ကော်ရိုနာဗိုင်းရပ်စ် အမျိုးအစားသစ် ကူးစက်မှု ၂ ရက်အတွင်း ၁၃၆ ဦးရှိဟု တရုတ်အာဏာပိုင်များ ထုတ်ပြန်

ကော်ရိုနာဗိုင်းရပ်စ် အမျိုးအစားသစ် ကူးစက်မှု ၂ ရက်အတွင်း ၁၃၆ ဦးရှိဟု တရုတ်အာဏာပိုင်များ ထုတ်ပြန်

တရုတ်နိုင်ငံတွင် လူသေဆုံးနိုင်သည်အထိ ပြင်းထန်သည့် ကော်ရိုနာဗိုင်းရပ် အမျိုးအစားသစ်တစ်မျိုး ကူးစက်မှုသည် ၂ ရက်အတွင်း ၁၃၆ ဦးရှိခဲ့ရာ စုစုပေါင်း ၁၉၈ ဦးအထိ ရှိသွားပြီဖြစ်ကြောင်း ဟူဘေးပြည်နယ်၊ ဝူဟန်မြို့ ကျန်းမာရေးအရာရှိများက ထုတ်ပြန်ထားပါတယ်။

ရောဂါအပြင်းအထန်ခံစားရသူ ၃ ဦးတွင် ၁ ဦးသေဆုံးသွားပြီး ကျန် ၂ ဦးသည် အခြေအနေဆိုးကြောင်းနှင့် နောက်ထပ်ကူးစက်ခံထားရသူ ၃၃ ဦးသည် ရောဂါပြင်းထန်ကြောင်း၊ လူနာများအားလုံးကို သီးခြားခွဲထားကြောင်း ဝူဟန် ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။

“ဒီရောဂါရဲ့ ပထမဆုံး ရောဂါလက္ခဏာတွေကတော့ ဖျားနာ၊ ချောင်းဆိုး၊ ရင်ဘတ်တင်းကြပ်ခြင်းနဲ့ အသက်ရှူမြန်ခြင်းတို့ ဖြစ်လာပါမယ်။ချောင်းဆိုး၊ နှာချေသူတွေက အကာတွေဝတ်ဆင်ဖို့ လိုပါမယ်။ဒီလိုရောဂါလက္ခဏာတွေ ရှိလာရင် အမြန်ဆုံးဆေးကုရပါမယ်” ဟု အဆိုပါဌာနက သတိပေးပါတယ်။

ရောဂါကူးစက်ခံထားရသူများနှင့် အနီးကပ်နေသူ ရာဂဏန်းခန့်ကို ဆေးစစ်ခဲ့သော်လည်း ယခုအချိန်ထိ လူအချင်းချင်း ကူးစက်ခြင်းကို မတွေ့ရသေးကြောင်းနှင့် ရောဂါအဓိကဖြစ်ပွားမှု အများဆုံးမှာ ဝူဟန်မြို့ဖြစ်ပြီး နိုင်ငံပြင်ပ၌ ထိုင်းနိုင်ငံတွင် ၂ ဦးနှင့် ဂျပန်တွင် ၁ ဦး သတင်းရရှိထားပါတယ်။

Imperial College London မှ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူများက ဝူဟန်တစ်မြို့တည်း၌ပင် ရောဂါကူးစက်ခံရသူ ၁၇၀၀ ခန့် ရှိလာနိုင်ကြောင်း တွက်ချက်ထားပါတယ်။

ယခုနောက်ဆုံး ဖြစ်ပွားသည့် ရောဂါသည် ၂၀၀၂ နှင့် ၂၀၀၃ ခုနှစ်များက လူ ၇၀၀ ကျော် သေဆုံးစေခဲ့သည့် ဆားစ်ရောဂါဖြစ်ကြောင်း သတင်းထွက်ပေါ်မှုများကို တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနက ဇန်နဝါရီ ၁၈ ရက်မှာ ငြင်းဆိုထားပါတယ်။

Linko
Ref : RT.com
ဝူဟန်၊ ဇန်နဝါရီ - ၂၀

( Zawgyi )

