【 ဆောင်းပါး 】 ဖြတ်ခနဲမျက်မြင် ကျေးလက်ဘ၀ ကျေးလက်နိုင်ငံရေး

【 ဆောင်းပါး 】 ဖြတ်ခနဲမျက်မြင် ကျေးလက်ဘ၀ ကျေးလက်နိုင်ငံရေး

ယခု တစ်လ၊ နှစ်လအတွင်း ရန်ကုန်နှင့် မနီးမဝေးရှိ သုံးခွမြို့သို့ ခပ်စိပ်စိပ်ရောက်ဖြစ်သည်။သုံးခွမြို့ ဆိုတာက ရန်ကုန်မှ ကိုယ်ပိုင်ကားဖြင့်သွားလျှင် တစ်နာရီကျော်မျှသာ။
ရန်ကုန်တိုင်းအတွင်းရှိ မြို့ဖြစ်သော်လည်း ရန်ကုန်ုလို ခေတ်ပေါ်ရနံ့များ ခပ်ရှားရှားမို့ မြို့ဟုဆိုသော တောလေလား။
ကျနော်တို့ငယ်ငယ် သန်လျင်တံတား မထိုးမီတုန်းက သုံးခွသို့ သွားရတာက တကယ့်ကို တကူးတကန့်။ရန်ကုန်-သန်လျင် သင်္ဘောစီး။သန်လျင်သင်္ဘောဆိပ်မှ ကျိုက်ခေါက်ဘုရားသို့ ဂျစ်ကားစီး။ထို့နောက် ကျိုက်ခေါက်ဘုရားမှ သုံးခွသို့ ဂျစ်ကား နောက်တစ်ဆင့်ထပ်စီး။ဂျစ်ကားက သေးသေး၊ လူကများများ၊ လမ်းကဆိုးဆိုး။

အတိတ်က မြင်ကွင်းများကို မမှတ်မိတော့သော်လည်း ယခုအခါ တာဝတက္ကသိုလ် လွန်လျှင် သန်လျင်နှင့် သုံးခွရွာများကို ဖြတ်ရပြီး တစ်ရွာနှင့် တစ်ရွာကြား စိမ်းမြနေသော လယ်ကွင်းများကို မြင်ရတာကလည်း ကျေးလက်ရနံ့ သင်းပျံ့နေသော အရသာတစ်မျိုးပင် ဖြစ်သည်။သုံးခွ လယ်ကွင်းများက နိုဝင်ဘာဝန်းကျင်ဆို စပါးခင်းများဖြင့် ရွှေဝါရောင်။စပါးသိမ်းအပြီး နောက်တစ်သီး ပဲတီစိမ်းကို ထပ်စိုက်ကြတာမို့ ယခုအခါမှာမူ စိမ်းစိမ်းမြမြ။အစိမ်းရောင်တကြောကို ဖြတ်ပြီးမှသာ အစိမ်းရောင်အလွန် သုံးခွမြို့ပေါ်သို့ ရောက်သည်။

ကျနော်က မြို့ပြ ရန်ကုန်တွင် အရိုးရင့်နေသည်မှာ ကြာလှပြီဖြစ်သော်လည်း ဆိုင်းသံဗုံသံ၊ ဟက်ဟက်ပက်ပက်ရယ်သံတို့ဖြင့် စိုနေသော ကျေးလက်တွင် သိပ်လူးလွန့်ချင်သူ။ထို့ကြောင့် သုံးခွတွင် နေနည်းနည်းစောင်းပြီဆိုလျှင် ဆိုင်ကယ်ကိုထုတ်ကာ ရောက်တတ်ရာရာ ကျေးလက်ဆီ အရသာခံလေ့ရှိသည်။

တစ်ရက်၊ သုံးခွမှ ခရမ်းဘက်သို့အထွက် ကျေးလက်ဆီ ကွေ့ကောက်နေသော ကွန်ကရစ်လမ်းကို တွေ့သဖြင့် ကွေ့ချလိုက်မိသည်။ကြည့်လိုက်တော့ လက်ပန်ကျိုး-အောင်သာဒါန်း စုစုပေါင်းအရှည် ၁၅ မိုင်နီးပါး။အောင်သာဒါန်း ဆိုတာက ပင်လယ်ဘေးနားရွာမှန်း ကြားဖူးနားဝရှိသဖြင့် ပျော်ပျော်ကြီးကို သွားမိသည်။

ကားအသွားအလာ သိပ်ရှားပြီး ဆိုင်ကယ်လည်း သိပ်မများသော လမ်းမို့ ဆိုင်ကယ်ကို ခပ်ဖြည်းဖြည်း မောင်းမည်ဆိုပါက မကြောက်မပူ၊ ပတ်ဝန်းကျင် ရှုခင်းများကို လွတ်လွတ်လပ်လပ် အငေးမပျက် သွားနိုင်သော်လည်း မကြာခဏဆိုသလို တွေ့နေရသော လမ်းအပျက်များအရ တသမတ်တည်းသော မြန်နှုန်းအတိုင်း မောင်း၍တော့မရပေ။

အဆိုပါလမ်းမမှာ မဟာဗျူဟာမြောက် ကျေးရွာချင်းဆက် လမ်းဖြစ်ပြီး သုံးခွအပိုင် အောင်သာဒါန်းမှသည် ခရမ်းအပိုင် ကျေးရွာများကို ဆက်ဖြတ်ကာ ခရမ်းမြို့ပေါ်တွင် အဆုံးသတ်သော လမ်းဖြစ်သည်။
အောင်သာဒါန်းအထိ ဆိုင်ကယ်ဖြင့်သွားပါက တစ်နာရီကျော်ကြာပြီး အောင်သာဒါန်းမှ ခရမ်းမြို့ပေါ်အထိ ဆက်သွားလျှင် နောက်ထပ် တစ်နာရီကျော် ကြာသည်။ယင်းလမ်းနံဘေးတွင် ရွာများကို လယ်ကွင်းများခြားလျက်  တောက်လျှောက်ဆိုသလို တန်းစီတွေ့ရသည်။ရွာအချို့၏ အနောက်ဘက်ခြမ်းတွင်လည်း ရွာများက ဆက်၍ဆက်၍ တည်ရှိနေသည်။

