【 ‌ဆောင်းပါး 】 ရှေ့တန်းရောက်လာသည့် နည်းပညာနှင့် မြန်မာစာ၏အခန်းကဏ္ဍ

【 ‌ဆောင်းပါး 】 ရှေ့တန်းရောက်လာသည့် နည်းပညာနှင့် မြန်မာစာ၏အခန်းကဏ္ဍ

၁၈.၂.၂၀၂၀ ည ၈ နာရီသတင်းတွင် နေပြည်တော် MICC 2 ၌ ကျင်းပသည့် ၄ ကြိမ်မြောက် ကွန်ပျူတာစနစ်သုံး အစိုးရစီမံခန့်ခွဲမှုဆိုင်ရာညီလာခံနှင့် အိုင်စီတီနည်းပညာပြပွဲ (4th e – Government Conference and ICT Exhibition) ကျင်းပပုံကို ကြည့်ရှုနားထောင်လိုက်ရပါသည်။

နည်းပညာအစီအမံဖြင့် ကြွရောက်လာသော ကနောင်မင်းသားကြီး ရုပ်တုဘေးတွင်ရပ်လျက် နိုင်ငံတော်၏အတိုင်ပင်ခံနှင့် အဖွဲ့ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပါသည်။ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် က အဖွင့်အမှာစကားပြောကြားပါသည်။
အမှာစကားစပြောပြောခြင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် က နည်းပညာဆိုင်ရာ အသုံးအနှုန်းများအား တတ်နိုင်သမျှ မြန်မာမှုပြုကြဖို့ တိုက်တွန်းသွားပါသည်။ထို့သို့ သိပ္ပံနှင့်နည်းပညာရပ် ဝေါဟာရများကို မြန်မာဘာသာစကားသို့ ဆီလျော်အောင် ဘာသာပြန်သုံးစွဲရာတွင်ဖြစ်စေ၊ အသံဖလှယ်သုံးစွဲရာ၌ဖြစ်စေ သုံးစွဲစ အစပထမတွင် တိကျမှန်ကန်သောဝေါဟာရကို ရချင်မှရမည်ဖြစ်သော်လည်း၊ သုံးစွဲရင်းတိကျမှန်ကန်သည့် ဝေါဟာရလာမည်ဖြစ်ကြောင်း၊ နည်းပညာကို ပညာတတ်အလွှာကြား၌သာမက၊ သာမန်လူထုအများစုကြားရောက်ရန်၊ လုထုနားလည်ရန်လိုကြောင်း၊ လူထုကြားသို့ နည်းပညာကျယ်ကျယ်ပြန့်ပြန့်ရောက်စေရန်ဖြစ်ပါကြောင်း ထည့်သွင်းပြောကြားသွားပါသည်။

၁၉၈၈ နောက်ပိုင်း တဖြည်းဖြည်းကျဆင်းလာသော မြန်မာစာ၊ မြန်မာဘာသာစကား၏ အခြေအနေကို၊ အမေ လူထုဒေါ်အမာ က အစ၊ ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) အလယ်၊ ဆရာကြီး မောင်သာနိုး အဆုံး ပညာရှင်များကရော၊ မြန်မာချစ်သူ၊ တန်ဖိုးထားသူများကပါ ထောက်ပြခဲ့ကြဖူးပါသည်။သို့သော် အရာမထင်ခဲ့ပါ။၂၀၁၆ တွင် တက်လာသည့် ဒီ/ချုပ်အစိုးရသည် မြန်မာစာအရေးကို အာရုံစိုက်ပြုပြင်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြပါသည်။

သို့သော် ဒီချုပ်အစိုးရလက်ထက်၌လည်း သတင်းစာအများစုတွင် ဖော်ပြကြသည့် ကမောက်ကမ မြန်မာစာအမှားများကို ဖတ်ရှုကြရပါသည်။မြန်မာ့ရုပ်သံလိုင်း အားလုံးနီးပါး သတင်းကြေညာရာတွင် မြန်မာစကား အပြောနှင့် အရေးကို ရောထွေးပြောရုံသာမက၊ ဌာန်ကရိုင်းမကျသော အသံထွက်များဖြင့် ပြောကြဆိုကြသည်ကို မတတ်သာ၍ သည်းခံနားထောင်ကြရဆဲဖြစ်ပါသည်။တီဗွီအစီအစဉ်များမှန်သမျှ ယိမ်းကနေသလား ထင်မှတ်ရသည်ထိ သူ့ထက်ငါ အင်္ဂလိပ်လိုရေးသားကြပါသည်။ယုတ်စွအဆုံး နိုင်ငံပိုင်ရုပ်သံ (MRTV) သည်ပင် နံနက်ခင်းသတင်းဟု မရေးထိုးနိုင်ဘဲ၊ Breakfast News ဟု ရေးထိုးပြောဆိုနေသည်ကို မည်သည့်တာဝန်ရှိသူကမှ ပြင်ဆင်မပေးသည်ကိုလည်း အံ့ဩဖွယ်တွေ့ရှိရပါသည်။

ထို့ပြင် နိုင်ငံတော်အဆင့် အခမ်းအနားအများစုတွင် အခမ်းအနားခေါင်းစီးများကို ဘိုလိုရေးသည်က များပြားလှကြောင်း တွေ့ရပြန်ပါသည်။ရုပ်သံအင်တာဗျူးများ၊ စကားဝိုင်းများတွင် လည်း၊ ဝန်ကြီးဝန်ကလေးများ၊ အမတ်များ၊ ညွှန်မှူး၊ ညွှန်ချုပ်များ ပါးစပ်မှ အင်စတီကျူးရှင်း၊ အဝဲနက်စ်၊ ပတ်ဘလစ်၊ ပေါ်လစ်တစ် စသဖြင့် ဘိုလိုမှုတ်ကြပြန်ရာ၊ သည်လူတွေ ၇၀ ရာနှုန်းသော ကျေးလက်ဒေသနေ လူထုအတွက် ဘာမျှထည့်သွင်း မစဉ်းစားသူများပါတကားဟု စိတ်ပျက်ဖူးပါသည်။မနေ့တစ်နေ့ကပင် ရွေးကောက်ပွဲနှင့်ဆိုင်သော စကားဝိုင်းတခု၌ ပါတီတစ်ခုမှ ဥက္ကဌဆိုသူက တိုင်းပြည်အရေး ဆောင်ရွက်နေသူများသည် နိုင်ငံရေးစိတ်ဆန္ဒ၊ နိုင်ငံရေးအာသီသ ပြင်းပြရန်လိုကြောင်း ပြောဆိုသည့်အခါ သူက ပေါ်လစ်တစ်ကယ်ဝဲလ် (Political Will) ဟုလည်း ပြည့်ပြည့်စုံစုံမပြော၊ ဝယ် ဝယ် (Will) ဟုသာ ပြောနေပေရာ၊ သူတို့ပါတီကို စိတ်ဝင်စားသည့် တောသူတောင်သားများခမျာ၊ တစ်ခုခုကိုဝယ်ရမည်ဟု ညွှန်ကြားနေသည်ဟု သဘောပေါက်သွားလေမလားတွေးရင်း၊ မြန်မာပညာတတ် အတော်များများ၊ မြန်မာနိုင်ငံရေးသမား အတော်များများတွင် စွဲကပ်နေသည့် မိခင်ဘာသာစကား ဆင်းရဲရှားပါးမှုကို အံ့ဩမိပါသည်။

