【 ခရီးသွားဆောင်းပါး 】 “မော်လမြိုင်သို့ တစ်ခေါက်”

【 ခရီးသွားဆောင်းပါး 】 “မော်လမြိုင်သို့ တစ်ခေါက်”

“မြစ်သံလွင်ကို ဖြတ်ကျော်လာခိုက်ဝယ် လေချိုနုအေး သွေးလာတယ်” ဆိုတဲ့ ‘ရွှေမြိုင်မှာဘဲ နေတော့မယ်’ ဆိုတဲ့ သီချင်းကို ကြားဘူးကြမှာပါ။ရှည်လျားလှတဲ့ သံလွင် မော်လမြိုင် မြစ်ကူးတံတားပေါ် ဖြတ်သန်းပြီး မော်လမြိုင်မြို့ကို သွားရောက်လည်ပတ်သူတိုင်း သံလွင်မြစ်တစ်လျှောက် တိုက်ခတ်လာတဲ့ လေနုအေးကို ခံစားဖူးကြမှာပါ။ယခင်က မော်လမြိုင်ကိုသွားရင် ဇက်ကူးပြီးသွားရပေမယ့် တံတားဆောက်ပြီးချိန်မှာတော့ သွားရတာပိုပြီး လွယ်ကူချောမွေ့ လုံခြုံစိတ်ချလာခဲ့ပါတယ်။

သံလွင်တံတားပေါ်မှ သံလွင်မြစ်အတွင်း လှမ်းမျှော်ကြည့်ရှူပါက သစ်ပင်တွေအုပ်ဆိုင်းနေတဲ့ ကျွန်းတစ်ကျွန်းကို တွေ့မြင်ရမှာပြီး အဲ့ဒီကျွန်းဟာ ခေါင်းဆေးကျွန်းဘဲ ဖြစ်ပါတယ်။စေတီတော်၊ ဘုန်းကြီးကျောင်းနဲ့ နတ်ရေတွင်းတို့ရှိတဲ့ အဲ့ဒီကျွန်းပေါ်သို့ မော်လမြိုင်ဘက်ကနေ စက်လှေနဲ့ သွားရောက်လည်ပတ်လို့ ရပါတယ်။နတ်ရေတွင်းမှ ရေနဲ့ ဦးခေါင်းဆေးမင်္ဂလာ ပြုလုပ်ပါက ဘုန်းတန်ခိုး တက်စေတယ်လို့ အယူရှိကြတဲ့အတွက် ရှေးမင်းအဆက်အဆက်တို့က ခေါင်းဆေးမင်္ဂလာ ပြုလုပ်ခဲ့ကြပါတယ်။သံလွင်မြစ်ဟာ မြစ်ရေကြီးမှု အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ပေမယ့် မြင့်မားလှခြင်းမရှိတဲ့ ခေါင်းဆေးကျွန်းကတော့ တစ်ကြိမ်တစ်ခါမျှ ရေနစ်မြုပ်ခဲ့ခြင်း မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

သံလွင်တံတားကြီးကို ၂၀၀၀ ခုနှစ်က စတင်တည်ဆောက်ခဲ့တာ ၂၀၀၅ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။တံတားမဆောက်လုပ်ခင် ဒေသခံတစ်ဦး အိမ်မက်ထဲမှာ မြင်မက်ပြီး ပန်းချီဆွဲခဲ့ရာ တံတားတည်ဆောက်မှု ပြီးသွားတဲ့အချိန်မှာတော့ အိမ်မက်ထဲက တံတားနဲ့ အတော်လေးဆင်တူတဲ့အတွက် ဒေသခံအချို့က ဒီတံတားကို အိမ်မက်တံတားလို့လည်း ခေါ်ဆိုကြပါတယ်။
တံတားမရှိစဉ် လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ကာလက ရန်ကုန်ဘက်မှလာတဲ့ ရထားတွေဟာ မုတ္တမမြို့မှာ လမ်းဆုံးပြီး ကားတွေကလည်း တဖက်ကမ်းမှာရှိတဲ့ မော်လမြိုင်ကို ဇက်တွေနဲ့ ဖြတ်သန်းရတဲ့အတွက် မုတ္တမမြို့ဟာ အရမ်းကို စည်ကားခဲ့တဲ့ မြို့တစ်ခုဖြစ်ခဲ့ပါတယ်။ခုနေအခါမှာတော့ အရမ်းစည်ကားခဲ့တဲ့ မုတ္တမဘူတာ၊ မုတ္တမဇက်ဆိပ်တွေဟာ လူသူကင်းမဲ့လျှက် ရှိနေပြီဖြစ်ပါတယ်။

တံတားကြီး တည်ဆောက်ပြီးစီးခဲ့ပြီး စတင်ဖြတ်သန်းခွင့်ရတဲ့ အချိန်တုန်းက တံတားကို ၂၄ နာရီ အချိန်ပြည့် ဖြတ်သန်းခွင့်မပြုဘဲ ရန်ကုန်ကနေလာတဲ့ ကားတွေကို နံနက် ၆ နာရီလောက်မှ ဖြတ်သန်းခွင့်ပေးခဲတာပါ။ဒီအချိန်တုန်းက မုတ္တမဘက်ခြမ်း တံတားထိပ်အနီးမှာ စားသောက်ဆိုင်တွေ၊ ကုလားထိုင်ငှားရမ်းသူတွေ၊ တံတားဖြတ်သန်းဖို့ စောင့်ဆိုင်းနေသူတွေနဲ့ စည်ကားခဲ့ပါတယ်။ဒါပေမယ့် ၂၄ နာရီ ဖြတ်သန်းခွင့်ပြုလိုက်ပြီးနောက်ပိုင်း အဲ့ဒီမြင်ကွင်းတွေဟာ ပျောက်ကွယ်ခဲ့ပါပြီ။

သံလွင်တံတား အဆင်းမှာတော့ မွန်ပြည်နယ်ရဲ့ အထိမ်းအမှတ် ဟင်္သာရုပ်ထုက တံတားဘက်ကို မျက်နှာမူပြီး လာရောက်သူအားလုံးကို ကြိုဆိုနှုတ်ဆက်နေဟန် အဝိုင်းပတ်တစ်ခုကို တွေ့မြင်ရပါမှာပါ။အဲ့ဒီအဝိုင်းပတ်ရဲ့ ကားလမ်းဟာ ယခင်က ချိုင့်ခွက်တွေနဲ့ ပြည့်နှက်နေတဲ့အတွက် ကားတွေ၊ ဆိုင်ကယ်တွေ ဖြတ်သန်းမောင်းနှင်ဖို့ ခက်တဲ့နေရာတစ်ခု ဖြစ်ပါတယ်။အစိုးရသစ်တက်လာပြီး နောက်ပိုင်း လမ်းတွေကို ပြုပြင်ခဲ့တဲ့အတွက် ခုနေခါမှာတော့ လမ်းဟာ ကောင်းမွန်ပြန့်ပြူးနေပါပြီ။ရန်ကုန်ကလာတဲ့ ကားခရီးစဉ်က  မြို့ရှောင်လမ်းအတိုင်း မောင်းနှင်လာခဲ့ရင် မြေနီကုန်းကားဝင်း အရောက်မှာ ရန်ကုန်-မော်လမြိုင် ခရီးစဉ်ဟာ ပြီးဆုံးခဲ့ပြီ ဖြစ်ပါတယ်။ကားပေါ်အဆင်းမှာတော့ ဒေသတိုင်းနီးပါး တွေ့မြင်ရတဲ့ ဆိုင်ကယ်ကယ်ရီသမားတွေ၊ သုံးဘီးဆိုင်ကယ်သမားတွေ အလုအယက် ခရီးသည်ခေါ်နေတာကို တွေ့မြင်ရမှာပါ။ကားဝင်းအတွင်းမှ မြို့တွင်းကိုသွားတဲ့ လမ်းတစ်လျှောက်မှာတော့ ဟိုတယ်တွေ၊ တည်ခိုခန်းတွေ အများအပြားကို တွေ့မြင်ရပြီး အဆောက်အဦးတွေဟာလည်း ယခင်ကာလထက် ပိုမိုများပြားလာတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

ရန်ကုန်မြို့မှ ၁၉၄ မိုင် ကွာဝေးပြီး သံလွင်မြစ်ဝရဲ့ ဝဲဖက်ကမ်းပေါ်မှာ တည်ရှိတဲ့ မော်လမြိုင်မြို့ဟာ ၂၀၁၄ ခုနှစ် သန်းခေါင်းစာရင်းအရ လူဦးရေ ၂၈၉၃၈၈ ဦးရှိပြီး ဧရိယာအကျယ်အဝန်း ၂၁၈ ဒဿမ ၈ စတုရန်းကီလိုမီတာ ကျယ်ဝန်းပါတယ်။ရပ်ကွက် ၂၈ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုပေါင်း ၁၃ ခု နဲ့ ဖွဲ့စည်းထားပြီး လူဦးရေထူထပ်ခြင်း မရှိသေးသလို ယာဉ်ကြောပိတ်ဆို့မှုလည်း မရှိသေးတဲ့အတွက် သွားလာရ လွယ်ကူအဆင်ပြေပါတယ်။

