ကိုဗစ်-၁၉ ကြောင့် အာရှဒေသ၏ စီးပွားရေးတိုးတက်မှုနှုန်း နှစ် ၆၀ အတွင်း ပထမဆုံးအကြိမ် ထိခိုက်နိုင်

ကိုဗစ်-၁၉ ကြောင့် အာရှဒေသ၏ စီးပွားရေးတိုးတက်မှုနှုန်း နှစ် ၆၀ အတွင်း ပထမဆုံးအကြိမ် ထိခိုက်နိုင်

အာရှဒေသ၏ ယခုနှစ်အတွင်း စီးပွားရေးတိုးတက်မှုနှုန်းသည် နှစ် ၆၀ အတွင်း ပထမဆုံးအကြိမ် ထိခိုက်နိုင်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ဧပြီ ၁၆ ရက်တွင် ထုတ်ပြန်လိုက် ပါတယ်။

ကိုရိုနာဗိုင်းရပ် ပြဿနာကြောင့် ဒေသ၏ ဝန်ဆောင်မှုကဏ္ဍနှင့် ပို့ကုန်တင်ပို့မှုများလည်း ထိခိုက်ခဲ့ ရကြောင်း IMF က ဖော်ပြထားပါတယ်။ခရီးသွားလုပ်ငန်း ပိတ်ဆို့မှု၊ အနီးကပ်နေထိုင်မှုကို တားမြစ်သည့် မူဝါဒများနှင့် ကိုရိုနာဗိုင်းရပ် ထိန်းချုပ် ရေးအတွက် ဆောင်ရွက်မှုများကြောင့် ထိခိုက်ရသည့် မိသားစုများနှင့် လုပ်ငန်းအဖွဲ့အစည်းများသို့ အကူအညီ ဖြစ်စေမည့် အစီအစဉ် များကို မူဝါဒ ချမှတ်သူများက ဆောင်ရွက်ပေးရန်လိုအပ်မည်ဟု IMF ၏ အာရှနှင့် ပစိဖိတ် ရေးရာ ညွှန်ကြားရေးမှူး ချန်ယောင်ရီးက ပြောကြားပါတယ်။

“လက်ရှိအခြေအနေတွေဟာ ကမ္ဘာ့စီးပွားရေးအတွက် မသေချာမှုတွေ၊ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။ အာရှ-ပစိဖိတ်ဒေသဟာလည်း ရိုက်ခတ်မှုတွေကနေ မကင်းနိုင်ပါဘူး။ ကိုရိုနာဗိုင်းရပ်ရဲ့ သက်ရောက်မှုတွေက ဒေသအတွက် ဆိုးရွား ပြင်းထန်မှု ဖြစ်စေနိုင်ပါတယ်” ဟု ဝက်ဆိုက်မှတစ်ဆင့် လုပ်ဆောင်သည့် ဗီဒီယိုသတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့ ပါတယ်။

“စီးပွားရေးက ပုံမှန်အခြေအနေတွေလို မဟုတ်ပါဘူး။ အာရှနိုင်ငံတွေအနေနဲ့ မူဝါဒချမှတ်မှု တွေကို အကောင်းဆုံး လုပ်ဆောင်ဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ပြောကြားပါတယ်။အာရှ ၏ ယခုနှစ် စီးပွားရေးသည် နှစ် ၆၀အတွင်း တိုးတက်မှုနှုန်း သုံညခန့်သာ ရှိမည်ဟုလည်း IMF ၏ ဧပြီ ၁၆ရက်က ထုတ်ပြန်လိုက်သည့် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားပါ တယ်။

ရောဂါထိန်းချုပ်မှု မူဝါဒများ အောင်မြင်ပါက လာမည့်နှစ်တွင် အာရှ၏ စီးပွားရေးတိုးတက်မှုနှုန်း သည် ၇ဒသ၆ ရာခိုင်နှုန်းရှိနိုင်ကြောင်း IMF က ခန့်မှန်းထားသော်လည်း သေချာမှု မရှိကြောင်း လည်း မှတ်ချက်ပြုထားပါတယ်။

Linko
Ref: Reuters
တိုကျို၊ ဧပြီ ၁၆

(  Zawgyi  )

