္ခုခု စတင္ၿပီဆိုသည့္ မဂၤလာအခ်ိန္လည္းျဖစ္သည္။ထို႔ျပင္ သီတင္းကြၽတ္လျပည့္ေန႔သည္ ဗုဒၶဘာသာအလိုအရ ျမတ္စြာဘုရား  နတ္ျပည္၌ နတ္ျဗဟၼာတို႔အား အဘိဓမၼာေဒသနာ ေဟာၾကားမႈ ၿပီးဆုံးၿပီးေနာက္ လူ႔ျပည္သို႔ ျပန္လည္ႂကြခ်ီလာေသာေန႔။ရဟန္းသံဃာတို႔သည္လည္း ဝါတြင္းသုံးလ မိမိေက်ာင္းတိုက္၌ သီတင္းသုံးေနရာမွ လြတ္ကြၽတ္စြာ ညအိပ္ညေန ခရီးသြားႏိုင္ၿပီလည္း ျဖစ္သည္။

သီတင္းကြၽတ္ လျပည့္ေန႔တြင္ လူ႔ျပည္သို႔ ျပန္လည္ႂကြခ်ီလာေသာ ဘုရားရွင္အား ပူေဇာ္သည့္အေနႏွင့္ မီးရႉးမီးပန္း ဆီမီးမ်ား ပူေဇာ္ထြန္းညႇိရာမွ သီတင္းကြၽတ္ မီးထြန္းပြဲေတာ္သည္ ယေန႔ထိတိုင္ အစဥ္အလာႀကီးၿမဲျဖစ္သည္။ထို႔ျပင္ ငယ္သူကႀကီးသူကို၊ တပည့္မ်ားက ဆရာကို ပူေဇာ္ကန္ေတာ့ျခင္းမွာ ျမန္မာတို႔အတြက္ အေရးႀကီးေသာ ယဥ္ေက်းမႈျဖစ္သည္။

က်ေနာ္ငယ္ငယ္က သီတင္းကြၽတ္ၿပီေဟ့ဆို သိပ္ကိုေပ်ာ္ခဲ့သည္။မီးထြန္းပြဲေတြ ဘာေတြနဲ႔ သီတင္းကြၽတ္မို႔ ေပ်ာ္ျခင္းျဖစ္သည္။ထို႔ျပင္ လူႀကီးသူမမ်ားကို ကန္ေတာ့ရျခင္းကလည္း သိပ္ကိုေပ်ာ္စရာ။က်ေနာ့္အဘြားမွာ ဘာသာေရးအလိုအတိုင္း ဗိုင္းေကာင္းေက်ာက္ပိ ႀကီးျပင္းလာသူပီပီ ကန္ေတာ့ပန္းဆင္သည့္ ရာသီတိုင္းတြင္ အမ်ိဳးအေဆြမ်ားထဲမွ အႀကီးအမႉးမ်ားအားလုံး မလြတ္ေစရ၊ လိုက္လံကန္ေတာ့ေစသည္။

သြားကန္ေတာ့ျခင္းအတြက္ မုန႔္စားရသည္။မုန႔္ဖိုးရသည္။ရသည့္မုန႔္ဖိုးမ်ားကို သုံးရန္ျဖဳန္းရန္ ပြဲေတာ္မ်ားကလည္း အစီအရီမို႔ ေပ်ာ္လိုက္သည္ျဖစ္ျခင္း။အလုပ္အကိုင္ မရမခ်င္း သြားကန္ေတာ့သည့္အခ်ိန္တိုင္း မုန႔္ဖိုးရၿမဲမို႔ ေပ်ာ္စရာႀကီးက ကာလရွည္ၾကာခဲ့သည္။