၁၈.၂.၂၀၂၀ ရက်နေ့က အီး-အစိုးရလုပ်ငန်းစဉ်များနှင့် နည်းပညာပြပွဲ အဖွင့်အမှာစကားပြောရာတွင် နည်းပညာနှင့် သိပ္ပံဝေါဟာရများအား ဘိုလိုပဲသုံးနေပါက နည်းပညာကို လူများစုနားလည်မည်မဟုတ်၊ လူများစုကြားသို့ ရောက်မည်မဟုတ်ဟု ထောက်ပြသွားသော နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကို အထူးကျေးဇူးတင်မိပါသည်။ထိုအသိထိုအမြင်ကို တခြားအစိုးရအဖွဲ့ဝင်များ၊ အမတ်များ၊ နိုင်ငံရေးသမားများ အချိန်မီရကြပါစေဟု ဆုတောင်းမိပါသည်။သို့မဟုတ်ပါက လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆွယ်ကြသည့်အခါ ဘိုလိုမှုတ်ကြသည်များအား နားကလောရဦးမည်ဖြစ်ပါသည်။

မြန်မာများ၏ရင်ထဲတွင် အဘယ်ကြောင့် မြန်မာစာ မြန်မာစကား ကွယ်ပျောက်လျက် ဘိုစာရောက်နေသနည်း တွေးမိပါသည်။ထိုသို့တွေးမိတိုင်း၊ မိမိရောက်ဖူးသမျှ အိမ်နီးချင်းနိုင်ငံများတွင် သူတို့၏ မိခင်ဘာသာစကားအပေါ် အလေးထားကြပုံကို ပြန်သတိရမိပါသည်။
ထိုင်းနိုင်ငံရှိ မဟီဒေါဆေးတက္ကသိုလ်သည် ၁၈၈၈ ခုနှစ်တွင် ချုလာလွန်ကွန် ရာမ-၅ ဘုရင်က တည်ထောင်ခဲ့သည့် သီရီရပ်ဆေးရုံ (Siriraj Hospital) မှ အစပြုခဲ့ပါသည်။ထိုဆေးရုံရှိ ဆေးပညာရပ်ဘာသာသင်ကျောင်းကို ၁၉၄၃ မှစ၍ ဆေးတက္ကသိုလ်အဖြစ် ပြောင်းလဲခဲ့ပါသည်။၁၉၆၉ ရောက်မှ ထိုစဉ်က ရာမ-၉ ထိုင်းဘုရင် ဘူမိဘော အဒူရာဒက် က သူ့ဖခင် မဟီဒေါ ကို ဂုဏ်ပြုသည့်အနေဖြင့် မဟီဒေါ ဆေးတက္ကသိုလ်ဟု အမည်ပြောင်းခဲ့ခြင်းဖြစ်ပါသည်။

မဟီဒေါ ဘုရင်ကြီးနှင့် သူ၏သားတော် ရာမ-၉ (ဘုရင် ဘူမိဘော အဒူရာဒက်) တို့သည် အနောက်နိုင်ငံများတွင် တက္ကသိုလ်ပညာများကို သင်ကြားခဲ့ကြသူများဖြစ်ကြပါသည်။သို့သော် ယနေ့ထိ မဟီဒေါ ဆေးတက္ကသိုလ်ဆိုင်းဘုတ်ကို ကျောက်ပြားတွင် စာထွင်းလျက် ထိုင်းဘာသာတစ်ခုတည်းဖြင့်သာ ရေးသားထားပါသည်။မြန်မာနိုင်ငံတွင် ၁၉၈၈ နောက်ပိုင်း ဆောက်လုပ်သည့် အဆောက်အအုံအများစု၏ အမည်များကို ဘိုလိုသာဖော်ပြထားကြသည်ကို ထောက်ပြပြင်ဆင်ပေးသူ တစ်စုံတစ်ယောက်ပင် မရှိခဲ့ပါ။

တရုတ်တွင် မည်မျှကြီးကျယ်ခမ်းနားသော အဆောက်အအုံများဖြစ်ပါစေ၊ တရုတ်စာလုံးများဖြင့် အဆောက်အအုံအမည်ကို ရေးသားထားပါသည်။ထိုတရုတ်စာအောက်မှာမှ တရုတ်စာလုံးအရွယ်ထက် အနည်းငယ်သေးထားသော အင်္ဂလိပ်စာဖြင့် အဆောက်အအုံနာမည်ကို ထပ်မံဖော်ပြထားကြပါသည်။မလေးရှားတွင်လည်း ထိုနည်းနှင်နှင်သာ မြင်ခဲ့ရပါသည်။ရုပ်ရှင်များမှတဆင့် တောင်ကိုရီးယားနှင့် ဂျပန်တို့တွင်လည်း သူတို့၏ မိခင်ဘာသာစကားကို အလွန်အလေးထားကြကြောင်း မြင်သိနေရပါသည်။

