ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့်ကုသဆေး အလှမ်းဝေနေသေးကြောင်း အမေရိကန်ဆေးပညာရှင် သတိပေး

ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့်ကုသဆေး အလှမ်းဝေနေသေးကြောင်း အမေရိကန်ဆေးပညာရှင် သတိပေး

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး သို့မဟုတ် ကုသဆေး ကို မျှော်လင့်ရန် မှာ အချိန်လွန်စွာ စောနေ သေးကြောင်း  အမေရိကန် ထိပ်တန်း ကူစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူတဦးက အမေရိကန် အထက်လွှတ်တော် ကြားနာစစ်ဆေးရေး အဖွဲ့သို့ အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

“ကျောင်းသားတွေ ဆောင်ရာသီမှာ ကျောင်းပြန်တက်နိုင်အောင် ကာကွယ်ဆေး၊ ကုသဆေးတွေ က လုပ်ပေးမယ်ဆိုတဲ့ စိတ်ကူးဟာ အရမ်းကို အလှမ်းဝေးနေပါသေးတယ်” ဟု National Institute of Allergy and Infectious Diseases မှ ဒေါက်တာ ဖေါ်ချီ ပြောသည်။

လာမည့်ဆောင်းရာသီတွင် အမေရိကန်နိုင်ငံရှိ ကျောင်းများနှင့် ကောလိပ်များပြန်ဖွင့်ရန် ကုသ ဆေး သို့မဟုတ် ကာကွယ်ဆေးရရန်ဖြစ်နိုင်မဖြစ်နိုင် ရီပါတ်ဗလစ်ကန် အထက်လွှတ်တော်အမတ် လားမား အလက်ဇန္ဒရားက မေးသည့် မေးခွန်းကို သူပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဒေါက်တာဖေါ်ချီနှင့် အခြား ကျွမ်းကျင်သူအများအပြားပါဝင်သော အဖွဲ့သည် အထက်လွှတ်တော် ကျန်းမာရေးကော်မတီတွင် အမေရိကန် အစိုးရ၏ ကိုရိုနာဗိုင်းရပ်စ် ကိုင်တွယ်မှုအတွက် သက်သေခံ ထွက်ဆိုရန်အတွက် အင်္ဂါနေ့က ရောက်ရှိလာသည်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်ပြည်ထောင်စုတွင် လူ ၈၂၀၀၀ ကျော်သေဆုံးပြီး လူ ၁.၃၉ သန်း ရောဂါကူးစက် ခံနေရသည်။

အထက်လွှတ်တော်တွင် လာရောက်ထွက်ဆိုသည့် ကျွမ်းကျင်သူ အများစုမှာ အိမ်ဖြူတော် ကိုရိုနာဗိုင်းရပ်စ် အလုပ်အဖွဲ့နှင့်ပတ်သက်သူများဖြစ်ပြီး ထရမ့်အစိုးရက ထိုသူများအနေဖြင့် အထက်လွှတ်တော်တွင် သွားရောက်ဖြေကြားခြင်းမပြုရန် အစောပိုင်းက တားဆီးခဲ့သေးသည်။ လွှတ်တော်ကိုယ်စားလှယ်များသည် ထရမ့်ကို ပစ်မှတ်ထားတိုက်ခိုက်ရန် ထိုကြားနာမှုကို ပြုလုပ် သည်ဟု အမေရိကန်အစိုးရက စွပ်စွဲခဲ့သည်။
 
ထို ကျွမ်းကျင်သူများသည် စာမျက်နှာ ၂၅ မျက်နှာပါ အစီရင်ခံစာတစောင်ကိုလည်း အထက် လွှတ်တော် ကော်မတီသို့ တင်သွင်းခဲ့ပြီး ဆေးပညာအသိုင်းအဝန်းအနေဖြင့်  လုံခြံမှု မရှိမခြင်း ကုသဆေး၊ ကာကွယ်ဆေးများကို ပြဋ္ဌာန်းမည်မဟုတ်ကြောင်းလည်း အမေရိကန်ပြည်သူများကို သတိပေးခဲ့သည်။

