ကမ္ဘာ့အကြီးဆုံးသော ကလေးသူငယ်လိင်အလွဲသုံးစားမှုကျူးလွန်တဲ့ဝက်ဘ်ဆိုဒ်တရားခံနဲ့ အသုံးပြုသူ ၃၀ဝ ကျော် ဖမ်းဆီးနိုင်ခဲ့

ကမ္ဘာ့အကြီးဆုံးသော ကလေးသူငယ်လိင်အလွဲသုံးစားမှုကျူးလွန်တဲ့ဝက်ဘ်ဆိုဒ်တရားခံနဲ့ အသုံးပြုသူ ၃၀ဝ ကျော် ဖမ်းဆီးနိုင်ခဲ့

ကလေးသူငယ်လိင်အလွဲသုံးစားမှုပြုလုပ်တဲ့ Dark Web ပေါ်က ဝက်ဘ်ဆိုဒ်တည်ထောင်သူနဲ့ အသုံးပြုသူ ၃၀ဝကျော်ကို တောင်ကိုရီးယား ရဲတပ်ဖွဲ့က စီးနင်းဖမ်းဆီးနိုင်ခဲ့ပါတယ်။ အမေရိကန်နဲ့ ဗြိတိန်ရဲတပ်ဖွဲ့အပါအဝင် နိုင်ငံပေါင်း ၃၂ နိုင်ငံက ရဲတပ်ဖွဲ့ပူးပေါင်းပါဝင်မှုနဲ့ အခုလို အလုံးအရင်းလိုက် ဖမ်းဆီးနိုင်ခဲ့တာဖြစ်ကြောင်း တောင်ကိုရီးယားယွန်ဟပ်သတင်းဌာနက ထုတ်ပြန်ပါတယ်။

တောင်ကိုရီးယားလူမျိုး ၂၂၃ ဦးအပါအဝင် အသုံးပြုသူ ၃၁၀ ကို ဖမ်းဆီးခဲ့ကြောင်းနဲ့ အခုလိုဖမ်းဆီးနိုင်ဖို့အတွက် ကမ္ဘာ့အကြီးဆုံးသော ကလေးသူငယ် လိင်အလွဲသုံးစားရောင်းဝယ်ရေး ဝက်ဘ်ဆိုဒ် Welcome to Video ကို ၂၀၁၇ စက်တင်ဘာလကတည်းက  စုံစမ်းစစ်ဆေးမှု စတင်ပြုလုပ်ခဲ့ကြောင်း ကိုရီးယားရဲဌာန ဆိုက်ဘာဗျူရိုက  အောက်တိုဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။  

မနှစ်တုန်းကလည်း အသက် ၂၃ နှစ်အရွယ် ဝက်ဘ်ဆိုဒ်တည်ထောင်သူ တောင်ကိုရီးယားလူမျိုးတစ်ဦးကို ရဲတပ်ဖွဲ့က ခြေရာခံခဲ့ပြီး၊ တရားစွဲ ဆိုနိုင်ခဲ့ ပါတယ်။ Sonလို့ခေါ်တဲ့ အဲဒီတရားခံဟာ ကလေးသူငယ်လိင်အလွဲသုံးစားပြုလုပ်တဲ့ ဝက်ဘ်ဆိုဒ်ကို  Dark Webပေါ် တင်ရောင်းစားခဲ့သူ ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံအလယ်ပိုင်း Chungcheong နယ်က သူနေတဲ့အိမ်မှာ ဆာဗာထောင်ထားပြီး၊ ၂၀၁၅ ဇူလိုင်ကနေ ပြီးခဲ့တဲ့နှစ် မတ်လအထိ အဲဒီဝက်ဆိုဒ်ကို သူ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီအတောအတွင်း လိင်အလွဲသုံးစားလုပ်ထားတဲ့ ဗီဒီယိုပေါင်း ၂ သိန်းကျော် ဖြန့်ချိမှုကနေ သူ့အတွက် ကန်ဒေါ်လာ ၃ သိန်းကျော်ဝင်ငွေရခဲ့တယ်လို့ သိရပြီး၊ သူ့ရဲ့ဝက်ဘ်ဆိုင်ဒ်မှာ အခပေးအသုံးပြုသူ ၄၀ဝ၀ လောက် ရှိနေပါတယ်။ အရွယ်မရောက်သေးသူ ကလေးသူငယ်လိင်အလွဲသုံးစားကျူးလွန်မှုနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး၊ ထောင်ဒဏ် တစ်နှစ်ခွဲ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