မြန်မာတက္ကသိုလ်များတွင် မြန်မာဘာသာမှလွဲ၍ ကျန်ဘာသာရပ်များအား အင်္ဂလိပ်လိုသင်နေခြင်းကို မြင်တွေ့သည့် ဂျပန်လူမျိုး မပန်းခက် က (ဂျပန်တက္ကသိုလ်တစ်ခုတွင် ဒုတိယအကြီးအကဲ တာဝန်ယူဖူးသူ မြန်မာဘာသာစကားကျွမ်းကျင်သူ) "ဂျပန်မှာ တက္ကသိုလ်တွေအများကြီးရှိပါတယ်။သုံးခုလောက်ပဲ အင်္ဂလိပ်လိုသင်ကြတယ်။ကျန်တက္ကသိုလ်တွေအားလုံး ဂျပန်လိုပဲသင်နေကြတာပါ" ပြောဖူးပါသည်။တရုတ်နှင့် ဂျပန်နိုင်ငံများ ထိပ်တန်းရောက်လာခြင်းသည် ကမ္ဘာ့ပညာရပ်များအား မိခင်ဘာသာစကားသို့ အချိန်နှင့်တပြေးညီ ဘာသာပြန်ဆိုပြီး လူထုကြားသို့ ကျယ်ကျယ်ပြန့်ပြန့် ချပေးနိုင်ခြင်းသည် အကြောင်းတစ်ရပ်ဖြစ်ကြောင်း တွေ့ရှိရပါသည်။

ထို့ပြင် တရုတ်များ၊ ဂျပန်များနှင့် အနီးကပ်ဆက်ဆံကြည့်သောအခါ သူတို့ရင်ထဲတွင် မိခင်ဘာသာစကားကို အလေးထားမှုကြီးမားကြောင်း၊ အင်္ဂလိပ်ဘာသာစကားနှင့် တခြားဘာသာစကားများအား ကျွမ်းကျင်တတ်မြောက်သူများသည်ပင် သူတို့တတ်မြောက်ထားသည့် နိုင်ငံခြားဘာသာစကားများကြောင့် အောက်ခြေမလွတ်ကြကြောင်း မြင်တွေ့ရပါသည်။တရုတ်သို့ အမှတ်မထင်သွားရောက်ခွင့်ရခဲ့စဉ်က တရုတ်တို့၏ မိခင်ဘာသာစကားအပေါ် အလေးထားမှုပြင်းထန်လှကြောင်း တွေ့ခဲ့ရပါသည်။တစ်ရက်တွင် တရုတ်ဘာသာ၊ အင်္ဂလိပ်ဘာသာ ၂ ဘာသာဖြင့် ထုတ်ဝေနေသည့် The Globle Time သတင်းစာတိုက်သို့ ရောက်ခဲ့ပါသည်။

ဦးစီးနေသူ တရုတ်က အသက် ၄၀ ဝန်းကျင်ခန့်၊ အမေရိကန်တွင် ပညာသင်လာသူပါ။သို့သော် သူက အင်္ဂလိပ်လိုတစ်လုံးမျှမပြောဘဲ တရုတ်လိုသာပြောပြီး သူ့စကားကို စကားပြန်က မြန်မာဘာသာသို့ ပြန်ဆိုပေးပါသည်။သူရှင်းပြသည်မှာ သူတို့ဌာနတွင် တရုတ်တစ်နိုင်ငံလုံးဆိုင်ရာ သတင်းအချက်အလက်များကို စုဆောင်းထားကြောင်း၊ ထိုသတင်းအချက်အလက်များအား တရုတ်ပြည်တွင်းနှင့် ပြည်ပသို့ ပြန်လည်ဖြန့်ဝေပေးသည်ဟူ၏။သတင်းအချက်အလက်များ စုဆောင်းထားရှိသည့် ဌာနအမည်ကို တရုတ်ဘာသာဖြင့် ပင်မစားဖိုဆောင်ဟု ပေးထားသည်။ဤနေရာမှပင် သတင်းအချက်အလက်အားလုံးကို ဖြန့်ရသဖြင့် ထိုနာမည်ပေးထားသည်ဟူ၏။

မြန်မာနိုင်ငံတွင်သာ ဤကဲ့သို့ ပြည်တွင်း ပြည်ပသို့ ပြန်ဖြန့်သည့် သတင်းအချက်အလက်ဌာနမျိုး ရှိခဲ့မည်ဆိုပါက၊ Central Data Bank ; Main Data Centre စသောနာမည်မျိုးပေးမည်မှာ အသေအချာပဲဟု တွေးမိပါသည်။ထို့ပြင် လူအများတက်ရောက်သည့် ပွဲများ၌ မြန်မာလိုရှင်းမပြချင် ပါဝါပွိုင့်ကို မြန်မာလိုမရေးချင်သော အင်္ဂလိပ်စာကျွမ်းကျင်သူ အတော်များများနှင့်လည်းဆုံဖူးပါသည်။သူတို့၏အတွင်းစိတ်တွင် အင်္ဂလိပ်ဘာသာကိုသာ အလေးထားတန်ဖိုးထားလျက် အင်္ဂလိပ်ဘာသာ အားနည်းသူများကိုလည်း အထင်သေးကြောင်း တွေ့ရပါသည်။

ထိုစိတ်ထား၊ ထိုအမူအကျင့်များသည် လူငယ်များထံသို့ပါ ကူးစက်လာနေကြောင်း လူငယ်များပြုလုပ်သည့် ပွဲအတော်များများတွင် ခေါင်းစီးများကို ဘိုလိုရေးကြ၊ စကားပြောရာ၌လည်း ဘိုလိုညှပ်ပြောကြသည်မှတဆင့် မြင်တွေ့နိုင်ပါသည်။အင်္ဂလိပ်စာသာမက၊ နိုင်ငံခြားဘာသာစကားများကို တတ်ကျွမ်းခြင်းက ကောင်းပါသည်။အသုံးတည့်ပါသည်။သို့သော် မိခင်ဘာသာစကားကိုဘေးချိတ်ကာ၊ အင်္ဂလိပ်စကား ညှပ်မပြောရလျှင် စကားမပြောတတ်တော့သည့်အဆင့်ထိ မဖြစ်စေချင်ပါ။  