ရှေးသရောအခါတုန်းကတော့ ထိုလမ်းမှာ မြေသားလမ်းသာဖြစ်၍ဖုန်းတထောင်းထောင်းထနေ သောလမ်းဖြစ်သလို မိုးတွင်းဆို အသုံးပြု၍မရသော လမ်းလည်းဖြစ်သည်။သုံးခွရွာများ၏ မိုးကာလအားကိုး ရာမှာ ချောင်းများဖြစ်သည်။မြို့တက်ချင်လျှင် အဝေ့အဝိုက်များသော ချောင်းများတွင် စက်လှေဖြင့်ဆန်ရ သည်။ညဘက် အရေးပေါ်တစ်ခုခုဆိုလျှင်တော့ မိုးအလင်းစောင့်ရုံကလွဲ ဘာမှမတတ်နိုင်သောဘဝ။ ယင်းသို့သောဘဝများကို ၂၀၁၅ခုနှစ်ဖေဖေါ်ဝါရီရောက်တော့ ပြည်ခိုင်ဖြိုးအစိုးရက ကွန်ကရစ်လမ်း စတင်ဖောက်လုပ်ခြင်းဖြင့် အရွေ့တစ်ခုဆီနှင်ခဲ့ကြောင်းယင်းလမ်းမကြီးနံဘေးညောင်တစ်ပင်ကျေး ရွာမှ ရပ်မိရပ်ဖတစ်ဦးကပြောပြသည်။

ပထမတစ်ခေါက် အောင်သာဒါန်းကိုရောက်တော့ ညနေစောင်းရုံသာရှိသေးသာမို့ အချိန်အတွက် ပူပန်စရာမလို။အောင်သာဒါန်းရွာအဝင် ကွန်ကရစ်လမ်းမှာ ဆိုင်ကယ်တစ်စီးစာ။ကွန်ကရစ်လမ်းအဆုံးတွင် တော့ပင်လယ်။ပင်လယ်ကိုအနီးကပ် မျက်နှာမူလျက်ဆိုင်တစ်ဆိုင်က ဈေးပေါလှသောပင်လယ်စာအနည်း ငယ်နှင့် ကောက်ညှင်းဖြင့်ချက်ထား သောခေါင်ရည်ကလည်းမွှေးမြနေသဖြင့် သိပ်ကိုလှသွားသည်။

ထိုဆိုင်တွင်တွေ့သော လှေလုပ်သားတစ်ဦးက ပင်လယ်၏ ဟိုဘက်ကို လက်ညှိုးတထိုးထိုး။“ဟိုဘက်မှာ ကျိုက်ထို၊ ဒီဘက်မှာ တောင်စွန်း၊ ဘီလူးကျွန်းနဲ့ မော်လမြိုင်က ဒီဘက်ခြမ်း၊ စက်လှေ ၅ နာရီလောက် မောင်းရင်ရောက်ပြီ။” ဟုဆိုလိုက်သဖြင့် ဇာတိလွမ်းစိတ်အပြည့်ရှိသောကျနော် ဘီလူးကျွန်းသားမှာ ရင်ထဲ လှိုက်ခနဲဖြစ်သွားသည်။မိုးလေကင်းစင်ပြီးမြူမဆိုင်းသောညများတွင် ကျိုက်ထီးရိုးတောင်ပေါ်မှဆီးမီးပူဇော် ထားမှုကိုမြင်ရသည်ဟုထပ်သိရပြန်တော့ ပင်လယ်ကြီး၏ဟိုဘက် ငါတို့မွန်ပြည်နယ်ဆိုသည့်အသိဖြင့် ခပ် ကြာကြာထပ်ငေးမိပြန်သည်။

မွန်ပြည်နယ်ဆီငေးချင်စိတ်ဖြင့် နောက်ထပ်၄ခေါက် အောင်သာဒါန်းသို့ရောက်သည်။အောင်သာ ဒါန်းမှသည်ခရမ်းအထိလည်း၂ခေါက်ရောက်သည်။အပျက်များသောလမ်းပိုင်းအချို့ကို လုံးဝမြေလှန်ကာ အသစ်ပြန်ခင်းထားသည်။
ညောင်ငါးပင်ရွာသားတစ်ဦးက ပြည်ခိုင်ဖြိုးအစိုးရလက်ထက် ခင်းထားသော ကွန်ကရစ်လမ်းသည်အရည်အသွေးမမီသဖြင့် ရေရှည်မခံခြင်းဟုဆိုသည်။အားလုံးသိကြသည့်အတိုင်း ထိုအချိန်က ကုမ္ပဏီနှင့်လုပ်ပိုင်ခွင့်ရှိသူတို့ ပေါင်းရိုက်မှုမှာ နိုင်ငံအနှံ့ရှိနေဆဲမို့ စစ်အစိုးရလက်ထက် ဖောက်လုပ်ခဲ့သော လှိုင်သာယာ-ဟင်္သာတရထားလမ်းလို ရထားလမ်းဖြစ်လျှင်ပြီးရောဆိုသည့်အဆင့် မျိုးလည်းဖြစ်နိုင်သည်။