မတ်မွဲလို (သို့မဟုတ်) မော်လမြိုင်

မော်လမြိုင်မြို့ကို သာသနာနှစ် ၁၅၇ ခုနှစ်မှာ ရာမည ရာဇာမင်း ဟာ ယခုမော်လမြိုင်မြို့ နေရာသို့ ပြောင်းရွှေ့ပြီး ရမ္မာပူရ၊ ရမ္မာဝတီ လို့ အမည်သတ်မှတ်ပြီး မြို့သစ်နန်းသစ် တည်ထောင်စိုးစံခဲ့ပါတယ်။ရာမည ရာဇာမင်း နတ်ရွာစံပြီးနောက် ထီးနန်းစိုးစံတဲ့ မင်းဟာ မျက်မှောင်နှစ်ခုအလယ်မှာ မှဲ့ရှင်တစ်လုံးပါပြီး မျက်စိသုံးလုံး ထင်ရလောက်အောင် ထူးခြားတဲ့အတွက် မွန်ပိရာဇာ (မြန်မာဘာသာဖြင့် မျက်စိသုံးလုံးဘုရင်) လို့ ခေါ်ဆိုကြပါတယ်။အဲ့ဒီ့မင်းလက်ထက်မှာ တိုင်းပြည်စည်ပင်ဝပြောပြီး စစ်ပြုလာတဲ့ ယိုးဒယားတို့ နိုင်အောင်မတိုက်ခိုက်နိုင်တဲ့အတွက် စုံစမ်းရာမှာ မွန်ဘုရင်ရဲ့ မှဲ့ရှင်မျက်လုံးကြောင့် ဖြစ်တယ်လို့ သိရှိတဲ့အတွက် သမီးတော်ကို လက်ဆောင်ပဏ္ဍာအဖြစ် ဆက်သပြီး မွန်ဘုရင်ရဲ့ မှဲ့ရှင်မျက်လုံးကို ဖျက်ဆီးပစ်ခဲ့ပါတယ်။အဲ့ဒီ မျက်လုံးတစ်လုံး ပျက်သွားခြင်းကို အစွဲပြုပြီး ရှေးမွန် များက မွန်ဘာသာဖြင့် (မတ် - မျက်လုံး၊ မွဲ - တစ်၊ လို - ပျက်စီးခြင်း) လို့ အဓိပ္ပာယ်ရတဲ့ “ မတ်မွဲလို” လို့ ခေါ်ဆိုရာမှ မော်လမြိုင်မြို့ ဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။

မော်လမြိုင်မြို့ဟာ မုတ္တမတိုင်းဒေသအတွင်း မွန် သုံးဆယ့်နှစ်မြို့မှာ ပါဝင်ခဲ့တဲ့ မြို့တစ်မြို့ဖြစ်ပြီး အင်္ဂလိပ် - မြန်မာ ပထမစစ်ပွဲအပြီး အင်္ဂလိပ်တို့ရဲ့ လက်အောက်ကို ကျရောက်ခဲ့ပါတယ်။အင်္ဂလိပ်တို့ရဲ့ မြန်မာနိုင်ငံအတွင်း ခြေကုတ်ယူ ရုံးစိုက်ခဲ့တဲ့ ပထမဆုံးမြို့တော် ဖြစ်ခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသတင်းစာဖြစ်တဲ့ "မော်လမြိုင်ခရော်နီကယ်” သတင်းစာ ကို မော်လမြိုင်မြို့မှာ ၁၈၃၆ ခုနှစ်က စတင်ပုံနှိပ်ထုတ်ဝေခဲ့ပြီး အင်္ဂလိပ်-မြန်မာ အဘိဓာန်ကိုလည်း ၁၈၅၂ ခုနှစ်မှာ ပထမဆုံးအကြိမ် ရိုက်နှက်ထုတ်ဝေခဲ့ပါတယ်။

မော်လမြိုင်မြို့ဟာ ရှည်လျားလှတဲ့ သမိုင်းကြောင်းတွေနဲ့ ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့တဲ့ မြို့တစ်မြို့ဖြစ်ပြီး သမိုင်းဝင် အဆောက်အဦးတွေ၊ ဘုရားကျောင်းကန်၊ စေတီပုထိုးတွေနဲ့ ပြည့်နှက်လို့နေတဲ့ နေရာဒေသတစ်ခုဘဲ ဖြစ်ပါတယ်။

မော်လမြိုင် တောင်ပေါ်တန်းကားလမ်းဟာ ရှေးယခင်အချိန်များက ချိုင့်ခွက်များနဲ့ ပျက်စီးနေပေမယ့် အစိုးရသစ်တက်လာပြီး နောက်ပိုင်း ပြုပြင်မှုတွေ ပြုလုပ်ထားတဲ့အတွက် လမ်းဟာ ကောင်းမွန်နေပြီး လမ်းဘေးဝဲယာတစ်လျှောက် မြင်တွေ့ရတဲ့ ခြုံနွယ်ပိတ်ပေါင်းတွေဟာလည်း သစ်ပင်၊ ပန်းမန်အဖြစ် ပြောင်းလဲခဲ့တာကို တွေ့မြင်ရပါတယ်။

တောင်ရိုးတန်းတလျှောက် စေတီပုထိုးများစွာကို တွေ့မြင်ရပြီး လမ်းတလျှောက် သစ်ရိပ်၊ ဝါးရိပ်တွေနဲ့ အေးချမ်းလှပါတယ်။တောင်ပေါ်တန်းမှ မော်လမြိုင်မြို့၊ သံလွင်မြစ်၊ သံလွင်တံတား၊ ဗိုလ်ချုပ်အောင်ဆန်းတံတားနဲ့ ချောင်းဆုံမြို့တို့ကို တစုတစည်းတည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ထူးဆန်းတဲ့ ပန်းရံပျံဝတ်တော်ကြီးဘုရား

မော်လမြိုင် တောင်ရိုးတန်းပေါ်မှာ တည်ထားကိုးကွယ်ထားတဲ့ ကျိုက်သလ္လံ၊ ဦးဇိန၊ မဟာမြတ်မုနိဘုရားတွေကို သွားရောက်ဖူးမျှော်တဲ့အခါ ထူးထူးခြားခြားတွေ့ရမှာက အဲ့ဒီတောင်တန်းပေါ်မှာ တည်ထားကိုးကွယ်တဲ့ ပန်းရံပျံဝတ်တော်ကြီးဘုရားပါဘဲ။ဒီဘုရားဟာ ထူးခြားမှုတွေရှိနေတဲ့ ဘုရားဖြစ်ပါတယ်။

ပန်းရံပျံဘုရား တည်ဆောက်ရန် နဲ့ စံကျောင်းတော်ကြီး တည်ဆောက်ဖို့ ခက်ခဲနေတဲ့ မွန်သူဌေးကြီးထံ ပန်းရံဗိသုကာပညာရှင်တွေ ရောက်ရှိလာပြီး တည်ဆောက်ပေးရန် ကမ်းလှမ်းလာတဲ့အတွက် ခွင့်ပြုပေးခဲ့ပြီး ရက်အနည်းငယ်အတွင်း တည်ဆောက်မှုတွေ ပြီးစီးခဲ့တယ်လို့ ဆိုပါတယ်။ပန်းရံဆရာတွေဟာ ဘုရားရုပ်ထုတွေနဲ့ ဝတ်ကျောင်းတော်ကြီးကို အနုစိတ် လက်ရာမြောက်စွာ တည်ဆောက်ခဲ့ကြပြီး တည်ဆောက်မှုပြီးစီးတဲ့အခါ ပန်းရံဆရာများ လက်ခမယူဘဲ ပျောက်ဆုံးသွားခဲ့ပါတယ်။တည်ဆောက်နေတဲ့ ကာလတလျှောက် ဆူညံသံတွေနဲ့ ချက်ပြုတ်စားသောက်ခဲ့မှုတွေကို မတွေ့မမြင်ရတဲ့အတွက် နတ်သိကြားများ လာရောက်တည်ဆောက်ခဲ့ကြတယ်လို့ ဒေသခံတွေက ယုံကြည်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံ ကုန်းဘောင်မင်းဆက်ရဲ့ အနွယ်တော်အချို့ဟာ မော်လမြိုင်မြို့မှာ နေထိုင်ခဲ့ကြပြီး မင်းတုန်းမင်းရဲ့ မိဖုရားတစ်ဦးဖြစ်တဲ့ စိန်တုံးမိဖုရားဟာ မင်းတုန်းမင်း နတ်ရွာစံပြီးတဲ့နောက် ဗြိတိသျှပိုင် အောက်ပြည်သို့ စုန်ဆင်းလာပြီး မော်လမြိုင်မြို့မှာရှိတဲ့ သာယာကုန်းရပ်မှာ နေထိုင်ခဲ့ပါတယ်။သူဌေးမကြီး ဒေါ်ရွှေပွင့် ဆောက်လုပ်လှူဒါန်းခဲ့တဲ့ ကျိုက်သလ္လံဘုရား အနီးမှာရှိတဲ့ ရတနာဘုံမြင့် ကျောင်းတိုက်ကြီးကို မန္တလေးရဲ့ ရှေးဟောင်း အနုပညာလက်ရာတွေနဲ့ တည်ဆောက်ခဲ့တဲ့အတွက် စိန်တုန်းမိဖုရားကြီးရဲ့ အကူအညီများစွာ ပါဝင်နေလိမ့်မယ်လို့ သုတေသီတွေက သတ်မှတ်ထားတဲ့ အဆောက်အဦးကြီး ဖြစ်ပါတယ်။

