ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး အပါအဝင် ၆ ဦးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်

ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး အပါအဝင် ၆ ဦးတို့ကို  အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်

 

အောင်ရဲထွေးအမှုတွင် လာဘ်ငွေနှင့်တံစိုး လက်ဆောင်များရယူမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး အပါ အဝင် ၆ ဦးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့မှာ အမှုဖွင့် အရေး ယူခဲ့တယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က သတင်း ထုတ်ပြန် ခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဟန်ထူး၊ ရန်ကုန်တိုင်းဒေသကြီးဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန် ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ဒုတိယခရိုင် တရားသူကြီး ဦးအောင်ကြည်နှင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရွှေပေါက္ကံ နယ်မြေစခန်းမှူး (ယခင်သုဝဏ္ဏ နယ်မြေစခန်းမှူး) လ ၁၆၆၉၅၄ ရဲအုပ်ချစ်ကိုကို တို့အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ အရ အရေးယူဆောင်ရွက်ရန် သုဝဏ္ဏနယ်မြေရဲစခန်းတွင် ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲ ဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။

 ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး၊ ရာဇဝတ်ကြီးမှုအမှတ် ၃၄/၂၀၁၈ ၊ တရားလို ဦးသန့်ဇင်ဦးက တရားခံ သန်းထွဋ်အောင်(ခ)သားကြီးပါ ၃ ဦးအပေါ် ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ စွဲဆိုထား သည့် သရုပ်ဆောင် အောင်ရဲထွေး သေဆုံးခဲ့ရသည့် အမှုကိစ္စနှင့်ပတ်သက်၍ ၂၅-၇-၂၀၁၈ ရက်နေ့တွင် ရန်ကုန် အရှေ့ပိုင်း ခရိုင်တရားရုံးမှ တရားခံများအပေါ် စွဲဆိုထားသည့်ပြစ် မှုအား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၄(က)အရ ရုပ်သိမ်းခွင့်ပြုကြောင်း အမိန့်ချမှတ်ခြင်းနှင့် စပ်လျဉ်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ကျော်စောသတင်းအဖြစ် သတ်မှတ်ခဲ့ ပါတယ်။

