ကုန်သွယ်ရေးစစ်ပွဲကာလတွင် အမေရိကန်စီးပွားရေး တုံ့နှေးနိုင်ဟု Goldman ဘဏ် ထုတ်ပြန်

ကုန်သွယ်ရေးစစ်ပွဲကာလတွင် အမေရိကန်စီးပွားရေး တုံ့နှေးနိုင်ဟု Goldman ဘဏ် ထုတ်ပြန်

တရုတ်နှင့် ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်တက်နေသောကြောင့် အမေရိကန်နိုင်ငံ၏ စီးပွားရေး တုံ့နှေးသွားနိုင်ကြောင်း Goldman Sachs Group Inc. ဘဏ်က ထုတ်ပြန်ထားပါတယ်။

အခွန်ကောက်ယူမှု ကာလသစ် စတင်နေပြီး ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ကုန်သွယ်ရေး သဘောတူညီချက် မရရှိနိုင်ကြောင်းလည်း အဆိုပါ ရင်းနှီးမြှုပ်နှံမှုဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။တတိယ သုံးလပတ်အတွင်း စီးပွားရေးတိုးတက်မှု ခန့်မှန်းချက် ၀ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းသွားမယ်လို့ ခန့်မှန်းထားသလို ကုမ္ပဏီများ၏ အသုံးစရိတ်နှင့် ရင်းနှီးမြှုပ်နှံမှုဟာလည်း လျော့နည်းသွားမယ်လို့ ခန့်မှန်းထားပါတယ်။

“ကုန်သွယ်ရေးစစ်ပွဲကြောင့် စီးပွားရေးတုံ့ဆိုင်းမှု ပိုမိုဆိုးရွား လာနိုင်ပါတယ်။ကုန်သွယ်ရေးစစ်ပွဲက စီးပွားရေ တိုးတက်မှုအပေါ် ထိခိုက်လာနိုင်တယ်လို့ တိုးမြှင့်တွက်ဆထားပါတယ်” ဟု Goldman Sachs က ၎င်း၏ အမေရိကန်စီးပွားရေး ပညာရှင်များ ပြုစုသည့် သုတေသနမှတ်တမ်းတစ်ခုမှာ သြဂုတ် ၁၁ ရက်က ဖော်ပြခဲ့ပါတယ်။

တရုတ်ကုန်ပစ္စည်း ဒေါ်လာ ၃၀၀ ဘီလျံအပေါ် အခွန်ကောက်ယူဖို့ သမ္မတ ဒေါ်နယ်ထရမ့် က လွန်ခဲ့သည့် သီတင်းနှစ်ပတ်ခန့်က မမျှော်လင့်ဘဲ ခြိမ်းခြောက်လိုက်တာကြောင့် တရုတ်ကလည်း သြဂုတ် ၅ ရက်က စတင်ပြီး အမေရိကန်မှ ကောက်ပဲသီးနှံ ဝယ်ယူခြင်းကို ရပ်ဆိုင်းလိုက်ကာ ယွမ်ငွေတန်ဖိုးကိုလည်း ၂၀၀၈ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံး တန်ဖိုးသို့ လျှော့ချလိုက်ပါတယ်။အမေရိကန်ကလည်း တရုတ်က ငွေကြေးကစားတယ်လို့ သတ်မှတ်ပြီး နာရီပိုင်းအတွင်းမှာပဲ တုံ့ပြန်ခဲ့ပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဟောင်းနဲ့ အိမ်ဖြူတော် စီးပွားရေးအကြံပေးတစ်ဦးဖြစ်သူ လောရင့်ဆမ်းမား က ကုန်သွယ်ရေးတင်းမာမှုသည် ကမ္ဘာ့စီးပွားရေးကို ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ် အဆိုးရွားဆုံး ဖြစ်စေတာကြောင့် ယင်းအခြေအနေကို ပြောင်းလဲပစ်ရန် ရင်းနှီးမြှုပ်နှံသူများက နိုင်ငံရေးသမားများနှင့် ဗဟိုဘဏ်ကို တောင်းဆိုကြပါတယ်။

အမေရိကန်နိုင်ငံ တစ်ခုတည်း၌ပင် စီးပွားရေးတုံ့ဆိုင်းမှုသည် လွန်ခဲ့သည့် နှစ်လခန့်ကထက် ပိုမိုဆိုးရွားလာကြောင်းလည်း ၎င်းက Bloomberg ရုပ်သံကို ပြောကြားပါတယ်။“မီးနဲ့ ဆော့တယ်ဆိုတာ ဘာမှမဖြစ်သေးရင်တော့ ဘာမှမဖြစ်ဘူးပေါ့။
လွန်လာရင်တော့ မီးလောင်ခံရလိမ့်မယ်” လို့ ၎င်းက ပြောပါတယ်။

တရုတ်နဲ့ ကုန်သွယ်ရေးစစ်ပွဲဟာ သူတစ်ပါးကို နာကျင်အောင်လုပ်ပြီး အရသာခံခြင်း၊ ရူးသွပ်ခြင်းတစ်ရပ် ဖြစ်တယ်လို့ ၎င်းက CNN သတင်းဌာနနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ သြဂုတ် ၁၁ ရက်က ပြောကြားခဲ့ပါတယ်။

Linko
နယူးယောက်၊ သြဂုတ် - ၁၂
Ref : bnnbloomberg

( Zawgyi )

တ႐ုတ္ႏွင့္ ကုန္သြယ္ေရးစစ္ပြဲ အရွိန္ျမင့္တက္ေနေသာေၾကာင့္ အေမရိကန္ႏိုင္ငံ၏ စီးပြားေရး တုံ႔ေႏွးသြားႏိုင္ေၾကာင္း Goldman Sachs Group Inc. ဘဏ္က ထုတ္ျပန္ထားပါတယ္။

