【သိပ္ပံ】 ကိုဗစ်-၁၉ ကာကွယ်ဆေးကြောင့် ဓမ္မတာလာချိန်တွင် သွေးပိုဆင်းနိုင်ကြောင်း လေ့လာတွေ့ရှိ

【သိပ္ပံ】 ကိုဗစ်-၁၉ ကာကွယ်ဆေးကြောင့် ဓမ္မတာလာချိန်တွင် သွေးပိုဆင်းနိုင်ကြောင်း လေ့လာတွေ့ရှိ

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသွားသော အမျိုးသမီးများဟာ ဓမ္မတာလာချိန်တွင် သွေးပို ဆင်းကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။
 
သုတေသီများဟာ ထိုလေ့လာမှုတွင် ပါဝင်ခဲ့သော အမျိုးသမီး ထက်ဝက်ကျော်ဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးနောက် ဓမ္မတာလာချိန်တွင် သွေးပိုဆင်းကြောင်းကို တွေ့ရှိခဲ့ပါတယ်။
 
ထိုလေ့လာမှုကို အမေရိကန်နိုင်ငံက တက္ကသိုလ်များဖြစ်တဲ့ အီလီနွိက်တက္ကသိုလ်နှင့် ဝါရှင်တန် တက္ကသိုလ်တို့က ပြုလုပ်ခဲ့ပြီး ပြီးခဲ့တဲ့ နှစ်ကတည်းက အွန်လိုင်းပေါ်တွင် ထောင်ပေါင်းများစွာ လူများ ကို မေးမြန်းမှုများ ပြုလုပ်ခဲ့ကြပါတယ်။
 
ထိုစစ်တမ်းတွင် အသက် ၁၈ ကနေ ၈၀ အကြားရှိသော အမျိုးသမီးများ ၃၉၀၀၀ ကျော် ပါဝင်ခဲ့ ပြီး ပါဝင်သူများအားလုံးဟာ Moderna ၊ Pfizer-BioNTec နှင့် Johnson & Johnson ကာကွယ် ဆေးများကို ထိုးနှံပြီးသူများဖြစ်ကြောင်း သက်သေအထောက်အထားကိုလည်း စစ်ဆေးခဲ့ကြပါတယ်။
 
ထိုလေ့လာမှုကို Journal Science Advances တွင် ဖော်ပြခဲ့ပြီး ထိုလေ့လာမှုတွင် ပါဝင်သော အမျိုးသမီး ၄၂ ရာခိုင်နှုန်းဟာ သူတို့၏ ပုံမှန်ဓမ္မတာတွင် သွေးပိုဆင်းခဲ့ကြကြောင်း ဆိုပါတယ်။ ၄၄ ရာခိုင်နှုန်းကတော့ ထူးခြားမှုမရှိပဲ ပုံမှန်အတိုင်းတာဖြစ်ကြောင်း နှင့် ၁၄ ရာခိုင်နှုန်းကတော့ သွေးဆင်းမှု နည်းပါးလာကြောင်း ဆိုကြပါတယ်။
 
“ဒီလိုအရာတွေ့ဖြစ်လာနိုင်တယ်ဆိုတာ လူတွေသိဖို့ အရမ်းကို အရေးကြီးပါတယ်။ ဒါမှာ ကျန်တဲ့ သူတွေလည်း စိုးရိမ်စိတ်မရှိပဲ သာမန်ဖြစ်ကြောင်းကို သိဖို့လိုပါတယ်။ ဖြစ်သွားတဲ့သူတွေကလည်း တုန်လှုပ်ခြောက်ခြားခြင်းလည်း မရှိခဲ့ကြပါဘူး” ဟု ဝါရှင်တန်တက္ကသိုလ်က ဇီဝဗေဒပညာရှင်ဖြစ်တဲ့ ကေသရင်းလီးက ပြောပါတယ်။
 
အော်ရီဂန်တက္ကသိုလ်က ကျန်းမာရေးနှင့်သိပ္ပံဌာနတွင် တာဝန်ထမ်းဆောင်နေသော ဒေါက်တာ အာလီဆန်အီဒလ်မန်း၏ ပြောကြားချက်အရ ခုလို တစ်ချို့အမျိုးသမီးများ ကိုဗစ်-၁၉ ကာကွယ် ဆေး ထိုးပြီးနောက် ဓမ္မတာအတွင်း‌ သွေးပိုဆင်းခြင်းဟာ အမျိုးသမီးများ၏ သားအိမ်အမြှေးပါးတွင် သွေးစီးဆင်းမှုဖြစ်ပေါ်စေသောကြောင့် ဓမ္မတာဟာ ပုံမှန်မဟုတ်ပဲ သွေးပိုဆင်းလာတာဖြစ်နိုင်ကြောင်း ဆိုပါတယ်။
 
 
Naing
 
နယူးယောက်၊ ဇူလိုင် ၁၈
 
Ref: nation.africa