Local News

ယခုဒီဇင်ဘာလအတွင်း အမြန်လမ်းတွင် ယာဉ်တိုက်မှု အကြိမ်နှစ်ဆယ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ  ၅ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၃၀ ကျော် ရှိခဲ့ဟု ဆို

ယခုဒီဇင်ဘာလအတွင်း ရန်ကုန် - မန္တလေး အမြန်လမ်းတွင် ယာဉ်တိုက်မှု အကြိမ်နှစ်ဆယ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ  ၅ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၃၁ ဦး ရှိခဲ့တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

...

စစ်ဆင်ရေးနယ်မြေများတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုအားလုံးကို လေးလကျော် ရပ်ဆိုင်းပေးထားမည်ဟု ကာကွယ်ရေးဦးစီးချုပ်ရုံး ကြေညာချက်ထုတ်ပြန်

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရှိရာ စစ်ဆင်ရေးနယ်မြေများတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုအားလုံးကို လေးလကျော် ရပ်ဆိုင်းပေးထားမည်ဟု တပ်...

တိုင်းပြည်ကောင်းအောင်လုပ်ဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိသလို မြန်မာနိုင်ငံသားတွေဖြစ်သည့် တပ်မတော်နှင့် မီဒီယာမှာလည်း တာဝန်ရှိတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

တိုင်းပြည်ကောင်းအောင်လုပ်ဖို့ မြန်မာနိုင်ငံသားတိုင်းမှာ တာဝန်ရှိသလို မြန်မာနိုင်ငံသားတွေဖြစ်သည့် တပ်မတော်နှင့် မီဒီယာတွေမှာလည်း တာဝန်ရှိတယ်လိ့ု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က...

တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) တွင် မြင်းကျား အမလေးတစ်ကောင် မွေးဖွား၊ ပန်းပွဲတော်ဖွင့်ပွဲရက် မွေးဖွားတာကြောင့် ပန်းကလေး ဟု အမည်ပေးထားကြောင်း သိရ

မန္တလေးမြို့က တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) မှာ မြင်းကျားစုံတွဲကနေ မြင်းကျား အမလေးတစ်ကောင် ပြီးခဲ့တဲ့ဒီဇင်ဘာ ၁၅ ရက်နေ့က ကျန်းမာစွာနဲ့ မွေးဖွားခဲ့ပါတယ်။

အဲဒီနေ့မနက် ၁ နာရီ ၃၀ မိနစ်အချိန်က မွေးဖွားခဲ့တာဖြစ်ပြီး ပြ...

ကျွဲနွား ပြည်ပတင်ပို့မှု အခက်အခဲဖြေရှင်းနိုင်ရန် ကျွဲနွားတင်ပို့သူများအသင်း ဖွဲ့စည်း

ပြည်တွင်းက ကျွဲနွားတွေကို ပြည်ပဈေးကွက် တင်ပို့တဲ့အခါမှာ ကြုံတွေ့ရတတ်တဲ့ အခက်အခဲတွေ ဖြေရှင်းနိုင်ဖို့အတွက် ရည်ရွယ်ပြီး မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် (မန္တလေးတိုင်းဒေသကြီး) ကျွဲနွားတင်ပို့သူများအသင်းကို...

မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေဖို့ Out Door Adventure အကယ်ဒမီကျောင်းကို မြန်မာတွင် ဖွင့်လှစ်နိုင်ရန် စီစဉ်နေဟု ဆို

ရေမြေတောတောင် သဘာဝအခြေခံသည့် အားကစားနည်းများ ထွန်းကားလာစေဖို့နှင့် မျိုးဆက်သစ် လူငယ်အားကစားသမားများ ပေါ်ထွက်လာစေဖို့ကို ရည်ရွယ်၍ Out Door Adventure အကယ်ဒမီကျောင်းကို မြန်မာနိုင်ငံတွင် ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်...

MoU စနစ်ဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်သည့် မြန်မာရွှေ့ပြောင်းလုပ်သားတွေအပေါ် ထိုင်းအလုပ်ရှင်များဘက်က နှစ်ဘက်သဘောတူညီမှု စာချုပ်တွေကို ချိုးဖောက်မှုတွေရှိနေဟု ဆို

MoU စနစ်ဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်သည့် မြန်မာရွှေ့ပြောင်းလုပ်သားတွေအပေါ် ပို့ဆောင်ပေးသည့် အေဂျင်စီများထက်စာပါက ထိုင်းအလုပ်ရှင်များဘက်က နှစ်ဘက်သဘောတူညီမှု အလုပ်ရှင်၊ အလုပ်သမား စာချုပ်တွေကို ချိုးဖောက်သည့် ဖြစ်...

ရာဇဝတ်မှုကျူးလွန်သူများ မဟုတ်ဘဲ ကျူးလွန်ခြင်းခံခဲ့ရသူများသာ ဖြစ်တယ်လို့ ငွေစက္ကူအတုများဖြင့် ဖမ်းဆီးခံရသည့် စင်္ကာပူနိုင်ငံသား နှစ်ဦး၏ ရှေ့နေ လျှောက်လဲချက်တင်သွင်း

ရွှေတိဂုံဘုရားတွင် ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများဖြင့် ဖမ်းဆီးခံရသည့် စင်္ကာပူနိုင်ငံသား နှစ်ဦးသည် ရာဇဝတ်မှုကျူးလွန်သူများ မဟုတ်ဘဲ ကျူးလွန်ခြင်းခံခဲ့ရသူများသာ ဖြစ်တယ်လို့ ခံပြရှေ့နေက ယနေ့ ဒီဇင်ဘာလ ၂၀ ရက် မွန်းလွ...

ကလေးများကို ငယ်ငယ်ထဲကစပြီး စာဖတ်ဖို့ မိဘများ အားပေးကြရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်းပြောကြား

ကလေးများကို ငယ်ငယ်ထဲကစပြီး စာဖတ်ဖို့အတွက် မိဘများအားပေးကြရန် လူငယ်များ စာအုပ်များကို ချစ်မြတ်နိုးရန်၊ စာဖတ်ခြင်းကို ရှင်သန်အောင် အားလုံးဝိုင်းပြီး ကူညီပေးကြရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က...

နှစ်သစ်ကူး အပန်းဖြေမည့်သူ များခြင်းကြောင့် ချောင်းသာ၊ ငွေဆောင် ကမ်းခြေဟိုတယ်တစ်ချို့ ဈေးနှစ်ဆလောက် မြင့်တက်

လာမယ့် ၂၀၁၈ အကုန် ၂၀၁၉ အပြောင်း နှစ်သစ်ကူးကာလမှာ အပန်းဖြေလည်ပတ်မယ့်သူတွေ များပြားနေတာကြောင့် ချောင်းသာ၊ ငွေဆောင် ကမ်းခြေတွေက ဟိုတယ်တစ်ချို့မှာ ဈေးနှစ်ဆလောက် မြင့်တက်တဲ့ အခြေအနေမျိုး ဖြစ်လာတယ်လို့ အပန်းဖြေခရီးသွားဖို့...