အခြန္ေကာက္ယူမႈ ကာလသစ္ စတင္ေနၿပီး ၂၀၂၀ ခုႏွစ္ ေ႐ြးေကာက္ပြဲမတိုင္မီ ကုန္သြယ္ေရး သေဘာတူညီခ်က္ မရရွိႏိုင္ေၾကာင္းလည္း အဆိုပါ ရင္းႏွီးျမႇဳပ္ႏွံမႈဘဏ္ရဲ႕ ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။တတိယ သုံးလပတ္အတြင္း စီးပြားေရးတိုးတက္မႈ ခန႔္မွန္းခ်က္ ၀ ဒသမ ၂ ရာခိုင္ႏႈန္း က်ဆင္းသြားမယ္လို႔ ခန႔္မွန္းထားသလို ကုမၸဏီမ်ား၏ အသုံးစရိတ္ႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈဟာလည္း ေလ်ာ့နည္းသြားမယ္လို႔ ခန႔္မွန္းထားပါတယ္။

“ကုန္သြယ္ေရးစစ္ပြဲေၾကာင့္ စီးပြားေရးတုံ႔ဆိုင္းမႈ ပိုမိုဆိုး႐ြား လာႏိုင္ပါတယ္။ကုန္သြယ္ေရးစစ္ပြဲက စီးပြားေရ တိုးတက္မႈအေပၚ ထိခိုက္လာႏိုင္တယ္လို႔ တိုးျမႇင့္တြက္ဆထားပါတယ္” ဟု Goldman Sachs က ၎၏ အေမရိကန္စီးပြားေရး ပညာရွင္မ်ား ျပဳစုသည့္ သုေတသနမွတ္တမ္းတစ္ခုမွာ ၾသဂုတ္ ၁၁ ရက္က ေဖာ္ျပခဲ့ပါတယ္။

တ႐ုတ္ကုန္ပစၥည္း ေဒၚလာ ၃၀၀ ဘီလ်ံအေပၚ အခြန္ေကာက္ယူဖို႔ သမၼတ ေဒၚနယ္ထရမ့္ က လြန္ခဲ့သည့္ သီတင္းႏွစ္ပတ္ခန႔္က မေမွ်ာ္လင့္ဘဲ ၿခိမ္းေျခာက္လိုက္တာေၾကာင့္ တ႐ုတ္ကလည္း ၾသဂုတ္ ၅ ရက္က စတင္ၿပီး အေမရိကန္မွ ေကာက္ပဲသီးႏွံ ဝယ္ယူျခင္းကို ရပ္ဆိုင္းလိုက္ကာ ယြမ္ေငြတန္ဖိုးကိုလည္း ၂၀၀၈ ခုႏွစ္ေနာက္ပိုင္း အနိမ့္ဆုံး တန္ဖိုးသို႔ ေလွ်ာ့ခ်လိုက္ပါတယ္။အေမရိကန္ကလည္း တ႐ုတ္က ေငြေၾကးကစားတယ္လို႔ သတ္မွတ္ၿပီး နာရီပိုင္းအတြင္းမွာပဲ တုံ႔ျပန္ခဲ့ပါတယ္။

အေမရိကန္ ဘ႑ာေရးဝန္ႀကီးေဟာင္းနဲ႔ အိမ္ျဖဴေတာ္ စီးပြားေရးအႀကံေပးတစ္ဦးျဖစ္သူ ေလာရင့္ဆမ္းမား က ကုန္သြယ္ေရးတင္းမာမႈသည္ ကမာၻ႔စီးပြားေရးကို ဆယ္စုႏွစ္တစ္ခုအတြင္း ပထမဆုံးအႀကိမ္ အဆိုး႐ြားဆုံး ျဖစ္ေစတာေၾကာင့္ ယင္းအေျခအေနကို ေျပာင္းလဲပစ္ရန္ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားက ႏိုင္ငံေရးသမားမ်ားႏွင့္ ဗဟိုဘဏ္ကို ေတာင္းဆိုၾကပါတယ္။

အေမရိကန္ႏိုင္ငံ တစ္ခုတည္း၌ပင္ စီးပြားေရးတုံ႔ဆိုင္းမႈသည္ လြန္ခဲ့သည့္ ႏွစ္လခန႔္ကထက္ ပိုမိုဆိုး႐ြားလာေၾကာင္းလည္း ၎က Bloomberg ႐ုပ္သံကို ေျပာၾကားပါတယ္။“မီးနဲ႔ ေဆာ့တယ္ဆိုတာ ဘာမွမျဖစ္ေသးရင္ေတာ့ ဘာမွမျဖစ္ဘူးေပါ့။
လြန္လာရင္ေတာ့ မီးေလာင္ခံရလိမ့္မယ္” လို႔ ၎က ေျပာပါတယ္။

တ႐ုတ္နဲ႔ ကုန္သြယ္ေရးစစ္ပြဲဟာ သူတစ္ပါးကို နာက်င္ေအာင္လုပ္ၿပီး အရသာခံျခင္း၊ ႐ူးသြပ္ျခင္းတစ္ရပ္ ျဖစ္တယ္လို႔ ၎က CNN သတင္းဌာနနဲ႔ ျပဳလုပ္တဲ့ အင္တာဗ်ဴးမွာ ၾသဂုတ္ ၁၁ ရက္က ေျပာၾကားခဲ့ပါတယ္။

Linko
နယူးေယာက္၊ ၾသဂုတ္ - ၁၂
Ref : bnnbloomberg