ကျော်စောသတင်းနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ရန်ကုန်အရှေ့ပိုင်း ခရိုင် တရားရုံး၊ ရာဇဝတ်ကြီးမှု အမှတ် ၃၄/၂၀၁၈ အား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၄(က)အရ ရုပ်သိမ်းခွင့်ပြု သည့်ကိစ္စတွင် တရားလိုပြသက်သေများကို တမင်ပေါ့လျော့စွာ စစ်ဆေးပြီး တရားခံများ ပြစ်မှုကျူးလွန်ကြောင်း တရားလိုပြ သက်သေများက ထွက်ဆိုနိုင်ခြင်းမရှိဆိုသည့် အခြေအနေဖြစ်ပေါ် အောင်ဖန်တီးကာ တရားခံများ ၏ မိဘများထံမှ လာဘ်ငွေနှင့် တံစိုးလက်ဆောင်များရယူခဲ့သည့် ရန်ကုန်အရှေ့ပိုင်းခရိုင်ဥပဒေရုံးမှ ဒုတိယခရိုင် ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်(ဥ/၂၃၉၀)၊ ဒေါ်သစ်သစ်ခင်၏တင်ပြချက်ကို ဆက်လက်စိစစ်ရာတွင် သေချာစွာ စိစစ်ခြင်းမပြုဘဲ တရားခံ သန်းထွဋ်အောင်၏ဖခင် ဦးခင်မောင်လေးထံမှ လာဘ်ငွေနှင့်တံစိုး လက်ဆောင်များ ရယူကာ ထောက်ခံတင်ပြခဲ့သည့် ရန်ကုန် အရှေ့ပိုင်းခရိုင်ဥပဒေအရာရှိ ဦးကိုကိုလေး(ဥ/၂၄၄၃)၊ ရန်ကုန်တိုင်း ဒေသကြီးဥပဒေအရာရှိ ဦးသိန်းဇော် (ဥ/၁၈၄၆) တို့အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရလည်းကောင်း၊ ဒေါ်သစ်သစ်ခင်မှစတင်၍ အဆင့်ဆင့် စိစစ်တင်ပြ လာသည့် အမှုရုပ်သိမ်း ခွင့်ကို သုံးသပ်ဆုံးဖြတ်မိန့် ချမှတ်ရာတွင် ပြည့်စုံစွာ သုံးသပ်ခြင်း မပြုဘဲ တရားခံ သန်းထွဋ်အောင်၏ဖခင် ဦးခင်မောင်လေးထံမှ လာဘ်ငွေနှင့် တံစိုးလက်ဆောင် များရယူကာ အမှုရုပ်သိမ်းခွင့် ချမှတ်ခဲ့သည့် ရန်ကုန်တိုင်း ဒေသကြီး ဥပဒေချုပ် ဦးဟန်ထူးအပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ လည်းကောင်း၊ ဒေါ်သစ်သစ်ခင်က တင်ပြလာသည့် အမှုရုပ်သိမ်းခွင့်ကို သုံးသပ်ဆုံးဖြတ်ရာတွင် တရားခံသန်း ထွဋ်အောင်၏ ဖခင် ဦးခင်မောင်လေးထံမှ လာဘ်ငွေရယူကာ အမှုကို ပြည့်စုံစွာ သုံးသပ် ခြင်းမပြုဘဲ အမှုရုပ်သိမ်းခွင့်ပြုပြီး တရားခံများကို တရားရှင်လွှတ်ခဲ့သည့် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှ ဒုတိယခရိုင် တရားသူကြီး ဦးအောင်ကြည်(တ/၂၄၃၇)အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆အရလည်းကောင်း၊ အမှုစစ်အဖြစ်ဆောင်ရွက်ရာ၌ ရဲလုပ်ငန်းကုန်စင်အောင် ဆောင်ရွက်ခဲ့ခြင်း မရှိသည့် အပြင် မိမိ၏ရာထူးတာဝန်ကို အလွဲသုံးစားပြုပီး တစ်စုံတစ်ရာကိုပြုလုပ်ရန်အတွက် တရားခံသန်းထွဋ်အောင်၏ ဖခင်ထံမှ လာဘ်ငွေနှင့် တံစိုးလက်ဆောင်ကို လက်ခံရယူခဲ့သည့် လ ၁၆၆၉၅၄ ရဲအုပ်ချစ်ကိုကို အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ လည်းကောင်း အရေးယူဆောင်ရွက်ရန် သုဝဏ္ဏနယ်မြေရဲစခန်းအမှုဖွင့်လှစ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။

 
မင်းထွန်း(အုတ်ကျင်း)

ရန်ကုန်၊စက်တင်ဘာ ၁၃

 

(   Zawgyi  )

ေအာင္ရဲေထြးအမႈတြင္ လာဘ္ေငြႏွင့္တံစိုး လက္ေဆာင္မ်ားရယူမႈျဖင့္ ရန္ကုန္တိုင္းေဒသႀကီး ဥပေဒခ်ဳပ္ ဦးဟန္ထူး အပါ အဝင္ ၆ ဦးတို႔ကို အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ဥပေဒျဖင့္ ယေန႔ စက္တင္ဘာလ ၁၃ ရက္ေန႔မွာ အမႈဖြင့္ အေရး ယူခဲ့တယ္လို႔ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္က သတင္း ထုတ္ျပန္ ခဲ့ပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးဥပေဒခ်ဳပ္ ဦးဟန္ထူး၊ ရန္ကုန္တိုင္းေဒသႀကီးဥပေဒအရာရွိ ဦးသိန္းေဇာ္၊ ရန္ ကုန္အေရွ႕ပိုင္းခ႐ိုင္ ဥပေဒအရာရွိ ဦးကိုကိုေလး၊ ဒုတိယခ႐ိုင္ဥပေဒအရာရွိ ေဒၚသစ္သစ္ခင္၊ ဒုတိယခ႐ိုင္ တရားသူႀကီး ဦးေအာင္ၾကည္ႏွင့္ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕၊ ေ႐ႊေပါကၠံ နယ္ေျမစခန္းမႉး (ယခင္သုဝဏၰ နယ္ေျမစခန္းမႉး) လ ၁၆၆၉၅၄ ရဲအုပ္ခ်စ္ကိုကို တို႔အေပၚ ၂၀၁၃ ခုႏွစ္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ဥပေဒ အရ အေရးယူေဆာင္႐ြက္ရန္ သုဝဏၰနယ္ေျမရဲစခန္းတြင္ ပထမသတင္းေပး တိုင္ၾကားခ်က္ဖြင့္လွစ္၍ တရားစြဲ ဆိုအေရးယူႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိတယ္လို႔ ဆိုပါတယ္။