ချင်းမိုင်တက္ကသိုလ် (ဇင်းမယ်တက္ကသိုလ်) တွင် မြန်မာစာပြနေသော ဆရာမတစ်ဦးက ပြောဖူးပါသည်။ဇင်းမယ်တက္ကသိုလ်တွင် ဌာနတိုင်း၌ နိုင်ငံခြားသားအကြံပေးများ၊ ဧည့်ပါမောက္ခများ ရှိကြသည်။သို့သော် ဇင်းမယ်တက္ကသိုလ်က ထုတ်သမျှ ညွှန်ကြားစာများကို ထိုင်းဘာသာဖြင့်သာ ထုတ်ပြန်သည့်အပေါ် သူအံ့အားလည်းသင့်၊ ချီးလည်းချီးမွမ်းလိုသည်ဟု ဆိုပါသည်။ထိုင်းတို့၏ မိခင်ဘာသာစကားအပေါ် တန်ဖိုးထားပုံကို သူချီးမွမ်းလိုခြင်းဖြစ်ပါသည်။

ပညာရပ်ဝေါဟာရများသည် ခေတ်အဆက်ဆက် နေ့စဉ်ပေါ်ပေါက်လျက်ရှိပါသည်။၁၉၄၈ လွတ်လပ်ရေးရပြီးနောက်ပိုင်း၊ ရန်ကုန်တက္ကသိုလ်မှ ဌာနမှူးများ၊ ပါမောက္ခများ ပါဝင်သော ပညာရှင်တို့ပြုစုခဲ့သည့် ကမ္ဘာသုံးပညာရပ်ဆိုင်ရာ အသုံးများအား မြန်မာမှုပြုထားသည့် ပညာရပ်ဝေါဟာရများ (A – Z) ရှိပါသည်။အဆိုပါ ပညာရပ်ဝေါဟာရများသည် ဆရာဇော်ဂျီ စသော ပညာရှင်များ စုပေါင်းပြုစုခဲ့သည့် အနေအထားအတိုင်း ယခုထိပြန်လည်ပုံနှိပ် သုံးစွဲနေကြရပါသည်။နောက်ပိုင်းတိုးပွားလာသည့် သိပ္ပံ - ဝိဇ္ဇာ ပညာရပ်များ၊ နည်းပညာဆိုင်ရာ အသုံးအနှုန်းများအား တက္ကသိုလ်အဆင့် ပညာရှင်များက မြန်မာမှုပြုပြီး ထိုပညာရပ်ဝေါဟာရစာရင်းထဲ ထပ်မံမဖြည့်စွက်နိုင်သေးပါ။နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်သကဲ့သို့ သိပ္ပံ - ဝိဇ္ဇာ ပညာရပ်များ၊ နည်းပညာဆိုင်ရာ အသုံးအနှုန်းများအား၊ ပညာရှင်အဖွဲ့ ဖွဲ့၍ မြန်မာမှုပြုခြင်းလုပ်ငန်း စတင်သင့်ပြီဖြစ်ပါသည်။

သို့မှသာ လူထုကြားတွင် နည်းပညာများကိုသုံးတတ်လာစေရန်၊ နားလည်သဘောပေါက်ရန် ဘာသာစကား အခက်အခဲအတားအဆီးက ကြီးမားသည့်ကြားခံဖြစ်နေသည့် ပြဿနာကို ဖြေရှင်းနိုင်မည်ဖြစ်ပါသည်။နည်းပညာများနှင့်မစိမ်းသော လူထုကြားတွင်သာ ကွန်ပျူတာစနစ်သုံး စီမံအုပ်ချုပ်မှု (e- Government) ကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါသည်။ကွန်ပျူတာစနစ်သုံး စီမံအုပ်ချုပ်မှု (e- Government) အောင်မြင်လာသည့်နေ့တွင် မြန်မာတို့ ရုံးပြင်ကန္နားသွားရ၍ အချိန်ကုန်လူပန်းရသည့်အဖြစ်မျိုးမှ ကင်းဝေးပြီး အစိုးရရုံးဌာနများအား လက်ကိုင်ဖုန်းမှတဆင့် လှမ်းချိတ်ဆက် အလုပ်လုပ်လာနိုင်သည့် အနေအထားသို့ ရောက်လာရုံသာမက၊ လာဘ်စားမှုများကိုလည်း တားဆီးနိုင်မည်ဖြစ်ပါသည်။လာဘ်စားမှုများရှိခဲ့လျှင်လည်း အလွယ်တကူဖော်ထုတ်နိုင်ပေမည်။ထို့ပြင် ကမ္ဘာနှင့် အိမ်နီးချင်းနိုင်ငံများနောက်တွင် ကျန်ရစ်မှု၊ ကွာဟမှုဘောင်ကို ကျဉ်းနိုင်စေမည်ဖြစ်ပါသည်။သို့မှသာ လက်ရှိရောက်ရှိနေသည့် 4.0 နှင့် လာလတ္တံ့သော 5.0  စသည့် စက်မှုတော်လှန်ရေးခေတ်ကို မြန်မာတို့လက်လှမ်းမှီနိုင်မည် ဖြစ်ပါသည်။

ခင်နှင်းဦး
ဖေဖော်ဝါရီ - ၂၆

( Zawgyi )

၁၈.၂.၂၀၂၀ ည ၈ နာရီသတင္းတြင္ ေနျပည္ေတာ္ MICC 2 ၌ က်င္းပသည့္ ၄ ႀကိမ္ေျမာက္ ကြန္ပ်ဴတာစနစ္သုံး အစိုးရစီမံခန႔္ခြဲမႈဆိုင္ရာညီလာခံႏွင့္ အိုင္စီတီနည္းပညာျပပြဲ (4th e – Government Conference and ICT Exhibition) က်င္းပပုံကို ၾကည့္ရႈနားေထာင္လိုက္ရပါသည္။

