ကက်ရှ်မီးယားဒေသတင်းမာမှုကြောင့် အိန္ဒိယနှင့် ပြဿနာဖြစ်လာနိုင်ဟုပါကစ္စတန်ဝန်ကြီးချုပ် သတိပေး

ကက်ရှ်မီးယားဒေသတင်းမာမှုကြောင့် အိန္ဒိယနှင့် ပြဿနာဖြစ်လာနိုင်ဟုပါကစ္စတန်ဝန်ကြီးချုပ် သတိပေး

အိန္ဒိယကတပ်ဖွဲ့များကိုထပ်မံစေလွှတ်ခြင်းနှင့် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်နိုင်သည်ဟုဆိုကာကက်ရှ်မီးယားဒေသတွင် ခရီးသွားဧည့်သည် များ၊ ကျောင်းသားများနှင့် ဘုရားဖူးများကိုလာရောက်ခွင့် ပိတ်ပင်လိုက်သောကြောင့် ဒေသတွင်း ပြဿနာတစ်ရပ်ဖြစ်လာပြီးတင်းမာမှုများ မြင့်တက်လာနိုင်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် အီမရန်ခမ်းကသတိပေးလိုက်ပါတယ်။

အိန္ဒိယကကက်ရှ်မီးယားတွင် အရပ်သားများကိုဗုံးတွဲများအသုံးပြု၍ တိုက်ခိုက်နေကြောင်းခမ်းကစွပ်စွဲမှုအပေါ် အိန္ဒိယစစ်တပ်က ငြင်းဆိုထား ပါတယ်။ အိန္ဒိယအစိုးရအနေနဲ့ ဒေသတွင်း ပြဿနာတစ်ရပ် ဖြစ်အောင် လုပ်ဆောင်နေကြောင်း ၎င်း၏ ပြောဆိုမှုများအပေါ် အိန္ဒိယအစိုးရက တစ်စုံတစ်ရာတုံ့ပြန်ထားခြင်းမရှိသေးပါဘူး။

နှစ်ဖက်နိုင်ငံကိုပိုင်းခြားထားသည့် ကက်ရှ်မီးယားဒေသ၏ နယ်စပ်စည်းတစ်လျှောက် အပစ်အခတ် ရပ်စဲရေးချိုးဖောက်မှုများနှင့် ကျူးကျော်ဝင် ရောက်မှုများ မြင့်တက်လာခြင်းအပေါ် တုံ့ပြန်မှုများဆောင်ရွက်ခဲ့ကြောင်းအိန္ဒိယစစ်တပ်ကသြဂုတ် ၄ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။ထို့ပြင် အိန္ဒိယကကက်ရှ်မီးယားဒေသ ဝန်ကြီးချုပ်ဟောင်းများဖြစ်သည့် အိုမာအဗ္ဗဒူလာနှင့် မာဘူဘာမွတ်တီတို့ကို ညသန်းခေါင် အချိန်ကနေ အိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းလိုက်ပြီးကက်ရှ်မီးယားဒေသတွင် အင်တာနက်အသုံးပြုမှုများကိုလည်းကန့်သတ်လိုက်ရာတင်းမာမှုများကိုပိုမို မြင့်တက်စေခဲ့ပါတယ်။

“ကျွန်တော့်ကိုဒီညသန်းခေါင်ကစပြီးနေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထားပါတယ်။ အခြားခေါင်းဆောင်ဟောင်းတွေကိုလည်း စတင် ဖမ်းဆီးနေပြီ ထင်ပါတယ်” လို့ အဗ္ဗဒူလာကတွစ်တာမှာရေးသားထားပါတယ်။ ဝါရှင်တန်အခြေစိုက် Woodrow Wilson Center ၏ တောင်အာရှရေးရာ အကြီးတန်း အရာရှိမိုက်ကယ်ကူဂယ်လ်မန်က “ပထမဆုံးတပ်ဖွဲ့တွေနဲ့ ရှင်းလင်းရေးလုပ်ပြီးဒေသခေါင်းဆောင်အချို့ကိုနေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးခဲ့တဲ့အပြင် အင်တာနက်လိုင်းတွေ ဖြတ်တောက်တာ၊ ညမထွက်ရအမိန့်တွေ  ထုတ်ပြန်လိုက်ပါတယ်” လို့ ပြောပါတယ်။

