ကိုရိုနာဗိုင်းရပ်စ်အရေး လုံခြုံရေးကောင်စီတွင်မဲခွဲမှုကို အမေရိကန်ပိတ်ဆို့

ကိုရိုနာဗိုင်းရပ်စ်အရေး လုံခြုံရေးကောင်စီတွင်မဲခွဲမှုကို အမေရိကန်ပိတ်ဆို့

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ကိုဗစ်-၁၉ နှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်ချရန် အစီအစဉ်ကို အမေရိကန်ပြည်ထောင်စုက သောကြာနေ့တွင် ပိတ်ဆို့လိုက်ပြီး တရုတ်နိုင်ငံသည် မမှန်ကန်သောဇာတ်လမ်းများကို တင်ပြရန်ကြိုးစားနေသည်ဟု စွပ်စွဲလိုက်သောကြောင့် ပြင်သစ်နှင့် တူနီးရှားနိုင်ငံများသည် အခြားသောဆုံးဖြတ်ချက်များသာ ချမှတ်ရန် လမ်းကြောင်း ရှာဖွေနေရသည်။

ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းအတွင်း တစ်ကမ္ဘာလုံး အပစ်အခတ်ရပ်စဲရေးအတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ တောင်းဆိုမှုကို ထောက်ခံရေးအတွက် သဘောတူညီမှုရရှိရန် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုဖြင့် အမေရိကန်ပြည်ထောင်စုသည် အဖွဲ့ဝင်နိုင်ငံများနှင့် လုပ်ကိုင်ခဲ့သည်မှာ ၆ ပတ်ကြာပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောသည်။

ထိုဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး သဘောတူညီမှုမရခြင်းတွက် အမေရိကန်နိုင်ငံက တရုတ်နိုင်ငံကို အပြစ်တင်သည်။

“ကံမကောင်းအကြောင်းမလှစွာပဲ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဝူဟန်မှာ ကိုဗစ်-၁၉ ဖြစ်ပွားမှုကို တုံ့ပြန်ဆောင်ရွက်တာနဲ့ပတ်သက်ပြီး မှားယွင်းတဲ့လုပ်ဇာတ်တွေကို တင်ပြဖို့ ဒီဆုံးဖြတ်ချက်ကို အသုံးချဖို့ ဆုံးဖြတ်ထားတယ်” ဟု သူကပြောသည်။

သောကြာနေ့က ဆုံးဖြတ်ချက်တစ်ခုချမှတ်ရေး အဖွဲ့ဝင်နိုင်ငံများအကြား သဘောတူညီချက်မရခြင်း အကြောင်းရင်းမှာ တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံအကြား တင်းမာမှုများ ရှေ့တန်းရောက်နေသောကြောင့် ဖြစ်ပုံရသည်။

“လုံခြုံရေးကောင်စီအနေနဲ့ ရှေ့ဆက်နိုင်မယ့် အပေးအယူတွေကို တရုတ်နိုင်ငံက အကြိမ်ကြိမ်ပိတ်ဆို့နေတယ်” ဟုလည်း ထိုပြောခွင့်ရသူက ဆိုသည်။

မည်သည်တို့ကို ပြောင်းလဲပေးရမည်နည်းဟု မေးသောအခါ ပြောခွင့်ရသူက လုံခြုံရေးကောင်စီအနေဖြင့် တစ်ကမ္ဘာလုံး အပစ်အခတ်ရပ်စဲရေးအတွက်သာ ကန့်သတ်ထားသော ဆုံးဖြတ်ချက် သို့မဟုတ်ပါက ကိုဗစ်-၁၉ ဖြစ်ပွားနေသည့် အခြေအနေတွင် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု ကတိကဝတ်သစ်များကို ကိုင်တွယ်ဖြေရှင်းရန်လိုသော ပိုမိုကျယ်ပြန့်သည့် သဘောတူညီချက်ဖြင့်သာ ရှေ့ဆက်သင့်သည်ဟု သူကပြောသည်။

“အခုဖြစ်နေတဲ့ ကမ္ဘာတဝှမ်းကူးစက်ရောဂါနဲ့ နောင်ဖြစ်မယ့် ကမ္ဘာတဝှမ်းကူးစက်ရောဂါတွေကို တိုက်ဖျက်ရာမှာ အထောက်အကူဖြစ်ဖို့ ပွင့်လင်းမြင်သာမှုနဲ့ မှီခိုအားထားနိုင်တဲ့ အချက်အလက်တွေလိုတယ်” ဟု သူကပြောသည်။

လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံတို့သည် ကမ္ဘာတဝှမ်းကူးစက်ရောဂါနှင့်ပတ်သက်သော ဆုံးဖြတ်ချက်ချရန် စကားလုံးရွေးချယ်ရာတွင် အခက်အခဲတွေ့နေကြသည်။မတ်လကတည်းက ညှိနှိုင်းနေသော ထိုဆုံးဖြတ်ချက်စာသားများအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို အစိုးရများ ကိုင်တွယ်နိုင်ရေးအတွက် ပဋိပက္ခဒေသများတွင် ရန်လိုမှုများ ကမ္ဘာတဝှမ်းရပ်ဆဲထားရန် တောင်းဆိုထားသည်။

မည်သည့်ထုတ်ပြန်ကြေညာချက်နှင့် စာရွက်စာတမ်းမဆိုတွင် ကိုရိုနာဗိုင်းရပ်စ်ကို ဝူဟန်ဗိုင်းရပ်စ်ဟု ဖေါ်ပြရန် အမေရိကန်ပြည်ထောင်စုက အစောပိုင်းက တောင်းဆိုခဲ့သည်။

အခြားသော အဟန့်အတားဖြစ်စေသည့် ပြဿနာမှာ အချို့သော လုံခြုံရေးကောင်စီအဖွဲ့ဝင်များက ဆူဒန်နှင့် ဇင်ဘာဘွေအပေါ် အရေးယူပိတ်ဆို့မှုများ ရုတ်သိမ်းပေးရန် တောင်းဆိုနေခြင်းဖြစ်သည်။

Linko
Ref : thenational.ae
နယူးယောက်၊ မေ - ၉
( Zawgyi )
ကုလသမဂၢလုံၿခဳံေရးေကာင္စီတြင္ ကိုဗစ္-၁၉ ႏွင့္ ပတ္သက္သည့္ ဆုံးျဖတ္ခ်က္ခ်ရန္ အစီအစဥ္ကို အေမရိကန္ျပည္ေထာင္စုက ေသာၾကာေန႔တြင္ ပိတ္ဆို႔လိုက္ၿပီး တ႐ုတ္ႏိုင္ငံသည္ မမွန္ကန္ေသာဇာတ္လမ္းမ်ားကို တင္ျပရန္ႀကိဳးစားေနသည္ဟု စြပ္စြဲလိုက္ေသာေၾကာင့္ ျပင္သစ္ႏွင့္ တူနီးရွားႏိုင္ငံမ်ားသည္ အျခားေသာဆုံးျဖတ္ခ်က္မ်ားသာ ခ်မွတ္ရန္ လမ္းေၾကာင္း ရွာေဖြေနရသည္။

ကို႐ိုနာဗိုင္းရပ္စ္ အက်ပ္အတည္းအတြင္း တစ္ကမာၻလုံး အပစ္အခတ္ရပ္စဲေရးအတြက္ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္၏ ေတာင္းဆိုမႈကို ေထာက္ခံေရးအတြက္ သေဘာတူညီမႈရရွိရန္ အျပဳသေဘာေဆာင္ေသာ ပူးေပါင္းေဆာင္႐ြက္မႈျဖင့္ အေမရိကန္ျပည္ေထာင္စုသည္ အဖြဲ႕ဝင္ႏိုင္ငံမ်ားႏွင့္ လုပ္ကိုင္ခဲ့သည္မွာ ၆ ပတ္ၾကာၿပီျဖစ္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရသူက ေျပာသည္။

ထိုဆုံးျဖတ္ခ်က္ႏွင့္ပတ္သက္ၿပီး သေဘာတူညီမႈမရျခင္းတြက္ အေမရိကန္ႏိုင္ငံက တ႐ုတ္ႏိုင္ငံကို အျပစ္တင္သည္။

“ကံမေကာင္းအေၾကာင္းမလွစြာပဲ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံက ဝူဟန္မွာ ကိုဗစ္-၁၉ ျဖစ္ပြားမႈကို တုံ႔ျပန္ေဆာင္႐ြက္တာနဲ႔ပတ္သက္ၿပီး မွားယြင္းတဲ့လုပ္ဇာတ္ေတြကို တင္ျပဖို႔ ဒီဆုံးျဖတ္ခ်က္ကို အသုံးခ်ဖို႔ ဆုံးျဖတ္ထားတယ္” ဟု သူကေျပာသည္။

