ကာ့ဒ် သူပုန်များကို ဆီးရီးယားနယ်စပ်မှ ဖယ်ရှားပေးရေး ရုရှားနှင့် တူရကီ သဘောတူ

ကာ့ဒ် သူပုန်များကို ဆီးရီးယားနယ်စပ်မှ ဖယ်ရှားပေးရေး ရုရှားနှင့် တူရကီ သဘောတူ

ရုရှားနှင့် တူရကီတို့အကြား အောက်တိုဘာ ၂၂ ရက်က ပြုလုပ်ခဲ့သည့် သဘောတူညီချက်အရ တူရကီနှင့် ကပ်နေသည့် နယ်စပ်မှ ကာ့ဒ် YPG သူပုန်များနှင့် ၎င်းတို့၏ လက်နက်များကို  ဆီးရီးယားနှင့် ရုရှားတပ်များက ဖယ်ရှားတော့မှာ ဖြစ်ပါတယ်။ တူရကီအစိုးရ က တောင်းဆိုထား သကဲ့သို့ ဆီးရီးယားမြောက်ပိုင်းရှိ ဘေးကင်းဇုန်မှ ကာ့ဒ်သူပုန်များကို လုံးဝဖယ်ရှားပြီး ဖြစ်ကြောင်း အမေရိကန်က အကြောင်းကြားလာသည်ဟု ရုရှားနှင့် သဘောတူညီချက်ကို ကြေညာပြီးနောက် တူရကီ ကာကွယ်ရေးဝန်ကြီးက ပြောကြားပါတယ်။

 လက်ရှိအဆင့်တွင် စစ်ရေးလှုပ်ရှားနေသည့် နယ်မြေအပြင်ဘက်၌ နောက်ထပ်စစ်ဆင်ရေးများ လုပ်ဆောင်ရန် မလိုသေးကြောင်း  တူရကီစစ်ဘက်၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အောက်တိုဘာ ၉ ရက်မှ စတင်၍ ထိုးစစ်ဆင်မှုများ ရပ်ဆိုင်းခဲ့ရာ ဝေဖန်မှုများ မြင့်တက်လျှက်ရှိပါတယ်။

အမေရိကန်က ကြားဝင်ညှိနှိုင်းပေးသည့် အပစ်အခတ်ရပ်စဲရေးကာလသည် အောက်တိုဘာ ၂၃ ရက်က သက်တမ်းကုန်ဆုံးခဲ့ပြီး အမေရိကန်တပ်ဖွဲ့များကို တူရကီနယ်စပ်မှ ရုပ်သိမ်းမည်ဟု အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ကြေညာပြီး နောက် ဆီးရီးယားတွင် မရေရာသည့် အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပါတယ်။

ပင်လယ်နက်ဒေသ ဆိုချီအပန်းဖြေစခန်း၌ ရုရှားနှင့် တူရကီတို့အကြား ရေးထိုးခဲ့သည့် သဘောတူညီ ချက်တွင် နယ်စပ်မှ ဆီးရီးယား သမ္မတ ဘာရှာအယ်လ်အာဆက်၏ တပ်ဖွဲ့များနှင့် ရုရှားတပ်ဖွဲ့များ ရုပ်သိမ်းပြီး ဒေသတွင်း နှစ်ပေါင်းများစွာ ကာ့ဒ်မဟာမိတ်ဟောင်းများနှင့် ကင်းလှည့်ခဲ့သည့် အမေရိကန်တပ်များကို အစားထိုးရန် သဘောတူညီခဲ့ပါတယ်။

ရုရှားသမ္မတဘလာဒီမာပူတင်နှင့် တူရကီသမ္မတတေယစ်အာဒိုဂန်တို့အကြား ရေးထိုးခဲ့သည့် သဘောတူစာချုပ် တွင် ရုရှားစစ်ရဲများနှင့် ဆီးရီးယား နယ်ခြားစောင့်တပ်များက တူရကီနယ်စပ်မှ အောက်တိုဘာ ၂၃ ရက်တွင် ဖယ်ရှားရန် သဘောတူညီခဲ့ပါတယ်။၆ရက် အကြာတွင် ရုရှားနှင့် တူရကီတပ်ဖွဲ့များသည် ဆီးရီးယားနိုင်ငံမြောက်ပိုင်း ဘေးကင်းဇုန်၏ ၁၀ ကီလိုမီတာ နယ်မြေတွင် ပူးတွဲကင်းလှည့်သွားမှာ ဖြစ်ပါတယ်။
အမေရိကန်သမ္မတမိုက်ခ်ပင့်စ်က အဆိုပါ ဘေးကင်းဇုန်ထူထောင်မှုအပေါ် ထောက်ခံကြောင်း ပြောကြားပါတယ်။ “ငြိမ်းချမ်းရေးနဲ့ လုံခြုံမှု ရှိစေဖို့ တူရကီနှင့် ဆီးရီးယားကာ့ဒ်သူများတို့အကြား ဘေးကင်းဇုန်ထူထောင်ဖို့ အခွင့်အရေး နိုင်ငံတကာအသိုင်းအဝိုင်းကို ပေးရပါမယ်” ဟု ပင့်စ်က ပြောပါတယ်။

Linko
Ref:Reuters
မော်စကို၊အောက်တိုဘာ ၂၃

(  Zawgyi  )

