ကုလဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း နစ်ကီဟာလေ ဘိုးရင်းလေယာဉ်ကုမ္ပဏီ အုပ်ချုပ်ရေးအဖွဲ့မှ နုတ်ထွက်

ကုလဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း နစ်ကီဟာလေ ဘိုးရင်းလေယာဉ်ကုမ္ပဏီ အုပ်ချုပ်ရေးအဖွဲ့မှ နုတ်ထွက်

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း နစ်ကီဟာလေသည် ဘိုးရင်းလေယာဉ်ကုမ္ပဏီမှ နုတ်ထွက် လိုပါတယ်။တောင်ကယ်ရိုလိုင်းနား ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ်  ယင်းကုမ္ပဏီကို ကာလကြာမြင့်စွာ ပံ့ပိုးပေးခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားချိန်တွင် အကြပ်အတည်းကြုံတွေ့နေရသည့် ကုမ္ပဏီအနေဖြင့် အစိုးရ၏ ငွေကြေးထောက်ပံ့မှုကို ယူခဲ့သောကြောင့် ယခုကဲ့သို့ နုတ်ထွက်သွားခြင်း ဖြစ်ပါတယ်။

“တစ်ဦးတစ်ယောက်ဟာ အဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး အဖွဲ့ရဲ့ လမ်းကြောင်း မှန်ကန်အောင် လုပ်ပေးခွင့် မရဘူးဆိုရင် နုတ်ထွက်တာပဲ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်” ဟု ဘိုးအင်းကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဒေ့ဗ်ကယ်ဟောင်နှင့် အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ လာရီကယ်လ်နာ တို့ထံ မတ် ၁၆ ရက်စွဲဖြင့် ပေးပို့သည့် နုတ်ထွက်စာတွင် ဖော်ပြခဲ့ပါတယ်။

ကိုဗစ်-၁၉ ရောဂါကြောင့် အဓိကဝင်ငွေရသည့် ခရီးစဉ်များကို ဖျက်သိမ်းပစ်ရခြင်းနှင့် လုပ်ငန်းအချို့ကို ရပ်ဆိုင်းလိုက်ရခြင်းတို့ကြောင့် ဒေါ်လာ ၆၀ ဘီလျံခန့် လိုအပ်လျှက်ရှိကြောင်း ယခုသီတင်းပတ်အစောပိုင်းတွင် ဘိုးရင်းကုမ္ပဏီက ကြေညာခဲ့ပါတယ်။ အမေရိကန် ကာကွယ်ရေးပစ္စည်းများကို အများဆုံးရောင်းချပေးသည့် ဘိုးရင်းကုမ္ပဏီအား ပံ့ပိုးပေးသွားမည်ဟု သမ္မတထရမ့်အစိုးရက ထုတ်ပြန် ခဲ့ပါတယ်။

ဟာလေး၏ ယခုဆုံးဖြတ်ချက်သည် ထရမ့်အစိုးရနှင့် ပိုမိုကင်းရှင်းအောင် နေခြင်းကို ပြသခဲ့ပါတယ်။ သူမအနေဖြင့် သမ္မတ ဒေါ်နယ်ထရမ့် အား ရံဖန်ရံခါ ဝေဖန်မှုများ ရှိခဲ့သော်လည်း သမ္မတက ဒေါသဖြင့် တိုက်ရိုက် ပြန်လည်တုံ့ပြန်ခဲ့ခြင်း မရှိပေ။

Linko
Ref: AP
ကိုလံဘီယာ၊ မတ် ၂၀

(  Zawgyi  )

 ကုလသမဂၢဆိုင္ရာ အေမရိကန္သံအမတ္ႀကီးေဟာင္း နစ္ကီဟာေလသည္ ဘိုးရင္းေလယာဥ္ကုမၸဏီမွ ႏုတ္ထြက္ လိုပါတယ္။ေတာင္ကယ္႐ိုလိုင္းနား ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးအျဖစ္  ယင္းကုမၸဏီကို ကာလၾကာျမင့္စြာ ပံ့ပိုးေပးခဲ့ေသာ္လည္း ကို႐ိုနာဗိုင္းရပ္စ္ ျဖစ္ပြားခ်ိန္တြင္ အၾကပ္အတည္းႀကဳံေတြ႕ေနရသည့္ ကုမၸဏီအေနျဖင့္ အစိုးရ၏ ေငြေၾကးေထာက္ပံ့မႈကို ယူခဲ့ေသာေၾကာင့္ ယခုကဲ့သို႔ ႏုတ္ထြက္သြားျခင္း ျဖစ္ပါတယ္။

“တစ္ဦးတစ္ေယာက္ဟာ အဖြဲ႕ဝင္တစ္ဦး ျဖစ္ၿပီး အဖြဲ႕ရဲ႕ လမ္းေၾကာင္း မွန္ကန္ေအာင္ လုပ္ေပးခြင့္ မရဘူးဆိုရင္ ႏုတ္ထြက္တာပဲ အေကာင္းဆုံး ျဖစ္ပါလိမ့္မယ္” ဟု ဘိုးအင္းကုမၸဏီ အမႈေဆာင္အရာရွိခ်ဳပ္ ေဒ့ဗ္ကယ္ေဟာင္ႏွင့္ အုပ္ခ်ဳပ္ေရးအဖြဲ႕ဥကၠ႒ လာရီကယ္လ္နာ တို႔ထံ မတ္ ၁၆ ရက္စြဲျဖင့္ ေပးပို႔သည့္ ႏုတ္ထြက္စာတြင္ ေဖာ္ျပခဲ့ပါတယ္။

ကိုဗစ္-၁၉ ေရာဂါေၾကာင့္ အဓိကဝင္ေငြရသည့္ ခရီးစဥ္မ်ားကို ဖ်က္သိမ္းပစ္ရျခင္းႏွင့္ လုပ္ငန္းအခ်ိဳ႕ကို ရပ္ဆိုင္းလိုက္ရျခင္းတို႔ေၾကာင့္ ေဒၚလာ ၆၀ ဘီလ်ံခန႔္ လိုအပ္လွ်က္ရွိေၾကာင္း ယခုသီတင္းပတ္အေစာပိုင္းတြင္ ဘိုးရင္းကုမၸဏီက ေၾကညာခဲ့ပါတယ္။ အေမရိကန္ ကာကြယ္ေရးပစၥည္းမ်ားကို အမ်ားဆုံးေရာင္းခ်ေပးသည့္ ဘိုးရင္းကုမၸဏီအား ပံ့ပိုးေပးသြားမည္ဟု သမၼတထရမ့္အစိုးရက ထုတ္ျပန္ ခဲ့ပါတယ္။

ဟာေလး၏ ယခုဆုံးျဖတ္ခ်က္သည္ ထရမ့္အစိုးရႏွင့္ ပိုမိုကင္းရွင္းေအာင္ ေနျခင္းကို ျပသခဲ့ပါတယ္။ သူမအေနျဖင့္ သမၼတ ေဒၚနယ္ထရမ့္ အား ရံဖန္ရံခါ ေဝဖန္မႈမ်ား ရွိခဲ့ေသာ္လည္း သမၼတက ေဒါသျဖင့္ တိုက္႐ိုက္ ျပန္လည္တုံ႔ျပန္ခဲ့ျခင္း မရွိေပ။

Linko
Ref: AP
ကိုလံဘီယာ၊ မတ္ ၂၀