နည္းနည္းအ႐ြယ္ေရာက္လာေတာ့ ဘာသာတရားအေပၚ အေျခခံကာ လူ႔အဖြဲ႕အစည္းတြင္း အျပန္အလွန္ခ်ည္ေႏွာင္ထားသည့္ ႀကိဳးမ်ားကို သေဘာေပါက္မိသည္။ႀကီးသူႏွင့္ ငယ္သူ၊ ဆရာႏွင့္ တပည့္ အျပန္အလွန္ အက်ိဳးရွိရာရွိေၾကာင္း အက်ိဳးစီးပြား တစ္ျပားတစ္ေစ့ မပါဘဲ ခ်ီးေျမႇာက္ျခင္း၊ ဂါရဝျပဳျခင္း၊ ဆိုဆုံးမျခင္း၊ ထိေတြ႕မႈမျပတ္ျခင္း စသည့္ ခ်စ္စရာ့ အျပန္အလွန္စီးဆင္းမႈ သေဘာကို အေလးအနက္ျပဳမိသည္။

သို႔ေသာ္၊ ဘာသာေရးအေျချပဳ ယဥ္ေက်းမႈအသြင္ အခိုင္အမာစီးဆင္းခဲ့ေသာ ကန္ေတာ့ပန္းအစီအစဥ္သည္ စစ္အစိုးရကာလကိုေရာက္ေတာ့ လာဘ္ေပးလာဘ္ယူ က်ဴးလြန္ရန္အတြက္ အသုံးခ်ခံဘဝသို႔ ေရာက္ခဲ့ရသည္။

စတင္ျမစ္ဖ်ားခံသည္မွာ အက်ိဳးစီးပြားအေပၚ အေျခခံေသာ ကန္ေတာ့ပန္းဆင္ျခင္းမွ ျဖစ္သည္။ဆရာကို တပည့္က ထုံးလမ္းစဥ္လာအရ ကန္ေတာ့ရမည့္အခ်ိန္တြင္ သြားကန္ေတာ့သည္။ယဥ္ေက်းမႈအရ ကန္ေတာ့ျခင္းဟု အျပန္အလွန္ နားလည္ထားေသာ္လည္း သိတတ္ေသာ တပည့္အေပၚ ျပန္လည္သိတတ္ျခင္းဟူ၍ ပုဂၢိဳလ္ေရးအစြဲအလန္းပါလာပါက ယင္းသည္ မ႐ိုးေျဖာင့္မွန္းမသိ မ႐ိုးေျဖာင့္လာေသာ မ႐ိုးေျဖာင့္ျခင္းတစ္နည္း ျဖစ္လာသည္။

ယဥ္ေက်းမႈ ကိုယ္ခံအားေကာင္းေနေသာ အခ်ိန္တြင္ ယင္းသို႔ေသာ မ႐ိုးေျဖာင့္ျခင္းမွာ သိသာထင္ရွားမႈ မရွိလာေသာ္လည္း ေငြသံေၾကးသံမ်ား ဆူသထက္ ပိုဆူလာေသာ အခ်ိန္ေရာက္ေတာ့ မ႐ိုးေျဖာင့္ေသာ ရည္႐ြယ္ခ်က္ျဖင့္ ကန္ေတာ့ပန္းဆင္ျခင္း (သို႔မဟုတ္) အက်ိဳးလို၍ ေညာင္ေရေလာင္းျခင္းမွာ ေရွ႕သို႔ တစ္လွမ္းခ်င္းတိုးလာေတာ့သည္။

စစ္အစိုးရလက္ထက္ ကုမၸဏီအမ်ားစုမွာ သီတင္းကြၽတ္ေတာ့မည္ဆိုလွ်င္ မျဖစ္မေန ကန္ေတာ့ပန္းဆင္ရမည့္ လူစာရင္း ျပဳစုရသည္။ယင္းလူမ်ားအားလုံးမွာ မိမိတို႔ ကုမၸဏီလုပ္ငန္း အဆင္ေျပေခ်ာေမြ႕ေစေရးအတြက္ အေရးပါေသာ ပုဂၢိဳလ္မ်ားျဖစ္သည္။အေကာင္ႀကီးၿပီး အေရးပါသူဆိုလွ်င္ ကန္ေတာ့ျခင္း (လက္ေဆာင္ျခင္း) ႀကီးႀကီး။မည္သူ႔ကို မည္မွ်ေသာ လက္ေဆာင္ျခင္း ေပးရမည္ဟူ၍ ေညာင္ေရေလာင္းၾကသည္။