 အာရွေဒသ၏ ယခုႏွစ္အတြင္း စီးပြားေရးတိုးတက္မႈႏႈန္းသည္ ႏွစ္ ၆၀ အတြင္း ပထမဆုံးအႀကိမ္ ထိခိုက္ႏိုင္ေၾကာင္း ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕ (IMF) က ဧၿပီ ၁၆ ရက္တြင္ ထုတ္ျပန္လိုက္ ပါတယ္။

ကို႐ိုနာဗိုင္းရပ္ ျပႆနာေၾကာင့္ ေဒသ၏ ဝန္ေဆာင္မႈက႑ႏွင့္ ပို႔ကုန္တင္ပို႔မႈမ်ားလည္း ထိခိုက္ခဲ့ ရေၾကာင္း IMF က ေဖာ္ျပထားပါတယ္။ခရီးသြားလုပ္ငန္း ပိတ္ဆို႔မႈ၊ အနီးကပ္ေနထိုင္မႈကို တားျမစ္သည့္ မူဝါဒမ်ားႏွင့္ ကို႐ိုနာဗိုင္းရပ္ ထိန္းခ်ဳပ္ ေရးအတြက္ ေဆာင္႐ြက္မႈမ်ားေၾကာင့္ ထိခိုက္ရသည့္ မိသားစုမ်ားႏွင့္ လုပ္ငန္းအဖြဲ႕အစည္းမ်ားသို႔ အကူအညီ ျဖစ္ေစမည့္ အစီအစဥ္ မ်ားကို မူဝါဒ ခ်မွတ္သူမ်ားက ေဆာင္႐ြက္ေပးရန္လိုအပ္မည္ဟု IMF ၏ အာရွႏွင့္ ပစိဖိတ္ ေရးရာ ၫႊန္ၾကားေရးမႉး ခ်န္ေယာင္ရီးက ေျပာၾကားပါတယ္။

“လက္ရွိအေျခအေနေတြဟာ ကမာၻ႔စီးပြားေရးအတြက္ မေသခ်ာမႈေတြ၊ စိန္ေခၚမႈေတြနဲ႔ ျပည့္ႏွက္ေနပါတယ္။ အာရွ-ပစိဖိတ္ေဒသဟာလည္း ႐ိုက္ခတ္မႈေတြကေန မကင္းႏိုင္ပါဘူး။ ကို႐ိုနာဗိုင္းရပ္ရဲ႕ သက္ေရာက္မႈေတြက ေဒသအတြက္ ဆိုး႐ြား ျပင္းထန္မႈ ျဖစ္ေစႏိုင္ပါတယ္” ဟု ဝက္ဆိုက္မွတစ္ဆင့္ လုပ္ေဆာင္သည့္ ဗီဒီယိုသတင္းစာ ရွင္းလင္းပြဲ တစ္ခုတြင္ ေျပာၾကားခဲ့ ပါတယ္။

“စီးပြားေရးက ပုံမွန္အေျခအေနေတြလို မဟုတ္ပါဘူး။ အာရွႏိုင္ငံေတြအေနနဲ႔ မူဝါဒခ်မွတ္မႈ ေတြကို အေကာင္းဆုံး လုပ္ေဆာင္ဖို႔ လိုအပ္ပါတယ္” ဟု ၎က ေျပာၾကားပါတယ္။အာရွ ၏ ယခုႏွစ္ စီးပြားေရးသည္ ႏွစ္ ၆၀အတြင္း တိုးတက္မႈႏႈန္း သုံညခန႔္သာ ရွိမည္ဟုလည္း IMF ၏ ဧၿပီ ၁၆ရက္က ထုတ္ျပန္လိုက္သည့္ အာရွ-ပစိဖိတ္ေဒသဆိုင္ရာ အစီရင္ခံစာတြင္ ေဖာ္ျပထားပါ တယ္။

ေရာဂါထိန္းခ်ဳပ္မႈ မူဝါဒမ်ား ေအာင္ျမင္ပါက လာမည့္ႏွစ္တြင္ အာရွ၏ စီးပြားေရးတိုးတက္မႈႏႈန္း သည္ ၇ဒသ၆ ရာခိုင္ႏႈန္းရွိႏိုင္ေၾကာင္း IMF က ခန႔္မွန္းထားေသာ္လည္း ေသခ်ာမႈ မရွိေၾကာင္း လည္း မွတ္ခ်က္ျပဳထားပါတယ္။

Linko
Ref: Reuters
တိုက်ိဳ၊ ဧၿပီ ၁၆