ကယ်လီဖိုးနီးယား နွေရာသီအစားအသောက်ပွဲတော်မှာ ပစ်ခတ်မှုဖြစ်၊ လူ (၅) ဦးထက်မနည်း ပစ်ခတ်ခံရ

ကယ်လီဖိုးနီးယား နွေရာသီအစားအသောက်ပွဲတော်မှာ ပစ်ခတ်မှုဖြစ်၊ လူ (၅) ဦးထက်မနည်း ပစ်ခတ်ခံရ

ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းက ကြက်သွန်ဖြူပွဲတော်မှာ ဇူလိုင်လ ၂၈ ရက်နေ့က ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။

ကနဦးသတင်းတွေမှာ လူ (၁၁) ဦးလောက် ပစ်ခံရတယ်လို့ သိရပြီး၊ နောက်ဆုံးရသတင်းတွေမှာတော့ လူ (၅) ဦးထက်မနည်း သေနတ်မှန်ခဲ့တယ်လို့ အမည်မဖော်လိုသူ ဆေးရုံပြောခွင့်ရ အမျိုးသမီးက ပြောပါတယ်။

ပစ်ခတ်မှုသတင်းကြောင့် အဲဒီနေ့ညနေ ၅ နာရီ ၃၀ မိနစ်လောက်မှာ ရဲတွေနဲ့ အရေးပေါ်ကယ်ဆယ်ရေးတွေ အခင်းဖြစ်တဲ့နေရာကို ရောက်လာတယ်လို့ NBC သတင်းတွေက ပြောပါတယ်။

သေနတ်သမားဟာ အသက် ၃၀ ကျော် လူဖြူတစ်ဦးဆိုတာနဲ့ သူက ဆီမီးလ်အော်တိုသေနတ်ကိုင်ပြီး ပွဲခင်းထဲဝင်လာတာလို့ မျက်မြင်တစ်ဦးကလည်း ပြောပါတယ်။

‘ဒီလိုပစ်ခတ်မှုလုပ်ဖို့ သူကြိုတင်ပြင်ဆင်လာပုံရတယ်။ပစ်ခတ်မှုက သိပ်ကိုမြန်ဆန်လွန်းတယ်။ဘယ်ကနေညာ၊ ညာကနေဘယ် တွေ့သမျှပစ်တာလို့’ အဲဒီမျက်မြင်က ပြောပါတယ်။

ပွဲခင်းထဲရောက်နေတဲ့လူတွေ သေနတ်သံကြားချိန်မှာ ပထမတော့ မီးရှူးမီးပန်းဖောက်တယ် ထင်တာလို့ သတင်းတွေက ဆိုပါတယ်။

ဆိုရှယ်မီဒီယာက ဗီဒီယိုတွေမှာ လူတွေ အလန့်တကြားနဲ့ ထွက်ပြေးတာ၊ စားပွဲတွေပစ်ပေါက်ပြီး အကာအကွယ်ယူ ထွက်ပြေးတာနဲ့ ခြံစည်းရိုးကိုဖြတ်ပြီး ထွက်ပြေးတာတွေ တွေ့မြင်ရပါတယ်။

အသက် ၁၃ နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦးကလည်း သူငယ်ချင်းတွေ၊ ဆွေမျိုးတွေနဲ့အတူ ဒီပွဲမှာ တစ်နေကုန်နေဖို့ လာခဲ့တာပါ။

ခြေထောက်ပတ်တီးစီးထားတဲ့ ဒဏ်ရာနဲ့ လူတစ်ယောက်ကို မြင်တာနဲ့ သူတို့ထွက်ပြေးလာခဲ့တာပါ။ပစ်ခတ်မှုဖြစ်တဲ့အချိန် ၃ မိနစ်၊ ၅ မိနစ်လောက်က ရုပ်ရှင်ထဲကအတိုင်းပဲ။လူတွေ အသည်းအသန် အော်ဟစ်နေကြတာလို့ သူက ဆိုပါတယ်။

‘ပထမတော့ စပျစ်စင်ရှေ့ကနေ မီးရှူးမီးပန်းဖောက်သံလို ကြားလိုက်ရတာပါ။နောက်တော့ အသံက တဖြည်းဖြည်းကျယ်လာပြီး၊ ပိုမြန်လာတယ်။သေနတ်သံနဲ့ ပိုတူလာတယ်’ လို့ အဲဒီမှာရောက်နေတဲ့ အသံဖမ်းအင်ဂျင်နီယာကလည်း ပြောပါတယ်။

ကမ္ဘာ့အကြီးဆုံး နွေရာသီအစားအသောက်ပွဲတော်ဖြစ်တဲ့ Gilroy Garlic Festival ပွဲတော်ကို ၁၉၇၉ ခုနှစ်ကတည်းက ကျင်းပလာခဲ့တာ ဖြစ်ပါတယ်။ပွဲတော်အတွင်း အစားအသောက်မျိုးစုံ၊ ဟင်းချက်ပြိုင်ပွဲတွေနဲ့ ဖျော်ဖြေရေးအစီအစဉ်တွေ ပါဝင်တယ်လို့လည်း သိရပါတယ်။

ရည်မွန်သော်
Ref : Trtworld
ကယ်လီဖိုးနီးယား၊ ဇူလိုင် - ၂၉

( Zawgyi )

