ကဘူးလ်တွင် ကားဗုံးဖောက်ခွဲမှုကြောင့် ကလေးနှင့် အမျိုးသမီးများ အပါအဝင် လူတစ်ရာနီးပါး ဒဏ်ရာရ

ကဘူးလ်တွင် ကားဗုံးဖောက်ခွဲမှုကြောင့် ကလေးနှင့် အမျိုးသမီးများ အပါအဝင် လူတစ်ရာနီးပါး ဒဏ်ရာရ

တာလီဘန်တွေက ကားတစ်စီးကို ဗုဒ္ဓဟူးနေ့က ဖောက်ခွဲတဲ့အတွက် ကဘူးမြို့ပေါ်သို့ မီးခိုးလုံးတက်လာကာ ပေါက်ကွဲမှုနဲ့ အတော်ဝေးတဲ့နေရာက ပြတင်းပေါက်တွေပါ လှုပ်ခါရမ်းတဲ့အထိ ပေါက်ကွဲမှုက ပြင်းထန်ခဲ့ပါတယ်။

လာမယ့် စက်တင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲကျင်းပဖို့  အမေရိကန်နဲ့ တာလီဘန်တွေကြား သဘောတူညှိုနိုင်းမှု ပေါ်ထွက်လာစဉ် အာဖဂန်နစ္စတန် မြို့တော် ကဘူးလ်မှာ ယခုလို တာလီဘန်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။

ကားဗုံးပေါက်ကွဲမှုက မြို့တော် ကဘူးလ် အနောက်ပိုင်း ရဲစခန်းဝင်ပေါက်အနီးမှာ ဒေသစံတော်ချိန် နံနက် ၄ နာရီ ခွဲမှာ ပေါက်ကွဲခဲ့ခြင်းဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နာဆာရတ်ရာဟီနီ က ဆိုပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝါဟီဒလာမာယာ က ဆေးရုံကို ထိခိုက်ဒဏ်ရာရသူ အနည်းဆုံး ၉၅ ဦးခန့် တင်ပို့ခဲ့ရတယ်ဆိုပြီး ဒီထဲမှာ ကလေးတွေနဲ့ အမျိုးသမီးတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

“ကျယ်လောင်တဲ့ ပေါက်ကွဲသံနဲ့အတူ ကျွန်တော့ဆိုင် ပြတင်းပေါက်မှန်တွေကွဲပြီး နေရာအနှံ့ လွင့်ထွက်သွားတယ်” လို့ ပေါက်ကွဲမှုအနီးအနားရှိ ဈေးဆိုင်ပိုင်ရှင် အာမက်ဆေလက် က ဆိုပါတယ်။

“ကျွန်တော် ခေါင်းလည်ထွက်သွားပြီး ဘာတွေဖြစ်နေမှန်း မသိတော့ဘူး။ဒါပေမယ့် ပေါက်ကွဲမှုနဲ့ တစ်ကီလိုမီတာ ပတ်လည်က ဆိုင် ၂၀ လောက် ပြတင်းပေါက်တွေ ပျက်စီးကွဲထွက်ကုန်တယ်” လို့ ၎င်းက ဆိုပါတယ်။

တာလီဘန်တွေက ဒီတိုက်ခိုက်မှုက ၎င်းတို့လက်ချက်လို့ ဆိုပါတယ်။အဆိုပါ အင်္ဂါနေ့ညနဲ့ ဗုဒ္ဓဟူးနေ့ နံနက်အစောပိုင်းမှာဘဲ ကဘူးလ် နိုင်ငံတကာလေဆိပ်အနီးက အိုင်အက်စ် တိုက်ခိုက်ခိုက်ရေးသမား နေထိုင်ရာ အိမ်ကို အာဖဂန်ကွန်မန်ဒိုတွေက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ အာဏာပိုင်တွေက အသေးစိတ်ထုတ်ပြောခဲ့ပါတယ်။

ကုလ ထုတ်ပြန်ချက်တွေအရ ပြီးခဲ့တဲ့ ဇူလိုင်လတစ်လထဲမှာ အာဖဂန်နိုင်ငံတွင်း အရပ်သား ၁၅၀၀ ကျော် သေဆုံး ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဆိုပြီး ဒါဟာ ၂၀၁၇ ခုနှစ် မေလနောက်ပိုင်း ထိခိုက်သေဆုံးမှု အများဆုံးလ ဖြစ်ခဲ့ပါတယ်။

Linko
Ref : trtworld
ကဘူးလ်၊ သြဂုတ် - ၇

( Zawgyi )