နည္းပညာအစီအမံျဖင့္ ႂကြေရာက္လာေသာ ကေနာင္မင္းသားႀကီး ႐ုပ္တုေဘးတြင္ရပ္လ်က္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံႏွင့္ အဖြဲ႕ မွတ္တမ္းတင္ဓာတ္ပုံ ႐ိုက္ကူးၾကပါသည္။ထို႔ေနာက္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ က အဖြင့္အမွာစကားေျပာၾကားပါသည္။
အမွာစကားစေျပာေျပာျခင္း၊ ႏိုင္ငံေတာ္၏အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ က နည္းပညာဆိုင္ရာ အသုံးအႏႈန္းမ်ားအား တတ္ႏိုင္သမွ် ျမန္မာမႈျပဳၾကဖို႔ တိုက္တြန္းသြားပါသည္။ထို႔သို႔ သိပၸံႏွင့္နည္းပညာရပ္ ေဝါဟာရမ်ားကို ျမန္မာဘာသာစကားသို႔ ဆီေလ်ာ္ေအာင္ ဘာသာျပန္သုံးစြဲရာတြင္ျဖစ္ေစ၊ အသံဖလွယ္သုံးစြဲရာ၌ျဖစ္ေစ သုံးစြဲစ အစပထမတြင္ တိက်မွန္ကန္ေသာေဝါဟာရကို ရခ်င္မွရမည္ျဖစ္ေသာ္လည္း၊ သုံးစြဲရင္းတိက်မွန္ကန္သည့္ ေဝါဟာရလာမည္ျဖစ္ေၾကာင္း၊ နည္းပညာကို ပညာတတ္အလႊာၾကား၌သာမက၊ သာမန္လူထုအမ်ားစုၾကားေရာက္ရန္၊ လုထုနားလည္ရန္လိုေၾကာင္း၊ လူထုၾကားသို႔ နည္းပညာက်ယ္က်ယ္ျပန႔္ျပန႔္ေရာက္ေစရန္ျဖစ္ပါေၾကာင္း ထည့္သြင္းေျပာၾကားသြားပါသည္။

၁၉၈၈ ေနာက္ပိုင္း တျဖည္းျဖည္းက်ဆင္းလာေသာ ျမန္မာစာ၊ ျမန္မာဘာသာစကား၏ အေျခအေနကို၊ အေမ လူထုေဒၚအမာ က အစ၊ ဆရာႀကီး ေမာင္ခင္မင္ (ဓႏုျဖဴ) အလယ္၊ ဆရာႀကီး ေမာင္သာႏိုး အဆုံး ပညာရွင္မ်ားကေရာ၊ ျမန္မာခ်စ္သူ၊ တန္ဖိုးထားသူမ်ားကပါ ေထာက္ျပခဲ့ၾကဖူးပါသည္။သို႔ေသာ္ အရာမထင္ခဲ့ပါ။၂၀၁၆ တြင္ တက္လာသည့္ ဒီ/ခ်ဳပ္အစိုးရသည္ ျမန္မာစာအေရးကို အာ႐ုံစိုက္ျပဳျပင္လိမ့္မည္ဟု ေမွ်ာ္လင့္ခဲ့ၾကပါသည္။

သို႔ေသာ္ ဒီခ်ဳပ္အစိုးရလက္ထက္၌လည္း သတင္းစာအမ်ားစုတြင္ ေဖာ္ျပၾကသည့္ ကေမာက္ကမ ျမန္မာစာအမွားမ်ားကို ဖတ္ရႈၾကရပါသည္။ျမန္မာ့႐ုပ္သံလိုင္း အားလုံးနီးပါး သတင္းေၾကညာရာတြင္ ျမန္မာစကား အေျပာႏွင့္ အေရးကို ေရာေထြးေျပာ႐ုံသာမက၊ ဌာန္က႐ိုင္းမက်ေသာ အသံထြက္မ်ားျဖင့္ ေျပာၾကဆိုၾကသည္ကို မတတ္သာ၍ သည္းခံနားေထာင္ၾကရဆဲျဖစ္ပါသည္။တီဗြီအစီအစဥ္မ်ားမွန္သမွ် ယိမ္းကေနသလား ထင္မွတ္ရသည္ထိ သူ႔ထက္ငါ အဂၤလိပ္လိုေရးသားၾကပါသည္။ယုတ္စြအဆုံး ႏိုင္ငံပိုင္႐ုပ္သံ (MRTV) သည္ပင္ နံနက္ခင္းသတင္းဟု မေရးထိုးႏိုင္ဘဲ၊ Breakfast News ဟု ေရးထိုးေျပာဆိုေနသည္ကို မည္သည့္တာဝန္ရွိသူကမွ ျပင္ဆင္မေပးသည္ကိုလည္း အံ့ဩဖြယ္ေတြ႕ရွိရပါသည္။

ထို႔ျပင္ ႏိုင္ငံေတာ္အဆင့္ အခမ္းအနားအမ်ားစုတြင္ အခမ္းအနားေခါင္းစီးမ်ားကို ဘိုလိုေရးသည္က မ်ားျပားလွေၾကာင္း ေတြ႕ရျပန္ပါသည္။႐ုပ္သံအင္တာဗ်ဴးမ်ား၊ စကားဝိုင္းမ်ားတြင္ လည္း၊ ဝန္ႀကီးဝန္ကေလးမ်ား၊ အမတ္မ်ား၊ ၫႊန္မႉး၊ ၫႊန္ခ်ဳပ္မ်ား ပါးစပ္မွ အင္စတီက်ဴးရွင္း၊ အဝဲနက္စ္၊ ပတ္ဘလစ္၊ ေပၚလစ္တစ္ စသျဖင့္ ဘိုလိုမႈတ္ၾကျပန္ရာ၊ သည္လူေတြ ၇၀ ရာႏႈန္းေသာ ေက်းလက္ေဒသေန လူထုအတြက္ ဘာမွ်ထည့္သြင္း မစဥ္းစားသူမ်ားပါတကားဟု စိတ္ပ်က္ဖူးပါသည္။မေန႔တစ္ေန႔ကပင္ ေ႐ြးေကာက္ပြဲႏွင့္ဆိုင္ေသာ စကားဝိုင္းတခု၌ ပါတီတစ္ခုမွ ဥကၠဌဆိုသူက တိုင္းျပည္အေရး ေဆာင္႐ြက္ေနသူမ်ားသည္ ႏိုင္ငံေရးစိတ္ဆႏၵ၊ ႏိုင္ငံေရးအာသီသ ျပင္းျပရန္လိုေၾကာင္း ေျပာဆိုသည့္အခါ သူက ေပၚလစ္တစ္ကယ္ဝဲလ္ (Political Will) ဟုလည္း ျပည့္ျပည့္စုံစုံမေျပာ၊ ဝယ္ ဝယ္ (Will) ဟုသာ ေျပာေနေပရာ၊ သူတို႔ပါတီကို စိတ္ဝင္စားသည့္ ေတာသူေတာင္သားမ်ားခမ်ာ၊ တစ္ခုခုကိုဝယ္ရမည္ဟု ၫႊန္ၾကားေနသည္ဟု သေဘာေပါက္သြားေလမလားေတြးရင္း၊ ျမန္မာပညာတတ္ အေတာ္မ်ားမ်ား၊ ျမန္မာႏိုင္ငံေရးသမား အေတာ္မ်ားမ်ားတြင္ စြဲကပ္ေနသည့္ မိခင္ဘာသာစကား ဆင္းရဲရွားပါးမႈကို အံ့ဩမိပါသည္။