ကက်ရှ်မီးယားဒေသအတွက် မတည်မငြိမ် စိုးရိမ်စရာကောင်းတဲ့ အခြေအနေဖြစ်နေပါတယ်လို့ ၎င်းက တွစ်တာမှာရေးသားထားပါတယ်။ဟိန္ဒူ ရှီဝနတ်ကွန်းရှိသည့် အာမန်နက်ဂူသို့ နှစ်စဉ် ပုံမှန်လာရောက်သည့် ဧည့်သည်များကိုအာဏပိုင်များကခွင့်မပြုတော့ဘဲ ပြန်လွှတ်လိုက်သလို အိန္ဒိယစစ်တပ်များလည်းထပ်မံရောက်ရှိခဲ့ပါတယ်။

ယင်းအခြေအနေများကြောင့် အိန္ဒိယအစိုးရအနေဖြင့် ကက်ရှ်မီးယားဒေသအားအထူးဖွဲ့စည်းပုံဥပဒေတစ်ရပ် ခွင့်ပြုထားခြင်းအပေါ် ပြောင်းလဲရန် ပြင်ဆင်မည့် အခြေအနေအားစိုးရိမ်မှုများလည်း ဖြစ်ပေါ်လာပါတယ်။

Linko
Ref: bnnbloomberg.ca
အစ္စလာမာဘတ်၊သြဂုတ် ၅

(  Zawgyi  )

 အိႏၵိယကတပ္ဖြဲ႕မ်ားကိုထပ္မံေစလႊတ္ျခင္းႏွင့္ အၾကမ္းဖက္တိုက္ခိုက္မႈမ်ား ျဖစ္ႏိုင္သည္ဟုဆိုကာကက္ရွ္မီးယားေဒသတြင္ ခရီးသြားဧည့္သည္ မ်ား၊ ေက်ာင္းသားမ်ားႏွင့္ ဘုရားဖူးမ်ားကိုလာေရာက္ခြင့္ ပိတ္ပင္လိုက္ေသာေၾကာင့္ ေဒသတြင္း ျပႆနာတစ္ရပ္ျဖစ္လာၿပီးတင္းမာမႈမ်ား ျမင့္တက္လာႏိုင္ေၾကာင္း ပါကစၥတန္ဝန္ႀကီးခ်ဳပ္ အီမရန္ခမ္းကသတိေပးလိုက္ပါတယ္။

အိႏၵိယကကက္ရွ္မီးယားတြင္ အရပ္သားမ်ားကိုဗုံးတြဲမ်ားအသုံးျပဳ၍ တိုက္ခိုက္ေနေၾကာင္းခမ္းကစြပ္စြဲမႈအေပၚ အိႏၵိယစစ္တပ္က ျငင္းဆိုထား ပါတယ္။ အိႏၵိယအစိုးရအေနနဲ႔ ေဒသတြင္း ျပႆနာတစ္ရပ္ ျဖစ္ေအာင္ လုပ္ေဆာင္ေနေၾကာင္း ၎၏ ေျပာဆိုမႈမ်ားအေပၚ အိႏၵိယအစိုးရက တစ္စုံတစ္ရာတုံ႔ျပန္ထားျခင္းမရွိေသးပါဘူး။

