ကိုရိုနာဗိုင်းရပ်သည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံး စိန်ခေါ်မှုဟု ကုလအကြီးအကဲ ပြော

ကိုရိုနာဗိုင်းရပ်သည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံး စိန်ခေါ်မှုဟု ကုလအကြီးအကဲ ပြော

လက်ရှိဖြစ်ပေါ်နေသည့် ကိုရိုနာဗိုင်းရပ်ရောဂါသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကမ္ဘာကြီး အတွက် အကြီးမားဆုံး စိန်ခေါ်မှုတစ်ရပ် ဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က သတိပေးပြောကြားလိုက်ပါတယ်။

ကမ္ဘာ့အခြေအနေအရပ်ရပ်သည် မည်သည့်အခြေအနေနှင့်မှ မတူသည့် တုံ့နှေးမှုများ ဖြစ်သွား နိုင်ကြောင်းလည်း ၎င်းက ပြောကြားပါတယ်။ကိုရိုနာဗိုင်းရပ်ရောဂါကြောင့် လူမှုစီးပွားရေးအပေါ် သက်ရောက်နိုင်မှု အလားအလာများကို ဖော်ပြထားသည့် ကုလသမဂ္ဂအစီရင်ခံစာ ထုတ်ပြန်သည့် အခမ်းအနားတွင် ဂူတာရက်စ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

ကိုဗစ် ၁၉ ရောဂါ ကူးစက်မှုသည် ယခုအခါ ကမ္ဘာပေါ်တွင် ၈ သိန်း ၅ သောင်းခန့် ရှိသွားပြီးဖြစ်ပြီး သေဆုံးသူ ၄ သောင်း ၁ ထောင် ကျော်သွားပြီ ဖြစ်ပါတယ်။အမေရိကန်တွင် သေဆုံးသူ ၃၆၀၀ ရှိသဖြင့် ရောဂါစတင်ဖြစ်ပွားသည့် တရုတ်နိုင်ငံမှ အရေအတွက်ထက် ကျော်လွန်သွားပါတယ်။ဂျွန်ဟော့ကင်းတက္ကသိုလ်မှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ အမေရိကန်တွင် ရောဂါကူးစက်ခံရသူ ၁၈၁၀၀၀ ကျော် ရှိသွားပြီ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံသား ၄ ဦးလျှင် ၁ ဦးခန့်သည် ပုံစံတစ်မျိုးမျိုးဖြင့် သွားလာမှု ကန့်သတ်ခြင်း များနှင့် ကြုံတွေ့နေရပြီး ပြည်နယ်အများအပြားမှာလည်း ကိုရိုနာဗိုင်းရပ် ပြဿနာနှင့် ပိုမိုရင်ဆိုင်လာရပါတယ်။

ရောဂါဖြစ်ပွားမှု ပြင်းထန်သည့်နိုင်ငံများတွင် ပါဝင်သော စပိန်တွင်လည်း လွန်ခဲ့သည့် ၂၄ နာရီအတွင်း ၈၄၉ ဦး သေဆုံးခဲ့ရာ တစ်နေ့အတွင်း စံချိန်တင် သေဆုံးခဲ့ခြင်း ဖြစ်ပါတယ်။ဗြိတိန်တွင်လည်း မတ် ၃၀ အထိ သေဆုံးသူ ၁၇၈၉ ဦးရှိခဲ့ပြီး အငယ်ဆုံးကလေးမှာ ၁၃ နှစ်အရွယ် ယောက်ျားလေး တစ်ဦး ဖြစ်ပါတယ်။

Linko
Ref: BBC
ဝါရှင်တန်၊ ဧပြီ ၁ 

(  Zawgyi  )