Dark web ဆိုတာကတော့ အင်တာနက်ပေါ်က ခြေရာခံလို့မရတဲ့ လှုပ်ရှားမှုတွေနဲ့ ဝက်ဘ်ဆိုဒ်တွေဖြစ်ပါတယ်။ အဲဒီ လှုပ်ရှားမှုတွေနဲ့ ဝဘ်ဆိုဒ်တွေ ကို ရှာဖွေရေးအင်ဂျင်တွေနဲ့ ရှာလို့မရသလို၊ ဝင်ခွင့်ရဖို့အတွက် အထူးဆော့ဖ်ဝဲတွေ လိုအပ်ပါတယ်။ Dark Web မူရင်းတီထွင် သူတွေက အမေရိကန်စစ်တပ်အာဏာပိုင်တွေ ဖြစ်ပါတယ်။ အခုအခါမှာတော့ Dark Webကိုအသုံးချပြီး လက်နက်၊ မူးယစ်ဆေး၊ ငွေကြေး တုအပြင် ဥပဒေနဲ့မညီတဲ့ ဒုစရိုက်ရောင်းဝယ်ရေးတွေ အကြီးအကျယ်ပြုလုပ်တဲ့နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

အခုလိုဖမ်းဆီးမှုနဲ့ပတ်သက်လို့ အသေးစိတ်အကြောင်းအရာတွေကို အမေရိကန်တရားရေးဌာနကလည်း ထုတ်ပြန်ကြေညာသလို၊ ပူးပေါင်း ပါဝင်ကြ တဲ့ နိုင်ငံတကာက ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

ရည်မွန်
Ref: Bernama
ဆိုးလ်၊ အောက်တိုဘာ ၁၇

(  Zawgyi  )

 ကေလးသူငယ္လိင္အလြဲသုံးစားမႈျပဳလုပ္တဲ့ Dark Web ေပၚက ဝက္ဘ္ဆိုဒ္တည္ေထာင္သူနဲ႔ အသုံးျပဳသူ ၃၀ဝေက်ာ္ကို ေတာင္ကိုရီးယား ရဲတပ္ဖြဲ႕က စီးနင္းဖမ္းဆီးႏိုင္ခဲ့ပါတယ္။ အေမရိကန္နဲ႔ ၿဗိတိန္ရဲတပ္ဖြဲ႕အပါအဝင္ ႏိုင္ငံေပါင္း ၃၂ ႏိုင္ငံက ရဲတပ္ဖြဲ႕ပူးေပါင္းပါဝင္မႈနဲ႔ အခုလို အလုံးအရင္းလိုက္ ဖမ္းဆီးႏိုင္ခဲ့တာျဖစ္ေၾကာင္း ေတာင္ကိုရီးယားယြန္ဟပ္သတင္းဌာနက ထုတ္ျပန္ပါတယ္။

ေတာင္ကိုရီးယားလူမ်ိဳး ၂၂၃ ဦးအပါအဝင္ အသုံးျပဳသူ ၃၁၀ ကို ဖမ္းဆီးခဲ့ေၾကာင္းနဲ႔ အခုလိုဖမ္းဆီးႏိုင္ဖို႔အတြက္ ကမာၻ႔အႀကီးဆုံးေသာ ကေလးသူငယ္ လိင္အလြဲသုံးစားေရာင္းဝယ္ေရး ဝက္ဘ္ဆိုဒ္ Welcome to Video ကို ၂၀၁၇ စက္တင္ဘာလကတည္းက  စုံစမ္းစစ္ေဆးမႈ စတင္ျပဳလုပ္ခဲ့ေၾကာင္း ကိုရီးယားရဲဌာန ဆိုက္ဘာဗ်ဴ႐ိုက  ေအာက္တိုဘာ ၁၆ ရက္ေန႔မွာ ထုတ္ျပန္ေၾကညာပါတယ္။  