“အခုနောက်ပိုင်းလမ်းဖောက်တဲ့ကုမ္ပဏီတွေက ပြီးစလွယ် မလုပ်ရဲတော့ဘူး။အရည်အသွေးမမီရင် သူတို့ပြဿ နာတက်မှာဆိုတော့။အခု ထပ်ဖောက်တဲ့ လမ်းပိုင်းတွေက အရည်အသွေး ပိုကောင်းလာတယ်။” ဟု ၎င်းက ဆက်ပြောသည်။ဘယ်ပါတီဝင်လဲဟုထပ်မေးကြည့်တော့ နိုင်ငံရေးဆိုတာကိုနားမလည်၊ထို့ကြောင့် ဘယ်ပါတီမှမဝင်၊ ဒေါ်အောင်ဆန်းစုကြည်ကိုတော့လေးစားကြောင်းပြောသည်။ပြောရလျှင် သာမန် ပြည်သူတစ်ဦး၏အမြင်။

ယခု ဇန်နဝါရီ ၁၆ ရက်၊ အောင်သာဒါန်းကိုထပ်ရောက်တော့ အောင်သာဒါန်းအနီး တစ်မိုင်ခန့်ရှည် သော လမ်းအား ကွန်ကရစ်များအကုန်ပြန်ခွါကာ ကတ္တရာလမ်းအဖြစ် အသစ်ခင်းနေကြောင်းတွေ့ရသည်။ ဒီတစ် မိုင်တည်း ကတ္တရာခင်းတာလား၊ဘာ့ကြောင့်ဒီလမ်းပိုင်းကိုသာကတ္တရာခင်းရတာလဲ။ တစ်မိုင်ပြီး နောက်တစ်မိုင် ဆက်တိုက် ကတ္တရာခင်းသွားမည်လား။သိချင်နေသမျှလမ်းလုပ်သားများကိုမေးကြည့်တော့ သူတို့ကိုယ်တိုင်လည်း မသိဟုဆို၏။

သုံးခွသို့အပြန်တွင် ယင်းလမ်းမကြီး၏အတွင်းဘက်ခြမ်းရှိ ရွာများ၏အခြေအနေသိလိုသဖြင့် လမ်းကြောင်းသစ်တစ်ခုမှ ရွေ့ကြည့်တော့ ခင်းပြီးခါစ ကွန်ကရစ်လမ်း၊ ခင်းရန်ပြင်ဆင်နေခြင်းနှင့် ကျေးရွာသားများ တစ်နိုင်ဖောက်ထားသော ဆိုင်ကယ်တစ်စီးမောင်းနိုင်ရုံ ကျဉ်းကျဉ်းမြောင်းမြောင်းကွန်ကရစ်လမ်းလေးများ ကို ထပ်မြင်ရသည်။ပြောရလျှင် မြေသားလမ်းဟူ၍ လုံးဝမရှိ။

လမ်းနှင့်ဆိုင်ကယ်က နှစ်ပေါင်းရှည်ကြာ တစ်ကိုယ်တော်ဧကစာ ကျင့်ခဲ့သော အလုံပိတ်စနစ်ကို ချေဖျက်ပစ်လိုက်သည်။တစ်ချိန်က ရွာထဲလူစိမ်းဝင်လျှင် ဘာလဲဟု မျက်လုံးဒေါင့်ထောက် ကြည့်လေ့ရှိသော “ငါ့ရွာ ဝါဒ” မှာ ပါးလျလာသည်။
၂၄နာရီဘယ်ကိုပဲထသွားသွား စိတ်သွားတိုင်းကိုယ်ပါစေသည်။ကျဉ်း မြောင်းသောလူမှုပတ်ဝန်းကျင်မှသည် ကျယ်ပြောလှသောလူမှုဘဝဆီသို့ အလိုလိုရောက်ရှိသွားသည်။

အဆင်းဘီးတပ်ပေးလိုက်သလို သူတို့၏ကမ္ဘာကို ထပ်မံချဲ့ထွင်ပေးလိုက်သည်မှာ လျှပ်စစ်မီးဖြစ် သည်။လက်ပန်ကျိုး-အောင်သာဒါန်းလမ်းမပေါ်ရှိ အောင်သာဒါန်းနှင့်နီးသောလမ်းတစ်လျှောက်တွင် ဓာတ် တိုင်အသစ်များကိုခန့်ထည်စွာတွေ့လာရသဖြင့် လျှပ်စစ်မီးရခါစရွာနှင့်ရတော့မည့်ရွာပွားများနေပြီဖြစ်သည်။

မကြာသေးမီက လျှပ်စစ်မီးရခဲ့သော သုံးခွမြို့နယ်၊စစ်ပင်ကန်ရွာမှ ဒေါ်စန်းမြင့်က သူ့ရွာလျှပ်စစ် မီးရရချင်းမှာပင် မြေဈေးတက်သွားကြောင်း သူမပြောပြနေပုံက တစ်လုံးတခဲကြီးလေသံမျိုးဖြစ်သည်။ နောက်ထပ်မကြာမီ သူတို့ရွာမှမြို့ပေါ်သို့ပေါက်သောလမ်းမှာကွန်ကရစ်လမ်းဖြစ်တော့မည်တဲ့။ထိုလမ်းကွန် ကရစ်သာခင်းလိုက်ပါက ဆိုင်ကယ်ဖြင့်ဆိုလျှင်သုံးခွမြို့ပေါ်သို့  နာရီဝက်မပြည့်မီရောက်မှာမို့ သူတို့၏အ ပျော်မှာ သိပ်သိပ်သည်းသည်းဖြစ်သည်။

