ကင်ဂျုံအွန် ပြန်လာပြီ

ကင်ဂျုံအွန် ပြန်လာပြီ

ကျန်းမာရေးအခြေအနေဆိုးရွားနေသည်ဟု ကောလာဟလထွက်နေသာ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်သည် ရက်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် လူမြင်ကွင်းသို့ထွက်လာကြောင်း မြောက်ကိုရီးယားအစိုးရ မီဒီယာက စနေနေ့တွင် ဖေါ်ပြခဲ့သည်။

ကင်သည် မြောက်ကိုရီးယား မြို့တော် ပြုံ့ယမ်းအနီး ဆန်းချုံရှိ ဓါတ်မြေသြဇာစက်ရုံဖွင့်ပွဲသို့ သူ၏ညီမ ကင်ယိုဂျုံအပါအ၀င် အခြားအဆင့်မြင့်ခေါင်းဆောင်များနှင့်အတူ တက်ရောက်ကြောင်း KCNA သတင်းဌာကဖေါ်ပြသည်။

ကင်သည် သောကြာနေ့က ကျင်းပသော ထိုအခမ်းအနားတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ချမ်းသာကြွယ်ဝရေးအတွက် အရေးပါသော အောင်ပွဲအတွင်း ပြည်သူများချီတက်ပွဲတွင် မဟာခေါင်းဆောင်ကြီးအား တက်ရောက်လာကြသူများက ကျယ်လောင်စွာဂုဏ်ပြုခဲ့သည်ဟု KCNA က ဆိုသည်။

ကင်သည် ထိုဓါတ်ပုံများတွင် ပြုံးရွှင်နေပြီး သူ၏အဆင့်မြင့်အရာရှိများနှင့်စကားပြောကာ စက်ရုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စက်ရုံအတွင်းလှည့်လည်စစ်ဆေးသည်ဟုဆိုသည်။

တရား၀င် ရိုဒေါင် ဆင်မန် သတင်းစားမှ ထိုဓါတ်ပုံများ၏ စစ်မှန်မှုကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ထိုသတင်းကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုမေးသောအခါ သူက “ဒီကိစ္စကို ကျနော်ဘာမှ မပြောသေးတာကောင်းမယ်ထင်တယ်” ဟု ဖြေသည်။

မြောက်ကိုရီးယားခေါင်းဆောင်ကင်၏ ကျန်းမာရေးနှင့်ပတ်သက်သော ကောလာဟလများသည် နိုင်ငံအတွက်အရေးပါသော နေ့ဖြစ်သည့် သူ၏အဖိုးဖြစ်သူ ကင်အီဆွန်း၏ မွေးနေ့အခမ်းအနားတွင် ၂၀၁၁ ခုနှစ်တွင် စတင်အာဏာရချိန်မှ ပထမဆုံးအကြိမ်ပျက်ကွက်ရာမှ စတင်ပျံ့နှံ့လာသည်

မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာကမူ ကင်သည် ဆီးရီးယား၊ ကျူးဘားနှင့် တောင်အာဖရိက ခေါင်းဆောင်များထံသို့ သ၀ဏ်လွှာများပေးပို့ခြင်းနှင့် ပင်လယ်ကမ်းခြေမြို့ဖြစ်သော ၀န်ဆန်တွင် ကမ္ဘာလှည့် ခရီးသည်များအတွက် အဆောက်အအုံများ တည်ဆောက်နေသော အလုပ်သမားများကို ကျေးဇူးတင်ကြောင်း သ၀ဏ်လွှာပေးပို့ခြင်းကဲ့သို့သော နေ့စဉ်လုပ်ငန်းဆောင်တာများကို လူရှေ့မထွက်ဘဲ ပုံမှန်ဆောင်ရွက်နေကြောင်း ဓါတ်ပုံများကို ဖေါ်ပြခြင်းမရှိဘဲ သတင်းဖေါ်ပြခဲ့သည်။

ကင်သည် ၀န်ဆန်တွင်သွားရောက်အပမ်းဖြေနေသည်ဟူသော သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

Linko
Ref : aljazeera.com
ဆိုးလ်၊ မေ - ၂

( Zawgyi )

က်န္းမာေရးအေျခအေနဆိုး႐ြားေနသည္ဟု ေကာလာဟလထြက္ေနသာ ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအြန္သည္ ရက္ေပါင္း ၂၀ အတြင္း ပထမဆုံးအႀကိမ္အျဖစ္ လူျမင္ကြင္းသို႔ထြက္လာေၾကာင္း ေျမာက္ကိုရီးယားအစိုးရ မီဒီယာက စေနေန႔တြင္ ေဖၚျပခဲ့သည္။