 ရန္ကုန္တိုင္းေဒသႀကီး၊ ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္တရား႐ုံး၊ ရာဇဝတ္ႀကီးမႈအမွတ္ ၃၄/၂၀၁၈ ၊ တရားလို ဦးသန႔္ဇင္ဦးက တရားခံ သန္းထြဋ္ေအာင္(ခ)သားႀကီးပါ ၃ ဦးအေပၚ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ အရ စြဲဆိုထား သည့္ သ႐ုပ္ေဆာင္ ေအာင္ရဲေထြး ေသဆုံးခဲ့ရသည့္ အမႈကိစၥႏွင့္ပတ္သက္၍ ၂၅-၇-၂၀၁၈ ရက္ေန႔တြင္ ရန္ကုန္ အေရွ႕ပိုင္း ခ႐ိုင္တရား႐ုံးမွ တရားခံမ်ားအေပၚ စြဲဆိုထားသည့္ျပစ္ မႈအား ရာဇဝတ္က်င့္ထုံး ဥပေဒပုဒ္မ ၄၉၄(က)အရ ႐ုပ္သိမ္းခြင့္ျပဳေၾကာင္း အမိန႔္ခ်မွတ္ျခင္းႏွင့္ စပ္လ်ဥ္း၍ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္က ေက်ာ္ေစာသတင္းအျဖစ္ သတ္မွတ္ခဲ့ ပါတယ္။