“ငါ့တူကြီးရယ်၊ဒီအစိုးရလက်ထက်ကျမှပဲ မီးလည်းရ လမ်းလည်းကောင်းတော့တယ်” တဲ့။

မကောင်းတာရော မရှိတော့ဘူးလားဟု မေးကြည့်တော့ “အမလေး၊မရှိပဲနေပါ့မလား။ကိစ္စရှိလို့ရုံး တွေဘာတွေသွားရပြီဆို ကြောက်နေရတုန်းပဲ။ကိုယ်ကတောသူတောင်သား ဘာမှမသိဘူး။အစိုးရဝန်ထမ်း ဆိုတာကလည်း မျက်နှာကြောအတင်းကြီးဆိုတော့ ကြောက်ရတယ်။” ဟု သူမထပ်ပြောပုံက ရယ်ရမောရသ နားရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ မညှာတမ်းကိုင်တွယ်မှုအရ နိုင်ငံ့ဝန်ထမ်းများကြား အဂတိလိုက်စားမှုအခြေအနေ အတန်အသင့်လျော့ပါးသွားသည်မှာမှန်သော်လည်း ပြည်သူများအားကောင်း မွန်သောဝန်ဆောင်မှုပေးရမည်ဆိုသည့်စိတ်ဓာတ်မှာမူ မြင့်မားလာခြင်းမရှိသေးတာသေချာ၏။

တချို့ကမလုပ်မရှုပ်မပြုတ်ဆိုသည့်ဝေါဟာရကို အလွတ်ကျက်ထားသည်။တချို့ကမိမိ၏လုပ်ပိုင်ခွင့် နယ်ထဲတွင် မိမိသည်ဘုရင်ဟုခံယူကာ ပြည်သူကို လက်အောက်ငယ်သားကဲ့သို့မှတ်ယူဆက်ဆံသည်။တ ချို့ကတော့ ယနေ့ထိတိုင် ငွေမှမမြင်လျှင်မလှုပ်ချင်လှုပ်ချင်။အဂတိလိုက်စားမှုကို ဗြောင်မလုပ်ရဲတော့သော် လည်း ကြွေသီးဟုဆိုသော မတောင်းဘဲပေးသောငွေ ရလာအောင် ဟိုလှည့်ဒီလှည့်ဖြင့် မပြီးစီးနိုင်အောင် ရစ်သည်။တချို့ကျပြန်တော့ အကြောင်းပြချက်မျိုးစုံဖြင့် တရားဝင်ပေးရသည့်ငွေပမာ ရောချသည်။

ယခုဇန်နဝါရီလဝက်ကျော်မှာပင် သုံးခွမြို့မှ ညီမတစ်ယောက် တရားရုံးတက်လက်မှတ်ထိုးခဲ့ရာ ကျပ်ငါးသောင်းပေးရပြီးချက်ချင်းဆောင်ရွက်ပေးသည်။ငါးသောင်းမှာ တရားဝင်ပေးရသောငွေလား၊တရားမ ဝင်ပေးရသောငွေလားမသိ။မင်္ဂလာယူနေသည့်အချိန်လည်းဖြစ်၊တခြားမအားမလပ်စရာတွေကလည်း တန်း စီနေခြင်းကြောင့် မြန်မြန်အဆင်ပြေချင်ဇောဖြင့်တောင်းသမျှမမေးဘဲပေးရခြင်းဟုဆိုသည်။

ဌာနဆိုင်ရာနှင့်ကျေးလက်နေပြည်သူတို့ကြား အစပ်အဟပ်ကွာနေမှုမှာ တော်တော့ကိုကြီးနေသေး ကြောင်းသိလိုက်ရသည်။ပြည်သူ့ဝန်ကို နေ့ညမရွေးထမ်းရန်အသင့်ဟုခံယူထားသော လွှတ်တော်အမတ်မျိုး ကို ရရှိထားပါက ယင်းသို့အစပ်အဟပ်ကွာနေမှုမှာ ကျဉ်းမြောင်းလာသလို မတရားမှုကိုလက်မခံသော လွှတ် တော်အမတ်၏အကျင့်အကြံကြောင့် ဌာနဆိုင်ရာတို့၏ မဟုတ်မမှန်ကိစ္စများ လျော့ပါးလာသည်မှာအမှန်ဖြစ် ၏။

သို့သော်၊နေ့ညမရွေးထမ်းရန်အသင့်ဆိုသည့်လွှတ်တော်အမတ်က သိပ်အများကြီးမရှိတာပြဿနာ တစ်ရပ်ဖြစ်သည်။ကျနော်ရောက်ခဲ့ဖူးသောသုံးခွရွာအချို့မှ ရွာသားများမှာ သူတို့မဲပေးခဲ့သော လွှတ်တော်အ မတ်များကို မမြင်ရသည်မှာကြာပြီဟုဆိုကြသည်။

မျိုးညွန့် (Popular News)
ဇန်နဝါရီ - ၂၅

( Zawgyi )

ယခု တစ္လ၊ ႏွစ္လအတြင္း ရန္ကုန္ႏွင့္ မနီးမေဝးရွိ သုံးခြၿမိဳ႕သို႔ ခပ္စိပ္စိပ္ေရာက္ျဖစ္သည္။သုံးခြၿမိဳ႕ ဆိုတာက ရန္ကုန္မွ ကိုယ္ပိုင္ကားျဖင့္သြားလွ်င္ တစ္နာရီေက်ာ္မွ်သာ။
ရန္ကုန္တိုင္းအတြင္းရွိ ၿမိဳ႕ျဖစ္ေသာ္လည္း ရန္ကုန္ုလို ေခတ္ေပၚရနံ႔မ်ား ခပ္ရွားရွားမို႔ ၿမိဳ႕ဟုဆိုေသာ ေတာေလလား။
က်ေနာ္တို႔ငယ္ငယ္ သန္လ်င္တံတား မထိုးမီတုန္းက သုံးခြသို႔ သြားရတာက တကယ့္ကို တကူးတကန႔္။ရန္ကုန္-သန္လ်င္ သေဘၤာစီး။သန္လ်င္သေဘၤာဆိပ္မွ က်ိဳက္ေခါက္ဘုရားသို႔ ဂ်စ္ကားစီး။ထို႔ေနာက္ က်ိဳက္ေခါက္ဘုရားမွ သုံးခြသို႔ ဂ်စ္ကား ေနာက္တစ္ဆင့္ထပ္စီး။ဂ်စ္ကားက ေသးေသး၊ လူကမ်ားမ်ား၊ လမ္းကဆိုးဆိုး။