တာလီဘန္ေတြက ကားတစ္စီးကို ဗုဒၶဟူးေန႔က ေဖာက္ခြဲတဲ့အတြက္ ကဘူးၿမိဳ႕ေပၚသို႔ မီးခိုးလုံးတက္လာကာ ေပါက္ကြဲမႈနဲ႔ အေတာ္ေဝးတဲ့ေနရာက ျပတင္းေပါက္ေတြပါ လႈပ္ခါရမ္းတဲ့အထိ ေပါက္ကြဲမႈက ျပင္းထန္ခဲ့ပါတယ္။

လာမယ့္ စက္တင္ဘာ ၂၈ ရက္မွာ ေ႐ြးေကာက္ပြဲက်င္းပဖို႔  အေမရိကန္နဲ႔ တာလီဘန္ေတြၾကား သေဘာတူညႇိဳႏိုင္းမႈ ေပၚထြက္လာစဥ္ အာဖဂန္နစၥတန္ ၿမိဳ႕ေတာ္ ကဘူးလ္မွာ ယခုလို တာလီဘန္ေတြရဲ႕ အၾကမ္းဖက္တိုက္ခိုက္မႈ ျဖစ္ခဲ့တာပါ။

ကားဗုံးေပါက္ကြဲမႈက ၿမိဳ႕ေတာ္ ကဘူးလ္ အေနာက္ပိုင္း ရဲစခန္းဝင္ေပါက္အနီးမွာ ေဒသစံေတာ္ခ်ိန္ နံနက္ ၄ နာရီ ခြဲမွာ ေပါက္ကြဲခဲ့ျခင္းျဖစ္တယ္လို႔ ျပည္ထဲေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ နာဆာရတ္ရာဟီနီ က ဆိုပါတယ္။

က်န္းမာေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ဝါဟီဒလာမာယာ က ေဆး႐ုံကို ထိခိုက္ဒဏ္ရာရသူ အနည္းဆုံး ၉၅ ဦးခန႔္ တင္ပို႔ခဲ့ရတယ္ဆိုၿပီး ဒီထဲမွာ ကေလးေတြနဲ႔ အမ်ိဳးသမီးေတြ ပါဝင္တယ္လို႔ ဆိုပါတယ္။

“က်ယ္ေလာင္တဲ့ ေပါက္ကြဲသံနဲ႔အတူ ကြၽန္ေတာ့ဆိုင္ ျပတင္းေပါက္မွန္ေတြကြဲၿပီး ေနရာအႏွံ႔ လြင့္ထြက္သြားတယ္” လို႔ ေပါက္ကြဲမႈအနီးအနားရွိ ေဈးဆိုင္ပိုင္ရွင္ အာမက္ေဆလက္ က ဆိုပါတယ္။

“ကြၽန္ေတာ္ ေခါင္းလည္ထြက္သြားၿပီး ဘာေတြျဖစ္ေနမွန္း မသိေတာ့ဘူး။ဒါေပမယ့္ ေပါက္ကြဲမႈနဲ႔ တစ္ကီလိုမီတာ ပတ္လည္က ဆိုင္ ၂၀ ေလာက္ ျပတင္းေပါက္ေတြ ပ်က္စီးကြဲထြက္ကုန္တယ္” လို႔ ၎က ဆိုပါတယ္။

တာလီဘန္ေတြက ဒီတိုက္ခိုက္မႈက ၎တို႔လက္ခ်က္လို႔ ဆိုပါတယ္။အဆိုပါ အဂၤါေန႔ညနဲ႔ ဗုဒၶဟူးေန႔ နံနက္အေစာပိုင္းမွာဘဲ ကဘူးလ္ ႏိုင္ငံတကာေလဆိပ္အနီးက အိုင္အက္စ္ တိုက္ခိုက္ခိုက္ေရးသမား ေနထိုင္ရာ အိမ္ကို အာဖဂန္ကြန္မန္ဒိုေတြက ဝင္ေရာက္စီးနင္း တိုက္ခိုက္ခဲ့တယ္လို႔ အာဏာပိုင္ေတြက အေသးစိတ္ထုတ္ေျပာခဲ့ပါတယ္။

ကုလ ထုတ္ျပန္ခ်က္ေတြအရ ၿပီးခဲ့တဲ့ ဇူလိုင္လတစ္လထဲမွာ အာဖဂန္ႏိုင္ငံတြင္း အရပ္သား ၁၅၀၀ ေက်ာ္ ေသဆုံး ဒါမွမဟုတ္ ထိခိုက္ဒဏ္ရာရခဲ့တယ္လို႔ဆိုၿပီး ဒါဟာ ၂၀၁၇ ခုႏွစ္ ေမလေနာက္ပိုင္း ထိခိုက္ေသဆုံးမႈ အမ်ားဆုံးလ ျဖစ္ခဲ့ပါတယ္။

Linko
Ref : trtworld
ကဘူးလ္၊ ၾသဂုတ္ - ၇