ကမ္ဘာ့လေထု ညစ်ညမ်းမှုအဆိုးဆုံး နိုင်ငံ ၂၀၀ စာရင်းထဲက ပယ်ဖျက်နိုင်ဖို့ တရုတ်ရည်ရွယ်

ကမ္ဘာ့လေထု ညစ်ညမ်းမှုအဆိုးဆုံး နိုင်ငံ ၂၀၀ စာရင်းထဲက ပယ်ဖျက်နိုင်ဖို့ တရုတ်ရည်ရွယ်

ကမ္ဘာ့လေထု ညစ်ညမ်းမှုအမြင့်ဆုံး နိုင်ငံ ၂၀၀ စာရင်းထဲကနေ ပယ်ဖျက်နိုင်ရန် ရည်သန်ပြီး တရုတ်အစိုးရနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေက အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်နေပါတယ်။

စက်တင်ဘာ ၁၂ရက်နေ့ ထုတ်ပြန်တဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း အန္တရာယ်ဖြစ်စေနိုင်တဲ့ မြူခိုးရာခိုင်နှုန်း အနည်းဆုံးစံချိန် ချိုးခဲ့တယ်လို့လည်း သိရပါတယ်။

လူ့ကျန်းမာရေးနဲ့ အသက်ရှူလမ်းကြောင်းကို ထိခိုက်စေနိုင်တဲ့ လေထုအရည်အသွေးစံနှုန်း PM 2.5 အဆင့်ကို ၂၀၁၈ခုနှစ်ကထက် ၂၀ ရာခိုင်နှုန်း၊ ၂၀၁၇ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် သုံးပုံတစ်ပုံ လျော့ကျလာစေဖို့ အစိုးရက ရည်မှန်းလုပ်ဆောင်နေတာ ဖြစ်ပါတယ်။

လေထုညစ်ညမ်းမှု တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ အထူးသဖြင့် စီးပွားရေးလုပ်ငန်းတွေနဲ့ လူနေသိပ်သည်းတဲ့ ဘေကျင်းမြို့တော်ကို ဦးစားပေးအဖြစ် ၂၀၁၄ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့ပြီး၊ လေထုညစ်ညမ်းမှု ဖြစ်စေနိုင်တဲ့ လုပ်ငန်းကြီးတွေကို ပိတ်ပင်တာ၊ ပြန်လည်နေရာချထားတာတွေ လုပ်ဆောင်နေသလို၊ မြို့တော်နဲ့ အနီးတဝိုက် ဒေသတွေမှာ လောင်စာဆီ၊ ဒီဇယ် ထုတ်လွှတ်မှုတွေအတွက် သတ်မှတ်စံနှုန်း မြှင့်တင်တာ အပါအဝင် ကျောက်မီးသွေးအသုံးပြုမှုနှုန်း ကျဆင်းအောင်လို့လည်း လုပ်ဆောင်နေပါတယ်။ဒါပေမဲ့လည်း ၂၀၁၉ ခုနှစ် ဘေကျင်းမြို့တော် လေထုအရည်အသွေး ခန့်မှန်းချက်တွေအရ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ချမှတ်ထားတဲ့ သတ်မှတ်လေထုစံနှုန်း PM 2.5 လမ်းညွှန်ချက်ပါ တစ်ကုဗမီတာ လေထုအမှုန် ပါဝင်မှု ၁၀ မိုက်ခရိုဂရမ် စံနှုန်းထက် မြင့်နေသလို၊ တရုတ်ပြည်တွင်း သတ်မှတ်စံနှုန်းဖြစ်တဲ့ ၃၅ မိုက်ခရိုဂရမ်ထက်လည်း ကျော်လွန်နိုင်သေးတယ်လို့ ဆိုပါတယ်။

ယခုနှစ် ပထမ (၈) လအတွင်း ဘေကျင်းမြို့ရဲ့ ပျမ်းမျှလေထုအရည်အသွေး ၄၂.၆ မိုက်ခရိုဂရမ် ရှိပေမဲ့ မနှစ်ကထက် ၁၉.၃ ရာခိုင်နှုန်း လျော့နည်းလာခဲ့ပါတယ်။အစိုးရဘက်က လေထုညစ်ညမ်းမှု တိုက်ဖျက်ရေး လှုပ်ရှားမှု အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပြီး၊ စည်းကမ်းမလိုက်နာသူတွေကို သက်ညှာခွင့်ပေးမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

မကြာခင် အောက်တိုဘာ ၁ ရက်နေ့ စတင်မယ့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း နှစ် ၇၀ ပြည့် အခမ်းအနား ကျင်းပချိန် လေထုညစ်ညမ်းမှု အနည်းဆုံးဖြစ်ရေးအတွက် မီးရှူးမီးပန်းနဲ့ လောင်စာဆီ ရောင်းချမှုတွေကိုလည်း သက်ဆိုင်ရာက တားမြစ်ထားပါတယ်။  

ရည်မွန်
ဘေကျင်း၊ စက်တင်ဘာ - ၁၂
Ref : Reuters

( Zawgyi )

ကမာၻ႔ေလထု ညစ္ညမ္းမႈအျမင့္ဆုံး ႏိုင္ငံ ၂၀၀ စာရင္းထဲကေန ပယ္ဖ်က္ႏိုင္ရန္ ရည္သန္ၿပီး တ႐ုတ္အစိုးရနဲ႔ သက္ဆိုင္ရာတာဝန္ရွိသူေတြက အစြမ္းကုန္ႀကိဳးပမ္း ေဆာင္႐ြက္ေနပါတယ္။