တ႐ုတ္ႏိုင္ငံတြင္ လူေသဆုံးႏိုင္သည္အထိ ျပင္းထန္သည့္ ေကာ္႐ိုနာဗိုင္းရပ္ အမ်ိဳးအစားသစ္တစ္မ်ိဳး ကူးစက္မႈသည္ ၂ ရက္အတြင္း ၁၃၆ ဦးရွိခဲ့ရာ စုစုေပါင္း ၁၉၈ ဦးအထိ ရွိသြားၿပီျဖစ္ေၾကာင္း ဟူေဘးျပည္နယ္၊ ဝူဟန္ၿမိဳ႕ က်န္းမာေရးအရာရွိမ်ားက ထုတ္ျပန္ထားပါတယ္။

ေရာဂါအျပင္းအထန္ခံစားရသူ ၃ ဦးတြင္ ၁ ဦးေသဆုံးသြားၿပီး က်န္ ၂ ဦးသည္ အေျခအေနဆိုးေၾကာင္းႏွင့္ ေနာက္ထပ္ကူးစက္ခံထားရသူ ၃၃ ဦးသည္ ေရာဂါျပင္းထန္ေၾကာင္း၊ လူနာမ်ားအားလုံးကို သီးျခားခြဲထားေၾကာင္း ဝူဟန္ က်န္းမာေရးဌာနက ထုတ္ျပန္ပါတယ္။

“ဒီေရာဂါရဲ႕ ပထမဆုံး ေရာဂါလကၡဏာေတြကေတာ့ ဖ်ားနာ၊ ေခ်ာင္းဆိုး၊ ရင္ဘတ္တင္းၾကပ္ျခင္းနဲ႔ အသက္ရႉျမန္ျခင္းတို႔ ျဖစ္လာပါမယ္။ေခ်ာင္းဆိုး၊ ႏွာေခ်သူေတြက အကာေတြဝတ္ဆင္ဖို႔ လိုပါမယ္။ဒီလိုေရာဂါလကၡဏာေတြ ရွိလာရင္ အျမန္ဆုံးေဆးကုရပါမယ္” ဟု အဆိုပါဌာနက သတိေပးပါတယ္။

ေရာဂါကူးစက္ခံထားရသူမ်ားႏွင့္ အနီးကပ္ေနသူ ရာဂဏန္းခန႔္ကို ေဆးစစ္ခဲ့ေသာ္လည္း ယခုအခ်ိန္ထိ လူအခ်င္းခ်င္း ကူးစက္ျခင္းကို မေတြ႕ရေသးေၾကာင္းႏွင့္ ေရာဂါအဓိကျဖစ္ပြားမႈ အမ်ားဆုံးမွာ ဝူဟန္ၿမိဳ႕ျဖစ္ၿပီး ႏိုင္ငံျပင္ပ၌ ထိုင္းႏိုင္ငံတြင္ ၂ ဦးႏွင့္ ဂ်ပန္တြင္ ၁ ဦး သတင္းရရွိထားပါတယ္။

Imperial College London မွ ကူးစက္ေရာဂါဆိုင္ရာ ကြၽမ္းက်င္သူမ်ားက ဝူဟန္တစ္ၿမိဳ႕တည္း၌ပင္ ေရာဂါကူးစက္ခံရသူ ၁၇၀၀ ခန႔္ ရွိလာႏိုင္ေၾကာင္း တြက္ခ်က္ထားပါတယ္။

ယခုေနာက္ဆုံး ျဖစ္ပြားသည့္ ေရာဂါသည္ ၂၀၀၂ ႏွင့္ ၂၀၀၃ ခုႏွစ္မ်ားက လူ ၇၀၀ ေက်ာ္ ေသဆုံးေစခဲ့သည့္ ဆားစ္ေရာဂါျဖစ္ေၾကာင္း သတင္းထြက္ေပၚမႈမ်ားကို တ႐ုတ္ႏိုင္ငံ ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ ကာကြယ္ေရးဌာနက ဇန္နဝါရီ ၁၈ ရက္မွာ ျငင္းဆိုထားပါတယ္။

Linko
Ref : RT.com
ဝူဟန္၊ ဇန္နဝါရီ - ၂၀