အတိတ္က ျမင္ကြင္းမ်ားကို မမွတ္မိေတာ့ေသာ္လည္း ယခုအခါ တာဝတကၠသိုလ္ လြန္လွ်င္ သန္လ်င္ႏွင့္ သုံးခြ႐ြာမ်ားကို ျဖတ္ရၿပီး တစ္႐ြာႏွင့္ တစ္႐ြာၾကား စိမ္းျမေနေသာ လယ္ကြင္းမ်ားကို ျမင္ရတာကလည္း ေက်းလက္ရနံ႔ သင္းပ်ံ႕ေနေသာ အရသာတစ္မ်ိဳးပင္ ျဖစ္သည္။သုံးခြ လယ္ကြင္းမ်ားက ႏိုဝင္ဘာဝန္းက်င္ဆို စပါးခင္းမ်ားျဖင့္ ေ႐ႊဝါေရာင္။စပါးသိမ္းအၿပီး ေနာက္တစ္သီး ပဲတီစိမ္းကို ထပ္စိုက္ၾကတာမို႔ ယခုအခါမွာမူ စိမ္းစိမ္းျမျမ။အစိမ္းေရာင္တေၾကာကို ျဖတ္ၿပီးမွသာ အစိမ္းေရာင္အလြန္ သုံးခြၿမိဳ႕ေပၚသို႔ ေရာက္သည္။

က်ေနာ္က ၿမိဳ႕ျပ ရန္ကုန္တြင္ အ႐ိုးရင့္ေနသည္မွာ ၾကာလွၿပီျဖစ္ေသာ္လည္း ဆိုင္းသံဗုံသံ၊ ဟက္ဟက္ပက္ပက္ရယ္သံတို႔ျဖင့္ စိုေနေသာ ေက်းလက္တြင္ သိပ္လူးလြန႔္ခ်င္သူ။ထို႔ေၾကာင့္ သုံးခြတြင္ ေနနည္းနည္းေစာင္းၿပီဆိုလွ်င္ ဆိုင္ကယ္ကိုထုတ္ကာ ေရာက္တတ္ရာရာ ေက်းလက္ဆီ အရသာခံေလ့ရွိသည္။

တစ္ရက္၊ သုံးခြမွ ခရမ္းဘက္သို႔အထြက္ ေက်းလက္ဆီ ေကြ႕ေကာက္ေနေသာ ကြန္ကရစ္လမ္းကို ေတြ႕သျဖင့္ ေကြ႕ခ်လိုက္မိသည္။ၾကည့္လိုက္ေတာ့ လက္ပန္က်ိဳး-ေအာင္သာဒါန္း စုစုေပါင္းအရွည္ ၁၅ မိုင္နီးပါး။ေအာင္သာဒါန္း ဆိုတာက ပင္လယ္ေဘးနား႐ြာမွန္း ၾကားဖူးနားဝရွိသျဖင့္ ေပ်ာ္ေပ်ာ္ႀကီးကို သြားမိသည္။

ကားအသြားအလာ သိပ္ရွားၿပီး ဆိုင္ကယ္လည္း သိပ္မမ်ားေသာ လမ္းမို႔ ဆိုင္ကယ္ကို ခပ္ျဖည္းျဖည္း ေမာင္းမည္ဆိုပါက မေၾကာက္မပူ၊ ပတ္ဝန္းက်င္ ရႈခင္းမ်ားကို လြတ္လြတ္လပ္လပ္ အေငးမပ်က္ သြားႏိုင္ေသာ္လည္း မၾကာခဏဆိုသလို ေတြ႕ေနရေသာ လမ္းအပ်က္မ်ားအရ တသမတ္တည္းေသာ ျမန္ႏႈန္းအတိုင္း ေမာင္း၍ေတာ့မရေပ။

အဆိုပါလမ္းမမွာ မဟာဗ်ဴဟာေျမာက္ ေက်း႐ြာခ်င္းဆက္ လမ္းျဖစ္ၿပီး သုံးခြအပိုင္ ေအာင္သာဒါန္းမွသည္ ခရမ္းအပိုင္ ေက်း႐ြာမ်ားကို ဆက္ျဖတ္ကာ ခရမ္းၿမိဳ႕ေပၚတြင္ အဆုံးသတ္ေသာ လမ္းျဖစ္သည္။
ေအာင္သာဒါန္းအထိ ဆိုင္ကယ္ျဖင့္သြားပါက တစ္နာရီေက်ာ္ၾကာၿပီး ေအာင္သာဒါန္းမွ ခရမ္းၿမိဳ႕ေပၚအထိ ဆက္သြားလွ်င္ ေနာက္ထပ္ တစ္နာရီေက်ာ္ ၾကာသည္။ယင္းလမ္းနံေဘးတြင္ ႐ြာမ်ားကို လယ္ကြင္းမ်ားျခားလ်က္  ေတာက္ေလွ်ာက္ဆိုသလို တန္းစီေတြ႕ရသည္။႐ြာအခ်ိဳ႕၏ အေနာက္ဘက္ျခမ္းတြင္လည္း ႐ြာမ်ားက ဆက္၍ဆက္၍ တည္ရွိေနသည္။