တောအငွေ့ တောင်အတွေ့နဲ့  မြန်မာနောက်ဆုံးမင်းဆက် အနွယ်တော်တွေ

သီပေါမင်းရဲ့ အငယ်ဆုံးသမီးတော်ဖြစ်တဲ့ စတုတ္ထသမီးတော်ဟာလည်း မော်လမြိုင်မြို့မှာ နေထိုင်ခဲ့ပြီး မော်လမြိုင်မြို့မှာဘဲ နတ်ရွာစံခဲ့ပါတယ်။သီပေါမင်း နတ်ရွာစံပြီးနောက် စုဖုရားလတ်ဟာ တတိယသမီးတော်၊ စတုတ္ထသမီးတော်တို့နဲ့အတူ မြန်မာနိုင်ငံကို ပြန်လာခဲ့ပါတယ်။မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့ စတုတ္ထသမီးတော်ဟာ မယ်တော် စုဖုရားလတ် နတ်ရွာစံပြီးတဲ့နောက် မန္တလေး မြနန်းစံကျော် ရွှေနန်းတော်ရှိရာ မန္တလေးမြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ဗြိတိသျှအစိုးရထံ ခမည်းတော် ပိုင်ဆိုင်ခဲ့တဲ့ ထီးနန်းကို ပြန်လည်တောင်းခံခြင်း၊ အဖိုးတန် နန်းစဉ်ရတနာပစ္စည်းများကို စာရင်းဇယားနဲ့တကွ ပြန်လည်တောင်းခံခဲ့ခြင်း၊ စတုတ္ထသမီးတော် အရေးတော်ပုံစာတမ်းကို ထုတ်ဝေပြီး အင်္ဂလိပ်အစိုးရထံ ပို့ဆောင်ခဲ့ခြင်း ၊ ဦးဘရင် ခေါင်းဆောင်တဲ့ ဘုရင်ဂိုဏ်းလှုပ်ရှားမှုများ ပေါ်ပေါက်လာခြင်းတို့ကြောင့် မန္တလေးမှ မော်လမြိုင်သို့ နယ်နှင်ဒဏ် ပို့ဆောင်ခံခဲ့ရပါတယ်။မော်လမြိုင်မြို့ ဈေးကြီးအနီး (ယခု အလက-၈) မှာ နေထိုင်ခဲ့ကာ ၁၉၃၆ ခုနှစ် ၊ သက်တော် ၄၉ နှစ်မှာ နတ်ရွာစံခဲ့ပါတယ်။အုတ်ဂူကို ကျိုက်သလ္လံဘုရား အနီးမှာ ဂူသွင်းမြုပ်နှံထားတဲ့အတွက် စတုတ္ထသမီးတော်ရဲ့ နေအိမ်နဲ့ အုတ်ဂူတော်တွေကို မော်လမြိုင်မြို့ကို ရောက်ခဲ့ရင် သွားရောက်လေ့လာနိုင်မှာ ဖြစ်ပါတယ်။

မော်လမြိုင်မြို့ရဲ့ တောင်ဘက် မော်လမြိုင်တက္ကသိုလ် အနီးမှာရှိတဲ့ တောင်ဝိုင်းတောင်ကိုလည်း သွားရောက်လည်ပတ် ဖြစ်ခဲ့ပါတယ်။တောင်ဝိုင်းဘုရားကို တောင်ခြေမှာ တည်ထားတဲ့အတွက် သဘာဝအလှတွေကို ခံစားရင်း ဘုရားဖူးနိုင်တဲ့နေရာ တစ်ခုဘဲဖြစ်ပါတယ်။တောင်ဝိုင်းဘုရားဝင်းအတွင်း သစ်ပင်ကြီးတွေနဲ့ ဆိတ်ငြိမ်အေးချမ်းနေပြီး သစ်ပင်တွေရဲ့ အောက်မှာ လာရောက်လည်ပတ်သူတွေ နားနေဖို့ ထိုင်ခုံတွေကို ပြုလုပ်ပေးထားပါတယ်။ဘုရားစောင်းတန်းတလျှောက် စားသောက်ဆိုင်တွေကို တွေ့မြင်ရပြီး ဗုဒ္ဓဝင်ပြတိုက်ကိုလည်း ဝင်ရောက်ကြည့်ရှူနိုင်မှာ ဖြစ်ပါတယ်။တောင်ဝိုင်းဘုရားဝင်းအတွင်း အကွေ့အကောက်များစွာနဲ့ လူတွေကို မျက်စိလည်စေနိုင်တဲ့ ရှေးခေတ်အုတ်တွေနဲ့ တည်ဆောက်ထားတဲ့ ဝင်္ကပါကြီးတစ်ခုလည်း ရှိပါတယ်။အဲ့ဒီဝင်္ကပါဟာ ပေ ၁၀၀ ပတ်လည်ခန့် ကျယ်ဝန်းပြီး လာရောက်လည်ပတ်တဲ့ ကလေးငယ်တွေ အများဆုံး ဝင်ရောက်ဆာ့ကစားလေ့ ရှိပါတယ်။

မော်လမြိုင်မြို့ရဲ့ လမ်းတွေ၊ အဆောက်အဦးတွေဟာ ပြောင်းလဲတိုးတက်လာခဲ့ပေမဲ့ တောင်ဝိုင်းတောင်မှာတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်များကအတိုင်း ပြောင်းလဲမှုမရှိတာကို တွေ့ရပါတယ်။ တောင်ပေါ်တက်တဲ့ ရဟန္တာ ၅၀၀ ရပ်တော်မူရုပ်တုများရှိရာ စောင်းတန်းမှာတော့ အမိုးနဲ့ တိုင်တွေဟာ ခေတ်ကာလတစ်လျှောက် မပြုပြင်ခဲ့တဲ့အတွက် အိုဟောင်းနေပြီး စောင်းတန်းပေါ်သို့ မတက်ရန် သတိပေးဆိုင်းဘုတ် စိုက်ထူထားတာကိုလည်း တွေ့မြင်ရပါတယ်။

အဲ့ဒီတောင်ပေါ်ကို ခြေလျင်တက်ရောက်လိုတဲ့ ကမ္ဘာလှည့်ခရီးသည်အချို့ လာရောက်လည်ပတ်မှုများရှိပြီ ၂၀၁၈ ခုနှစ်အတွင်း စပိန်နိုင်ငံမှ ခရီးသည်တွေ အများဆုံးလာရောက် လည်ပတ်ကြတယ်လို့ ဆိုပါတယ်။ခြေလျင်တောင်တက် ခရီးသွားလာလိုသူတွေအတွက် သွားရောက်သင့်တဲ့ နေရာတစ်ခုဖြစ်ပြီး တောင်ပေါ်မှာတော့ ထိုင်တော်မူ ရုပ်ပွားတော်တစ်ဆူကို ဖူးမြင်နိုင်မှာ ဖြစ်ပါတယ်။တောင်ပေါ်တက်ရန် ကားလမ်းကို ဖောက်လုပ်ထားပေမယ့် လမ်းဟာ မတ်စောက်ပြီး ကျောက်ကြမ်းတွေသာ ခင်းထားတဲ့အတွက် အဲ့ဒီလမ်းမှ တက်ရောက်သူဧည့်သည် မရှိသလောက် ရှားပါးတယ်လို့ ဆိုပါတယ်။အဲ့ဒီ လမ်းတလျှောက်မှာတော့ သစ်ပင်၊ ဝါးပင်တွေနဲ့၊ ဘုန်းကြီးကျောင်းတွေကို တွေ့မြင်ရမှာဖြစ်ပြီး မော်လမြိုင်မြို့ကို ရေပေးဝေနေတဲ့ ကင်မွန်းချုံရေလှောင်ကန်ကိုလည်း အပေါ်စီးမှ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ကမ်းနားအလှနဲ့ ဖမ်းစားတဲ့ မော်လမြိုင်

