ကာဘာလာတွင် ဗုံးပေါက်ကွဲသဖြင့် ၁၂ ဦးသေဆုံးကာ ၅ ဦဒဏ်ရာရ

ကာဘာလာတွင် ဗုံးပေါက်ကွဲသဖြင့် ၁၂ ဦးသေဆုံးကာ ၅ ဦဒဏ်ရာရ

အီရတ် ရှီဟိုက်မြိုတစ်မြို့ဖြစ်တဲ့ ကာဘလာအနီး မှာ သောကြာနေ့က မီနီဘတ်စ်ကားတစ်စီးပေါ် ဗုံး တစ်လုံးပေါက်ကွဲခဲ့ရာ အနည်းဆုံး ၁၂ ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့တယ်လို့ အီရတ်စစ်တပ်နဲ့ အစိုးရ သတင်းအေဂျင်စီက ဆိုပါတယ်။

အဆိုပါဗုံးပေါက်ကွဲမှုမှာ ၂၀၁၇ ခုနှစ်တွင် အီရတ်မှ အိုင်အက်စ်တပ်ဖွဲ့ကို ရှုံးနိမ့်ကြောင်းကြေငြာခဲ့ပြီး နောက် အရပ်သားများကို ပစ်မှတ်ထားတဲ့ အကြီးမားဆုံးသေဆုံးမှုကြီးတစ်ခုဖြစ်ပါတယ်။အဆိုအဖွဲ့က အီရတ်နိုင်ငံတစ်ဝန်း သိုဝှက်ကာနေထိုင်ပြီး ကျိုကြားကျိုကြားတိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။

ပေါက်ကွဲမှုက ကာဘလာမြို့တောင်ဘက် ၁၀ ကီလိုမီတာအကွာမှာရှိတဲ့ အယ်လ်ဟီလာ မြို့အဝင် စစ်ဆေးရေးဂိတ်အနီးမှာ ပေါက်ကွဲခဲ့တာလို့ အီရတ်ပူးတွဲစစ်ဆင်ရေး(JOC) သ တင်း ပြန်ကြားရေးရုံး က ထုတ်ပြန်ခဲ့ပါတယ်။

ကားဗုံးပေါက်မှုပြီးနောက် အီရတ်တာဝန်ရှိတဲ့သူတစ်ဦးက အေပီသတင်းဌာနကိုပြောခဲ့ရာမှာ  ပေါက် ကွဲမှုက ကားအဝင်ဝပေါက် အနီး ခရီးသည်ထိုင်ခုံအောက်မှာထားခဲ့တဲ့ အိတ်တစ်လုံးကနေ ထပေါက် ခဲ့တာ ဖြစ်ပါတယ်။အဆိုပါဗုံးကို စစ်ဆေးရေးစခန်းအနီးမှာ အဝေးထိန်းသုံးပြီး ဖောက်ခွဲခဲ့တာပါ။

အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါဧရိယာအတွင်း ပိတ်ဆို့ကာ မည်သည့်အကြောင်းဖြင့် ပေါက် ကွဲခဲ့သည့်ကို စစ်ဆေးနေပြီး အခြေအနေမှာ အားလုံးပုံမှန်အတိုင်းရှိနေတယ်လို့ အမည်မဖော်လိုသူ အရာရှိ တစ်ဦးက ဆိုပါတယ်။ယခုတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့က မှ တာဝန်ခံမှု မရှိသေး ပါဘူး။

Linko
Ref:ANI-India Today
ဘဂ္ဂဒက်၊စက်တင်ဘာ ၂၁

(  Zawgyi  )

 အီရတ္ ရွီဟိုက္ၿမိဳတစ္ၿမိဳ႕ျဖစ္တဲ့ ကာဘလာအနီး မွာ ေသာၾကာေန႔က မီနီဘတ္စ္ကားတစ္စီးေပၚ ဗုံး တစ္လုံးေပါက္ကြဲခဲ့ရာ အနည္းဆုံး ၁၂ ဦးေသဆုံးၿပီး ငါးဦးဒဏ္ရာရခဲ့တယ္လို႔ အီရတ္စစ္တပ္နဲ႔ အစိုးရ သတင္းေအဂ်င္စီက ဆိုပါတယ္။

အဆိုပါဗုံးေပါက္ကြဲမႈမွာ ၂၀၁၇ ခုႏွစ္တြင္ အီရတ္မွ အိုင္အက္စ္တပ္ဖြဲ႕ကို ရႈံးနိမ့္ေၾကာင္းေၾကျငာခဲ့ၿပီး ေနာက္ အရပ္သားမ်ားကို ပစ္မွတ္ထားတဲ့ အႀကီးမားဆုံးေသဆုံးမႈႀကီးတစ္ခုျဖစ္ပါတယ္။အဆိုအဖြဲ႕က အီရတ္ႏိုင္ငံတစ္ဝန္း သိုဝွက္ကာေနထိုင္ၿပီး က်ိဳၾကားက်ိဳၾကားတိုက္ခိုက္မႈေတြ လုပ္ခဲ့ပါတယ္။

ေပါက္ကြဲမႈက ကာဘလာၿမိဳ႕ေတာင္ဘက္ ၁၀ ကီလိုမီတာအကြာမွာရွိတဲ့ အယ္လ္ဟီလာ ၿမိဳ႕အဝင္ စစ္ေဆးေရးဂိတ္အနီးမွာ ေပါက္ကြဲခဲ့တာလို႔ အီရတ္ပူးတြဲစစ္ဆင္ေရး(JOC) သ တင္း ျပန္ၾကားေရး႐ုံး က ထုတ္ျပန္ခဲ့ပါတယ္။

ကားဗုံးေပါက္မႈၿပီးေနာက္ အီရတ္တာဝန္ရွိတဲ့သူတစ္ဦးက ေအပီသတင္းဌာနကိုေျပာခဲ့ရာမွာ  ေပါက္ ကြဲမႈက ကားအဝင္ဝေပါက္ အနီး ခရီးသည္ထိုင္ခုံေအာက္မွာထားခဲ့တဲ့ အိတ္တစ္လုံးကေန ထေပါက္ ခဲ့တာ ျဖစ္ပါတယ္။အဆိုပါဗုံးကို စစ္ေဆးေရးစခန္းအနီးမွာ အေဝးထိန္းသုံးၿပီး ေဖာက္ခြဲခဲ့တာပါ။

အီရတ္လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက အဆိုပါဧရိယာအတြင္း ပိတ္ဆို႔ကာ မည္သည့္အေၾကာင္းျဖင့္ ေပါက္ ကြဲခဲ့သည့္ကို စစ္ေဆးေနၿပီး အေျခအေနမွာ အားလုံးပုံမွန္အတိုင္းရွိေနတယ္လို႔ အမည္မေဖာ္လိုသူ အရာရွိ တစ္ဦးက ဆိုပါတယ္။ယခုတိုက္ခိုက္မႈနဲ႔ ပတ္သက္ၿပီး ဘယ္အဖြဲ႕က မွ တာဝန္ခံမႈ မရွိေသး ပါဘူး။

Linko
Ref:ANI-India Today
ဘဂၢဒက္၊စက္တင္ဘာ ၂၁