စက္တင္ဘာ ၁၂ရက္ေန႔ ထုတ္ျပန္တဲ့ စာရင္းေတြအရ ၿပီးခဲ့တဲ့ ၾသဂုတ္လအတြင္း အႏၲရာယ္ျဖစ္ေစႏိုင္တဲ့ ျမဴခိုးရာခိုင္ႏႈန္း အနည္းဆုံးစံခ်ိန္ ခ်ိဳးခဲ့တယ္လို႔လည္း သိရပါတယ္။

လူ႔က်န္းမာေရးနဲ႔ အသက္ရွဴလမ္းေၾကာင္းကို ထိခိုက္ေစႏိုင္တဲ့ ေလထုအရည္အေသြးစံႏႈန္း PM 2.5 အဆင့္ကို ၂၀၁၈ခုႏွစ္ကထက္ ၂၀ ရာခိုင္ႏႈန္း၊ ၂၀၁၇ ခုႏွစ္နဲ႔ ႏႈိင္းယွဥ္ရင္ သုံးပုံတစ္ပုံ ေလ်ာ့က်လာေစဖို႔ အစိုးရက ရည္မွန္းလုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။

ေလထုညစ္ညမ္းမႈ တိုက္ဖ်က္ေရး လုပ္ငန္းေတြမွာ အထူးသျဖင့္ စီးပြားေရးလုပ္ငန္းေတြနဲ႔ လူေနသိပ္သည္းတဲ့ ေဘက်င္းၿမိဳ႕ေတာ္ကို ဦးစားေပးအျဖစ္ ၂၀၁၄ ခုႏွစ္ကတည္းက စတင္ေဆာင္႐ြက္ခဲ့ၿပီး၊ ေလထုညစ္ညမ္းမႈ ျဖစ္ေစႏိုင္တဲ့ လုပ္ငန္းႀကီးေတြကို ပိတ္ပင္တာ၊ ျပန္လည္ေနရာခ်ထားတာေတြ လုပ္ေဆာင္ေနသလို၊ ၿမိဳ႕ေတာ္နဲ႔ အနီးတဝိုက္ ေဒသေတြမွာ ေလာင္စာဆီ၊ ဒီဇယ္ ထုတ္လႊတ္မႈေတြအတြက္ သတ္မွတ္စံႏႈန္း ျမႇင့္တင္တာ အပါအဝင္ ေက်ာက္မီးေသြးအသုံးျပဳမႈႏႈန္း က်ဆင္းေအာင္လို႔လည္း လုပ္ေဆာင္ေနပါတယ္။ဒါေပမဲ့လည္း ၂၀၁၉ ခုႏွစ္ ေဘက်င္းၿမိဳ႕ေတာ္ ေလထုအရည္အေသြး ခန႔္မွန္းခ်က္ေတြအရ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) ခ်မွတ္ထားတဲ့ သတ္မွတ္ေလထုစံႏႈန္း PM 2.5 လမ္းၫႊန္ခ်က္ပါ တစ္ကုဗမီတာ ေလထုအမႈန္ ပါဝင္မႈ ၁၀ မိုက္ခ႐ိုဂရမ္ စံႏႈန္းထက္ ျမင့္ေနသလို၊ တ႐ုတ္ျပည္တြင္း သတ္မွတ္စံႏႈန္းျဖစ္တဲ့ ၃၅ မိုက္ခ႐ိုဂရမ္ထက္လည္း ေက်ာ္လြန္ႏိုင္ေသးတယ္လို႔ ဆိုပါတယ္။

ယခုႏွစ္ ပထမ (၈) လအတြင္း ေဘက်င္းၿမိဳ႕ရဲ႕ ပ်မ္းမွ်ေလထုအရည္အေသြး ၄၂.၆ မိုက္ခ႐ိုဂရမ္ ရွိေပမဲ့ မႏွစ္ကထက္ ၁၉.၃ ရာခိုင္ႏႈန္း ေလ်ာ့နည္းလာခဲ့ပါတယ္။အစိုးရဘက္က ေလထုညစ္ညမ္းမႈ တိုက္ဖ်က္ေရး လႈပ္ရွားမႈ အရွိန္အဟုန္ျမႇင့္ ေဆာင္႐ြက္ေနၿပီး၊ စည္းကမ္းမလိုက္နာသူေတြကို သက္ညႇာခြင့္ေပးမွာ မဟုတ္ဘူးလို႔လည္း ဆိုပါတယ္။

မၾကာခင္ ေအာက္တိုဘာ ၁ ရက္ေန႔ စတင္မယ့္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ တည္ေထာင္ျခင္း ႏွစ္ ၇၀ ျပည့္ အခမ္းအနား က်င္းပခ်ိန္ ေလထုညစ္ညမ္းမႈ အနည္းဆုံးျဖစ္ေရးအတြက္ မီးရွဴးမီးပန္းနဲ႔ ေလာင္စာဆီ ေရာင္းခ်မႈေတြကိုလည္း သက္ဆိုင္ရာက တားျမစ္ထားပါတယ္။  

ရည္မြန္
ေဘက်င္း၊ စက္တင္ဘာ - ၁၂
Ref : Reuters