မော်လမြိုင် အစားလို့ဆိုတဲ့ စကားအတိုင်း မော်လမြိုင်မြို့ကို ရောက်ရှိရင်တော့ မော်လမြိုင်ဒေသရဲ့ ထူးခြားတဲ့ အစားအသောက်တွေကိုလည်း စားသုံးခွင့်ရရှိမှာ ဖြစ်ပါတယ်။ထမင်းကို ဖယောင်းနံ့သင်းနေတဲ့ ရေအေးထည့်ပြီး ငါးခြောက်ထောင်းနဲ့ စားရတဲ့ သြင်္ကန်ထမင်းဟာ မော်လမြိုင်ရဲ့ ထူးခြားတဲ့ အစားအစာဖြစ်ပြီး ငါးပြုတ်ရေနဲ့ မုန့်ဖတ်ကို တွဲဖက်စားသောက်တဲ့ ရေစိမ်မုန့်တီ၊ အာပြဲခြောက်အစိုကို ဟင်းအရည်သောက် ချက်ထားတဲ့ ငါးနှပ်ဟင်းချိုတွေဟာလည်း မော်လမြိုင်မြို့ရဲ့ ဝိသေသလက္ခဏာတွေဘဲ ဖြစ်ပါတယ်။မော်လမြိုင်မြို့မှာ ကျွဲကောသီး၊ မင်းဂွတ်သီး၊ ကြက်မောက်သီး၊ ဒူးရင်းသီး အစရှိတဲ့ ဒေသထွက်သီးနှံတွေကို လတ်လတ်ဆတ်ဆတ် ဝယ်ယူစားသုံးနိုင်မှာ ဖြစ်ပါတယ်။

မော်လမြိုင်ရဲ့ တစ်ဖက်ကမ်းမှာရှိတဲ့ ချောင်းဆုံမြို့ ဘီလူးကျွန်း ၆၄ ရွာမှာ ကျေးရွာအလိုက် ဘုရားပွဲများကို နှစ်စဉ်ကျင်းပလေ့ ရှိပါတယ်။ဘီလူးကျွန်း ၆၄ ရွာ ဆိုပေမယ့် ခေတ်ကာလကြာလာတာနဲ့အမျှ ကျေးရွာသစ်တွေ တည်ဆောက်ခဲ့ကြတဲ့အတွက် ကျေးရွာပေါင်း ၈၀ ကျော် ရှိပြီလို့ ဆိုပါတယ်။အဲ့ဒီကျေးရွာတွေမှာ ရွာဘုရားပွဲတွေကို ကျင်းပပြုလုပ်ကြပြီး ကျေးရွာမှာရှိတဲ့ အိမ်တိုင်းဟာ စားသောက်ဖွယ်ရာတွေ အိမ်တိုင်းကျွေးမွေးကြပါတယ်။ဘုရားပွဲ လာရောက်သူအားလုံး ကျေးရွာမှာရှိတဲ့ အိမ်တိုင်းက ကြိုက်တဲ့အိမ်ပေါ် တက်ရောက်စားသောက်နိုင်ပြီး အိမ်ပေါ်တက်လာပြီးမှ တစ်ခုခုမစားမသောက်ဘဲ ပြန်သွားရင်တော့ အိမ်ရှင်ရဲ့ ငြိုငြင်ခြင်းကိုခံရမှာ ဖြစ်ပါတယ်။

မော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့ကို ဆက်သွယ်ထားတဲ့တံတား ဖွင့်လှစ်လိုက်ပြီ ဖြစ်တဲ့အတွက် စက်လှေတွေ ဇက်တွေနဲ့ အချိန်ကြာမြင့်စွာ သွားခဲ့ရတဲ့ ချောင်းဆုံမြို့ကို မော်လမြိုင်မြို့မှ အလွယ်တကူ သွားရောက်နိုင်ပြီ ဖြစ်တဲ့အတွက် လက်မှုလုပ်ငန်းတွေရှိတဲ့ ရွာလွတ်ရွာ၊ ကျောက်သင်ပုန်းတွေ ထွက်တဲ့ မုဒွန်းကျေးရွာတွေကို သွားရောက်ပြီး လက်မှုလုပ်ငန်းတွေကိုလည်း သွားရောက်လေ့လာနိုင်ပြီ ဖြစ်ပါတယ်။

နှစ်ရက်တာကာလအတွင်း မော်လမြိုင်မြို့ရဲ့ လည်ပတ်စရာနေရာတွေကို လည်ပတ်ခဲ့ပြီးနောက် မပြန်ခင် မော်လမြိုင်မြို့ရဲ့ ညနေရှုခင်းကို မော်လမြိုင်ကမ်းနားမှာ အေးအေးလူလူ သွားရောက်အပန်းဖြေသင့်ပါတယ်။ကမ်းနားလမ်းမှာရှိတဲ့ လူသွားပလက်ဖောင်းလမ်းတွေ၊ အကာအရံတွေနဲ့ ထိုင်ခုံတွေဟာ ရှေးယခင်ကနဲ့မတူဘဲ ပြုပြင်မွမ်းမံထားတဲ့အတွက် သန့်ရှင်းသစ်လွင် လှပနေတာ တွေ့မြင်ရမှာပါ။ကမ်းနားလမ်း တစ်လျှောက်မှာတော့ သံလွင်မြစ်အတွင်း ဝဲပျံနေတဲ့ ဇင်ယော်ငှက်တွေကို ကြည်နူးဖွယ် တွေ့မြင်ရပါတယ်။ဇင်ယော်ငှက်တွေ ပျံဝဲနေတဲ့ သံလွင်မြစ်နဲ့ ဘီလူးကျွန်းမှာရှိတဲ့ တောင်စွယ်တောင်တန်းနောက် တဖြည်းဖြည်း ငုပ်လျှိုးပျောက်ကွယ်သွားတဲ့ နေ့တစ်နေ့ရဲ့ နေဝင်ချိန်ကို ငေးမောကြည့်ခွင့်ရဖို့ဆိုတာ မော်လမြိုင်မြို့မှာသာ ရမယ့်အခွင့်အရေးပါ။နောက်တစ်ကြိမ် ဘယ်အချိန် ဘယ်ကာလမှ ပြန်လည်ရောက်ရှိခွင့်ရမယ်မှန်း မသိတဲ့ လည်ပတ်စရာတွေ ပေါများပြီး သမိုင်းအစဉ်အလာကြီးမားတဲ့ မြို့ကြီးကတော့ လာရောက်လည်ပတ်သူအားလုံးကို သဘာဝအငွေ့အသက်တွေ၊ မွန်ဓလေ့ထုံးတမ်း ရိုးရာတွေနဲ့ လာသူတိုင်းကို လွမ်းဆွတ်သတိရအောင် ဖမ်းစားလို့နေဆဲ ဖြစ်ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ဖေဖော်ဝါရီ - ၁၉

( Zawgyi )

“ျမစ္သံလြင္ကို ျဖတ္ေက်ာ္လာခိုက္ဝယ္ ေလခ်ိဳႏုေအး ေသြးလာတယ္” ဆိုတဲ့ ‘ေ႐ႊၿမိဳင္မွာဘဲ ေနေတာ့မယ္’ ဆိုတဲ့ သီခ်င္းကို ၾကားဘူးၾကမွာပါ။ရွည္လ်ားလွတဲ့ သံလြင္ ေမာ္လၿမိဳင္ ျမစ္ကူးတံတားေပၚ ျဖတ္သန္းၿပီး ေမာ္လၿမိဳင္ၿမိဳ႕ကို သြားေရာက္လည္ပတ္သူတိုင္း သံလြင္ျမစ္တစ္ေလွ်ာက္ တိုက္ခတ္လာတဲ့ ေလႏုေအးကို ခံစားဖူးၾကမွာပါ။ယခင္က ေမာ္လၿမိဳင္ကိုသြားရင္ ဇက္ကူးၿပီးသြားရေပမယ့္ တံတားေဆာက္ၿပီးခ်ိန္မွာေတာ့ သြားရတာပိုၿပီး လြယ္ကူေခ်ာေမြ႕ လုံၿခဳံစိတ္ခ်လာခဲ့ပါတယ္။

သံလြင္တံတားေပၚမွ သံလြင္ျမစ္အတြင္း လွမ္းေမွ်ာ္ၾကည့္ရွဴပါက သစ္ပင္ေတြအုပ္ဆိုင္းေနတဲ့ ကြၽန္းတစ္ကြၽန္းကို ေတြ႕ျမင္ရမွာၿပီး အဲ့ဒီကြၽန္းဟာ ေခါင္းေဆးကြၽန္းဘဲ ျဖစ္ပါတယ္။ေစတီေတာ္၊ ဘုန္းႀကီးေက်ာင္းနဲ႔ နတ္ေရတြင္းတို႔ရွိတဲ့ အဲ့ဒီကြၽန္းေပၚသို႔ ေမာ္လၿမိဳင္ဘက္ကေန စက္ေလွနဲ႔ သြားေရာက္လည္ပတ္လို႔ ရပါတယ္။နတ္ေရတြင္းမွ ေရနဲ႔ ဦးေခါင္းေဆးမဂၤလာ ျပဳလုပ္ပါက ဘုန္းတန္ခိုး တက္ေစတယ္လို႔ အယူရွိၾကတဲ့အတြက္ ေရွးမင္းအဆက္အဆက္တို႔က ေခါင္းေဆးမဂၤလာ ျပဳလုပ္ခဲ့ၾကပါတယ္။သံလြင္ျမစ္ဟာ ျမစ္ေရႀကီးမႈ အႀကိမ္ႀကိမ္ျဖစ္ေပၚခဲ့ေပမယ့္ ျမင့္မားလွျခင္းမရွိတဲ့ ေခါင္းေဆးကြၽန္းကေတာ့ တစ္ႀကိမ္တစ္ခါမွ် ေရနစ္ျမဳပ္ခဲ့ျခင္း မရွိဘူးလို႔ ေဒသခံေတြက ဆိုပါတယ္။