“ကျနော်တို့ အခုလုပ်နေတဲ့ အမြန်ဆုံးနှုန်းနဲ့တောင်မှ ဒီနှစ်ကျောင်းဖွင့်ရာသီမှာ ဘယ်သူ့ကိုမှ ကျောင်းပြန်တက်နိုင်အောင် ကာကွယ်ဆေးက လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။ သူတို့အမှန်တကယ် သိချင်တာက သူတို့တွေ ဘေးကင်းလုံခြုံရဲ့လားဆိုတာပဲ” ဟု ဒေါက်တာ ဖောချီပြောသည်။ ဒေါက်တာဖောချီ၏ အမြင်ကို အခြားသော ကျွမ်းကျင်သူများကလည်း ထောက်ခံကြပြီး ကမ္ဘာတဝှမ်းမှ အာဏာပိုင်များအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်စစ်ဆေးခြင်း၊ လူမှု ခွဲခွာနေထိုင်ခြင်း နှင့် လက်ကိုဆပ်ပြာဖြင့် ဆေးခြင်းကဲ့သို့သော ကျန်းမာရေး အလေ့အထများကို ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကူစက်မှုကို ကုသရန် ကမ္ဘာတဝှမ်း အသုံးပြုနေသော Remdesivir သည် ထူးခြား သော်လည်း အတန်အသင့်တိုးတက်မှုသာရှိကြောင်း လက်ရှိတွင် ကာကွယ်ဆေး ၈ ခုကို စမ်းသပ် နေသော်လည်း ရလဒ်များကို ဆောင်းရာသီမှသာ သိရပြီး ဈေးကွက်တွင်ရောင်းချရန် အချိန်ပိုမို ကြာမည်ဖြစ်ကြောင်း ဒေါက်တာ ဖေါ်ချီပြောသည်။

“ ကျန်းမာရေးလမ်းညွုန်ချက်တွေကို ကျော်ပြီ “အမေရိကကို ပြန်လည်ဖွင့်လှစ်ကြ” လုပ်ရင်တော့ တနိုင်ငံလုံးကူးစက်ရောဂါတိုးလာမယ့် အန္တရာယ်ရှိတယ်”   ဟု ဒေါက်တာ ဖေါချီ သတိပေးသည်။

Linko
Ref:dawn.com
ဝါရှင်တန်၊ မေ ၁၃

(  Zawgyi  )

 ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆး သို႔မဟုတ္ ကုသေဆး ကို ေမွ်ာ္လင့္ရန္ မွာ အခ်ိန္လြန္စြာ ေစာေန ေသးေၾကာင္း  အေမရိကန္ ထိပ္တန္း ကူစက္ေရာဂါဆိုင္ရာ ကြၽမ္းက်င္သူတဦးက အေမရိကန္ အထက္လႊတ္ေတာ္ ၾကားနာစစ္ေဆးေရး အဖြဲ႕သို႔ အဂၤါေန႔တြင္ ေျပာၾကားလိုက္သည္။

“ေက်ာင္းသားေတြ ေဆာင္ရာသီမွာ ေက်ာင္းျပန္တက္ႏိုင္ေအာင္ ကာကြယ္ေဆး၊ ကုသေဆးေတြ က လုပ္ေပးမယ္ဆိုတဲ့ စိတ္ကူးဟာ အရမ္းကို အလွမ္းေဝးေနပါေသးတယ္” ဟု National Institute of Allergy and Infectious Diseases မွ ေဒါက္တာ ေဖၚခ်ီ ေျပာသည္။

လာမည့္ေဆာင္းရာသီတြင္ အေမရိကန္ႏိုင္ငံရွိ ေက်ာင္းမ်ားႏွင့္ ေကာလိပ္မ်ားျပန္ဖြင့္ရန္ ကုသ ေဆး သို႔မဟုတ္ ကာကြယ္ေဆးရရန္ျဖစ္ႏိုင္မျဖစ္ႏိုင္ ရီပါတ္ဗလစ္ကန္ အထက္လႊတ္ေတာ္အမတ္ လားမား အလက္ဇႏၵရားက ေမးသည့္ ေမးခြန္းကို သူျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။

ေဒါက္တာေဖၚခ်ီႏွင့္ အျခား ကြၽမ္းက်င္သူအမ်ားအျပားပါဝင္ေသာ အဖြဲ႕သည္ အထက္လႊတ္ေတာ္ က်န္းမာေရးေကာ္မတီတြင္ အေမရိကန္ အစိုးရ၏ ကို႐ိုနာဗိုင္းရပ္စ္ ကိုင္တြယ္မႈအတြက္ သက္ေသခံ ထြက္ဆိုရန္အတြက္ အဂၤါေန႔က ေရာက္ရွိလာသည္။ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အေမရိကန္ျပည္ေထာင္စုတြင္ လူ ၈၂၀၀၀ ေက်ာ္ေသဆုံးၿပီး လူ ၁.၃၉ သန္း ေရာဂါကူးစက္ ခံေနရသည္။