မႏွစ္တုန္းကလည္း အသက္ ၂၃ ႏွစ္အ႐ြယ္ ဝက္ဘ္ဆိုဒ္တည္ေထာင္သူ ေတာင္ကိုရီးယားလူမ်ိဳးတစ္ဦးကို ရဲတပ္ဖြဲ႕က ေျခရာခံခဲ့ၿပီး၊ တရားစြဲ ဆိုႏိုင္ခဲ့ ပါတယ္။ Sonလို႔ေခၚတဲ့ အဲဒီတရားခံဟာ ကေလးသူငယ္လိင္အလြဲသုံးစားျပဳလုပ္တဲ့ ဝက္ဘ္ဆိုဒ္ကို  Dark Webေပၚ တင္ေရာင္းစားခဲ့သူ ျဖစ္ပါတယ္။ ေတာင္ကိုရီးယားႏိုင္ငံအလယ္ပိုင္း Chungcheong နယ္က သူေနတဲ့အိမ္မွာ ဆာဗာေထာင္ထားၿပီး၊ ၂၀၁၅ ဇူလိုင္ကေန ၿပီးခဲ့တဲ့ႏွစ္ မတ္လအထိ အဲဒီဝက္ဆိုဒ္ကို သူ စီစဥ္လာခဲ့တာ ျဖစ္ပါတယ္။ အဲဒီအေတာအတြင္း လိင္အလြဲသုံးစားလုပ္ထားတဲ့ ဗီဒီယိုေပါင္း ၂ သိန္းေက်ာ္ ျဖန႔္ခ်ိမႈကေန သူ႔အတြက္ ကန္ေဒၚလာ ၃ သိန္းေက်ာ္ဝင္ေငြရခဲ့တယ္လို႔ သိရၿပီး၊ သူ႔ရဲ႕ဝက္ဘ္ဆိုင္ဒ္မွာ အခေပးအသုံးျပဳသူ ၄၀ဝ၀ ေလာက္ ရွိေနပါတယ္။ အ႐ြယ္မေရာက္ေသးသူ ကေလးသူငယ္လိင္အလြဲသုံးစားက်ဴးလြန္မႈနဲ႔ ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့ၿပီး၊ ေထာင္ဒဏ္ တစ္ႏွစ္ခြဲ ခ်မွတ္ခဲ့တယ္လို႔ သိရပါတယ္။

Dark web ဆိုတာကေတာ့ အင္တာနက္ေပၚက ေျခရာခံလို႔မရတဲ့ လႈပ္ရွားမႈေတြနဲ႔ ဝက္ဘ္ဆိုဒ္ေတြျဖစ္ပါတယ္။ အဲဒီ လႈပ္ရွားမႈေတြနဲ႔ ဝဘ္ဆိုဒ္ေတြ ကို ရွာေဖြေရးအင္ဂ်င္ေတြနဲ႔ ရွာလို႔မရသလို၊ ဝင္ခြင့္ရဖို႔အတြက္ အထူးေဆာ့ဖ္ဝဲေတြ လိုအပ္ပါတယ္။ Dark Web မူရင္းတီထြင္ သူေတြက အေမရိကန္စစ္တပ္အာဏာပိုင္ေတြ ျဖစ္ပါတယ္။ အခုအခါမွာေတာ့ Dark Webကိုအသုံးခ်ၿပီး လက္နက္၊ မူးယစ္ေဆး၊ ေငြေၾကး တုအျပင္ ဥပေဒနဲ႔မညီတဲ့ ဒုစ႐ိုက္ေရာင္းဝယ္ေရးေတြ အႀကီးအက်ယ္ျပဳလုပ္တဲ့ေနရာတစ္ခု ျဖစ္လာခဲ့ပါတယ္။

အခုလိုဖမ္းဆီးမႈနဲ႔ပတ္သက္လို႔ အေသးစိတ္အေၾကာင္းအရာေတြကို အေမရိကန္တရားေရးဌာနကလည္း ထုတ္ျပန္ေၾကညာသလို၊ ပူးေပါင္း ပါဝင္ၾက တဲ့ ႏိုင္ငံတကာက ရဲတပ္ဖြဲ႕ဝင္ေတြကိုလည္း ေက်းဇူးတင္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ရည္မြန္
Ref: Bernama
ဆိုးလ္၊ ေအာက္တိုဘာ ၁၇