သံလြင္တံတားႀကီးကို ၂၀၀၀ ခုႏွစ္က စတင္တည္ေဆာက္ခဲ့တာ ၂၀၀၅ ခုႏွစ္မွာ ၿပီးစီးခဲ့ပါတယ္။တံတားမေဆာက္လုပ္ခင္ ေဒသခံတစ္ဦး အိမ္မက္ထဲမွာ ျမင္မက္ၿပီး ပန္းခ်ီဆြဲခဲ့ရာ တံတားတည္ေဆာက္မႈ ၿပီးသြားတဲ့အခ်ိန္မွာေတာ့ အိမ္မက္ထဲက တံတားနဲ႔ အေတာ္ေလးဆင္တူတဲ့အတြက္ ေဒသခံအခ်ိဳ႕က ဒီတံတားကို အိမ္မက္တံတားလို႔လည္း ေခၚဆိုၾကပါတယ္။
တံတားမရွိစဥ္ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ေက်ာ္ကာလက ရန္ကုန္ဘက္မွလာတဲ့ ရထားေတြဟာ မုတၱမၿမိဳ႕မွာ လမ္းဆုံးၿပီး ကားေတြကလည္း တဖက္ကမ္းမွာရွိတဲ့ ေမာ္လၿမိဳင္ကို ဇက္ေတြနဲ႔ ျဖတ္သန္းရတဲ့အတြက္ မုတၱမၿမိဳ႕ဟာ အရမ္းကို စည္ကားခဲ့တဲ့ ၿမိဳ႕တစ္ခုျဖစ္ခဲ့ပါတယ္။ခုေနအခါမွာေတာ့ အရမ္းစည္ကားခဲ့တဲ့ မုတၱမဘူတာ၊ မုတၱမဇက္ဆိပ္ေတြဟာ လူသူကင္းမဲ့လွ်က္ ရွိေနၿပီျဖစ္ပါတယ္။

တံတားႀကီး တည္ေဆာက္ၿပီးစီးခဲ့ၿပီး စတင္ျဖတ္သန္းခြင့္ရတဲ့ အခ်ိန္တုန္းက တံတားကို ၂၄ နာရီ အခ်ိန္ျပည့္ ျဖတ္သန္းခြင့္မျပဳဘဲ ရန္ကုန္ကေနလာတဲ့ ကားေတြကို နံနက္ ၆ နာရီေလာက္မွ ျဖတ္သန္းခြင့္ေပးခဲတာပါ။ဒီအခ်ိန္တုန္းက မုတၱမဘက္ျခမ္း တံတားထိပ္အနီးမွာ စားေသာက္ဆိုင္ေတြ၊ ကုလားထိုင္ငွားရမ္းသူေတြ၊ တံတားျဖတ္သန္းဖို႔ ေစာင့္ဆိုင္းေနသူေတြနဲ႔ စည္ကားခဲ့ပါတယ္။ဒါေပမယ့္ ၂၄ နာရီ ျဖတ္သန္းခြင့္ျပဳလိုက္ၿပီးေနာက္ပိုင္း အဲ့ဒီျမင္ကြင္းေတြဟာ ေပ်ာက္ကြယ္ခဲ့ပါၿပီ။

သံလြင္တံတား အဆင္းမွာေတာ့ မြန္ျပည္နယ္ရဲ႕ အထိမ္းအမွတ္ ဟသၤာ႐ုပ္ထုက တံတားဘက္ကို မ်က္ႏွာမူၿပီး လာေရာက္သူအားလုံးကို ႀကိဳဆိုႏႈတ္ဆက္ေနဟန္ အဝိုင္းပတ္တစ္ခုကို ေတြ႕ျမင္ရပါမွာပါ။အဲ့ဒီအဝိုင္းပတ္ရဲ႕ ကားလမ္းဟာ ယခင္က ခ်ိဳင့္ခြက္ေတြနဲ႔ ျပည့္ႏွက္ေနတဲ့အတြက္ ကားေတြ၊ ဆိုင္ကယ္ေတြ ျဖတ္သန္းေမာင္းႏွင္ဖို႔ ခက္တဲ့ေနရာတစ္ခု ျဖစ္ပါတယ္။အစိုးရသစ္တက္လာၿပီး ေနာက္ပိုင္း လမ္းေတြကို ျပဳျပင္ခဲ့တဲ့အတြက္ ခုေနခါမွာေတာ့ လမ္းဟာ ေကာင္းမြန္ျပန႔္ျပဴးေနပါၿပီ။ရန္ကုန္ကလာတဲ့ ကားခရီးစဥ္က  ၿမိဳ႕ေရွာင္လမ္းအတိုင္း ေမာင္းႏွင္လာခဲ့ရင္ ေျမနီကုန္းကားဝင္း အေရာက္မွာ ရန္ကုန္-ေမာ္လၿမိဳင္ ခရီးစဥ္ဟာ ၿပီးဆုံးခဲ့ၿပီ ျဖစ္ပါတယ္။ကားေပၚအဆင္းမွာေတာ့ ေဒသတိုင္းနီးပါး ေတြ႕ျမင္ရတဲ့ ဆိုင္ကယ္ကယ္ရီသမားေတြ၊ သုံးဘီးဆိုင္ကယ္သမားေတြ အလုအယက္ ခရီးသည္ေခၚေနတာကို ေတြ႕ျမင္ရမွာပါ။ကားဝင္းအတြင္းမွ ၿမိဳ႕တြင္းကိုသြားတဲ့ လမ္းတစ္ေလွ်ာက္မွာေတာ့ ဟိုတယ္ေတြ၊ တည္ခိုခန္းေတြ အမ်ားအျပားကို ေတြ႕ျမင္ရၿပီး အေဆာက္အဦးေတြဟာလည္း ယခင္ကာလထက္ ပိုမိုမ်ားျပားလာတာကို ေတြ႕ျမင္ရမွာျဖစ္ပါတယ္။

ရန္ကုန္ၿမိဳ႕မွ ၁၉၄ မိုင္ ကြာေဝးၿပီး သံလြင္ျမစ္ဝရဲ႕ ဝဲဖက္ကမ္းေပၚမွာ တည္ရွိတဲ့ ေမာ္လၿမိဳင္ၿမိဳ႕ဟာ ၂၀၁၄ ခုႏွစ္ သန္းေခါင္းစာရင္းအရ လူဦးေရ ၂၈၉၃၈၈ ဦးရွိၿပီး ဧရိယာအက်ယ္အဝန္း ၂၁၈ ဒႆမ ၈ စတုရန္းကီလိုမီတာ က်ယ္ဝန္းပါတယ္။ရပ္ကြက္ ၂၈ ရပ္ကြက္နဲ႔ ေက်း႐ြာအုပ္စုေပါင္း ၁၃ ခု နဲ႔ ဖြဲ႕စည္းထားၿပီး လူဦးေရထူထပ္ျခင္း မရွိေသးသလို ယာဥ္ေၾကာပိတ္ဆို႔မႈလည္း မရွိေသးတဲ့အတြက္ သြားလာရ လြယ္ကူအဆင္ေျပပါတယ္။