ေရွးသေရာအခါတုန္းကေတာ့ ထိုလမ္းမွာ ေျမသားလမ္းသာျဖစ္၍ဖုန္းတေထာင္းေထာင္းထေန ေသာလမ္းျဖစ္သလို မိုးတြင္းဆို အသုံးျပဳ၍မရေသာ လမ္းလည္းျဖစ္သည္။သုံးခြ႐ြာမ်ား၏ မိုးကာလအားကိုး ရာမွာ ေခ်ာင္းမ်ားျဖစ္သည္။ၿမိဳ႕တက္ခ်င္လွ်င္ အေဝ့အဝိုက္မ်ားေသာ ေခ်ာင္းမ်ားတြင္ စက္ေလွျဖင့္ဆန္ရ သည္။ညဘက္ အေရးေပၚတစ္ခုခုဆိုလွ်င္ေတာ့ မိုးအလင္းေစာင့္႐ုံကလြဲ ဘာမွမတတ္ႏိုင္ေသာဘဝ။ ယင္းသို႔ေသာဘဝမ်ားကို ၂၀၁၅ခုႏွစ္ေဖေဖၚဝါရီေရာက္ေတာ့ ျပည္ခိုင္ၿဖိဳးအစိုးရက ကြန္ကရစ္လမ္း စတင္ေဖာက္လုပ္ျခင္းျဖင့္ အေ႐ြ႕တစ္ခုဆီႏွင္ခဲ့ေၾကာင္းယင္းလမ္းမႀကီးနံေဘးေညာင္တစ္ပင္ေက်း ႐ြာမွ ရပ္မိရပ္ဖတစ္ဦးကေျပာျပသည္။

ပထမတစ္ေခါက္ ေအာင္သာဒါန္းကိုေရာက္ေတာ့ ညေနေစာင္း႐ုံသာရွိေသးသာမို႔ အခ်ိန္အတြက္ ပူပန္စရာမလို။ေအာင္သာဒါန္း႐ြာအဝင္ ကြန္ကရစ္လမ္းမွာ ဆိုင္ကယ္တစ္စီးစာ။ကြန္ကရစ္လမ္းအဆုံးတြင္ ေတာ့ပင္လယ္။ပင္လယ္ကိုအနီးကပ္ မ်က္ႏွာမူလ်က္ဆိုင္တစ္ဆိုင္က ေဈးေပါလွေသာပင္လယ္စာအနည္း ငယ္ႏွင့္ ေကာက္ညႇင္းျဖင့္ခ်က္ထား ေသာေခါင္ရည္ကလည္းေမႊးျမေနသျဖင့္ သိပ္ကိုလွသြားသည္။

ထိုဆိုင္တြင္ေတြ႕ေသာ ေလွလုပ္သားတစ္ဦးက ပင္လယ္၏ ဟိုဘက္ကို လက္ညႇိဳးတထိုးထိုး။“ဟိုဘက္မွာ က်ိဳက္ထို၊ ဒီဘက္မွာ ေတာင္စြန္း၊ ဘီလူးကြၽန္းနဲ႔ ေမာ္လၿမိဳင္က ဒီဘက္ျခမ္း၊ စက္ေလွ ၅ နာရီေလာက္ ေမာင္းရင္ေရာက္ၿပီ။” ဟုဆိုလိုက္သျဖင့္ ဇာတိလြမ္းစိတ္အျပည့္ရွိေသာက်ေနာ္ ဘီလူးကြၽန္းသားမွာ ရင္ထဲ လႈိက္ခနဲျဖစ္သြားသည္။မိုးေလကင္းစင္ၿပီးျမဴမဆိုင္းေသာညမ်ားတြင္ က်ိဳက္ထီး႐ိုးေတာင္ေပၚမွဆီးမီးပူေဇာ္ ထားမႈကိုျမင္ရသည္ဟုထပ္သိရျပန္ေတာ့ ပင္လယ္ႀကီး၏ဟိုဘက္ ငါတို႔မြန္ျပည္နယ္ဆိုသည့္အသိျဖင့္ ခပ္ ၾကာၾကာထပ္ေငးမိျပန္သည္။

မြန္ျပည္နယ္ဆီေငးခ်င္စိတ္ျဖင့္ ေနာက္ထပ္၄ေခါက္ ေအာင္သာဒါန္းသို႔ေရာက္သည္။ေအာင္သာ ဒါန္းမွသည္ခရမ္းအထိလည္း၂ေခါက္ေရာက္သည္။အပ်က္မ်ားေသာလမ္းပိုင္းအခ်ိဳ႕ကို လုံးဝေျမလွန္ကာ အသစ္ျပန္ခင္းထားသည္။
ေညာင္ငါးပင္႐ြာသားတစ္ဦးက ျပည္ခိုင္ၿဖိဳးအစိုးရလက္ထက္ ခင္းထားေသာ ကြန္ကရစ္လမ္းသည္အရည္အေသြးမမီသျဖင့္ ေရရွည္မခံျခင္းဟုဆိုသည္။အားလုံးသိၾကသည့္အတိုင္း ထိုအခ်ိန္က ကုမၸဏီႏွင့္လုပ္ပိုင္ခြင့္ရွိသူတို႔ ေပါင္း႐ိုက္မႈမွာ ႏိုင္ငံအႏွံ႔ရွိေနဆဲမို႔ စစ္အစိုးရလက္ထက္ ေဖာက္လုပ္ခဲ့ေသာ လႈိင္သာယာ-ဟသၤာတရထားလမ္းလို ရထားလမ္းျဖစ္လွ်င္ၿပီးေရာဆိုသည့္အဆင့္ မ်ိဳးလည္းျဖစ္ႏိုင္သည္။

