ကိုရိုနာဗိုင်းရပ် ပြဿနာကို နိုင်ငံရေးနှင့် မရောယှက်ရန် WHO အကြီးအကဲ ပြောကြား

ကိုရိုနာဗိုင်းရပ် ပြဿနာကို နိုင်ငံရေးနှင့် မရောယှက်ရန် WHO အကြီးအကဲ ပြောကြား

ကိုရိုနာဗိုင်းရပ် ရောဂါ ဖြစ်ပွားနေချိန်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) အား အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြစ်တင်ဝေဖန်မှုများကို ဆက်လက် လုပ်ဆောင်နေ သောကြောင့် ညီညွတ်မှုရှိကြရန် အဆိုပါအဖွဲ့၏ အကြီးအကဲက တိုက်တွန်းလိုက်ပါတယ်။

WHO ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတက်ဒရော့စ်အဓါနွမ် ဂီဘရီရက်ဆက်က အဖွဲ့၏ လုပ်ဆောင်ချက်များအပေါ် ကာကွယ်လိုက်ပြီး ကိုဗစ် ၁၉ ပြဿနာအား နိုင်ငံရေးနှင့် မရောယှက် ရန် ဧပြီ ၈ ရက်က တိုက်တွန်း လိုက်ပါတယ်။

သမ္မတထရမ့်က အမေရိကန်က WHO သို့ ထည့်သွင်းနေသည့် ရန်ပုံငွေများကိုလည်း ရပ်ဆိုင်း မည်ဟု ပြောကြား လိုက်သလို အဆိုပါအဖွဲ့အနေဖြင့် တရုတ်ဖက်သို့ ယိမ်းနေကြောင်းလည်း ပြောကြားလိုက်ပါတယ်။

အဆိုပါ မှတ်ချက်များကို ဒေါက်တာတက်ဒရော့စ်က ငြင်းဆိုလိုက်ပါတယ်။ “ကျွန်တော်တို့ နိုင်ငံအားလုံးနဲ့ အနီးကပ် လက်တွဲလုပ်ဆောင်နေပါတယ်။ အရောင်အသွေးမခွဲခြားပါဘူး” ဟု ပြောပါတယ်။

ဧပြီ ၇ရက်က ပထမဆုံးအကြိမ် ပြစ်တင်ဝေဖန်ပြီးနောက်တစ်နေ့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ ၌လည်း သမ္မတထရမ့်က WHO အနေဖြင့် ဦးစားပေးရမည့် အရာများကို အဓိက စဉ်းစားရမည်ဟု ပြောကြားခဲ့သလို အမေရိကန်အနေဖြင့်လည်း ငွေကြေးထည့်ဝင်မှုများကို ထပ်မံလုပ်ဆောင်ရန် သင့်မသင့်ကို လေ့လာသွားမည်ဟု ပြောကြားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပဲရိုကလည်း ၎င်းတို့အစိုးရအနေဖြင့် ယင်းကဲ့သို့ ငွေကြေးထည့်ဝင်မှု အစီအစဉ်ကို ပြန်လည်သုံးသပ်သွားမည်ဟု ဧပြီ ၈ ရက် သတင်းစာ ရှင်းလင်း ပွဲမှာ ပြောကြားခဲ့ပါတယ်။“အဖွဲ့အစည်းတွေက အလုပ်လုပ်ဖို့ လိုပါတယ်။ ကျွန်တော်တို့ ဖြစ်စေချင်တာက သူတို့တွေဆီက ရလဒ်တွေ ထွက်ဖို့ လိုပါတယ်” ဟု ပွန်ပဲရိုက ပြောကြား ပါတယ်။

Linko
Ref:BBC
ဝါရှင်တန်၊ ဧပြီ၉

( Zawgyi )

 ကို႐ိုနာဗိုင္းရပ္ ေရာဂါ ျဖစ္ပြားေနခ်ိန္တြင္ ကမာၻ႔က်န္းမာေရးအဖြဲ႕ခ်ဳပ္ (WHO) အား အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ျပစ္တင္ေဝဖန္မႈမ်ားကို ဆက္လက္ လုပ္ေဆာင္ေန ေသာေၾကာင့္ ညီၫြတ္မႈရွိၾကရန္ အဆိုပါအဖြဲ႕၏ အႀကီးအကဲက တိုက္တြန္းလိုက္ပါတယ္။

WHO ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာတက္ဒေရာ့စ္အဓါႏြမ္ ဂီဘရီရက္ဆက္က အဖြဲ႕၏ လုပ္ေဆာင္ခ်က္မ်ားအေပၚ ကာကြယ္လိုက္ၿပီး ကိုဗစ္ ၁၉ ျပႆနာအား ႏိုင္ငံေရးႏွင့္ မေရာယွက္ ရန္ ဧၿပီ ၈ ရက္က တိုက္တြန္း လိုက္ပါတယ္။

သမၼတထရမ့္က အေမရိကန္က WHO သို႔ ထည့္သြင္းေနသည့္ ရန္ပုံေငြမ်ားကိုလည္း ရပ္ဆိုင္း မည္ဟု ေျပာၾကား လိုက္သလို အဆိုပါအဖြဲ႕အေနျဖင့္ တ႐ုတ္ဖက္သို႔ ယိမ္းေနေၾကာင္းလည္း ေျပာၾကားလိုက္ပါတယ္။

အဆိုပါ မွတ္ခ်က္မ်ားကို ေဒါက္တာတက္ဒေရာ့စ္က ျငင္းဆိုလိုက္ပါတယ္။ “ကြၽန္ေတာ္တို႔ ႏိုင္ငံအားလုံးနဲ႔ အနီးကပ္ လက္တြဲလုပ္ေဆာင္ေနပါတယ္။ အေရာင္အေသြးမခြဲျခားပါဘူး” ဟု ေျပာပါတယ္။

ဧၿပီ ၇ရက္က ပထမဆုံးအႀကိမ္ ျပစ္တင္ေဝဖန္ၿပီးေနာက္တစ္ေန႔တြင္ ျပဳလုပ္သည့္ သတင္းစာ ရွင္းလင္းပြဲ ၌လည္း သမၼတထရမ့္က WHO အေနျဖင့္ ဦးစားေပးရမည့္ အရာမ်ားကို အဓိက စဥ္းစားရမည္ဟု ေျပာၾကားခဲ့သလို အေမရိကန္အေနျဖင့္လည္း ေငြေၾကးထည့္ဝင္မႈမ်ားကို ထပ္မံလုပ္ေဆာင္ရန္ သင့္မသင့္ကို ေလ့လာသြားမည္ဟု ေျပာၾကားပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ပြန္ပဲ႐ိုကလည္း ၎တို႔အစိုးရအေနျဖင့္ ယင္းကဲ့သို႔ ေငြေၾကးထည့္ဝင္မႈ အစီအစဥ္ကို ျပန္လည္သုံးသပ္သြားမည္ဟု ဧၿပီ ၈ ရက္ သတင္းစာ ရွင္းလင္း ပြဲမွာ ေျပာၾကားခဲ့ပါတယ္။“အဖြဲ႕အစည္းေတြက အလုပ္လုပ္ဖို႔ လိုပါတယ္။ ကြၽန္ေတာ္တို႔ ျဖစ္ေစခ်င္တာက သူတို႔ေတြဆီက ရလဒ္ေတြ ထြက္ဖို႔ လိုပါတယ္” ဟု ပြန္ပဲ႐ိုက ေျပာၾကား ပါတယ္။

Linko
Ref:BBC
ဝါရွင္တန္၊ ဧၿပီ၉