 လက္ရွိျဖစ္ေပၚေနသည့္ ကို႐ိုနာဗိုင္းရပ္ေရာဂါသည္ ဒုတိယကမာၻစစ္ေနာက္ပိုင္း ကမာၻႀကီး အတြက္ အႀကီးမားဆုံး စိန္ေခၚမႈတစ္ရပ္ ျဖစ္ေၾကာင္း ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ အန္တိုနီယို ဂူတာရက္စ္က သတိေပးေျပာၾကားလိုက္ပါတယ္။

ကမာၻ႔အေျခအေနအရပ္ရပ္သည္ မည္သည့္အေျခအေနႏွင့္မွ မတူသည့္ တုံ႔ေႏွးမႈမ်ား ျဖစ္သြား ႏိုင္ေၾကာင္းလည္း ၎က ေျပာၾကားပါတယ္။ကို႐ိုနာဗိုင္းရပ္ေရာဂါေၾကာင့္ လူမႈစီးပြားေရးအေပၚ သက္ေရာက္ႏိုင္မႈ အလားအလာမ်ားကို ေဖာ္ျပထားသည့္ ကုလသမဂၢအစီရင္ခံစာ ထုတ္ျပန္သည့္ အခမ္းအနားတြင္ ဂူတာရက္စ္က ယခုကဲ့သို႔ ေျပာၾကားခဲ့ျခင္း ျဖစ္ပါတယ္။

ကိုဗစ္ ၁၉ ေရာဂါ ကူးစက္မႈသည္ ယခုအခါ ကမာၻေပၚတြင္ ၈ သိန္း ၅ ေသာင္းခန႔္ ရွိသြားၿပီးျဖစ္ၿပီး ေသဆုံးသူ ၄ ေသာင္း ၁ ေထာင္ ေက်ာ္သြားၿပီ ျဖစ္ပါတယ္။အေမရိကန္တြင္ ေသဆုံးသူ ၃၆၀၀ ရွိသျဖင့္ ေရာဂါစတင္ျဖစ္ပြားသည့္ တ႐ုတ္ႏိုင္ငံမွ အေရအတြက္ထက္ ေက်ာ္လြန္သြားပါတယ္။ဂြၽန္ေဟာ့ကင္းတကၠသိုလ္မွ ထုတ္ျပန္ထားသည့္ အခ်က္အလက္မ်ားအရ အေမရိကန္တြင္ ေရာဂါကူးစက္ခံရသူ ၁၈၁၀၀၀ ေက်ာ္ ရွိသြားၿပီ ျဖစ္ပါတယ္။

အေမရိကန္ႏိုင္ငံသား ၄ ဦးလွ်င္ ၁ ဦးခန႔္သည္ ပုံစံတစ္မ်ိဳးမ်ိဳးျဖင့္ သြားလာမႈ ကန႔္သတ္ျခင္း မ်ားႏွင့္ ႀကဳံေတြ႕ေနရၿပီး ျပည္နယ္အမ်ားအျပားမွာလည္း ကို႐ိုနာဗိုင္းရပ္ ျပႆနာႏွင့္ ပိုမိုရင္ဆိုင္လာရပါတယ္။

ေရာဂါျဖစ္ပြားမႈ ျပင္းထန္သည့္ႏိုင္ငံမ်ားတြင္ ပါဝင္ေသာ စပိန္တြင္လည္း လြန္ခဲ့သည့္ ၂၄ နာရီအတြင္း ၈၄၉ ဦး ေသဆုံးခဲ့ရာ တစ္ေန႔အတြင္း စံခ်ိန္တင္ ေသဆုံးခဲ့ျခင္း ျဖစ္ပါတယ္။ၿဗိတိန္တြင္လည္း မတ္ ၃၀ အထိ ေသဆုံးသူ ၁၇၈၉ ဦးရွိခဲ့ၿပီး အငယ္ဆုံးကေလးမွာ ၁၃ ႏွစ္အ႐ြယ္ ေယာက္်ားေလး တစ္ဦး ျဖစ္ပါတယ္။

Linko
Ref: BBC
ဝါရွင္တန္၊ ဧၿပီ ၁