ကုန်သွယ်ရေးပဋိပက္ခအကြား ကိုယ့်အားကိုယ်ကိုးမှု တရုတ်အရှိန်အဟုန်မြှင့်

ကုန်သွယ်ရေးပဋိပက္ခအကြား ကိုယ့်အားကိုယ်ကိုးမှု တရုတ်အရှိန်အဟုန်မြှင့်

အမေရိကန်နဲ့ ကုန်သွယ်ရေးသဘောတူညီချက်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ တရုတ်နိုင်ငံကတော့ စီးပွားရေးအင်အားအကြီးမားဆုံး မိတ်ဖက် လည်းဖြစ်၊ အကြီးမားဆုံးပြိုင်ဘက်လည်းဖြစ်တဲ့နိုင်ငံတစ်ခုကို အားကိုးနေမှုကို ချိုးဖြတ်နိုင်ဖို့ရာ အရှိန်အဟုန်မြှင့် ကြိုးပမ်းအားထုတ်နေ ခဲ့ပြီးဖြစ်ပါ တယ်။

အချိန်တစ်နှစ်ကျော်ကြာ နှောင့်နှေးလာခဲ့တဲ့ ကုန်သွယ်ရေးညှိနှိုင်းဆွေးနွေးမှု၊ ကုန်သွယ်ခွန်တိုးမြှင့်ကောက်ခံမှုအပါအဝင် တရုတ် နည်းပညာ ကုမ္ပဏီတွေ ကို ပစ်မှတ်ထားတဲ့ အမေရိကန်ပိတ်ဆို့အရေးယူမှုတွေကြောင့် အဆောတလျင် ပိုမိုကြိုးပမ်း အားထုတ်ခဲ့ တာလည်းဖြစ်ပါတယ်။ ကုန်သွယ်ရေးသဘောတူညီချက် ပထမအဆင့်ရရှိဖို့ရာ ညှိနှိုင်းဆွေးနွေးမှုတွေလုပ်နေပေမဲ့လည်း လာမယ့် ဒီဇင်ဘာ ၁၅ ရက်နေ့ကစလို့ ကန်ဒေါ်လာဘီလျံ ၁၆၀ တန်ဖိုး တရုတ်ကုန်ပစ္စည်းတွေကို အမေရိကန်က အခွန်တိုး ကောက်မယ် ဆိုရင် တော့ တစ်ခါထပ်ပြီး တင်းမာမှုတွေမြင့် တက် လာနိုင်တဲ့အနေအထား ဖြစ်လာနိုင်ပါတယ်။

ရည်မွန်
Ref: Straitstimes
ဘေကျင်း၊ ဒီဇင်ဘာ ၁၂

(  Zawgyi  )

 အေမရိကန္နဲ႔ ကုန္သြယ္ေရးသေဘာတူညီခ်က္ရသည္ျဖစ္ေစ၊ မရသည္ျဖစ္ေစ တ႐ုတ္ႏိုင္ငံကေတာ့ စီးပြားေရးအင္အားအႀကီးမားဆုံး မိတ္ဖက္ လည္းျဖစ္၊ အႀကီးမားဆုံးၿပိဳင္ဘက္လည္းျဖစ္တဲ့ႏိုင္ငံတစ္ခုကို အားကိုးေနမႈကို ခ်ိဳးျဖတ္ႏိုင္ဖို႔ရာ အရွိန္အဟုန္ျမႇင့္ ႀကိဳးပမ္းအားထုတ္ေန ခဲ့ၿပီးျဖစ္ပါ တယ္။

အခ်ိန္တစ္ႏွစ္ေက်ာ္ၾကာ ေႏွာင့္ေႏွးလာခဲ့တဲ့ ကုန္သြယ္ေရးညႇိႏႈိင္းေဆြးေႏြးမႈ၊ ကုန္သြယ္ခြန္တိုးျမႇင့္ေကာက္ခံမႈအပါအဝင္ တ႐ုတ္ နည္းပညာ ကုမၸဏီေတြ ကို ပစ္မွတ္ထားတဲ့ အေမရိကန္ပိတ္ဆို႔အေရးယူမႈေတြေၾကာင့္ အေဆာတလ်င္ ပိုမိုႀကိဳးပမ္း အားထုတ္ခဲ့ တာလည္းျဖစ္ပါတယ္။ ကုန္သြယ္ေရးသေဘာတူညီခ်က္ ပထမအဆင့္ရရွိဖို႔ရာ ညႇိႏႈိင္းေဆြးေႏြးမႈေတြလုပ္ေနေပမဲ့လည္း လာမယ့္ ဒီဇင္ဘာ ၁၅ ရက္ေန႔ကစလို႔ ကန္ေဒၚလာဘီလ်ံ ၁၆၀ တန္ဖိုး တ႐ုတ္ကုန္ပစၥည္းေတြကို အေမရိကန္က အခြန္တိုး ေကာက္မယ္ ဆိုရင္ ေတာ့ တစ္ခါထပ္ၿပီး တင္းမာမႈေတြျမင့္ တက္ လာႏိုင္တဲ့အေနအထား ျဖစ္လာႏိုင္ပါတယ္။

ရည္မြန္
Ref: Straitstimes
ေဘက်င္း၊ ဒီဇင္ဘာ ၁၂