ကယ္လီဖိုးနီးယားျပည္နယ္ ေျမာက္ပိုင္းက ၾကက္သြန္ျဖဴပြဲေတာ္မွာ ဇူလိုင္လ ၂၈ ရက္ေန႔က ပစ္ခတ္မႈျဖစ္ခဲ့ပါတယ္။

ကနဦးသတင္းေတြမွာ လူ (၁၁) ဦးေလာက္ ပစ္ခံရတယ္လို႔ သိရၿပီး၊ ေနာက္ဆုံးရသတင္းေတြမွာေတာ့ လူ (၅) ဦးထက္မနည္း ေသနတ္မွန္ခဲ့တယ္လို႔ အမည္မေဖာ္လိုသူ ေဆး႐ုံေျပာခြင့္ရ အမ်ိဳးသမီးက ေျပာပါတယ္။

ပစ္ခတ္မႈသတင္းေၾကာင့္ အဲဒီေန႔ညေန ၅ နာရီ ၃၀ မိနစ္ေလာက္မွာ ရဲေတြနဲ႔ အေရးေပၚကယ္ဆယ္ေရးေတြ အခင္းျဖစ္တဲ့ေနရာကို ေရာက္လာတယ္လို႔ NBC သတင္းေတြက ေျပာပါတယ္။

ေသနတ္သမားဟာ အသက္ ၃၀ ေက်ာ္ လူျဖဴတစ္ဦးဆိုတာနဲ႔ သူက ဆီမီးလ္ေအာ္တိုေသနတ္ကိုင္ၿပီး ပြဲခင္းထဲဝင္လာတာလို႔ မ်က္ျမင္တစ္ဦးကလည္း ေျပာပါတယ္။

‘ဒီလိုပစ္ခတ္မႈလုပ္ဖို႔ သူႀကိဳတင္ျပင္ဆင္လာပုံရတယ္။ပစ္ခတ္မႈက သိပ္ကိုျမန္ဆန္လြန္းတယ္။ဘယ္ကေနညာ၊ ညာကေနဘယ္ ေတြ႕သမွ်ပစ္တာလို႔’ အဲဒီမ်က္ျမင္က ေျပာပါတယ္။

ပြဲခင္းထဲေရာက္ေနတဲ့လူေတြ ေသနတ္သံၾကားခ်ိန္မွာ ပထမေတာ့ မီးရွဴးမီးပန္းေဖာက္တယ္ ထင္တာလို႔ သတင္းေတြက ဆိုပါတယ္။

ဆိုရွယ္မီဒီယာက ဗီဒီယိုေတြမွာ လူေတြ အလန႔္တၾကားနဲ႔ ထြက္ေျပးတာ၊ စားပြဲေတြပစ္ေပါက္ၿပီး အကာအကြယ္ယူ ထြက္ေျပးတာနဲ႔ ၿခံစည္း႐ိုးကိုျဖတ္ၿပီး ထြက္ေျပးတာေတြ ေတြ႕ျမင္ရပါတယ္။

အသက္ ၁၃ ႏွစ္အ႐ြယ္ ဆယ္ေက်ာ္သက္တစ္ဦးကလည္း သူငယ္ခ်င္းေတြ၊ ေဆြမ်ိဳးေတြနဲ႔အတူ ဒီပြဲမွာ တစ္ေနကုန္ေနဖို႔ လာခဲ့တာပါ။

ေျခေထာက္ပတ္တီးစီးထားတဲ့ ဒဏ္ရာနဲ႔ လူတစ္ေယာက္ကို ျမင္တာနဲ႔ သူတို႔ထြက္ေျပးလာခဲ့တာပါ။ပစ္ခတ္မႈျဖစ္တဲ့အခ်ိန္ ၃ မိနစ္၊ ၅ မိနစ္ေလာက္က ႐ုပ္ရွင္ထဲကအတိုင္းပဲ။လူေတြ အသည္းအသန္ ေအာ္ဟစ္ေနၾကတာလို႔ သူက ဆိုပါတယ္။

‘ပထမေတာ့ စပ်စ္စင္ေရွ႕ကေန မီးရွဴးမီးပန္းေဖာက္သံလို ၾကားလိုက္ရတာပါ။ေနာက္ေတာ့ အသံက တျဖည္းျဖည္းက်ယ္လာၿပီး၊ ပိုျမန္လာတယ္။ေသနတ္သံနဲ႔ ပိုတူလာတယ္’ လို႔ အဲဒီမွာေရာက္ေနတဲ့ အသံဖမ္းအင္ဂ်င္နီယာကလည္း ေျပာပါတယ္။

ကမာၻ႔အႀကီးဆုံး ေႏြရာသီအစားအေသာက္ပြဲေတာ္ျဖစ္တဲ့ Gilroy Garlic Festival ပြဲေတာ္ကို ၁၉၇၉ ခုႏွစ္ကတည္းက က်င္းပလာခဲ့တာ ျဖစ္ပါတယ္။ပြဲေတာ္အတြင္း အစားအေသာက္မ်ိဳးစုံ၊ ဟင္းခ်က္ၿပိဳင္ပြဲေတြနဲ႔ ေဖ်ာ္ေျဖေရးအစီအစဥ္ေတြ ပါဝင္တယ္လို႔လည္း သိရပါတယ္။

ရည္မြန္ေသာ္
Ref : Trtworld
ကယ္လီဖိုးနီးယား၊ ဇူလိုင္ - ၂၉