ကီရကတ်ရှ်တွင် အီရတ်တပ်ဖွဲ့ဝင်များက အိုင်အက်စ်တပ်ဖွဲ့ဝင် ၆ ဦးကို သတ်ဖြတ်ခဲ့

ကီရကတ်ရှ်တွင် အီရတ်တပ်ဖွဲ့ဝင်များက အိုင်အက်စ်တပ်ဖွဲ့ဝင် ၆ ဦးကို သတ်ဖြတ်ခဲ့

အငြင်းပွားနေသည့် ကီရကတ်ရှ်ပြည်နယ်တွင် အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင်များက အိုင်အက်စ်အဖွဲ့ဝင်ဆိုသူ ၆ ဦးကို သတ်ဖြတ်နိုင်ခဲ့တယ်လို့ ဖက်ဒရယ်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ဖက်ဒရယ်ရဲတပ်ဖွဲ့ထုတ်ပြန်စာကို ကိုးကားပြီး အန်ဒူလူသတင်းအေဂျင်စီက ထုတ်ပြန်ခဲ့ရာမှာ ကီရကတ်ရှ်ပြည်နယ် အနောက်တောင်ပိုင်း ဝါဒီအယ်လ်ခါဟာအရပ်မှာ ရဲတပ်ဖွဲ့တွေက အကြမ်းဖက်သမား တွေကိုလိုက်လံတိုက်ခိုက်မှုအတွင်း  သေဆုံးခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ထဲမှာ အိုင်အက်စ်တပ်ဖွဲ့ဝင်များပုန်းအောင်းနေတဲ့နေရာကနေ  ပေါက်ကွဲစေတဲ့ ကျည်နဲ့ ပစ္စည်းတွေပါတဲ့ ခါးပတ်တွေကို ရဲတပ်ဖွဲ့က လိုက်လံတိုက်ခိုက်စဉ်မှာ သိမ်းဆည်းရမိခဲ့တယ်ဆိုပါတယ်။

၂၀၁၇ ခုနှစ်က အကြမ်းဖက်စစ်သွေးကြွအုပ်စုများကို အီရတ်စစ်တပ်ကအောင်နိုင်ခဲ့သော်လည်း အီရတ်အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသတွေမှာ အထူးသဖြင့် ကီရကတ်ရှ် ကဲသို့ အိုင်အက်စ်သိမ်းပိုက်ခဲ့သည့် နယ်မြေများတွင် စစ်သွေးကြွများ၏ခြိမ်းခြောက်မှုက ရှိနေဆဲဖြစ်ပါတယ်။

တာဝန်ရှိသူတွေက ကာဒစ္စတန်နှင့်  အီရတ်မှာ စစ်သွေးကြွအန္တရာယ် တစ်ဖန်ပြန်ပေါ်ပေါက် လာနိုင်တယ်လို့ ထပ်ခါတလဲလဲ သတိပေးထား ခဲ့ပါတယ်။ အဆိုပါ ကီရကတ်ရှ်ဒေသမှာ ကာဒစ္စတန်ဒေသဆိုင်ရာအဖွဲ့(KRG)နှင့် အီရတ်အစိုးရကြား အငြင်းပွားနေသည့် ဒေသဖြစ်ပြီး အကြမ်းဖက်မှုမှာဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

Linko
Ref: kurdistan24.net
အာဘီလ်၊နိုဝင်ဘာ ၂၇

(  Zawgyi  )

 အျငင္းပြားေနသည့္ ကီရကတ္ရွ္ျပည္နယ္တြင္ အီရတ္လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက အိုင္အက္စ္အဖြဲ႕ဝင္ဆိုသူ ၆ ဦးကို သတ္ျဖတ္ႏိုင္ခဲ့တယ္လို႔ ဖက္ဒရယ္ရဲတပ္ဖြဲ႕က ထုတ္ျပန္ခဲ့ပါတယ္။

ဖက္ဒရယ္ရဲတပ္ဖြဲ႕ထုတ္ျပန္စာကို ကိုးကားၿပီး အန္ဒူလူသတင္းေအဂ်င္စီက ထုတ္ျပန္ခဲ့ရာမွာ ကီရကတ္ရွ္ျပည္နယ္ အေနာက္ေတာင္ပိုင္း ဝါဒီအယ္လ္ခါဟာအရပ္မွာ ရဲတပ္ဖြဲ႕ေတြက အၾကမ္းဖက္သမား ေတြကိုလိုက္လံတိုက္ခိုက္မႈအတြင္း  ေသဆုံးခဲ့တာလို႔ ဆိုပါတယ္။

အဆိုပါ ထုတ္ျပန္ခ်က္ထဲမွာ အိုင္အက္စ္တပ္ဖြဲ႕ဝင္မ်ားပုန္းေအာင္းေနတဲ့ေနရာကေန  ေပါက္ကြဲေစတဲ့ က်ည္နဲ႔ ပစၥည္းေတြပါတဲ့ ခါးပတ္ေတြကို ရဲတပ္ဖြဲ႕က လိုက္လံတိုက္ခိုက္စဥ္မွာ သိမ္းဆည္းရမိခဲ့တယ္ဆိုပါတယ္။

၂၀၁၇ ခုႏွစ္က အၾကမ္းဖက္စစ္ေသြးႂကြအုပ္စုမ်ားကို အီရတ္စစ္တပ္ကေအာင္ႏိုင္ခဲ့ေသာ္လည္း အီရတ္အလယ္ပိုင္းႏွင့္ ေတာင္ပိုင္းေဒသေတြမွာ အထူးသျဖင့္ ကီရကတ္ရွ္ ကဲသို႔ အိုင္အက္စ္သိမ္းပိုက္ခဲ့သည့္ နယ္ေျမမ်ားတြင္ စစ္ေသြးႂကြမ်ား၏ၿခိမ္းေျခာက္မႈက ရွိေနဆဲျဖစ္ပါတယ္။

တာဝန္ရွိသူေတြက ကာဒစၥတန္ႏွင့္  အီရတ္မွာ စစ္ေသြးႂကြအႏၲရာယ္ တစ္ဖန္ျပန္ေပၚေပါက္ လာႏိုင္တယ္လို႔ ထပ္ခါတလဲလဲ သတိေပးထား ခဲ့ပါတယ္။ အဆိုပါ ကီရကတ္ရွ္ေဒသမွာ ကာဒစၥတန္ေဒသဆိုင္ရာအဖြဲ႕(KRG)ႏွင့္ အီရတ္အစိုးရၾကား အျငင္းပြားေနသည့္ ေဒသျဖစ္ၿပီး အၾကမ္းဖက္မႈမွာဆက္လက္ျဖစ္ပြားေနဆဲ ျဖစ္ပါတယ္။

Linko
Ref: kurdistan24.net
အာဘီလ္၊ႏိုဝင္ဘာ ၂၇