ႏွစ္ဖက္ႏိုင္ငံကိုပိုင္းျခားထားသည့္ ကက္ရွ္မီးယားေဒသ၏ နယ္စပ္စည္းတစ္ေလွ်ာက္ အပစ္အခတ္ ရပ္စဲေရးခ်ိဳးေဖာက္မႈမ်ားႏွင့္ က်ဴးေက်ာ္ဝင္ ေရာက္မႈမ်ား ျမင့္တက္လာျခင္းအေပၚ တုံ႔ျပန္မႈမ်ားေဆာင္႐ြက္ခဲ့ေၾကာင္းအိႏၵိယစစ္တပ္ကၾသဂုတ္ ၄ ရက္မွာထုတ္ျပန္ခဲ့ပါတယ္။ထို႔ျပင္ အိႏၵိယကကက္ရွ္မီးယားေဒသ ဝန္ႀကီးခ်ဳပ္ေဟာင္းမ်ားျဖစ္သည့္ အိုမာအဗၺဒူလာႏွင့္ မာဘူဘာမြတ္တီတို႔ကို ညသန္းေခါင္ အခ်ိန္ကေန အိမ္အက်ယ္ခ်ဳပ္ျဖင့္ ထိန္းသိမ္းလိုက္ၿပီးကက္ရွ္မီးယားေဒသတြင္ အင္တာနက္အသုံးျပဳမႈမ်ားကိုလည္းကန႔္သတ္လိုက္ရာတင္းမာမႈမ်ားကိုပိုမို ျမင့္တက္ေစခဲ့ပါတယ္။

“ကြၽန္ေတာ့္ကိုဒီညသန္းေခါင္ကစၿပီးေနအိမ္အက်ယ္ခ်ဳပ္နဲ႔ ဖမ္းဆီးထားပါတယ္။ အျခားေခါင္းေဆာင္ေဟာင္းေတြကိုလည္း စတင္ ဖမ္းဆီးေနၿပီ ထင္ပါတယ္” လို႔ အဗၺဒူလာကတြစ္တာမွာေရးသားထားပါတယ္။ ဝါရွင္တန္အေျခစိုက္ Woodrow Wilson Center ၏ ေတာင္အာရွေရးရာ အႀကီးတန္း အရာရွိမိုက္ကယ္ကူဂယ္လ္မန္က “ပထမဆုံးတပ္ဖြဲ႕ေတြနဲ႔ ရွင္းလင္းေရးလုပ္ၿပီးေဒသေခါင္းေဆာင္အခ်ိဳ႕ကိုေနအိမ္အက်ယ္ခ်ဳပ္နဲ႔ ဖမ္းဆီးခဲ့တဲ့အျပင္ အင္တာနက္လိုင္းေတြ ျဖတ္ေတာက္တာ၊ ညမထြက္ရအမိန႔္ေတြ  ထုတ္ျပန္လိုက္ပါတယ္” လို႔ ေျပာပါတယ္။

ကက္ရွ္မီးယားေဒသအတြက္ မတည္မၿငိမ္ စိုးရိမ္စရာေကာင္းတဲ့ အေျခအေနျဖစ္ေနပါတယ္လို႔ ၎က တြစ္တာမွာေရးသားထားပါတယ္။ဟိႏၵဴ ရွီဝနတ္ကြန္းရွိသည့္ အာမန္နက္ဂူသို႔ ႏွစ္စဥ္ ပုံမွန္လာေရာက္သည့္ ဧည့္သည္မ်ားကိုအာဏပိုင္မ်ားကခြင့္မျပဳေတာ့ဘဲ ျပန္လႊတ္လိုက္သလို အိႏၵိယစစ္တပ္မ်ားလည္းထပ္မံေရာက္ရွိခဲ့ပါတယ္။

ယင္းအေျခအေနမ်ားေၾကာင့္ အိႏၵိယအစိုးရအေနျဖင့္ ကက္ရွ္မီးယားေဒသအားအထူးဖြဲ႕စည္းပုံဥပေဒတစ္ရပ္ ခြင့္ျပဳထားျခင္းအေပၚ ေျပာင္းလဲရန္ ျပင္ဆင္မည့္ အေျခအေနအားစိုးရိမ္မႈမ်ားလည္း ျဖစ္ေပၚလာပါတယ္။

Linko
Ref: bnnbloomberg.ca
အစၥလာမာဘတ္၊ၾသဂုတ္ ၅