ကိုဗစ် ၁၉ ကာကွယ်ဆေး မပေါ်ပါက လာမည့်နှစ် တိုကျိုအိုလံပစ် ကျင်းပရန် မသေချာ

ကိုဗစ် ၁၉ ကာကွယ်ဆေး မပေါ်ပါက လာမည့်နှစ် တိုကျိုအိုလံပစ် ကျင်းပရန် မသေချာ

ကိုရိုနာဗိုင်းရပ်အား ထိရောက်စွာ ကာကွယ်နိုင်မည့်ဆေး မထွက်ရှိပါက လာမည့်နှစ်တွင် တိုကျိုမြို့ရှိ အိုလံပစ် အားကစားပြိုင်ပွဲကို ကျင်းပရန် လွယ်ကူမည်မဟုတ်ကြောင်း ဂျပန် ဆေးပညာအသင်း (JMA) အကြီးအကဲက ဧပြီ ၂၈ ရက်မှာ ပြောကြားလိုက်ပါတယ်။

“ဂျပန်နိုင်ငံအနေနဲ့ အိုလံပစ်ပြိုင်ပွဲကို ကျင်းပမလား၊ မကျင်းပဘူးလားဆိုတာ မပြောနိုင်သေး ပေမယ့် လွယ်တော့ မလွယ်နိုင်ပါဘူး” ဟု JMA ဥက္ကဋ္ဌ ယိုရှီတာခဲ ယိုကိုကူရာက သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

ယိုကိုကူရာက ကိုရိုနာဗိုင်းရပ် စစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင်ရန် တိုက်တွန်းထားသလို နိုငငံအတွင်း ကူးစက်မှုနှုန်းသည် ကျဆင်းသွားပြီဟု မဆိုနိုင်ကြောင်းလည်း ၎င်းက ပြောကြား ပါတယ်။

ဆေးရုံများတွင် ဗိုင်းရပ်ပိုး ကူးစက်ရသည့်အကြောင်းမှာ ဝတ်ရုံများနှင့် အကာအကွယ် အဝတ်အစားများ လုံလောက်စွာ မရှိခြင်းကြောင့် ဖြစ်သည်ဟုလည်း ၎င်းက ဝေဖန်ထားပါတယ်။
ဂျပန်နိုင်ငံအနေဖြင့် အိုလံပစ်အားကစားပြိုင်ပွဲကို လက်ခံကျင်းပနိုင်ရေးအတွက် ဒေါ်လာ ၁၃ ဘီလျံ သုံးစွဲထား ပြီး တစ်နှစ်ဆိုင်းငံ့ထားရန် မတ်လအတွင်းက ကြေညာခဲ့ခြင်းကြောင့် ထိခိုက်မှုများစွာ ရှိခဲ့ပါတယ်။

ယခုအခါ ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူ ၃ သန်းနီးပါး ရှိနေပြီး သေဆုံးသူ ၂ သိန်းကျော်သွားပြီ ဖြစ်ကာ ရောဂါဖြစ်ပွားမှု ကြာရှည်နိုင်သေးကြောင်း ကျွမ်းကျင်သူများက သတိပေးထားပါတယ်။

Linko
Ref: Reuters
တိုကျို၊ ဧပြီ ၂၈

(  Zawgyi  )

 ကို႐ိုနာဗိုင္းရပ္အား ထိေရာက္စြာ ကာကြယ္ႏိုင္မည့္ေဆး မထြက္ရွိပါက လာမည့္ႏွစ္တြင္ တိုက်ိဳၿမိဳ႕ရွိ အိုလံပစ္ အားကစားၿပိဳင္ပြဲကို က်င္းပရန္ လြယ္ကူမည္မဟုတ္ေၾကာင္း ဂ်ပန္ ေဆးပညာအသင္း (JMA) အႀကီးအကဲက ဧၿပီ ၂၈ ရက္မွာ ေျပာၾကားလိုက္ပါတယ္။

“ဂ်ပန္ႏိုင္ငံအေနနဲ႔ အိုလံပစ္ၿပိဳင္ပြဲကို က်င္းပမလား၊ မက်င္းပဘူးလားဆိုတာ မေျပာႏိုင္ေသး ေပမယ့္ လြယ္ေတာ့ မလြယ္ႏိုင္ပါဘူး” ဟု JMA ဥကၠ႒ ယိုရွီတာခဲ ယိုကိုကူရာက သတင္းစာ ရွင္းလင္းပြဲမွာ ေျပာၾကားလိုက္ပါတယ္။

ယိုကိုကူရာက ကို႐ိုနာဗိုင္းရပ္ စစ္ေဆးမႈမ်ားကို တိုးျမႇင့္လုပ္ေဆာင္ရန္ တိုက္တြန္းထားသလို ႏိုငငံအတြင္း ကူးစက္မႈႏႈန္းသည္ က်ဆင္းသြားၿပီဟု မဆိုႏိုင္ေၾကာင္းလည္း ၎က ေျပာၾကား ပါတယ္။

ေဆး႐ုံမ်ားတြင္ ဗိုင္းရပ္ပိုး ကူးစက္ရသည့္အေၾကာင္းမွာ ဝတ္႐ုံမ်ားႏွင့္ အကာအကြယ္ အဝတ္အစားမ်ား လုံေလာက္စြာ မရွိျခင္းေၾကာင့္ ျဖစ္သည္ဟုလည္း ၎က ေဝဖန္ထားပါတယ္။
ဂ်ပန္ႏိုင္ငံအေနျဖင့္ အိုလံပစ္အားကစားၿပိဳင္ပြဲကို လက္ခံက်င္းပႏိုင္ေရးအတြက္ ေဒၚလာ ၁၃ ဘီလ်ံ သုံးစြဲထား ၿပီး တစ္ႏွစ္ဆိုင္းငံ့ထားရန္ မတ္လအတြင္းက ေၾကညာခဲ့ျခင္းေၾကာင့္ ထိခိုက္မႈမ်ားစြာ ရွိခဲ့ပါတယ္။

ယခုအခါ ကမာၻေပၚတြင္ ကို႐ိုနာဗိုင္းရပ္ ကူးစက္ခံရသူ ၃ သန္းနီးပါး ရွိေနၿပီး ေသဆုံးသူ ၂ သိန္းေက်ာ္သြားၿပီ ျဖစ္ကာ ေရာဂါျဖစ္ပြားမႈ ၾကာရွည္ႏိုင္ေသးေၾကာင္း ကြၽမ္းက်င္သူမ်ားက သတိေပးထားပါတယ္။

Linko
Ref: Reuters
တိုက်ိဳ၊ ဧၿပီ ၂၈