မတ္မြဲလို (သို႔မဟုတ္) ေမာ္လၿမိဳင္

ေမာ္လၿမိဳင္ၿမိဳ႕ကို သာသနာႏွစ္ ၁၅၇ ခုႏွစ္မွာ ရာမည ရာဇာမင္း ဟာ ယခုေမာ္လၿမိဳင္ၿမိဳ႕ ေနရာသို႔ ေျပာင္းေ႐ႊ႕ၿပီး ရမၼာပူရ၊ ရမၼာဝတီ လို႔ အမည္သတ္မွတ္ၿပီး ၿမိဳ႕သစ္နန္းသစ္ တည္ေထာင္စိုးစံခဲ့ပါတယ္။ရာမည ရာဇာမင္း နတ္႐ြာစံၿပီးေနာက္ ထီးနန္းစိုးစံတဲ့ မင္းဟာ မ်က္ေမွာင္ႏွစ္ခုအလယ္မွာ မွဲ႔ရွင္တစ္လုံးပါၿပီး မ်က္စိသုံးလုံး ထင္ရေလာက္ေအာင္ ထူးျခားတဲ့အတြက္ မြန္ပိရာဇာ (ျမန္မာဘာသာျဖင့္ မ်က္စိသုံးလုံးဘုရင္) လို႔ ေခၚဆိုၾကပါတယ္။အဲ့ဒီ့မင္းလက္ထက္မွာ တိုင္းျပည္စည္ပင္ဝေျပာၿပီး စစ္ျပဳလာတဲ့ ယိုးဒယားတို႔ ႏိုင္ေအာင္မတိုက္ခိုက္ႏိုင္တဲ့အတြက္ စုံစမ္းရာမွာ မြန္ဘုရင္ရဲ႕ မွဲ႔ရွင္မ်က္လုံးေၾကာင့္ ျဖစ္တယ္လို႔ သိရွိတဲ့အတြက္ သမီးေတာ္ကို လက္ေဆာင္ပ႑ာအျဖစ္ ဆက္သၿပီး မြန္ဘုရင္ရဲ႕ မွဲ႔ရွင္မ်က္လုံးကို ဖ်က္ဆီးပစ္ခဲ့ပါတယ္။အဲ့ဒီ မ်က္လုံးတစ္လုံး ပ်က္သြားျခင္းကို အစြဲျပဳၿပီး ေရွးမြန္ မ်ားက မြန္ဘာသာျဖင့္ (မတ္ - မ်က္လုံး၊ မြဲ - တစ္၊ လို - ပ်က္စီးျခင္း) လို႔ အဓိပၸာယ္ရတဲ့ “ မတ္မြဲလို” လို႔ ေခၚဆိုရာမွ ေမာ္လၿမိဳင္ၿမိဳ႕ ျဖစ္ေပၚလာတယ္လို႔ ဆိုပါတယ္။

ေမာ္လၿမိဳင္ၿမိဳ႕ဟာ မုတၱမတိုင္းေဒသအတြင္း မြန္ သုံးဆယ့္ႏွစ္ၿမိဳ႕မွာ ပါဝင္ခဲ့တဲ့ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး အဂၤလိပ္ - ျမန္မာ ပထမစစ္ပြဲအၿပီး အဂၤလိပ္တို႔ရဲ႕ လက္ေအာက္ကို က်ေရာက္ခဲ့ပါတယ္။အဂၤလိပ္တို႔ရဲ႕ ျမန္မာႏိုင္ငံအတြင္း ေျခကုတ္ယူ ႐ုံးစိုက္ခဲ့တဲ့ ပထမဆုံးၿမိဳ႕ေတာ္ ျဖစ္ခဲ့ပါတယ္။ျမန္မာႏိုင္ငံရဲ႕ ပထမဦးဆုံးသတင္းစာျဖစ္တဲ့ "ေမာ္လၿမိဳင္ခေရာ္နီကယ္” သတင္းစာ ကို ေမာ္လၿမိဳင္ၿမိဳ႕မွာ ၁၈၃၆ ခုႏွစ္က စတင္ပုံႏွိပ္ထုတ္ေဝခဲ့ၿပီး အဂၤလိပ္-ျမန္မာ အဘိဓာန္ကိုလည္း ၁၈၅၂ ခုႏွစ္မွာ ပထမဆုံးအႀကိမ္ ႐ိုက္ႏွက္ထုတ္ေဝခဲ့ပါတယ္။

ေမာ္လၿမိဳင္ၿမိဳ႕ဟာ ရွည္လ်ားလွတဲ့ သမိုင္းေၾကာင္းေတြနဲ႔ ေခတ္အဆက္ဆက္ ျဖတ္သန္းခဲ့တဲ့ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး သမိုင္းဝင္ အေဆာက္အဦးေတြ၊ ဘုရားေက်ာင္းကန္၊ ေစတီပုထိုးေတြနဲ႔ ျပည့္ႏွက္လို႔ေနတဲ့ ေနရာေဒသတစ္ခုဘဲ ျဖစ္ပါတယ္။

ေမာ္လၿမိဳင္ ေတာင္ေပၚတန္းကားလမ္းဟာ ေရွးယခင္အခ်ိန္မ်ားက ခ်ိဳင့္ခြက္မ်ားနဲ႔ ပ်က္စီးေနေပမယ့္ အစိုးရသစ္တက္လာၿပီး ေနာက္ပိုင္း ျပဳျပင္မႈေတြ ျပဳလုပ္ထားတဲ့အတြက္ လမ္းဟာ ေကာင္းမြန္ေနၿပီး လမ္းေဘးဝဲယာတစ္ေလွ်ာက္ ျမင္ေတြ႕ရတဲ့ ၿခဳံႏြယ္ပိတ္ေပါင္းေတြဟာလည္း သစ္ပင္၊ ပန္းမန္အျဖစ္ ေျပာင္းလဲခဲ့တာကို ေတြ႕ျမင္ရပါတယ္။

ေတာင္႐ိုးတန္းတေလွ်ာက္ ေစတီပုထိုးမ်ားစြာကို ေတြ႕ျမင္ရၿပီး လမ္းတေလွ်ာက္ သစ္ရိပ္၊ ဝါးရိပ္ေတြနဲ႔ ေအးခ်မ္းလွပါတယ္။ေတာင္ေပၚတန္းမွ ေမာ္လၿမိဳင္ၿမိဳ႕၊ သံလြင္ျမစ္၊ သံလြင္တံတား၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းတံတားနဲ႔ ေခ်ာင္းဆုံၿမိဳ႕တို႔ကို တစုတစည္းတည္း ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။

ထူးဆန္းတဲ့ ပန္းရံပ်ံဝတ္ေတာ္ႀကီးဘုရား

ေမာ္လၿမိဳင္ ေတာင္႐ိုးတန္းေပၚမွာ တည္ထားကိုးကြယ္ထားတဲ့ က်ိဳက္သလႅံ၊ ဦးဇိန၊ မဟာျမတ္မုနိဘုရားေတြကို သြားေရာက္ဖူးေမွ်ာ္တဲ့အခါ ထူးထူးျခားျခားေတြ႕ရမွာက အဲ့ဒီေတာင္တန္းေပၚမွာ တည္ထားကိုးကြယ္တဲ့ ပန္းရံပ်ံဝတ္ေတာ္ႀကီးဘုရားပါဘဲ။ဒီဘုရားဟာ ထူးျခားမႈေတြရွိေနတဲ့ ဘုရားျဖစ္ပါတယ္။

ပန္းရံပ်ံဘုရား တည္ေဆာက္ရန္ နဲ႔ စံေက်ာင္းေတာ္ႀကီး တည္ေဆာက္ဖို႔ ခက္ခဲေနတဲ့ မြန္သူေဌးႀကီးထံ ပန္းရံဗိသုကာပညာရွင္ေတြ ေရာက္ရွိလာၿပီး တည္ေဆာက္ေပးရန္ ကမ္းလွမ္းလာတဲ့အတြက္ ခြင့္ျပဳေပးခဲ့ၿပီး ရက္အနည္းငယ္အတြင္း တည္ေဆာက္မႈေတြ ၿပီးစီးခဲ့တယ္လို႔ ဆိုပါတယ္။ပန္းရံဆရာေတြဟာ ဘုရား႐ုပ္ထုေတြနဲ႔ ဝတ္ေက်ာင္းေတာ္ႀကီးကို အႏုစိတ္ လက္ရာေျမာက္စြာ တည္ေဆာက္ခဲ့ၾကၿပီး တည္ေဆာက္မႈၿပီးစီးတဲ့အခါ ပန္းရံဆရာမ်ား လက္ခမယူဘဲ ေပ်ာက္ဆုံးသြားခဲ့ပါတယ္။တည္ေဆာက္ေနတဲ့ ကာလတေလွ်ာက္ ဆူညံသံေတြနဲ႔ ခ်က္ျပဳတ္စားေသာက္ခဲ့မႈေတြကို မေတြ႕မျမင္ရတဲ့အတြက္ နတ္သိၾကားမ်ား လာေရာက္တည္ေဆာက္ခဲ့ၾကတယ္လို႔ ေဒသခံေတြက ယုံၾကည္ခဲ့ၾကပါတယ္။

