ကိုလံဘီယာ အနောက်တောင်ပိုင်းတွင် လေယာဉ်ငယ် ပျက်ကျသဖြင့် အနည်းဆုံး လူခုနစ်ဦး သေဆုံး

ကိုလံဘီယာ အနောက်တောင်ပိုင်းတွင် လေယာဉ်ငယ် ပျက်ကျသဖြင့် အနည်းဆုံး လူခုနစ်ဦး သေဆုံး

ကိုလံဘီယာနိုင်ငံ အနောက်တောင်ပိုင်း ပိုပေယန်မြို့မှာ လေယာဉ်ငယ်တစ်စင်း  တနင်္ဂနွေနေ့က ပျက်ကျခဲ့တာကြောင့် လေယာဉ်ပေါ် ပါလာသူအနက် အနည်းဆုံး ခုနှစ်ဦးသေဆုံးခဲ့တယ်လို့  တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

ကိုလံဘီယာ မြို့ပြလေကြောင်းအေဂျင်စီ ထုတ်ပြန်ချက်ကို ကိုးကားပြီး ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့ရာမှာတော့ လေယာဉ်မှာ ပြည်တွင်းလေကြောင်းကုမ္ပဏီဖြစ်တဲ့ Transpacifico ကုမ္ပဏီပိုင် လေယာဉ်ဖြစ်ပြီး ပိုပေယန် လေယာဉ်ကွင်းကနေ ပျံတက်ပြီး အချိန်အနည်းငယ်အကြာမှာ ပျက်ကျမှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။  

အစောပိုင်း အစီရင်ခံစာတွေအရ အင်ဂျင်နှစ်လုံးတပ် ပိုက်ပါအမျိုးအစား PA-31-350 လေယာဉ်ဟာ လိုပက်ဇ်ဒီမိုက်စီကို ဦးတည်ပျံသန်းခဲ့တာဖြစ်ပြီး ဒေသစံတော်ချိန် နေ့လယ်နှစ်နာရီဝန်းကျင်မှာ စက်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ဖြစ်ပြီး ပျက်ကျခဲ့တာလို့ ဆိုပါတယ်။လေယာဉ်ပေါ် လိုက်ပါလာသူ ကိုးဦးအနက် ခုနှစ်ဦးသေဆုံးခဲ့ကာ နှစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရလို့ ဆေးရုံသို့ ပိုဆောင်ကုသထားရတယ်လို့ ဆိုပါတယ်။လေယာဉ်မှာ လူဦးရေ ၂၇၀၀၀၀ ကျော်ရှိတဲ့ တောင်ကြားမြို့ဖြစ်တဲ့ ပိုပေယန်မြို့်ပေါ် ပျက်ကျခဲ့တာဖြစ်ပြီး လူမှုကွန်ရက်ပေါ် ပေါ်ထွက်လာတဲ့ ပုံတွေအရ အိမ်တွေကြားထဲ လေယာဉ်ပျက် အပိုင်းအစတွေကို တွေ့ရတယ် ဆိုပါတယ်။

ကိုလံဘီယာ မြို့ပြလေကြောင်းအာဏာပိုင်ရုံးက လေယာဉ်ပျက်ကျရတဲ့ အကြောင်းကို စုံစမ်းစစ်ဆေးနေကြောင်း ထုတ်ပြန်ထားခဲ့ပါတယ်။

Linko
Ref : ANI
ဘိုဂိုတာ၊ စက်တင်ဘာ - ၁၆

( Zawgyi )

ကိုလံဘီယာႏိုင္ငံ အေနာက္ေတာင္ပိုင္း ပိုေပယန္ၿမိဳ႕မွာ ေလယာဥ္ငယ္တစ္စင္း  တနဂၤေႏြေန႔က ပ်က္က်ခဲ့တာေၾကာင့္ ေလယာဥ္ေပၚ ပါလာသူအနက္ အနည္းဆုံး ခုႏွစ္ဦးေသဆုံးခဲ့တယ္လို႔  တာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။

ကိုလံဘီယာ ၿမိဳ႕ျပေလေၾကာင္းေအဂ်င္စီ ထုတ္ျပန္ခ်က္ကို ကိုးကားၿပီး ဆင္ဟြာသတင္းဌာနက ေဖာ္ျပခဲ့ရာမွာေတာ့ ေလယာဥ္မွာ ျပည္တြင္းေလေၾကာင္းကုမၸဏီျဖစ္တဲ့ Transpacifico ကုမၸဏီပိုင္ ေလယာဥ္ျဖစ္ၿပီး ပိုေပယန္ ေလယာဥ္ကြင္းကေန ပ်ံတက္ၿပီး အခ်ိန္အနည္းငယ္အၾကာမွာ ပ်က္က်မႈျဖစ္ပြားခဲ့တာလို႔ ဆိုပါတယ္။  

အေစာပိုင္း အစီရင္ခံစာေတြအရ အင္ဂ်င္ႏွစ္လုံးတပ္ ပိုက္ပါအမ်ိဳးအစား PA-31-350 ေလယာဥ္ဟာ လိုပက္ဇ္ဒီမိုက္စီကို ဦးတည္ပ်ံသန္းခဲ့တာျဖစ္ၿပီး ေဒသစံေတာ္ခ်ိန္ ေန႔လယ္ႏွစ္နာရီဝန္းက်င္မွာ စက္ပိုင္းဆိုင္ရာ ခ်ိဳ႕ယြင္းခ်က္ျဖစ္ၿပီး ပ်က္က်ခဲ့တာလို႔ ဆိုပါတယ္။ေလယာဥ္ေပၚ လိုက္ပါလာသူ ကိုးဦးအနက္ ခုႏွစ္ဦးေသဆုံးခဲ့ကာ ႏွစ္ဦးမွာ ဒဏ္ရာျပင္းထန္စြာရလို႔ ေဆး႐ုံသို႔ ပိုေဆာင္ကုသထားရတယ္လို႔ ဆိုပါတယ္။ေလယာဥ္မွာ လူဦးေရ ၂၇၀၀၀၀ ေက်ာ္ရွိတဲ့ ေတာင္ၾကားၿမိဳ႕ျဖစ္တဲ့ ပိုေပယန္ၿမိဳ႕္ေပၚ ပ်က္က်ခဲ့တာျဖစ္ၿပီး လူမႈကြန္ရက္ေပၚ ေပၚထြက္လာတဲ့ ပုံေတြအရ အိမ္ေတြၾကားထဲ ေလယာဥ္ပ်က္ အပိုင္းအစေတြကို ေတြ႕ရတယ္ ဆိုပါတယ္။

ကိုလံဘီယာ ၿမိဳ႕ျပေလေၾကာင္းအာဏာပိုင္႐ုံးက ေလယာဥ္ပ်က္က်ရတဲ့ အေၾကာင္းကို စုံစမ္းစစ္ေဆးေနေၾကာင္း ထုတ္ျပန္ထားခဲ့ပါတယ္။

Linko
Ref : ANI
ဘိုဂိုတာ၊ စက္တင္ဘာ - ၁၆