ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေးကို လူများတွင် ဧပြီ ၂၃ရက်မှ စတင်စမ်းသပ်မည်

ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေးကို လူများတွင် ဧပြီ ၂၃ရက်မှ စတင်စမ်းသပ်မည်

ကိုရိုနာဗိုင်းရပ် ကာကွယ်ဆေးကို လူများတွင် ဧပြီ ၂၃ရက်မှ စတင်စမ်းသပ်မည်ဖြစ်ကာ  အောင်မြင်နိုင်သည့် အလားအလာ ၈၀ ရာခိုင်နှုန်းရှိနေကြောင်း အောက်စဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များက ပြောကြားထားပါတယ်။

ယင်းကဲ့သို့ စမ်းသပ်မည့်အစီအစဉ်ကို ဗြိတိန်ကျန်းမာရေးဝန်ကြီး မတ်ဟန်ကော့က ထုတ်ပြန်ခဲ့ပြီး သေချာပေါက် အောင်မြင်လိမ့်မည်ဟု မယူဆနိုင်ကြောင်းလည်း ၎င်းက ပြောပါတယ်။အောက်စဖို့ဒ် မြို့ရှိ ဂျင်နာသိပ္ပံအဖွဲ့ကလည်း စမ်းသပ်မှုမစတင်မီကပင် ထုတ်လုပ်မှုများ စတင် နေပြီ ဖြစ်ကာ စက်တင်ဘာမတိုင်မီ ကာကွယ်ဆေး ၁ သန်းခန့် ထွက်ရှိနိုင်ကြောင်း ထုတ်ပြန်ထား ပါတယ်။

ထုတ်လုပ်မှုမစတင်မီ ဆေး၏ထိရောက်မှုအား စမ်းသပ်ရန် လပေါင်းများစွာ ကြာမြင့်မည် ဖြစ်သော ကြောင့် ရောဂါဒဏ်ကြုံတွေ့နေရသည့် ကမ္ဘာကြီးအနေဖြင့် အချိန်များစွာ စောင့်ဆိုင်း ရန် မဖြစ်နိုင်ကြောင်း ဂျင်နာသိပ္ပံအဖွဲ့မှ  ပါမောက္ခ အက်ဒရင်ဟေးက ပြောပါတယ်။

Linko
Ref: Pindula News
လန်ဒန်၊ ဧပြီ ၂၂

(  Zawgyi  )

 ကို႐ိုနာဗိုင္းရပ္ ကာကြယ္ေဆးကို လူမ်ားတြင္ ဧၿပီ ၂၃ရက္မွ စတင္စမ္းသပ္မည္ျဖစ္ကာ  ေအာင္ျမင္ႏိုင္သည့္ အလားအလာ ၈၀ ရာခိုင္ႏႈန္းရွိေနေၾကာင္း ေအာက္စဖို႔ဒ္တကၠသိုလ္မွ သိပၸံပညာရွင္မ်ားက ေျပာၾကားထားပါတယ္။

ယင္းကဲ့သို႔ စမ္းသပ္မည့္အစီအစဥ္ကို ၿဗိတိန္က်န္းမာေရးဝန္ႀကီး မတ္ဟန္ေကာ့က ထုတ္ျပန္ခဲ့ၿပီး ေသခ်ာေပါက္ ေအာင္ျမင္လိမ့္မည္ဟု မယူဆႏိုင္ေၾကာင္းလည္း ၎က ေျပာပါတယ္။ေအာက္စဖို႔ဒ္ ၿမိဳ႕ရွိ ဂ်င္နာသိပၸံအဖြဲ႕ကလည္း စမ္းသပ္မႈမစတင္မီကပင္ ထုတ္လုပ္မႈမ်ား စတင္ ေနၿပီ ျဖစ္ကာ စက္တင္ဘာမတိုင္မီ ကာကြယ္ေဆး ၁ သန္းခန႔္ ထြက္ရွိႏိုင္ေၾကာင္း ထုတ္ျပန္ထား ပါတယ္။

ထုတ္လုပ္မႈမစတင္မီ ေဆး၏ထိေရာက္မႈအား စမ္းသပ္ရန္ လေပါင္းမ်ားစြာ ၾကာျမင့္မည္ ျဖစ္ေသာ ေၾကာင့္ ေရာဂါဒဏ္ႀကဳံေတြ႕ေနရသည့္ ကမာၻႀကီးအေနျဖင့္ အခ်ိန္မ်ားစြာ ေစာင့္ဆိုင္း ရန္ မျဖစ္ႏိုင္ေၾကာင္း ဂ်င္နာသိပၸံအဖြဲ႕မွ  ပါေမာကၡ အက္ဒရင္ေဟးက ေျပာပါတယ္။

Linko
Ref: Pindula News
လန္ဒန္၊ ဧၿပီ ၂၂