 ႐ုရွားႏွင့္ တူရကီတို႔အၾကား ေအာက္တိုဘာ ၂၂ ရက္က ျပဳလုပ္ခဲ့သည့္ သေဘာတူညီခ်က္အရ တူရကီႏွင့္ ကပ္ေနသည့္ နယ္စပ္မွ ကာ့ဒ္ YPG သူပုန္မ်ားႏွင့္ ၎တို႔၏ လက္နက္မ်ားကို  ဆီးရီးယားႏွင့္ ႐ုရွားတပ္မ်ားက ဖယ္ရွားေတာ့မွာ ျဖစ္ပါတယ္။ တူရကီအစိုးရ က ေတာင္းဆိုထား သကဲ့သို႔ ဆီးရီးယားေျမာက္ပိုင္းရွိ ေဘးကင္းဇုန္မွ ကာ့ဒ္သူပုန္မ်ားကို လုံးဝဖယ္ရွားၿပီး ျဖစ္ေၾကာင္း အေမရိကန္က အေၾကာင္းၾကားလာသည္ဟု ႐ုရွားႏွင့္ သေဘာတူညီခ်က္ကို ေၾကညာၿပီးေနာက္ တူရကီ ကာကြယ္ေရးဝန္ႀကီးက ေျပာၾကားပါတယ္။

 လက္ရွိအဆင့္တြင္ စစ္ေရးလႈပ္ရွားေနသည့္ နယ္ေျမအျပင္ဘက္၌ ေနာက္ထပ္စစ္ဆင္ေရးမ်ား လုပ္ေဆာင္ရန္ မလိုေသးေၾကာင္း  တူရကီစစ္ဘက္၏ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ေအာက္တိုဘာ ၉ ရက္မွ စတင္၍ ထိုးစစ္ဆင္မႈမ်ား ရပ္ဆိုင္းခဲ့ရာ ေဝဖန္မႈမ်ား ျမင့္တက္လွ်က္ရွိပါတယ္။

အေမရိကန္က ၾကားဝင္ညႇိႏႈိင္းေပးသည့္ အပစ္အခတ္ရပ္စဲေရးကာလသည္ ေအာက္တိုဘာ ၂၃ ရက္က သက္တမ္းကုန္ဆုံးခဲ့ၿပီး အေမရိကန္တပ္ဖြဲ႕မ်ားကို တူရကီနယ္စပ္မွ ႐ုပ္သိမ္းမည္ဟု အေမရိကန္ သမၼတေဒၚနယ္ထရမ့္က ေၾကညာၿပီး ေနာက္ ဆီးရီးယားတြင္ မေရရာသည့္ အေျပာင္းအလဲမ်ား ျဖစ္ေပၚခဲ့ပါတယ္။

ပင္လယ္နက္ေဒသ ဆိုခ်ီအပန္းေျဖစခန္း၌ ႐ုရွားႏွင့္ တူရကီတို႔အၾကား ေရးထိုးခဲ့သည့္ သေဘာတူညီ ခ်က္တြင္ နယ္စပ္မွ ဆီးရီးယား သမၼတ ဘာရွာအယ္လ္အာဆက္၏ တပ္ဖြဲ႕မ်ားႏွင့္ ႐ုရွားတပ္ဖြဲ႕မ်ား ႐ုပ္သိမ္းၿပီး ေဒသတြင္း ႏွစ္ေပါင္းမ်ားစြာ ကာ့ဒ္မဟာမိတ္ေဟာင္းမ်ားႏွင့္ ကင္းလွည့္ခဲ့သည့္ အေမရိကန္တပ္မ်ားကို အစားထိုးရန္ သေဘာတူညီခဲ့ပါတယ္။

႐ုရွားသမၼတဘလာဒီမာပူတင္ႏွင့္ တူရကီသမၼတေတယစ္အာဒိုဂန္တို႔အၾကား ေရးထိုးခဲ့သည့္ သေဘာတူစာခ်ဳပ္ တြင္ ႐ုရွားစစ္ရဲမ်ားႏွင့္ ဆီးရီးယား နယ္ျခားေစာင့္တပ္မ်ားက တူရကီနယ္စပ္မွ ေအာက္တိုဘာ ၂၃ ရက္တြင္ ဖယ္ရွားရန္ သေဘာတူညီခဲ့ပါတယ္။၆ရက္ အၾကာတြင္ ႐ုရွားႏွင့္ တူရကီတပ္ဖြဲ႕မ်ားသည္ ဆီးရီးယားႏိုင္ငံေျမာက္ပိုင္း ေဘးကင္းဇုန္၏ ၁၀ ကီလိုမီတာ နယ္ေျမတြင္ ပူးတြဲကင္းလွည့္သြားမွာ ျဖစ္ပါတယ္။
အေမရိကန္သမၼတမိုက္ခ္ပင့္စ္က အဆိုပါ ေဘးကင္းဇုန္ထူေထာင္မႈအေပၚ ေထာက္ခံေၾကာင္း ေျပာၾကားပါတယ္။ “ၿငိမ္းခ်မ္းေရးနဲ႔ လုံၿခဳံမႈ ရွိေစဖို႔ တူရကီႏွင့္ ဆီးရီးယားကာ့ဒ္သူမ်ားတို႔အၾကား ေဘးကင္းဇုန္ထူေထာင္ဖို႔ အခြင့္အေရး ႏိုင္ငံတကာအသိုင္းအဝိုင္းကို ေပးရပါမယ္” ဟု ပင့္စ္က ေျပာပါတယ္။

Linko
Ref:Reuters
ေမာ္စကို၊ေအာက္တိုဘာ ၂၃