အထက္လႊတ္ေတာ္တြင္ လာေရာက္ထြက္ဆိုသည့္ ကြၽမ္းက်င္သူ အမ်ားစုမွာ အိမ္ျဖဴေတာ္ ကို႐ိုနာဗိုင္းရပ္စ္ အလုပ္အဖြဲ႕ႏွင့္ပတ္သက္သူမ်ားျဖစ္ၿပီး ထရမ့္အစိုးရက ထိုသူမ်ားအေနျဖင့္ အထက္လႊတ္ေတာ္တြင္ သြားေရာက္ေျဖၾကားျခင္းမျပဳရန္ အေစာပိုင္းက တားဆီးခဲ့ေသးသည္။ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားသည္ ထရမ့္ကို ပစ္မွတ္ထားတိုက္ခိုက္ရန္ ထိုၾကားနာမႈကို ျပဳလုပ္ သည္ဟု အေမရိကန္အစိုးရက စြပ္စြဲခဲ့သည္။
 
ထို ကြၽမ္းက်င္သူမ်ားသည္ စာမ်က္ႏွာ ၂၅ မ်က္ႏွာပါ အစီရင္ခံစာတေစာင္ကိုလည္း အထက္ လႊတ္ေတာ္ ေကာ္မတီသို႔ တင္သြင္းခဲ့ၿပီး ေဆးပညာအသိုင္းအဝန္းအေနျဖင့္  လုံၿခံမႈ မရွိမျခင္း ကုသေဆး၊ ကာကြယ္ေဆးမ်ားကို ျပ႒ာန္းမည္မဟုတ္ေၾကာင္းလည္း အေမရိကန္ျပည္သူမ်ားကို သတိေပးခဲ့သည္။

“က်ေနာ္တို႔ အခုလုပ္ေနတဲ့ အျမန္ဆုံးႏႈန္းနဲ႔ေတာင္မွ ဒီႏွစ္ေက်ာင္းဖြင့္ရာသီမွာ ဘယ္သူ႔ကိုမွ ေက်ာင္းျပန္တက္ႏိုင္ေအာင္ ကာကြယ္ေဆးက လုပ္ေပးႏိုင္မွာ မဟုတ္ပါဘူး။ သူတို႔အမွန္တကယ္ သိခ်င္တာက သူတို႔ေတြ ေဘးကင္းလုံၿခဳံရဲ႕လားဆိုတာပဲ” ဟု ေဒါက္တာ ေဖာခ်ီေျပာသည္။ ေဒါက္တာေဖာခ်ီ၏ အျမင္ကို အျခားေသာ ကြၽမ္းက်င္သူမ်ားကလည္း ေထာက္ခံၾကၿပီး ကမာၻတဝွမ္းမွ အာဏာပိုင္မ်ားအေနျဖင့္ က်ယ္က်ယ္ျပန႔္ျပန႔္စစ္ေဆးျခင္း၊ လူမႈ ခြဲခြာေနထိုင္ျခင္း ႏွင့္ လက္ကိုဆပ္ျပာျဖင့္ ေဆးျခင္းကဲ့သို႔ေသာ က်န္းမာေရး အေလ့အထမ်ားကို က်ယ္က်ယ္ ျပန႔္ျပန႔္ လုပ္ေဆာင္ရန္ တိုက္တြန္းခဲ့သည္။

ကို႐ိုနာဗိုင္းရပ္စ္ကူစက္မႈကို ကုသရန္ ကမာၻတဝွမ္း အသုံးျပဳေနေသာ Remdesivir သည္ ထူးျခား ေသာ္လည္း အတန္အသင့္တိုးတက္မႈသာရွိေၾကာင္း လက္ရွိတြင္ ကာကြယ္ေဆး ၈ ခုကို စမ္းသပ္ ေနေသာ္လည္း ရလဒ္မ်ားကို ေဆာင္းရာသီမွသာ သိရၿပီး ေဈးကြက္တြင္ေရာင္းခ်ရန္ အခ်ိန္ပိုမို ၾကာမည္ျဖစ္ေၾကာင္း ေဒါက္တာ ေဖၚခ်ီေျပာသည္။

“ က်န္းမာေရးလမ္းၫြဳန္ခ်က္ေတြကို ေက်ာ္ၿပီ “အေမရိကကို ျပန္လည္ဖြင့္လွစ္ၾက” လုပ္ရင္ေတာ့ တႏိုင္ငံလုံးကူးစက္ေရာဂါတိုးလာမယ့္ အႏၲရာယ္ရွိတယ္”   ဟု ေဒါက္တာ ေဖါခ်ီ သတိေပးသည္။

Linko
Ref:dawn.com
ဝါရွင္တန္၊ ေမ ၁၃