ျမန္မာႏိုင္ငံ ကုန္းေဘာင္မင္းဆက္ရဲ႕ အႏြယ္ေတာ္အခ်ိဳ႕ဟာ ေမာ္လၿမိဳင္ၿမိဳ႕မွာ ေနထိုင္ခဲ့ၾကၿပီး မင္းတုန္းမင္းရဲ႕ မိဖုရားတစ္ဦးျဖစ္တဲ့ စိန္တုံးမိဖုရားဟာ မင္းတုန္းမင္း နတ္႐ြာစံၿပီးတဲ့ေနာက္ ၿဗိတိသွ်ပိုင္ ေအာက္ျပည္သို႔ စုန္ဆင္းလာၿပီး ေမာ္လၿမိဳင္ၿမိဳ႕မွာရွိတဲ့ သာယာကုန္းရပ္မွာ ေနထိုင္ခဲ့ပါတယ္။သူေဌးမႀကီး ေဒၚေ႐ႊပြင့္ ေဆာက္လုပ္လႉဒါန္းခဲ့တဲ့ က်ိဳက္သလႅံဘုရား အနီးမွာရွိတဲ့ ရတနာဘုံျမင့္ ေက်ာင္းတိုက္ႀကီးကို မႏၲေလးရဲ႕ ေရွးေဟာင္း အႏုပညာလက္ရာေတြနဲ႔ တည္ေဆာက္ခဲ့တဲ့အတြက္ စိန္တုန္းမိဖုရားႀကီးရဲ႕ အကူအညီမ်ားစြာ ပါဝင္ေနလိမ့္မယ္လို႔ သုေတသီေတြက သတ္မွတ္ထားတဲ့ အေဆာက္အဦးႀကီး ျဖစ္ပါတယ္။

ေတာအေငြ႕ ေတာင္အေတြ႕နဲ႔  ျမန္မာေနာက္ဆုံးမင္းဆက္ အႏြယ္ေတာ္ေတြ

သီေပါမင္းရဲ႕ အငယ္ဆုံးသမီးေတာ္ျဖစ္တဲ့ စတုတၳသမီးေတာ္ဟာလည္း ေမာ္လၿမိဳင္ၿမိဳ႕မွာ ေနထိုင္ခဲ့ၿပီး ေမာ္လၿမိဳင္ၿမိဳ႕မွာဘဲ နတ္႐ြာစံခဲ့ပါတယ္။သီေပါမင္း နတ္႐ြာစံၿပီးေနာက္ စုဖုရားလတ္ဟာ တတိယသမီးေတာ္၊ စတုတၳသမီးေတာ္တို႔နဲ႔အတူ ျမန္မာႏိုင္ငံကို ျပန္လာခဲ့ပါတယ္။ျမန္မာႏိုင္ငံကို ျပန္လည္ေရာက္ရွိလာတဲ့ စတုတၳသမီးေတာ္ဟာ မယ္ေတာ္ စုဖုရားလတ္ နတ္႐ြာစံၿပီးတဲ့ေနာက္ မႏၲေလး ျမနန္းစံေက်ာ္ ေ႐ႊနန္းေတာ္ရွိရာ မႏၲေလးၿမိဳ႕သို႔ ေျပာင္းေ႐ႊ႕ေနထိုင္ခဲ့ပါတယ္။ၿဗိတိသွ်အစိုးရထံ ခမည္းေတာ္ ပိုင္ဆိုင္ခဲ့တဲ့ ထီးနန္းကို ျပန္လည္ေတာင္းခံျခင္း၊ အဖိုးတန္ နန္းစဥ္ရတနာပစၥည္းမ်ားကို စာရင္းဇယားနဲ႔တကြ ျပန္လည္ေတာင္းခံခဲ့ျခင္း၊ စတုတၳသမီးေတာ္ အေရးေတာ္ပုံစာတမ္းကို ထုတ္ေဝၿပီး အဂၤလိပ္အစိုးရထံ ပို႔ေဆာင္ခဲ့ျခင္း ၊ ဦးဘရင္ ေခါင္းေဆာင္တဲ့ ဘုရင္ဂိုဏ္းလႈပ္ရွားမႈမ်ား ေပၚေပါက္လာျခင္းတို႔ေၾကာင့္ မႏၲေလးမွ ေမာ္လၿမိဳင္သို႔ နယ္ႏွင္ဒဏ္ ပို႔ေဆာင္ခံခဲ့ရပါတယ္။ေမာ္လၿမိဳင္ၿမိဳ႕ ေဈးႀကီးအနီး (ယခု အလက-၈) မွာ ေနထိုင္ခဲ့ကာ ၁၉၃၆ ခုႏွစ္ ၊ သက္ေတာ္ ၄၉ ႏွစ္မွာ နတ္႐ြာစံခဲ့ပါတယ္။အုတ္ဂူကို က်ိဳက္သလႅံဘုရား အနီးမွာ ဂူသြင္းျမဳပ္ႏွံထားတဲ့အတြက္ စတုတၳသမီးေတာ္ရဲ႕ ေနအိမ္နဲ႔ အုတ္ဂူေတာ္ေတြကို ေမာ္လၿမိဳင္ၿမိဳ႕ကို ေရာက္ခဲ့ရင္ သြားေရာက္ေလ့လာႏိုင္မွာ ျဖစ္ပါတယ္။

ေမာ္လၿမိဳင္ၿမိဳ႕ရဲ႕ ေတာင္ဘက္ ေမာ္လၿမိဳင္တကၠသိုလ္ အနီးမွာရွိတဲ့ ေတာင္ဝိုင္းေတာင္ကိုလည္း သြားေရာက္လည္ပတ္ ျဖစ္ခဲ့ပါတယ္။ေတာင္ဝိုင္းဘုရားကို ေတာင္ေျခမွာ တည္ထားတဲ့အတြက္ သဘာဝအလွေတြကို ခံစားရင္း ဘုရားဖူးႏိုင္တဲ့ေနရာ တစ္ခုဘဲျဖစ္ပါတယ္။ေတာင္ဝိုင္းဘုရားဝင္းအတြင္း သစ္ပင္ႀကီးေတြနဲ႔ ဆိတ္ၿငိမ္ေအးခ်မ္းေနၿပီး သစ္ပင္ေတြရဲ႕ ေအာက္မွာ လာေရာက္လည္ပတ္သူေတြ နားေနဖို႔ ထိုင္ခုံေတြကို ျပဳလုပ္ေပးထားပါတယ္။ဘုရားေစာင္းတန္းတေလွ်ာက္ စားေသာက္ဆိုင္ေတြကို ေတြ႕ျမင္ရၿပီး ဗုဒၶဝင္ျပတိုက္ကိုလည္း ဝင္ေရာက္ၾကည့္ရွဴႏိုင္မွာ ျဖစ္ပါတယ္။ေတာင္ဝိုင္းဘုရားဝင္းအတြင္း အေကြ႕အေကာက္မ်ားစြာနဲ႔ လူေတြကို မ်က္စိလည္ေစႏိုင္တဲ့ ေရွးေခတ္အုတ္ေတြနဲ႔ တည္ေဆာက္ထားတဲ့ ဝကၤပါႀကီးတစ္ခုလည္း ရွိပါတယ္။အဲ့ဒီဝကၤပါဟာ ေပ ၁၀၀ ပတ္လည္ခန႔္ က်ယ္ဝန္းၿပီး လာေရာက္လည္ပတ္တဲ့ ကေလးငယ္ေတြ အမ်ားဆုံး ဝင္ေရာက္ဆာ့ကစားေလ့ ရွိပါတယ္။

ေမာ္လၿမိဳင္ၿမိဳ႕ရဲ႕ လမ္းေတြ၊ အေဆာက္အဦးေတြဟာ ေျပာင္းလဲတိုးတက္လာခဲ့ေပမဲ့ ေတာင္ဝိုင္းေတာင္မွာေတာ့ လြန္ခဲ့တဲ့ ဆယ္စုႏွစ္မ်ားကအတိုင္း ေျပာင္းလဲမႈမရွိတာကို ေတြ႕ရပါတယ္။ ေတာင္ေပၚတက္တဲ့ ရဟႏၲာ ၅၀၀ ရပ္ေတာ္မူ႐ုပ္တုမ်ားရွိရာ ေစာင္းတန္းမွာေတာ့ အမိုးနဲ႔ တိုင္ေတြဟာ ေခတ္ကာလတစ္ေလွ်ာက္ မျပဳျပင္ခဲ့တဲ့အတြက္ အိုေဟာင္းေနၿပီး ေစာင္းတန္းေပၚသို႔ မတက္ရန္ သတိေပးဆိုင္းဘုတ္ စိုက္ထူထားတာကိုလည္း ေတြ႕ျမင္ရပါတယ္။