ေက်ာ္ေစာသတင္းႏွင့္စပ္လ်ဥ္း၍ စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕စည္းစစ္ေဆးခဲ့ရာ ရန္ကုန္အေရွ႕ပိုင္း ခ႐ိုင္ တရား႐ုံး၊ ရာဇဝတ္ႀကီးမႈ အမွတ္ ၃၄/၂၀၁၈ အား ရာဇဝတ္က်င့္ထုံး ဥပေဒပုဒ္မ ၄၉၄(က)အရ ႐ုပ္သိမ္းခြင့္ျပဳ သည့္ကိစၥတြင္ တရားလိုျပသက္ေသမ်ားကို တမင္ေပါ့ေလ်ာ့စြာ စစ္ေဆးၿပီး တရားခံမ်ား ျပစ္မႈက်ဴးလြန္ေၾကာင္း တရားလိုျပ သက္ေသမ်ားက ထြက္ဆိုႏိုင္ျခင္းမရွိဆိုသည့္ အေျခအေနျဖစ္ေပၚ ေအာင္ဖန္တီးကာ တရားခံမ်ား ၏ မိဘမ်ားထံမွ လာဘ္ေငြႏွင့္ တံစိုးလက္ေဆာင္မ်ားရယူခဲ့သည့္ ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္ဥပေဒ႐ုံးမွ ဒုတိယခ႐ိုင္ ဥပေဒအရာရွိ ေဒၚသစ္သစ္ခင္(ဥ/၂၃၉၀)၊ ေဒၚသစ္သစ္ခင္၏တင္ျပခ်က္ကို ဆက္လက္စိစစ္ရာတြင္ ေသခ်ာစြာ စိစစ္ျခင္းမျပဳဘဲ တရားခံ သန္းထြဋ္ေအာင္၏ဖခင္ ဦးခင္ေမာင္ေလးထံမွ လာဘ္ေငြႏွင့္တံစိုး လက္ေဆာင္မ်ား ရယူကာ ေထာက္ခံတင္ျပခဲ့သည့္ ရန္ကုန္ အေရွ႕ပိုင္းခ႐ိုင္ဥပေဒအရာရွိ ဦးကိုကိုေလး(ဥ/၂၄၄၃)၊ ရန္ကုန္တိုင္း ေဒသႀကီးဥပေဒအရာရွိ ဦးသိန္းေဇာ္ (ဥ/၁၈၄၆) တို႔အေပၚ ၂၀၁၃ ခုႏွစ္ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒ ပုဒ္မ ၅၆ အရလည္းေကာင္း၊ ေဒၚသစ္သစ္ခင္မွစတင္၍ အဆင့္ဆင့္ စိစစ္တင္ျပ လာသည့္ အမႈ႐ုပ္သိမ္း ခြင့္ကို သုံးသပ္ဆုံးျဖတ္မိန႔္ ခ်မွတ္ရာတြင္ ျပည့္စုံစြာ သုံးသပ္ျခင္း မျပဳဘဲ တရားခံ သန္းထြဋ္ေအာင္၏ဖခင္ ဦးခင္ေမာင္ေလးထံမွ လာဘ္ေငြႏွင့္ တံစိုးလက္ေဆာင္ မ်ားရယူကာ အမႈ႐ုပ္သိမ္းခြင့္ ခ်မွတ္ခဲ့သည့္ ရန္ကုန္တိုင္း ေဒသႀကီး ဥပေဒခ်ဳပ္ ဦးဟန္ထူးအေပၚ ၂၀၁၃ ခုႏွစ္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၅ အရ လည္းေကာင္း၊ ေဒၚသစ္သစ္ခင္က တင္ျပလာသည့္ အမႈ႐ုပ္သိမ္းခြင့္ကို သုံးသပ္ဆုံးျဖတ္ရာတြင္ တရားခံသန္း ထြဋ္ေအာင္၏ ဖခင္ ဦးခင္ေမာင္ေလးထံမွ လာဘ္ေငြရယူကာ အမႈကို ျပည့္စုံစြာ သုံးသပ္ ျခင္းမျပဳဘဲ အမႈ႐ုပ္သိမ္းခြင့္ျပဳၿပီး တရားခံမ်ားကို တရားရွင္လႊတ္ခဲ့သည့္ ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္ တရား႐ုံးမွ ဒုတိယခ႐ိုင္ တရားသူႀကီး ဦးေအာင္ၾကည္(တ/၂၄၃၇)အေပၚ ၂၀၁၃ ခုႏွစ္ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၆အရလည္းေကာင္း၊ အမႈစစ္အျဖစ္ေဆာင္႐ြက္ရာ၌ ရဲလုပ္ငန္းကုန္စင္ေအာင္ ေဆာင္႐ြက္ခဲ့ျခင္း မရွိသည့္ အျပင္ မိမိ၏ရာထူးတာဝန္ကို အလြဲသုံးစားျပဳပီး တစ္စုံတစ္ရာကိုျပဳလုပ္ရန္အတြက္ တရားခံသန္းထြဋ္ေအာင္၏ ဖခင္ထံမွ လာဘ္ေငြႏွင့္ တံစိုးလက္ေဆာင္ကို လက္ခံရယူခဲ့သည့္ လ ၁၆၆၉၅၄ ရဲအုပ္ခ်စ္ကိုကို အေပၚ ၂၀၁၃ ခုႏွစ္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၆ အရ လည္းေကာင္း အေရးယူေဆာင္႐ြက္ရန္ သုဝဏၰနယ္ေျမရဲစခန္းအမႈဖြင့္လွစ္ခဲ့တယ္လို႔ သတင္းထုတ္ျပန္ခဲ့ျခင္းျဖစ္ပါတယ္။

 
မင္းထြန္း(အုတ္က်င္း)

ရန္ကုန္၊စက္တင္ဘာ ၁၃