ေသာၾကာေန႔က ဆုံးျဖတ္ခ်က္တစ္ခုခ်မွတ္ေရး အဖြဲ႕ဝင္ႏိုင္ငံမ်ားအၾကား သေဘာတူညီခ်က္မရျခင္း အေၾကာင္းရင္းမွာ တ႐ုတ္ႏိုင္ငံႏွင့္ အေမရိကန္ႏိုင္ငံအၾကား တင္းမာမႈမ်ား ေရွ႕တန္းေရာက္ေနေသာေၾကာင့္ ျဖစ္ပုံရသည္။

“လုံၿခဳံေရးေကာင္စီအေနနဲ႔ ေရွ႕ဆက္ႏိုင္မယ့္ အေပးအယူေတြကို တ႐ုတ္ႏိုင္ငံက အႀကိမ္ႀကိမ္ပိတ္ဆို႔ေနတယ္” ဟုလည္း ထိုေျပာခြင့္ရသူက ဆိုသည္။

မည္သည္တို႔ကို ေျပာင္းလဲေပးရမည္နည္းဟု ေမးေသာအခါ ေျပာခြင့္ရသူက လုံၿခဳံေရးေကာင္စီအေနျဖင့္ တစ္ကမာၻလုံး အပစ္အခတ္ရပ္စဲေရးအတြက္သာ ကန႔္သတ္ထားေသာ ဆုံးျဖတ္ခ်က္ သို႔မဟုတ္ပါက ကိုဗစ္-၁၉ ျဖစ္ပြားေနသည့္ အေျခအေနတြင္ အဖြဲ႕ဝင္ႏိုင္ငံမ်ားအေနျဖင့္ ပြင့္လင္းျမင္သာမႈႏွင့္ တာဝန္ယူမႈ တာဝန္ခံမႈ ကတိကဝတ္သစ္မ်ားကို ကိုင္တြယ္ေျဖရွင္းရန္လိုေသာ ပိုမိုက်ယ္ျပန႔္သည့္ သေဘာတူညီခ်က္ျဖင့္သာ ေရွ႕ဆက္သင့္သည္ဟု သူကေျပာသည္။

“အခုျဖစ္ေနတဲ့ ကမာၻတဝွမ္းကူးစက္ေရာဂါနဲ႔ ေနာင္ျဖစ္မယ့္ ကမာၻတဝွမ္းကူးစက္ေရာဂါေတြကို တိုက္ဖ်က္ရာမွာ အေထာက္အကူျဖစ္ဖို႔ ပြင့္လင္းျမင္သာမႈနဲ႔ မွီခိုအားထားႏိုင္တဲ့ အခ်က္အလက္ေတြလိုတယ္” ဟု သူကေျပာသည္။

လုံၿခဳံေရးေကာင္စီအဖြဲ႕ဝင္ ၁၅ ႏိုင္ငံတို႔သည္ ကမာၻတဝွမ္းကူးစက္ေရာဂါႏွင့္ပတ္သက္ေသာ ဆုံးျဖတ္ခ်က္ခ်ရန္ စကားလုံးေ႐ြးခ်ယ္ရာတြင္ အခက္အခဲေတြ႕ေနၾကသည္။မတ္လကတည္းက ညႇိႏႈိင္းေနေသာ ထိုဆုံးျဖတ္ခ်က္စာသားမ်ားအရ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈကို အစိုးရမ်ား ကိုင္တြယ္ႏိုင္ေရးအတြက္ ပဋိပကၡေဒသမ်ားတြင္ ရန္လိုမႈမ်ား ကမာၻတဝွမ္းရပ္ဆဲထားရန္ ေတာင္းဆိုထားသည္။

မည္သည့္ထုတ္ျပန္ေၾကညာခ်က္ႏွင့္ စာ႐ြက္စာတမ္းမဆိုတြင္ ကို႐ိုနာဗိုင္းရပ္စ္ကို ဝူဟန္ဗိုင္းရပ္စ္ဟု ေဖၚျပရန္ အေမရိကန္ျပည္ေထာင္စုက အေစာပိုင္းက ေတာင္းဆိုခဲ့သည္။

အျခားေသာ အဟန႔္အတားျဖစ္ေစသည့္ ျပႆနာမွာ အခ်ိဳ႕ေသာ လုံၿခဳံေရးေကာင္စီအဖြဲ႕ဝင္မ်ားက ဆူဒန္ႏွင့္ ဇင္ဘာေဘြအေပၚ အေရးယူပိတ္ဆို႔မႈမ်ား ႐ုတ္သိမ္းေပးရန္ ေတာင္းဆိုေနျခင္းျဖစ္သည္။

Linko
Ref : thenational.ae
နယူးေယာက္၊ ေမ - ၉