“အခုေနာက္ပိုင္းလမ္းေဖာက္တဲ့ကုမၸဏီေတြက ၿပီးစလြယ္ မလုပ္ရဲေတာ့ဘူး။အရည္အေသြးမမီရင္ သူတို႔ျပႆ နာတက္မွာဆိုေတာ့။အခု ထပ္ေဖာက္တဲ့ လမ္းပိုင္းေတြက အရည္အေသြး ပိုေကာင္းလာတယ္။” ဟု ၎က ဆက္ေျပာသည္။ဘယ္ပါတီဝင္လဲဟုထပ္ေမးၾကည့္ေတာ့ ႏိုင္ငံေရးဆိုတာကိုနားမလည္၊ထို႔ေၾကာင့္ ဘယ္ပါတီမွမဝင္၊ ေဒၚေအာင္ဆန္းစုၾကည္ကိုေတာ့ေလးစားေၾကာင္းေျပာသည္။ေျပာရလွ်င္ သာမန္ ျပည္သူတစ္ဦး၏အျမင္။

ယခု ဇန္နဝါရီ ၁၆ ရက္၊ ေအာင္သာဒါန္းကိုထပ္ေရာက္ေတာ့ ေအာင္သာဒါန္းအနီး တစ္မိုင္ခန႔္ရွည္ ေသာ လမ္းအား ကြန္ကရစ္မ်ားအကုန္ျပန္ခြါကာ ကတၱရာလမ္းအျဖစ္ အသစ္ခင္းေနေၾကာင္းေတြ႕ရသည္။ ဒီတစ္ မိုင္တည္း ကတၱရာခင္းတာလား၊ဘာ့ေၾကာင့္ဒီလမ္းပိုင္းကိုသာကတၱရာခင္းရတာလဲ။ တစ္မိုင္ၿပီး ေနာက္တစ္မိုင္ ဆက္တိုက္ ကတၱရာခင္းသြားမည္လား။သိခ်င္ေနသမွ်လမ္းလုပ္သားမ်ားကိုေမးၾကည့္ေတာ့ သူတို႔ကိုယ္တိုင္လည္း မသိဟုဆို၏။

သုံးခြသို႔အျပန္တြင္ ယင္းလမ္းမႀကီး၏အတြင္းဘက္ျခမ္းရွိ ႐ြာမ်ား၏အေျခအေနသိလိုသျဖင့္ လမ္းေၾကာင္းသစ္တစ္ခုမွ ေ႐ြ႕ၾကည့္ေတာ့ ခင္းၿပီးခါစ ကြန္ကရစ္လမ္း၊ ခင္းရန္ျပင္ဆင္ေနျခင္းႏွင့္ ေက်း႐ြာသားမ်ား တစ္ႏိုင္ေဖာက္ထားေသာ ဆိုင္ကယ္တစ္စီးေမာင္းႏိုင္႐ုံ က်ဥ္းက်ဥ္းေျမာင္းေျမာင္းကြန္ကရစ္လမ္းေလးမ်ား ကို ထပ္ျမင္ရသည္။ေျပာရလွ်င္ ေျမသားလမ္းဟူ၍ လုံးဝမရွိ။

လမ္းႏွင့္ဆိုင္ကယ္က ႏွစ္ေပါင္းရွည္ၾကာ တစ္ကိုယ္ေတာ္ဧကစာ က်င့္ခဲ့ေသာ အလုံပိတ္စနစ္ကို ေခ်ဖ်က္ပစ္လိုက္သည္။တစ္ခ်ိန္က ႐ြာထဲလူစိမ္းဝင္လွ်င္ ဘာလဲဟု မ်က္လုံးေဒါင့္ေထာက္ ၾကည့္ေလ့ရွိေသာ “ငါ့႐ြာ ဝါဒ” မွာ ပါးလ်လာသည္။
၂၄နာရီဘယ္ကိုပဲထသြားသြား စိတ္သြားတိုင္းကိုယ္ပါေစသည္။က်ဥ္း ေျမာင္းေသာလူမႈပတ္ဝန္းက်င္မွသည္ က်ယ္ေျပာလွေသာလူမႈဘဝဆီသို႔ အလိုလိုေရာက္ရွိသြားသည္။

အဆင္းဘီးတပ္ေပးလိုက္သလို သူတို႔၏ကမာၻကို ထပ္မံခ်ဲ႕ထြင္ေပးလိုက္သည္မွာ လွ်ပ္စစ္မီးျဖစ္ သည္။လက္ပန္က်ိဳး-ေအာင္သာဒါန္းလမ္းမေပၚရွိ ေအာင္သာဒါန္းႏွင့္နီးေသာလမ္းတစ္ေလွ်ာက္တြင္ ဓာတ္ တိုင္အသစ္မ်ားကိုခန႔္ထည္စြာေတြ႕လာရသျဖင့္ လွ်ပ္စစ္မီးရခါစ႐ြာႏွင့္ရေတာ့မည့္႐ြာပြားမ်ားေနၿပီျဖစ္သည္။

မၾကာေသးမီက လွ်ပ္စစ္မီးရခဲ့ေသာ သုံးခြၿမိဳ႕နယ္၊စစ္ပင္ကန္႐ြာမွ ေဒၚစန္းျမင့္က သူ႔႐ြာလွ်ပ္စစ္ မီးရရခ်င္းမွာပင္ ေျမေဈးတက္သြားေၾကာင္း သူမေျပာျပေနပုံက တစ္လုံးတခဲႀကီးေလသံမ်ိဳးျဖစ္သည္။ ေနာက္ထပ္မၾကာမီ သူတို႔႐ြာမွၿမိဳ႕ေပၚသို႔ေပါက္ေသာလမ္းမွာကြန္ကရစ္လမ္းျဖစ္ေတာ့မည္တဲ့။ထိုလမ္းကြန္ ကရစ္သာခင္းလိုက္ပါက ဆိုင္ကယ္ျဖင့္ဆိုလွ်င္သုံးခြၿမိဳ႕ေပၚသို႔  နာရီဝက္မျပည့္မီေရာက္မွာမို႔ သူတို႔၏အ ေပ်ာ္မွာ သိပ္သိပ္သည္းသည္းျဖစ္သည္။

