ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူအရေအတွက် တစ်သိန်းကျော်သွားသဖြင့် အမေရိကန်သမိုင်းတွင် အဆိုးဝါးဆုံးနေဖြစ်လာ

ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူအရေအတွက် တစ်သိန်းကျော်သွားသဖြင့် အမေရိကန်သမိုင်းတွင် အဆိုးဝါးဆုံးနေဖြစ်လာ

အမေရိကန်ပြည်ထောင်စုအတွက် ယနေ့မှာ အလွန်ဝမ်းနည်းဖွယ်ကောင်းသည့် သမိုင်းမှတ်တိုင်နေ့ တစ်နေ့အဖြစ်ရောက်ရှိခဲ့ပါတယ်။ အမေရိကန်တစ်ဝန်း Covid-19 ကူးစက်ရောဂါကြောင့် အမေရိကန် နိုင်ငံသား တစ်သိန်းကျော် သေဆုံးခဲ့ပြီး နိုင်ငံသား ၁ဒသမ ၆၈ သန်းကျော်မှာ ရောဂါကူးစက်ခံနေရဆဲဖြစ်ကာ ကမ္ဘာပေါ်တွင်  covid-19 ကူးစက်ရောဂါအဆိုးရွားဆုံး ခံနေရတဲ့ နိုင်ငံဖြစ်ခဲ့ပါတယ်။ ဧပြီလ နှောင်းပိုင်းကတည်းက အမေရိကန်နိုင်ငံမှာ ကမ္ဘာ အနှံ့အပြားဒေသများအနက် ရောဂါဖြစ်ပွားမှု အမြင့်ဆုံးဖြစ်လာကာ ကူးစက်ရောဂါ၏ဗဟိုချက်ဖြစ်လာခဲ့ပါတယ်။ ကိုဗက် ၁၉ ကြောင့် အမေရိကန်တွင် သေဆုံးသည်အရေအတွက်မှာ ကမ္ဘာတစ်ဝန်း သေဆုံးသည်အရေအတွက်၏ သုံးပုံတစ်ပုံနီးပါး ရှိလာခဲပါတယ်။

လက်ရှိတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကအမေရိကတိုက်မှာ Covid-19 ကူးစက်ရောဂါ၏ ဗဟိုအချက်အချာ ဖြစ်နေကြောင်း ကြေငြာခဲ့ပြီး၊ အမေရိကအလယ်ပိုင်းနှင့်တောင်အမေရိကနှစ်ခုလုံးတွင် ကူးစက်ခံရမှုနူန်းမှာ လျင်မြန်စွာမြင့်တက်နေလျှက်ရှိပါတယ်။ ပနားမားကျန်းမာရေးအဖွဲ့ (PAHO) အကြီးအကဲ နှင့် အမေရိကတိုက် WHO မှညွှန်ကြားရေးမှူး ဖြစ်သူ ကာရီဆာအိန်တီနီက  ဒေသအတွက် အလွန်ခက်ခဲသော ရက်သတ္တပတ်များကိုရင်ဆိုင်ရမယ့် လို့ သတိပေးခဲ့သည်။

အမေရိကန်နိုင်ငံတစ်ဝန်း ပြီးခဲ့သည့်ရက်သတ္တပတ်အကုန်မေ ၁၇ ရက်က ကူးစက်ရောဂါမှာ တစ်နိုင်ငံလုံး အတိုင်းအတာအရ ၈ ရာခိုင်နှုန်းလျော့နည်းသွားပြီး ယခုရက်သတ္တပတ်အကုန် မေ ၂၄ ရက်တွင် ဝ.၈ ရာခိုင်နှုန်း သာ ကျဆင်းခဲ့ပါတယ်။ ပြည်နယ်အဆင့်တွင် နှစ်ပတ်အတွင်း ပြည်နယ် ၁၃ ခုတွင် ကူးစက်ခံရသူတိုးလာပြီး ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ပြည်နယ် ၂၀ အတွင်း ကူးစက်ခံရမှု အရေအတွက် တိုးတက်လာခဲ့ပါတယ်။ နယူး ယောက်မှာ  အမေရိကန်တွင် ကူးစက်ခံရမှုဗဟိုချက်အဖြစ်ရှည်ကြာစွာမရှိတော့ပါဘူး။သမ္မတ ဒေါ်နယ်ထရမ့်က  အစဉ်အလာ အား ဖြင့် တနင်္ဂနွေနေ့တွင် ကျင်းပသော ရှည်လျားသည့် သတိရအောက်မေ့ပွဲများနှင့် ကမ်းခြေများတွင် ထောင်ပေါင်း များစွာသောလူများဖြင့် ပြန်လည် ကမ်းခြေများကို နွေရာသီအစတွင် ပြန်လည် စတင်ရန် အမေရိကန်တစ်ဝှမ်းပိတ်ဆို့မှုများကို လျှော့ချဖို့ ဆော်ဩနေခဲ့ပါတယ်။