၁၈.၂.၂၀၂၀ ရက္ေန႔က အီး-အစိုးရလုပ္ငန္းစဥ္မ်ားႏွင့္ နည္းပညာျပပြဲ အဖြင့္အမွာစကားေျပာရာတြင္ နည္းပညာႏွင့္ သိပၸံေဝါဟာရမ်ားအား ဘိုလိုပဲသုံးေနပါက နည္းပညာကို လူမ်ားစုနားလည္မည္မဟုတ္၊ လူမ်ားစုၾကားသို႔ ေရာက္မည္မဟုတ္ဟု ေထာက္ျပသြားေသာ ႏိုင္ငံေတာ္၏အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ ကို အထူးေက်းဇူးတင္မိပါသည္။ထိုအသိထိုအျမင္ကို တျခားအစိုးရအဖြဲ႕ဝင္မ်ား၊ အမတ္မ်ား၊ ႏိုင္ငံေရးသမားမ်ား အခ်ိန္မီရၾကပါေစဟု ဆုေတာင္းမိပါသည္။သို႔မဟုတ္ပါက လာမည့္ ၂၀၂၀ ေ႐ြးေကာက္ပြဲအတြက္ မဲဆြယ္ၾကသည့္အခါ ဘိုလိုမႈတ္ၾကသည္မ်ားအား နားကေလာရဦးမည္ျဖစ္ပါသည္။

ျမန္မာမ်ား၏ရင္ထဲတြင္ အဘယ္ေၾကာင့္ ျမန္မာစာ ျမန္မာစကား ကြယ္ေပ်ာက္လ်က္ ဘိုစာေရာက္ေနသနည္း ေတြးမိပါသည္။ထိုသို႔ေတြးမိတိုင္း၊ မိမိေရာက္ဖူးသမွ် အိမ္နီးခ်င္းႏိုင္ငံမ်ားတြင္ သူတို႔၏ မိခင္ဘာသာစကားအေပၚ အေလးထားၾကပုံကို ျပန္သတိရမိပါသည္။
ထိုင္းႏိုင္ငံရွိ မဟီေဒါေဆးတကၠသိုလ္သည္ ၁၈၈၈ ခုႏွစ္တြင္ ခ်ဳလာလြန္ကြန္ ရာမ-၅ ဘုရင္က တည္ေထာင္ခဲ့သည့္ သီရီရပ္ေဆး႐ုံ (Siriraj Hospital) မွ အစျပဳခဲ့ပါသည္။ထိုေဆး႐ုံရွိ ေဆးပညာရပ္ဘာသာသင္ေက်ာင္းကို ၁၉၄၃ မွစ၍ ေဆးတကၠသိုလ္အျဖစ္ ေျပာင္းလဲခဲ့ပါသည္။၁၉၆၉ ေရာက္မွ ထိုစဥ္က ရာမ-၉ ထိုင္းဘုရင္ ဘူမိေဘာ အဒူရာဒက္ က သူ႔ဖခင္ မဟီေဒါ ကို ဂုဏ္ျပဳသည့္အေနျဖင့္ မဟီေဒါ ေဆးတကၠသိုလ္ဟု အမည္ေျပာင္းခဲ့ျခင္းျဖစ္ပါသည္။

မဟီေဒါ ဘုရင္ႀကီးႏွင့္ သူ၏သားေတာ္ ရာမ-၉ (ဘုရင္ ဘူမိေဘာ အဒူရာဒက္) တို႔သည္ အေနာက္ႏိုင္ငံမ်ားတြင္ တကၠသိုလ္ပညာမ်ားကို သင္ၾကားခဲ့ၾကသူမ်ားျဖစ္ၾကပါသည္။သို႔ေသာ္ ယေန႔ထိ မဟီေဒါ ေဆးတကၠသိုလ္ဆိုင္းဘုတ္ကို ေက်ာက္ျပားတြင္ စာထြင္းလ်က္ ထိုင္းဘာသာတစ္ခုတည္းျဖင့္သာ ေရးသားထားပါသည္။ျမန္မာႏိုင္ငံတြင္ ၁၉၈၈ ေနာက္ပိုင္း ေဆာက္လုပ္သည့္ အေဆာက္အအုံအမ်ားစု၏ အမည္မ်ားကို ဘိုလိုသာေဖာ္ျပထားၾကသည္ကို ေထာက္ျပျပင္ဆင္ေပးသူ တစ္စုံတစ္ေယာက္ပင္ မရွိခဲ့ပါ။

တ႐ုတ္တြင္ မည္မွ်ႀကီးက်ယ္ခမ္းနားေသာ အေဆာက္အအုံမ်ားျဖစ္ပါေစ၊ တ႐ုတ္စာလုံးမ်ားျဖင့္ အေဆာက္အအုံအမည္ကို ေရးသားထားပါသည္။ထိုတ႐ုတ္စာေအာက္မွာမွ တ႐ုတ္စာလုံးအ႐ြယ္ထက္ အနည္းငယ္ေသးထားေသာ အဂၤလိပ္စာျဖင့္ အေဆာက္အအုံနာမည္ကို ထပ္မံေဖာ္ျပထားၾကပါသည္။မေလးရွားတြင္လည္း ထိုနည္းႏွင္ႏွင္သာ ျမင္ခဲ့ရပါသည္။႐ုပ္ရွင္မ်ားမွတဆင့္ ေတာင္ကိုရီးယားႏွင့္ ဂ်ပန္တို႔တြင္လည္း သူတို႔၏ မိခင္ဘာသာစကားကို အလြန္အေလးထားၾကေၾကာင္း ျမင္သိေနရပါသည္။

