ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်တွင် သေဆုံးသူအရေအတွက် ၁၈၆၈ ဦးထိရှိလာ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်တွင် သေဆုံးသူအရေအတွက် ၁၈၆၈ ဦးထိရှိလာ

တရုတ်ပြည်မကြီးမှာ ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ် -၁၉)ကြောင့် သေဆုံးသူအရေအတွက်မှာ ဖေဖေါ်ဝါရီ ၁၇ ရက်၊တနင်္လာနေ့ ကုန်ဆုံးချိန်ထိ ၁၈၆၈ ဦးထိရှိလာပြီလို့ အာဏာပိုင်တွေက ဆိုပါတယ်။

အမျိုးသားကျန်းမာရေးကော်မရှင်က မနေ့က လူ ၉၈ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ဗိုင်းရပ်စ်စတင်ရာ ဟူဘေးပြည်နယ်ထဲမှာ သေဆုံးသူအရေအတွက်က စုစုပေါင်း ၁၇၈၉ ဦးထိရှိလာခဲ့ပါတယ်။ဗိုင်းရပ်စ်စတင်ဖြစ်ပွား ခဲ့ သည့် ၂၀၁၉ခုနှစ်ဒီဇင်ဘာမှ စတင်ကာ တစ်နိုင်ငံလုံးကျယ်ပြန့်စွာလျင်လျင်မြန်မြန်ပျံနှံခဲ့ပြီး တစ်နိုင်ငံလုံးတွင် ကူးစက်ခံရသူ ၇၂၄၃၆ ဦးထိရှိလာခဲ့တယ်ဆိုပါတယ်။

တနင်္လာနေ့က ထုတ်ပြန်ခဲ့သည့် စာရင်းအချက်အလက်များအရ နောက်ထပ်ကူးစက်ခံရသူအရေ အတွက် မှာ ၁၈၈၆ ဦး ထိ ရှိခဲ့ပါတယ်။ အဆိုပါစာရင်းမှာ ရောဂါကူးစက်မှုပြင်းထန်ခဲ့သည့် ယခုလအတွင်းအနည်းဆုံးဖြစ်ပွား မှုနူန်းဘဲဖြစ်ပါတယ်။

ဟူဘေးပြည်နယ်ပြင်ပမှာ ထပ်မံရောဂါကူးစက်ခံရသူမှာ ၇၉ ဦးသာရှိပြီး ဖေဖေါ်ဝါရီ ၄ ရက်တွင်ရှိခဲ့သည့် ကူးစက်ခံရနူန်း ၈၉၀ ဦးမှ ထိုးကျလာတာဖြစ်ပါတယ်။

ယခုကူးစက်ခံရနူန်းမှာ အဓိကဖြစ်ပွားရာ ပြည်နယ်ပြင်ပတွင်  ဇန်နဝါရီ ၂၃ ရက်နောက် ပိုင်း ကူးစက်ခံ ရမှု အနည်းဆုံးဖြစ်ပါတယ်။ တရုတ်နိုင်ငံ ဟူဘေးပြည်နယ်သတင်းထုတ်ပြန်ချက်အရ  သေဆုံးသူ ၉၃ ဦးတိုးလာကာ ရောဂါအတည်ပြုခဲ့သူ ၁၈၀၇ ဦးရှိပြီး ရောဂါ သက်သာသဖြင့် ဆေးရုံမှ ဆင်းလာရသူ ၁၂၂၃ ဦးရှိတယ်လို့ ဆိုပါတယ်။

Linko
Ref: mothership.sg
ဘေကျင်း၊ ဖေဖေါ်ဝါရီ ၁၈

(  Zawgyi  )

 တ႐ုတ္ျပည္မႀကီးမွာ ကို႐ိုနာဗိုင္းရပ္စ္ (ကိုဗစ္ -၁၉)ေၾကာင့္ ေသဆုံးသူအေရအတြက္မွာ ေဖေဖၚဝါရီ ၁၇ ရက္၊တနလၤာေန႔ ကုန္ဆုံးခ်ိန္ထိ ၁၈၆၈ ဦးထိရွိလာၿပီလို႔ အာဏာပိုင္ေတြက ဆိုပါတယ္။

အမ်ိဳးသားက်န္းမာေရးေကာ္မရွင္က မေန႔က လူ ၉၈ ဦးေသဆုံးခဲ့တယ္လို႔ ဆိုပါတယ္။ဗိုင္းရပ္စ္စတင္ရာ ဟူေဘးျပည္နယ္ထဲမွာ ေသဆုံးသူအေရအတြက္က စုစုေပါင္း ၁၇၈၉ ဦးထိရွိလာခဲ့ပါတယ္။ဗိုင္းရပ္စ္စတင္ျဖစ္ပြား ခဲ့ သည့္ ၂၀၁၉ခုႏွစ္ဒီဇင္ဘာမွ စတင္ကာ တစ္ႏိုင္ငံလုံးက်ယ္ျပန႔္စြာလ်င္လ်င္ျမန္ျမန္ပ်ံႏွံခဲ့ၿပီး တစ္ႏိုင္ငံလုံးတြင္ ကူးစက္ခံရသူ ၇၂၄၃၆ ဦးထိရွိလာခဲ့တယ္ဆိုပါတယ္။

တနလၤာေန႔က ထုတ္ျပန္ခဲ့သည့္ စာရင္းအခ်က္အလက္မ်ားအရ ေနာက္ထပ္ကူးစက္ခံရသူအေရ အတြက္ မွာ ၁၈၈၆ ဦး ထိ ရွိခဲ့ပါတယ္။ အဆိုပါစာရင္းမွာ ေရာဂါကူးစက္မႈျပင္းထန္ခဲ့သည့္ ယခုလအတြင္းအနည္းဆုံးျဖစ္ပြား မႈႏူန္းဘဲျဖစ္ပါတယ္။

ဟူေဘးျပည္နယ္ျပင္ပမွာ ထပ္မံေရာဂါကူးစက္ခံရသူမွာ ၇၉ ဦးသာရွိၿပီး ေဖေဖၚဝါရီ ၄ ရက္တြင္ရွိခဲ့သည့္ ကူးစက္ခံရႏူန္း ၈၉၀ ဦးမွ ထိုးက်လာတာျဖစ္ပါတယ္။

ယခုကူးစက္ခံရႏူန္းမွာ အဓိကျဖစ္ပြားရာ ျပည္နယ္ျပင္ပတြင္  ဇန္နဝါရီ ၂၃ ရက္ေနာက္ ပိုင္း ကူးစက္ခံ ရမႈ အနည္းဆုံးျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံ ဟူေဘးျပည္နယ္သတင္းထုတ္ျပန္ခ်က္အရ  ေသဆုံးသူ ၉၃ ဦးတိုးလာကာ ေရာဂါအတည္ျပဳခဲ့သူ ၁၈၀၇ ဦးရွိၿပီး ေရာဂါ သက္သာသျဖင့္ ေဆး႐ုံမွ ဆင္းလာရသူ ၁၂၂၃ ဦးရွိတယ္လို႔ ဆိုပါတယ္။

Linko
Ref: mothership.sg
ေဘက်င္း၊ ေဖေဖၚဝါရီ ၁၈