သိုရာတွင် ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်တားဆီးရေးဌာန (CDC) မှ ပြန်လည်ဖွင့်လှစ်ခြင်းမပြုမီ ရောဂါဖြစ်ပွားမှု ၁၄ ရက်ဆက်တိုက် လျှော့ကျမှ ဖွင့်လှစ်ဖို့ ရန်ပြည်နယ်များအားစောင့်ဆိုင်းရန် အကြံပြုခဲ့သော်လည်းပြည်နယ် ၅၀ လုံးမှာ တစ်စိတ်တစ်ပိုင်း ပြန်လည် ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ ဤသို့ ပြန်လည်ဖွင့်လှစ်ခြင်းကြောင့် ကူးစက်ရောဂါဒုတိယလှိုင်း မှာ ဆောလျှင်စွာ လာလိမ့်မယ်လို့ ကျန်းမာရေး အရာရှိများ က သတိပေး ခဲ့ပါတယ်။

လက်ရှိ ထုတ်ပြန်ချက်များအရ မေ ၂၈ ရက် GMT ၀၈ နာရီ ၁၆ မိနစ်အရ အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်ကြောင့် သေဆုံးသူ ၁၀၂၁၀၇ဦးရှိကာ ကူးစက်ခံရသူ ၁၇၄၅၈၀၃ ဦးရှိပြီး ပြန်လည်ကောင်းမွန်လာသူ ၄၉၀၁၃၀ ဦးထိရှိလာခဲ့ပြီဖြစ်ပါတယ်။

Linko
Ref: iflscience.com
နယူးယောက်၊ မေ ၂၈

( Zawgyi )

 အေမရိကန္ျပည္ေထာင္စုအတြက္ ယေန႔မွာ အလြန္ဝမ္းနည္းဖြယ္ေကာင္းသည့္ သမိုင္းမွတ္တိုင္ေန႔ တစ္ေန႔အျဖစ္ေရာက္ရွိခဲ့ပါတယ္။ အေမရိကန္တစ္ဝန္း Covid-19 ကူးစက္ေရာဂါေၾကာင့္ အေမရိကန္ ႏိုင္ငံသား တစ္သိန္းေက်ာ္ ေသဆုံးခဲ့ၿပီး ႏိုင္ငံသား ၁ဒသမ ၆၈ သန္းေက်ာ္မွာ ေရာဂါကူးစက္ခံေနရဆဲျဖစ္ကာ ကမာၻေပၚတြင္  covid-19 ကူးစက္ေရာဂါအဆိုး႐ြားဆုံး ခံေနရတဲ့ ႏိုင္ငံျဖစ္ခဲ့ပါတယ္။ ဧၿပီလ ေႏွာင္းပိုင္းကတည္းက အေမရိကန္ႏိုင္ငံမွာ ကမာၻ အႏွံ႔အျပားေဒသမ်ားအနက္ ေရာဂါျဖစ္ပြားမႈ အျမင့္ဆုံးျဖစ္လာကာ ကူးစက္ေရာဂါ၏ဗဟိုခ်က္ျဖစ္လာခဲ့ပါတယ္။ ကိုဗက္ ၁၉ ေၾကာင့္ အေမရိကန္တြင္ ေသဆုံးသည္အေရအတြက္မွာ ကမာၻတစ္ဝန္း ေသဆုံးသည္အေရအတြက္၏ သုံးပုံတစ္ပုံနီးပါး ရွိလာခဲပါတယ္။

လက္ရွိတြင္ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) ကအေမရိကတိုက္မွာ Covid-19 ကူးစက္ေရာဂါ၏ ဗဟိုအခ်က္အခ်ာ ျဖစ္ေနေၾကာင္း ေၾကျငာခဲ့ၿပီး၊ အေမရိကအလယ္ပိုင္းႏွင့္ေတာင္အေမရိကႏွစ္ခုလုံးတြင္ ကူးစက္ခံရမႈႏူန္းမွာ လ်င္ျမန္စြာျမင့္တက္ေနလွ်က္ရွိပါတယ္။ ပနားမားက်န္းမာေရးအဖြဲ႕ (PAHO) အႀကီးအကဲ ႏွင့္ အေမရိကတိုက္ WHO မွၫႊန္ၾကားေရးမႉး ျဖစ္သူ ကာရီဆာအိန္တီနီက  ေဒသအတြက္ အလြန္ခက္ခဲေသာ ရက္သတၱပတ္မ်ားကိုရင္ဆိုင္ရမယ့္ လို႔ သတိေပးခဲ့သည္။