ျမန္မာတကၠသိုလ္မ်ားတြင္ ျမန္မာဘာသာမွလြဲ၍ က်န္ဘာသာရပ္မ်ားအား အဂၤလိပ္လိုသင္ေနျခင္းကို ျမင္ေတြ႕သည့္ ဂ်ပန္လူမ်ိဳး မပန္းခက္ က (ဂ်ပန္တကၠသိုလ္တစ္ခုတြင္ ဒုတိယအႀကီးအကဲ တာဝန္ယူဖူးသူ ျမန္မာဘာသာစကားကြၽမ္းက်င္သူ) "ဂ်ပန္မွာ တကၠသိုလ္ေတြအမ်ားႀကီးရွိပါတယ္။သုံးခုေလာက္ပဲ အဂၤလိပ္လိုသင္ၾကတယ္။က်န္တကၠသိုလ္ေတြအားလုံး ဂ်ပန္လိုပဲသင္ေနၾကတာပါ" ေျပာဖူးပါသည္။တ႐ုတ္ႏွင့္ ဂ်ပန္ႏိုင္ငံမ်ား ထိပ္တန္းေရာက္လာျခင္းသည္ ကမာၻ႔ပညာရပ္မ်ားအား မိခင္ဘာသာစကားသို႔ အခ်ိန္ႏွင့္တေျပးညီ ဘာသာျပန္ဆိုၿပီး လူထုၾကားသို႔ က်ယ္က်ယ္ျပန႔္ျပန႔္ ခ်ေပးႏိုင္ျခင္းသည္ အေၾကာင္းတစ္ရပ္ျဖစ္ေၾကာင္း ေတြ႕ရွိရပါသည္။

ထို႔ျပင္ တ႐ုတ္မ်ား၊ ဂ်ပန္မ်ားႏွင့္ အနီးကပ္ဆက္ဆံၾကည့္ေသာအခါ သူတို႔ရင္ထဲတြင္ မိခင္ဘာသာစကားကို အေလးထားမႈႀကီးမားေၾကာင္း၊ အဂၤလိပ္ဘာသာစကားႏွင့္ တျခားဘာသာစကားမ်ားအား ကြၽမ္းက်င္တတ္ေျမာက္သူမ်ားသည္ပင္ သူတို႔တတ္ေျမာက္ထားသည့္ ႏိုင္ငံျခားဘာသာစကားမ်ားေၾကာင့္ ေအာက္ေျခမလြတ္ၾကေၾကာင္း ျမင္ေတြ႕ရပါသည္။တ႐ုတ္သို႔ အမွတ္မထင္သြားေရာက္ခြင့္ရခဲ့စဥ္က တ႐ုတ္တို႔၏ မိခင္ဘာသာစကားအေပၚ အေလးထားမႈျပင္းထန္လွေၾကာင္း ေတြ႕ခဲ့ရပါသည္။တစ္ရက္တြင္ တ႐ုတ္ဘာသာ၊ အဂၤလိပ္ဘာသာ ၂ ဘာသာျဖင့္ ထုတ္ေဝေနသည့္ The Globle Time သတင္းစာတိုက္သို႔ ေရာက္ခဲ့ပါသည္။

ဦးစီးေနသူ တ႐ုတ္က အသက္ ၄၀ ဝန္းက်င္ခန႔္၊ အေမရိကန္တြင္ ပညာသင္လာသူပါ။သို႔ေသာ္ သူက အဂၤလိပ္လိုတစ္လုံးမွ်မေျပာဘဲ တ႐ုတ္လိုသာေျပာၿပီး သူ႔စကားကို စကားျပန္က ျမန္မာဘာသာသို႔ ျပန္ဆိုေပးပါသည္။သူရွင္းျပသည္မွာ သူတို႔ဌာနတြင္ တ႐ုတ္တစ္ႏိုင္ငံလုံးဆိုင္ရာ သတင္းအခ်က္အလက္မ်ားကို စုေဆာင္းထားေၾကာင္း၊ ထိုသတင္းအခ်က္အလက္မ်ားအား တ႐ုတ္ျပည္တြင္းႏွင့္ ျပည္ပသို႔ ျပန္လည္ျဖန႔္ေဝေပးသည္ဟူ၏။သတင္းအခ်က္အလက္မ်ား စုေဆာင္းထားရွိသည့္ ဌာနအမည္ကို တ႐ုတ္ဘာသာျဖင့္ ပင္မစားဖိုေဆာင္ဟု ေပးထားသည္။ဤေနရာမွပင္ သတင္းအခ်က္အလက္အားလုံးကို ျဖန႔္ရသျဖင့္ ထိုနာမည္ေပးထားသည္ဟူ၏။

ျမန္မာႏိုင္ငံတြင္သာ ဤကဲ့သို႔ ျပည္တြင္း ျပည္ပသို႔ ျပန္ျဖန႔္သည့္ သတင္းအခ်က္အလက္ဌာနမ်ိဳး ရွိခဲ့မည္ဆိုပါက၊ Central Data Bank ; Main Data Centre စေသာနာမည္မ်ိဳးေပးမည္မွာ အေသအခ်ာပဲဟု ေတြးမိပါသည္။ထို႔ျပင္ လူအမ်ားတက္ေရာက္သည့္ ပြဲမ်ား၌ ျမန္မာလိုရွင္းမျပခ်င္ ပါဝါပြိဳင့္ကို ျမန္မာလိုမေရးခ်င္ေသာ အဂၤလိပ္စာကြၽမ္းက်င္သူ အေတာ္မ်ားမ်ားႏွင့္လည္းဆုံဖူးပါသည္။သူတို႔၏အတြင္းစိတ္တြင္ အဂၤလိပ္ဘာသာကိုသာ အေလးထားတန္ဖိုးထားလ်က္ အဂၤလိပ္ဘာသာ အားနည္းသူမ်ားကိုလည္း အထင္ေသးေၾကာင္း ေတြ႕ရပါသည္။

ထိုစိတ္ထား၊ ထိုအမူအက်င့္မ်ားသည္ လူငယ္မ်ားထံသို႔ပါ ကူးစက္လာေနေၾကာင္း လူငယ္မ်ားျပဳလုပ္သည့္ ပြဲအေတာ္မ်ားမ်ားတြင္ ေခါင္းစီးမ်ားကို ဘိုလိုေရးၾက၊ စကားေျပာရာ၌လည္း ဘိုလိုညႇပ္ေျပာၾကသည္မွတဆင့္ ျမင္ေတြ႕ႏိုင္ပါသည္။အဂၤလိပ္စာသာမက၊ ႏိုင္ငံျခားဘာသာစကားမ်ားကို တတ္ကြၽမ္းျခင္းက ေကာင္းပါသည္။အသုံးတည့္ပါသည္။သို႔ေသာ္ မိခင္ဘာသာစကားကိုေဘးခ်ိတ္ကာ၊ အဂၤလိပ္စကား ညႇပ္မေျပာရလွ်င္ စကားမေျပာတတ္ေတာ့သည့္အဆင့္ထိ မျဖစ္ေစခ်င္ပါ။  

