ကိုဗစ်-၁၉ ကာကွယ်ဆေးကို ကမ္ဘာတဝှမ်းရရှိအောင်လုပ်ဆောင်ပေးမည်ဟု Sanofi ပြော

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ကမ္ဘာတဝှမ်းရရှိအောင်လုပ်ဆောင်ပေးမည်ဟု Sanofi ပြော

ပြင်သစ်နိုင်ငံမှ နိုင်ငံတကာ ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းဖြစ်သော Sanofi ၏ အမှုဆောင် အရာရှိချုပ် Paul Hudson က သူ၏လုပ်ငန်းမှ ထုတ်လုပ်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို အခြားနိုင်ငံများထက် အမေရိကန် ပြည်ထောင်စုအား ဦးစားပေးရောင်းချသွားမည်ဟု ကြေညာ သောကြောင့် ပြင်သစ်အစိုးရကို ဒေါသထွက်စေပြီးနောက် ပြင်သစ်သမ္မတ မက်ခရွန်သည် Sanofi မှ အရာရှိများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သမ္မတရုံးက ပြောကြားသည်။

ကြာသပတေးနေ့တွင်မူ Hudson က သူ၏စကားကိုအနည်းငယ်ပြင်ပြီး ကမ္ဘာ့ အစိတ်အပိုင်း အားလုံးတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိရေးသည် အရေးကြီးကြောင်း ပြန်လည်ပြောဆိုသည်။

“ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပအကြားဆိုတာ ရွေးချယ်စရာမဟုတ်ဘူး။ ဥရောပမှ ဒီဗိုင်းရပ်စ်ကို အနိုင်ယူဖို့ ကျနော်ဦးဆောင်လှုပ်ရှားနေတာ လအတန်ကြာပါပြီး။ တကမ္ဘာလုံးက လူတိုင်းအတွက် ကာကွယ်ဆေးရအောင် လုပ်ဆောင်ပေး ဖို့လိုတယ်” ဟု ပြင်သစ် Financial Times နှင့်တွေ့ဆုံမေးမြန်းခန်းတွင် သူပြောသည်။ “ကိုဗစ်-၁၉ ကာကွယ်ဆေးသာ အောင်မြင်ရင် Sanofi ဟာ ကမ္ဘာမှာ တတိယ အကြီးမားဆုံးဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းဖြစ်တဲ့အတွက် တကမ္ဘာလုံးအတွက် ထုတ်လုပ်ပေးနိုင်တဲ့စွမ်းရည်ရှိပါတယ်” ဟုလည်း သူပြောသည်။

လွန်ခဲ့သောတရက်ကမူ Sanofi ၏အမှုဆောင်အရာရှိချုပ်က အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု အဖွဲ့မှ အရာရှိများအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဦးစားပေး လေ့လာ သုံသပ်ခွင့်ပေးထားကြောင်း ပြောကြားခဲ့သောကြောင့် မကျေမနပ်ပြောဆိုမှု အများအပြား ဖြစ်ပေါ်စေခဲ့သည်။

Bloomberg News ကတွေ့ဆုံမေးမြန်းရာတွင် Hudson က “အမေရိကန်အစိုးရက စွန့်စားဖို့ အရင်းအနှီးထည့်ထားတဲ့အတွက် အများဆုံးကြိုတင်မှာကြားမှုတွေကို ရရှိမှာဖြစ်ပါတယ်” ဟု ထရမ့်အစိုးရက ၎င်းတို့လုပ်ငန်းနှင့်ပူးပေါင်းပြီး ကာကွယ်ဆေးထုပ်လုပ်ရန် လုပ်ငန်းတိုးချဲ့ထား သည်ကို ရည်ညွုန်းပြောဆိုခဲ့သည်။ “ဒီဆေးကို ထုတ်လုပ်ရာမှာကူညီဖို့ စွန့်စားလုပ်ဆောင်ထားတဲ့ အတွက် ဆေးအောင်မြင်ရင် ပထမဆုံးရမယ်လို့ ကျနော်တို့မျှော်လင့်တယ်” ဟု ထရမ့်အစိုးရက ပြောသည်။

ထိုစကားကို တုံ့ပြန်သည့်အနေဖြင့် ပြင်သစ်ဝန်ကြီးချုပ် Edouard Philippe က လူတိုင်းလူတိုင်း ကာကွယ်ဆေးရရှိရမည်ဟူသောမူကို အလျှော့အတင်းမလုပ်နိုင်ကြောင်းပြောသည်။

လူတိုင်းလူတိုင်း ကိုဗစ်-၁၉ ကာကွယ်ဆေး အသုံးပြုခွင့်ရှိရမည်ဟုလည်း ဥရောပသမဂ္ဂက ပြော သည်။

Linko
Ref:CGTN
ပဲရစ် ၊ မေ ၁၅

(  Zawgyi  )