အေမရိကန္ႏိုင္ငံတစ္ဝန္း ၿပီးခဲ့သည့္ရက္သတၱပတ္အကုန္ေမ ၁၇ ရက္က ကူးစက္ေရာဂါမွာ တစ္ႏိုင္ငံလုံး အတိုင္းအတာအရ ၈ ရာခိုင္ႏႈန္းေလ်ာ့နည္းသြားၿပီး ယခုရက္သတၱပတ္အကုန္ ေမ ၂၄ ရက္တြင္ ဝ.၈ ရာခိုင္ႏႈန္း သာ က်ဆင္းခဲ့ပါတယ္။ ျပည္နယ္အဆင့္တြင္ ႏွစ္ပတ္အတြင္း ျပည္နယ္ ၁၃ ခုတြင္ ကူးစက္ခံရသူတိုးလာၿပီး ၿပီးခဲ့သည့္ရက္သတၱပတ္တြင္ ျပည္နယ္ ၂၀ အတြင္း ကူးစက္ခံရမႈ အေရအတြက္ တိုးတက္လာခဲ့ပါတယ္။ နယူး ေယာက္မွာ  အေမရိကန္တြင္ ကူးစက္ခံရမႈဗဟိုခ်က္အျဖစ္ရွည္ၾကာစြာမရွိေတာ့ပါဘူး။သမၼတ ေဒၚနယ္ထရမ့္က  အစဥ္အလာ အား ျဖင့္ တနဂၤေႏြေန႔တြင္ က်င္းပေသာ ရွည္လ်ားသည့္ သတိရေအာက္ေမ့ပြဲမ်ားႏွင့္ ကမ္းေျခမ်ားတြင္ ေထာင္ေပါင္း မ်ားစြာေသာလူမ်ားျဖင့္ ျပန္လည္ ကမ္းေျခမ်ားကို ေႏြရာသီအစတြင္ ျပန္လည္ စတင္ရန္ အေမရိကန္တစ္ဝွမ္းပိတ္ဆို႔မႈမ်ားကို ေလွ်ာ့ခ်ဖို႔ ေဆာ္ဩေနခဲ့ပါတယ္။

သိုရာတြင္ ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ကာကြယ္တားဆီးေရးဌာန (CDC) မွ ျပန္လည္ဖြင့္လွစ္ျခင္းမျပဳမီ ေရာဂါျဖစ္ပြားမႈ ၁၄ ရက္ဆက္တိုက္ ေလွ်ာ့က်မွ ဖြင့္လွစ္ဖို႔ ရန္ျပည္နယ္မ်ားအားေစာင့္ဆိုင္းရန္ အႀကံျပဳခဲ့ေသာ္လည္းျပည္နယ္ ၅၀ လုံးမွာ တစ္စိတ္တစ္ပိုင္း ျပန္လည္ ဖြင့္လွစ္လိုက္ၿပီျဖစ္ပါတယ္။ ဤသို႔ ျပန္လည္ဖြင့္လွစ္ျခင္းေၾကာင့္ ကူးစက္ေရာဂါဒုတိယလႈိင္း မွာ ေဆာလွ်င္စြာ လာလိမ့္မယ္လို႔ က်န္းမာေရး အရာရွိမ်ား က သတိေပး ခဲ့ပါတယ္။

လက္ရွိ ထုတ္ျပန္ခ်က္မ်ားအရ ေမ ၂၈ ရက္ GMT ၀၈ နာရီ ၁၆ မိနစ္အရ အေမရိကန္တြင္ ကို႐ိုနာဗိုင္းရပ္ေၾကာင့္ ေသဆုံးသူ ၁၀၂၁၀၇ဦးရွိကာ ကူးစက္ခံရသူ ၁၇၄၅၈၀၃ ဦးရွိၿပီး ျပန္လည္ေကာင္းမြန္လာသူ ၄၉၀၁၃၀ ဦးထိရွိလာခဲ့ၿပီျဖစ္ပါတယ္။

Linko
Ref: iflscience.com
နယူးေယာက္၊ ေမ ၂၈