လာဘ္ေပးလာဘ္ယူ ကိစၥမ်ားကို အခ်ိန္မေ႐ြး နည္းလမ္းမ်ိဳးစုံျဖင့္ ေပးၾကယူၾကသည္က တစ္ပိုင္း။ကန္ေတာ့ပန္းဆင္ရမည့္ ရာသီတြင္ လက္ေဆာင္ျခင္းျဖင့္ သြားေရာက္ဂါရဝျပဳျခင္းသည္ ယဥ္ေက်းမႈအရ လုပ္ကိုလုပ္ရမည့္ ကိစၥမ်ိဳးဟု ခံယူၾကသည္။ထို႔ေၾကာင့္ သီတင္းကြၽတ္ေတာ့မည့္ ယခုလိုအခ်ိန္မ်ိဳးတြင္ ရေနက် ပုဂၢိဳလ္ႀကီးမ်ားက ေမွ်ာ္ေနက်ရာသီဟုဆိုလွ်င္ မမွားေပ။

ထို႔ျပင္ လူႀကီးသူမမ်ားအား ကန္ေတာ့သည္မွာ ယဥ္ေက်းမႈဆိုင္ရာ ကိစၥမ်ိဳးျဖစ္ေသာေၾကာင့္ ႏွစ္ဖက္စလုံးအတြက္ မ႐ိုင္းေသာအျပဳအမူမို႔ လာဘ္ေပးလာဘ္ယူ ကိစၥအတြက္ အေကာင္းဆုံးအသုံးခ်နည္း ျဖစ္ခဲ့သည္မွာ ၾကာခဲ့ၿပီျဖစ္သည္။

ဘယ္သူ႔ကို ဘယ္ေလာက္ကန္ေတာ့ရမည္ကို ကန္ေတာ့ေနက် ပုဂၢိဳလ္မ်ားက ေကာင္းေကာင္းတြက္ခ်က္တတ္သည္။ကန္ေတာ့ခံေနက် ပုဂၢိဳလ္မ်ားကလည္း ဘယ္သူက ဘယ္ေလာက္ေတာ့ ကန္ေတာ့သင့္သည္ဟု တြက္ခ်က္ၿပီးသားျဖစ္သည္။ယင္းသို႔ေသာ အေပးအယူ ယႏၲရားမွာ ယခုအခါ အသံထြက္မက်ယ္ေတာ့ေသာ္လည္း သူ႔နည္းသူ႔ဟန္ျဖင့္ ခပ္တိတ္တိတ္ လည္ပတ္ေနဆဲဟု နားလည္မိသည္။

အက်ိဳးလို၍ ေညာင္ေရလာေလာင္းေသာ လာေရာက္ကန္ေတာ့မႈမ်ိဳးကို သင္ျငင္းပယ္ရဲရန္ လိုသည္။မိမိအက်ိဳးစီးပြားအတြက္ တစ္စုံတစ္ေယာက္ထံ သြားေရာက္ကန္ေတာ့မႈမ်ိဳးကို သင္ရွက္တတ္ရန္လိုသည္။အေပးအယူသေဘာ လုံးဝမပါေသာ မိမိတို႔၏ ယဥ္ေက်းမႈကို ထိမ္းသိန္းေစာင့္ေရွာက္ၾကရန္ လိုေပသည္။

လင္းဆက္ၿငိမ္းခ်မ္း
ေအာက္တိုဘာ - ၃