ခ်င္းမိုင္တကၠသိုလ္ (ဇင္းမယ္တကၠသိုလ္) တြင္ ျမန္မာစာျပေနေသာ ဆရာမတစ္ဦးက ေျပာဖူးပါသည္။ဇင္းမယ္တကၠသိုလ္တြင္ ဌာနတိုင္း၌ ႏိုင္ငံျခားသားအႀကံေပးမ်ား၊ ဧည့္ပါေမာကၡမ်ား ရွိၾကသည္။သို႔ေသာ္ ဇင္းမယ္တကၠသိုလ္က ထုတ္သမွ် ၫႊန္ၾကားစာမ်ားကို ထိုင္းဘာသာျဖင့္သာ ထုတ္ျပန္သည့္အေပၚ သူအံ့အားလည္းသင့္၊ ခ်ီးလည္းခ်ီးမြမ္းလိုသည္ဟု ဆိုပါသည္။ထိုင္းတို႔၏ မိခင္ဘာသာစကားအေပၚ တန္ဖိုးထားပုံကို သူခ်ီးမြမ္းလိုျခင္းျဖစ္ပါသည္။

ပညာရပ္ေဝါဟာရမ်ားသည္ ေခတ္အဆက္ဆက္ ေန႔စဥ္ေပၚေပါက္လ်က္ရွိပါသည္။၁၉၄၈ လြတ္လပ္ေရးရၿပီးေနာက္ပိုင္း၊ ရန္ကုန္တကၠသိုလ္မွ ဌာနမႉးမ်ား၊ ပါေမာကၡမ်ား ပါဝင္ေသာ ပညာရွင္တို႔ျပဳစုခဲ့သည့္ ကမာၻသုံးပညာရပ္ဆိုင္ရာ အသုံးမ်ားအား ျမန္မာမႈျပဳထားသည့္ ပညာရပ္ေဝါဟာရမ်ား (A – Z) ရွိပါသည္။အဆိုပါ ပညာရပ္ေဝါဟာရမ်ားသည္ ဆရာေဇာ္ဂ်ီ စေသာ ပညာရွင္မ်ား စုေပါင္းျပဳစုခဲ့သည့္ အေနအထားအတိုင္း ယခုထိျပန္လည္ပုံႏွိပ္ သုံးစြဲေနၾကရပါသည္။ေနာက္ပိုင္းတိုးပြားလာသည့္ သိပၸံ - ဝိဇၨာ ပညာရပ္မ်ား၊ နည္းပညာဆိုင္ရာ အသုံးအႏႈန္းမ်ားအား တကၠသိုလ္အဆင့္ ပညာရွင္မ်ားက ျမန္မာမႈျပဳၿပီး ထိုပညာရပ္ေဝါဟာရစာရင္းထဲ ထပ္မံမျဖည့္စြက္ႏိုင္ေသးပါ။ႏိုင္ငံေတာ္၏အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ လမ္းၫႊန္သကဲ့သို႔ သိပၸံ - ဝိဇၨာ ပညာရပ္မ်ား၊ နည္းပညာဆိုင္ရာ အသုံးအႏႈန္းမ်ားအား၊ ပညာရွင္အဖြဲ႕ ဖြဲ႕၍ ျမန္မာမႈျပဳျခင္းလုပ္ငန္း စတင္သင့္ၿပီျဖစ္ပါသည္။

သို႔မွသာ လူထုၾကားတြင္ နည္းပညာမ်ားကိုသုံးတတ္လာေစရန္၊ နားလည္သေဘာေပါက္ရန္ ဘာသာစကား အခက္အခဲအတားအဆီးက ႀကီးမားသည့္ၾကားခံျဖစ္ေနသည့္ ျပႆနာကို ေျဖရွင္းႏိုင္မည္ျဖစ္ပါသည္။နည္းပညာမ်ားႏွင့္မစိမ္းေသာ လူထုၾကားတြင္သာ ကြန္ပ်ဴတာစနစ္သုံး စီမံအုပ္ခ်ဳပ္မႈ (e- Government) ကို အေကာင္အထည္ေဖာ္ႏိုင္မည္ျဖစ္ပါသည္။ကြန္ပ်ဴတာစနစ္သုံး စီမံအုပ္ခ်ဳပ္မႈ (e- Government) ေအာင္ျမင္လာသည့္ေန႔တြင္ ျမန္မာတို႔ ႐ုံးျပင္ကႏၷားသြားရ၍ အခ်ိန္ကုန္လူပန္းရသည့္အျဖစ္မ်ိဳးမွ ကင္းေဝးၿပီး အစိုးရ႐ုံးဌာနမ်ားအား လက္ကိုင္ဖုန္းမွတဆင့္ လွမ္းခ်ိတ္ဆက္ အလုပ္လုပ္လာႏိုင္သည့္ အေနအထားသို႔ ေရာက္လာ႐ုံသာမက၊ လာဘ္စားမႈမ်ားကိုလည္း တားဆီးႏိုင္မည္ျဖစ္ပါသည္။လာဘ္စားမႈမ်ားရွိခဲ့လွ်င္လည္း အလြယ္တကူေဖာ္ထုတ္ႏိုင္ေပမည္။ထို႔ျပင္ ကမာၻႏွင့္ အိမ္နီးခ်င္းႏိုင္ငံမ်ားေနာက္တြင္ က်န္ရစ္မႈ၊ ကြာဟမႈေဘာင္ကို က်ဥ္းႏိုင္ေစမည္ျဖစ္ပါသည္။သို႔မွသာ လက္ရွိေရာက္ရွိေနသည့္ 4.0 ႏွင့္ လာလတၱံ့ေသာ 5.0  စသည့္ စက္မႈေတာ္လွန္ေရးေခတ္ကို ျမန္မာတို႔လက္လွမ္းမွီႏိုင္မည္ ျဖစ္ပါသည္။

ခင္ႏွင္းဦး
ေဖေဖာ္ဝါရီ - ၂၆