ကင္သည္ ေျမာက္ကိုရီးယား ၿမိဳ႕ေတာ္ ၿပဳံ႕ယမ္းအနီး ဆန္းခ်ဳံရွိ ဓါတ္ေျမၾသဇာစက္႐ုံဖြင့္ပြဲသို႔ သူ၏ညီမ ကင္ယိုဂ်ဳံအပါအ၀င္ အျခားအဆင့္ျမင့္ေခါင္းေဆာင္မ်ားႏွင့္အတူ တက္ေရာက္ေၾကာင္း KCNA သတင္းဌာကေဖၚျပသည္။

ကင္သည္ ေသာၾကာေန႔က က်င္းပေသာ ထိုအခမ္းအနားတြင္ ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးၿပီး ခ်မ္းသာႂကြယ္ဝေရးအတြက္ အေရးပါေသာ ေအာင္ပြဲအတြင္း ျပည္သူမ်ားခ်ီတက္ပြဲတြင္ မဟာေခါင္းေဆာင္ႀကီးအား တက္ေရာက္လာၾကသူမ်ားက က်ယ္ေလာင္စြာဂုဏ္ျပဳခဲ့သည္ဟု KCNA က ဆိုသည္။

ကင္သည္ ထိုဓါတ္ပုံမ်ားတြင္ ၿပဳံး႐ႊင္ေနၿပီး သူ၏အဆင့္ျမင့္အရာရွိမ်ားႏွင့္စကားေျပာကာ စက္႐ုံကို ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးၿပီး စက္႐ုံအတြင္းလွည့္လည္စစ္ေဆးသည္ဟုဆိုသည္။

တရား၀င္ ႐ိုေဒါင္ ဆင္မန္ သတင္းစားမွ ထိုဓါတ္ပုံမ်ား၏ စစ္မွန္မႈကို အတည္ျပဳႏိုင္ျခင္းမရွိေသးေပ။

ထိုသတင္းေၾကာင္း အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကိုေမးေသာအခါ သူက “ဒီကိစၥကို က်ေနာ္ဘာမွ မေျပာေသးတာေကာင္းမယ္ထင္တယ္” ဟု ေျဖသည္။

ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္၏ က်န္းမာေရးႏွင့္ပတ္သက္ေသာ ေကာလာဟလမ်ားသည္ ႏိုင္ငံအတြက္အေရးပါေသာ ေန႔ျဖစ္သည့္ သူ၏အဖိုးျဖစ္သူ ကင္အီဆြန္း၏ ေမြးေန႔အခမ္းအနားတြင္ ၂၀၁၁ ခုႏွစ္တြင္ စတင္အာဏာရခ်ိန္မွ ပထမဆုံးအႀကိမ္ပ်က္ကြက္ရာမွ စတင္ပ်ံ႕ႏွံ႔လာသည္

ေျမာက္ကိုရီးယား ႏိုင္ငံပိုင္မီဒီယာကမူ ကင္သည္ ဆီးရီးယား၊ က်ဴးဘားႏွင့္ ေတာင္အာဖရိက ေခါင္းေဆာင္မ်ားထံသို႔ သ၀ဏ္လႊာမ်ားေပးပို႔ျခင္းႏွင့္ ပင္လယ္ကမ္းေျခၿမိဳ႕ျဖစ္ေသာ ၀န္ဆန္တြင္ ကမာၻလွည့္ ခရီးသည္မ်ားအတြက္ အေဆာက္အအုံမ်ား တည္ေဆာက္ေနေသာ အလုပ္သမားမ်ားကို ေက်းဇူးတင္ေၾကာင္း သ၀ဏ္လႊာေပးပို႔ျခင္းကဲ့သို႔ေသာ ေန႔စဥ္လုပ္ငန္းေဆာင္တာမ်ားကို လူေရွ႕မထြက္ဘဲ ပုံမွန္ေဆာင္႐ြက္ေနေၾကာင္း ဓါတ္ပုံမ်ားကို ေဖၚျပျခင္းမရွိဘဲ သတင္းေဖၚျပခဲ့သည္။

ကင္သည္ ၀န္ဆန္တြင္သြားေရာက္အပမ္းေျဖေနသည္ဟူေသာ သတင္းမ်ားလည္း ထြက္ေပၚခဲ့သည္။

Linko
Ref : aljazeera.com
ဆိုးလ္၊ ေမ - ၂