“ငါ့တူႀကီးရယ္၊ဒီအစိုးရလက္ထက္က်မွပဲ မီးလည္းရ လမ္းလည္းေကာင္းေတာ့တယ္” တဲ့။

မေကာင္းတာေရာ မရွိေတာ့ဘူးလားဟု ေမးၾကည့္ေတာ့ “အမေလး၊မရွိပဲေနပါ့မလား။ကိစၥရွိလို႔႐ုံး ေတြဘာေတြသြားရၿပီဆို ေၾကာက္ေနရတုန္းပဲ။ကိုယ္ကေတာသူေတာင္သား ဘာမွမသိဘူး။အစိုးရဝန္ထမ္း ဆိုတာကလည္း မ်က္ႏွာေၾကာအတင္းႀကီးဆိုေတာ့ ေၾကာက္ရတယ္။” ဟု သူမထပ္ေျပာပုံက ရယ္ရေမာရသ နားရသည္။

အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္၏ မညႇာတမ္းကိုင္တြယ္မႈအရ ႏိုင္ငံ့ဝန္ထမ္းမ်ားၾကား အဂတိလိုက္စားမႈအေျခအေန အတန္အသင့္ေလ်ာ့ပါးသြားသည္မွာမွန္ေသာ္လည္း ျပည္သူမ်ားအားေကာင္း မြန္ေသာဝန္ေဆာင္မႈေပးရမည္ဆိုသည့္စိတ္ဓာတ္မွာမူ ျမင့္မားလာျခင္းမရွိေသးတာေသခ်ာ၏။

တခ်ိဳ႕ကမလုပ္မရႈပ္မျပဳတ္ဆိုသည့္ေဝါဟာရကို အလြတ္က်က္ထားသည္။တခ်ိဳ႕ကမိမိ၏လုပ္ပိုင္ခြင့္ နယ္ထဲတြင္ မိမိသည္ဘုရင္ဟုခံယူကာ ျပည္သူကို လက္ေအာက္ငယ္သားကဲ့သို႔မွတ္ယူဆက္ဆံသည္။တ ခ်ိဳ႕ကေတာ့ ယေန႔ထိတိုင္ ေငြမွမျမင္လွ်င္မလႈပ္ခ်င္လႈပ္ခ်င္။အဂတိလိုက္စားမႈကို ေျဗာင္မလုပ္ရဲေတာ့ေသာ္ လည္း ေႂကြသီးဟုဆိုေသာ မေတာင္းဘဲေပးေသာေငြ ရလာေအာင္ ဟိုလွည့္ဒီလွည့္ျဖင့္ မၿပီးစီးႏိုင္ေအာင္ ရစ္သည္။တခ်ိဳ႕က်ျပန္ေတာ့ အေၾကာင္းျပခ်က္မ်ိဳးစုံျဖင့္ တရားဝင္ေပးရသည့္ေငြပမာ ေရာခ်သည္။

ယခုဇန္နဝါရီလဝက္ေက်ာ္မွာပင္ သုံးခြၿမိဳ႕မွ ညီမတစ္ေယာက္ တရား႐ုံးတက္လက္မွတ္ထိုးခဲ့ရာ က်ပ္ငါးေသာင္းေပးရၿပီးခ်က္ခ်င္းေဆာင္႐ြက္ေပးသည္။ငါးေသာင္းမွာ တရားဝင္ေပးရေသာေငြလား၊တရားမ ဝင္ေပးရေသာေငြလားမသိ။မဂၤလာယူေနသည့္အခ်ိန္လည္းျဖစ္၊တျခားမအားမလပ္စရာေတြကလည္း တန္း စီေနျခင္းေၾကာင့္ ျမန္ျမန္အဆင္ေျပခ်င္ေဇာျဖင့္ေတာင္းသမွ်မေမးဘဲေပးရျခင္းဟုဆိုသည္။

ဌာနဆိုင္ရာႏွင့္ေက်းလက္ေနျပည္သူတို႔ၾကား အစပ္အဟပ္ကြာေနမႈမွာ ေတာ္ေတာ့ကိုႀကီးေနေသး ေၾကာင္းသိလိုက္ရသည္။ျပည္သူ႔ဝန္ကို ေန႔ညမေ႐ြးထမ္းရန္အသင့္ဟုခံယူထားေသာ လႊတ္ေတာ္အမတ္မ်ိဳး ကို ရရွိထားပါက ယင္းသို႔အစပ္အဟပ္ကြာေနမႈမွာ က်ဥ္းေျမာင္းလာသလို မတရားမႈကိုလက္မခံေသာ လႊတ္ ေတာ္အမတ္၏အက်င့္အႀကံေၾကာင့္ ဌာနဆိုင္ရာတို႔၏ မဟုတ္မမွန္ကိစၥမ်ား ေလ်ာ့ပါးလာသည္မွာအမွန္ျဖစ္ ၏။

သို႔ေသာ္၊ေန႔ညမေ႐ြးထမ္းရန္အသင့္ဆိုသည့္လႊတ္ေတာ္အမတ္က သိပ္အမ်ားႀကီးမရွိတာျပႆနာ တစ္ရပ္ျဖစ္သည္။က်ေနာ္ေရာက္ခဲ့ဖူးေသာသုံးခြ႐ြာအခ်ိဳ႕မွ ႐ြာသားမ်ားမွာ သူတို႔မဲေပးခဲ့ေသာ လႊတ္ေတာ္အ မတ္မ်ားကို မျမင္ရသည္မွာၾကာၿပီဟုဆိုၾကသည္။

မ်ိဳးၫြန႔္ (Popular News)
ဇန္နဝါရီ - ၂၅