အဲ့ဒီေတာင္ေပၚကို ေျခလ်င္တက္ေရာက္လိုတဲ့ ကမာၻလွည့္ခရီးသည္အခ်ိဳ႕ လာေရာက္လည္ပတ္မႈမ်ားရွိၿပီ ၂၀၁၈ ခုႏွစ္အတြင္း စပိန္ႏိုင္ငံမွ ခရီးသည္ေတြ အမ်ားဆုံးလာေရာက္ လည္ပတ္ၾကတယ္လို႔ ဆိုပါတယ္။ေျခလ်င္ေတာင္တက္ ခရီးသြားလာလိုသူေတြအတြက္ သြားေရာက္သင့္တဲ့ ေနရာတစ္ခုျဖစ္ၿပီး ေတာင္ေပၚမွာေတာ့ ထိုင္ေတာ္မူ ႐ုပ္ပြားေတာ္တစ္ဆူကို ဖူးျမင္ႏိုင္မွာ ျဖစ္ပါတယ္။ေတာင္ေပၚတက္ရန္ ကားလမ္းကို ေဖာက္လုပ္ထားေပမယ့္ လမ္းဟာ မတ္ေစာက္ၿပီး ေက်ာက္ၾကမ္းေတြသာ ခင္းထားတဲ့အတြက္ အဲ့ဒီလမ္းမွ တက္ေရာက္သူဧည့္သည္ မရွိသေလာက္ ရွားပါးတယ္လို႔ ဆိုပါတယ္။အဲ့ဒီ လမ္းတေလွ်ာက္မွာေတာ့ သစ္ပင္၊ ဝါးပင္ေတြနဲ႔၊ ဘုန္းႀကီးေက်ာင္းေတြကို ေတြ႕ျမင္ရမွာျဖစ္ၿပီး ေမာ္လၿမိဳင္ၿမိဳ႕ကို ေရေပးေဝေနတဲ့ ကင္မြန္းခ်ဳံေရေလွာင္ကန္ကိုလည္း အေပၚစီးမွ ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။

ကမ္းနားအလွနဲ႔ ဖမ္းစားတဲ့ ေမာ္လၿမိဳင္

ေမာ္လၿမိဳင္ အစားလို႔ဆိုတဲ့ စကားအတိုင္း ေမာ္လၿမိဳင္ၿမိဳ႕ကို ေရာက္ရွိရင္ေတာ့ ေမာ္လၿမိဳင္ေဒသရဲ႕ ထူးျခားတဲ့ အစားအေသာက္ေတြကိုလည္း စားသုံးခြင့္ရရွိမွာ ျဖစ္ပါတယ္။ထမင္းကို ဖေယာင္းနံ႔သင္းေနတဲ့ ေရေအးထည့္ၿပီး ငါးေျခာက္ေထာင္းနဲ႔ စားရတဲ့ ၾသကၤန္ထမင္းဟာ ေမာ္လၿမိဳင္ရဲ႕ ထူးျခားတဲ့ အစားအစာျဖစ္ၿပီး ငါးျပဳတ္ေရနဲ႔ မုန႔္ဖတ္ကို တြဲဖက္စားေသာက္တဲ့ ေရစိမ္မုန႔္တီ၊ အာၿပဲေျခာက္အစိုကို ဟင္းအရည္ေသာက္ ခ်က္ထားတဲ့ ငါးႏွပ္ဟင္းခ်ိဳေတြဟာလည္း ေမာ္လၿမိဳင္ၿမိဳ႕ရဲ႕ ဝိေသသလကၡဏာေတြဘဲ ျဖစ္ပါတယ္။ေမာ္လၿမိဳင္ၿမိဳ႕မွာ ကြၽဲေကာသီး၊ မင္းဂြတ္သီး၊ ၾကက္ေမာက္သီး၊ ဒူးရင္းသီး အစရွိတဲ့ ေဒသထြက္သီးႏွံေတြကို လတ္လတ္ဆတ္ဆတ္ ဝယ္ယူစားသုံးႏိုင္မွာ ျဖစ္ပါတယ္။

ေမာ္လၿမိဳင္ရဲ႕ တစ္ဖက္ကမ္းမွာရွိတဲ့ ေခ်ာင္းဆုံၿမိဳ႕ ဘီလူးကြၽန္း ၆၄ ႐ြာမွာ ေက်း႐ြာအလိုက္ ဘုရားပြဲမ်ားကို ႏွစ္စဥ္က်င္းပေလ့ ရွိပါတယ္။ဘီလူးကြၽန္း ၆၄ ႐ြာ ဆိုေပမယ့္ ေခတ္ကာလၾကာလာတာနဲ႔အမွ် ေက်း႐ြာသစ္ေတြ တည္ေဆာက္ခဲ့ၾကတဲ့အတြက္ ေက်း႐ြာေပါင္း ၈၀ ေက်ာ္ ရွိၿပီလို႔ ဆိုပါတယ္။အဲ့ဒီေက်း႐ြာေတြမွာ ႐ြာဘုရားပြဲေတြကို က်င္းပျပဳလုပ္ၾကၿပီး ေက်း႐ြာမွာရွိတဲ့ အိမ္တိုင္းဟာ စားေသာက္ဖြယ္ရာေတြ အိမ္တိုင္းေကြၽးေမြးၾကပါတယ္။ဘုရားပြဲ လာေရာက္သူအားလုံး ေက်း႐ြာမွာရွိတဲ့ အိမ္တိုင္းက ႀကိဳက္တဲ့အိမ္ေပၚ တက္ေရာက္စားေသာက္ႏိုင္ၿပီး အိမ္ေပၚတက္လာၿပီးမွ တစ္ခုခုမစားမေသာက္ဘဲ ျပန္သြားရင္ေတာ့ အိမ္ရွင္ရဲ႕ ၿငိဳျငင္ျခင္းကိုခံရမွာ ျဖစ္ပါတယ္။

ေမာ္လၿမိဳင္ၿမိဳ႕နဲ႔ ေခ်ာင္းဆုံၿမိဳ႕ကို ဆက္သြယ္ထားတဲ့တံတား ဖြင့္လွစ္လိုက္ၿပီ ျဖစ္တဲ့အတြက္ စက္ေလွေတြ ဇက္ေတြနဲ႔ အခ်ိန္ၾကာျမင့္စြာ သြားခဲ့ရတဲ့ ေခ်ာင္းဆုံၿမိဳ႕ကို ေမာ္လၿမိဳင္ၿမိဳ႕မွ အလြယ္တကူ သြားေရာက္ႏိုင္ၿပီ ျဖစ္တဲ့အတြက္ လက္မႈလုပ္ငန္းေတြရွိတဲ့ ႐ြာလြတ္႐ြာ၊ ေက်ာက္သင္ပုန္းေတြ ထြက္တဲ့ မုဒြန္းေက်း႐ြာေတြကို သြားေရာက္ၿပီး လက္မႈလုပ္ငန္းေတြကိုလည္း သြားေရာက္ေလ့လာႏိုင္ၿပီ ျဖစ္ပါတယ္။

ႏွစ္ရက္တာကာလအတြင္း ေမာ္လၿမိဳင္ၿမိဳ႕ရဲ႕ လည္ပတ္စရာေနရာေတြကို လည္ပတ္ခဲ့ၿပီးေနာက္ မျပန္ခင္ ေမာ္လၿမိဳင္ၿမိဳ႕ရဲ႕ ညေနရႈခင္းကို ေမာ္လၿမိဳင္ကမ္းနားမွာ ေအးေအးလူလူ သြားေရာက္အပန္းေျဖသင့္ပါတယ္။ကမ္းနားလမ္းမွာရွိတဲ့ လူသြားပလက္ေဖာင္းလမ္းေတြ၊ အကာအရံေတြနဲ႔ ထိုင္ခုံေတြဟာ ေရွးယခင္ကနဲ႔မတူဘဲ ျပဳျပင္မြမ္းမံထားတဲ့အတြက္ သန႔္ရွင္းသစ္လြင္ လွပေနတာ ေတြ႕ျမင္ရမွာပါ။ကမ္းနားလမ္း တစ္ေလွ်ာက္မွာေတာ့ သံလြင္ျမစ္အတြင္း ဝဲပ်ံေနတဲ့ ဇင္ေယာ္ငွက္ေတြကို ၾကည္ႏူးဖြယ္ ေတြ႕ျမင္ရပါတယ္။ဇင္ေယာ္ငွက္ေတြ ပ်ံဝဲေနတဲ့ သံလြင္ျမစ္နဲ႔ ဘီလူးကြၽန္းမွာရွိတဲ့ ေတာင္စြယ္ေတာင္တန္းေနာက္ တျဖည္းျဖည္း ငုပ္လွ်ိဳးေပ်ာက္ကြယ္သြားတဲ့ ေန႔တစ္ေန႔ရဲ႕ ေနဝင္ခ်ိန္ကို ေငးေမာၾကည့္ခြင့္ရဖို႔ဆိုတာ ေမာ္လၿမိဳင္ၿမိဳ႕မွာသာ ရမယ့္အခြင့္အေရးပါ။ေနာက္တစ္ႀကိမ္ ဘယ္အခ်ိန္ ဘယ္ကာလမွ ျပန္လည္ေရာက္ရွိခြင့္ရမယ္မွန္း မသိတဲ့ လည္ပတ္စရာေတြ ေပါမ်ားၿပီး သမိုင္းအစဥ္အလာႀကီးမားတဲ့ ၿမိဳ႕ႀကီးကေတာ့ လာေရာက္လည္ပတ္သူအားလုံးကို သဘာဝအေငြ႕အသက္ေတြ၊ မြန္ဓေလ့ထုံးတမ္း ႐ိုးရာေတြနဲ႔ လာသူတိုင္းကို လြမ္းဆြတ္သတိရေအာင္ ဖမ္းစားလို႔ေနဆဲ ျဖစ္ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ေဖေဖာ္ဝါရီ - ၁၉