 ျပင္သစ္ႏိုင္ငံမွ ႏိုင္ငံတကာ ေဆးဝါးထုတ္လုပ္ေရးလုပ္ငန္းျဖစ္ေသာ Sanofi ၏ အမႈေဆာင္ အရာရွိခ်ဳပ္ Paul Hudson က သူ၏လုပ္ငန္းမွ ထုတ္လုပ္သည့္ ကိုဗစ္-၁၉ ကာကြယ္ေဆးမ်ားကို အျခားႏိုင္ငံမ်ားထက္ အေမရိကန္ ျပည္ေထာင္စုအား ဦးစားေပးေရာင္းခ်သြားမည္ဟု ေၾကညာ ေသာေၾကာင့္ ျပင္သစ္အစိုးရကို ေဒါသထြက္ေစၿပီးေနာက္ ျပင္သစ္သမၼတ မက္ခ႐ြန္သည္ Sanofi မွ အရာရွိမ်ားႏွင့္ ေတြ႕ဆုံမည္ျဖစ္ေၾကာင္း သမၼတ႐ုံးက ေျပာၾကားသည္။

ၾကာသပေတးေန႔တြင္မူ Hudson က သူ၏စကားကိုအနည္းငယ္ျပင္ၿပီး ကမာၻ႔ အစိတ္အပိုင္း အားလုံးတြင္ ကိုဗစ္-၁၉ ကာကြယ္ေဆးရရွိေရးသည္ အေရးႀကီးေၾကာင္း ျပန္လည္ေျပာဆိုသည္။

“ အေမရိကန္ျပည္ေထာင္စုနဲ႔ ဥေရာပအၾကားဆိုတာ ေ႐ြးခ်ယ္စရာမဟုတ္ဘူး။ ဥေရာပမွ ဒီဗိုင္းရပ္စ္ကို အႏိုင္ယူဖို႔ က်ေနာ္ဦးေဆာင္လႈပ္ရွားေနတာ လအတန္ၾကာပါၿပီး။ တကမာၻလုံးက လူတိုင္းအတြက္ ကာကြယ္ေဆးရေအာင္ လုပ္ေဆာင္ေပး ဖို႔လိုတယ္” ဟု ျပင္သစ္ Financial Times ႏွင့္ေတြ႕ဆုံေမးျမန္းခန္းတြင္ သူေျပာသည္။ “ကိုဗစ္-၁၉ ကာကြယ္ေဆးသာ ေအာင္ျမင္ရင္ Sanofi ဟာ ကမာၻမွာ တတိယ အႀကီးမားဆုံးေဆးဝါးထုတ္လုပ္ေရးလုပ္ငန္းျဖစ္တဲ့အတြက္ တကမာၻလုံးအတြက္ ထုတ္လုပ္ေပးႏိုင္တဲ့စြမ္းရည္ရွိပါတယ္” ဟုလည္း သူေျပာသည္။

လြန္ခဲ့ေသာတရက္ကမူ Sanofi ၏အမႈေဆာင္အရာရွိခ်ဳပ္က အေမရိကန္ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲမႈ အဖြဲ႕မွ အရာရွိမ်ားအား ကိုဗစ္-၁၉ ကာကြယ္ေဆးကို ဦးစားေပး ေလ့လာ သုံသပ္ခြင့္ေပးထားေၾကာင္း ေျပာၾကားခဲ့ေသာေၾကာင့္ မေက်မနပ္ေျပာဆိုမႈ အမ်ားအျပား ျဖစ္ေပၚေစခဲ့သည္။

Bloomberg News ကေတြ႕ဆုံေမးျမန္းရာတြင္ Hudson က “အေမရိကန္အစိုးရက စြန႔္စားဖို႔ အရင္းအႏွီးထည့္ထားတဲ့အတြက္ အမ်ားဆုံးႀကိဳတင္မွာၾကားမႈေတြကို ရရွိမွာျဖစ္ပါတယ္” ဟု ထရမ့္အစိုးရက ၎တို႔လုပ္ငန္းႏွင့္ပူးေပါင္းၿပီး ကာကြယ္ေဆးထုပ္လုပ္ရန္ လုပ္ငန္းတိုးခ်ဲ႕ထား သည္ကို ရည္ၫြဳန္းေျပာဆိုခဲ့သည္။ “ဒီေဆးကို ထုတ္လုပ္ရာမွာကူညီဖို႔ စြန႔္စားလုပ္ေဆာင္ထားတဲ့ အတြက္ ေဆးေအာင္ျမင္ရင္ ပထမဆုံးရမယ္လို႔ က်ေနာ္တို႔ေမွ်ာ္လင့္တယ္” ဟု ထရမ့္အစိုးရက ေျပာသည္။

ထိုစကားကို တုံ႔ျပန္သည့္အေနျဖင့္ ျပင္သစ္ဝန္ႀကီးခ်ဳပ္ Edouard Philippe က လူတိုင္းလူတိုင္း ကာကြယ္ေဆးရရွိရမည္ဟူေသာမူကို အေလွ်ာ့အတင္းမလုပ္ႏိုင္ေၾကာင္းေျပာသည္။

လူတိုင္းလူတိုင္း ကိုဗစ္-၁၉ ကာကြယ္ေဆး အသုံးျပဳခြင့္ရွိရမည္ဟုလည္း ဥေရာပသမဂၢက ေျပာ သည္။

Linko
Ref:CGTN
ပဲရစ္ ၊ ေမ ၁၅