ကွန်ဂန်းခရီးသွားနယ်မြေမှ တောင်ကိုရီးယား၏ အဆောက်အဦများကို ဖယ်ရှားမည်ဟု မြောက်ကိုရီးယား ခေါင်းဆောင်ပြောကြား

ကွန်ဂန်းခရီးသွားနယ်မြေမှ တောင်ကိုရီးယား၏ အဆောက်အဦများကို ဖယ်ရှားမည်ဟု မြောက်ကိုရီးယား ခေါင်းဆောင်ပြောကြား

မြောက်ကိုရီးယား၏ ကွန်ဂန်းခရီးသွားနယ်မြေရှိ တောင်ကိုရီးယား၏ အဆောက်အဦများကို ဖယ်ရှားပြီး ခေတ်မီ အဆောက်အဦများဖြင့် အစားထိုးတည်ဆောက်သွားမည်ဟု ခေါင်းဆောင် ကင်ဂျုံအွန်း၏ ပြောကြားချက်ကို  နိုင်ငံပိုင်မီဒီယာက အောက်တိုဘာ ၂၃ ရက်တွင် ဖော်ပြခဲ့ပါတယ်။ အဆိုပါ ပြောဆိုချက်သည် နှစ်နိုင်ငံအကြား  ဆက်ဆံရေး အေးစက်မှုကို ဖော်ပြနေပါတယ်။

ကွန်ဂန်းတောင်သည် ကေဆောင် စက်မှုဇုန်ကဲ့သို့ပင် ကိုရီးယား စီးပွားရေး နှစ်နိုင်ငံ၏ ပူးတွဲ စက်မှုဇုန်တစ်ခု ဖြစ်ပြီး ကိုရီးယားစစ်ပွဲ ဖြစ်ပွား ပြီးနောက်ပိုင်း အဆင်မပြေမှုများ ဖြစ်နေသည့် နှစ်နိုင်ငံအကြား  အရေးပါသည့် ပူးပေါင်းဆောင်ရွက်မှုတစ်ခု ဖြစ်ပါတယ်။ မြောက်ကိုရီးယား အရှေ့ဘက်ကမ်းရိုးတန်းရှိ အဆိုပါဒေသသို့ သွားရောက်စစ်ဆေးရာတွင် ကင်က ကွန်ဂန်းကို မြောက်နှင့် တောင် ဆက်ဆံရေးအထိမ်းအမှတ် သင်္ကေတအဖြစ် သတ်မှတ်ခြင်းသည် မှားယွင်းသည့် အယူအဆဖြစ် ကြောင်း ပြောကြားပါတယ်။

ဒီခရီးသွားနယ်မြေက မြောက်ကိုရီးယား မြေပေါ်မှာ ရှိတာကြောင့် တောင်ကိုရီးယားရဲ့ ခရီးသွားလုပ်ငန်း ထိန်း ချုပ်မှုအောက်မှ မရှိသင့်ကြောင်း ကင်က ပြောပါတယ်။“ကမ္ဘာ့အဆင့် ခရီးသွားနယ်မြေတစ်ခုအဖြစ် ဖော်ဆောင်ပြီးသွားရင် တောင်ဘက်မှာနေတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေ အနေနဲ့ ကွန်ဂန်ကို လာမယ်ဆိုရင် အမြဲကြိုဆိုနေမှာပါ”ဟု ကင်က ပြောပါတယ်။

မြောက်ကိုရီးယား၏ ရည်ရွယ်ချက်များကို စမ်းစစ်နေကြောင်း တောင်ကိုရီးယား၏ ကိုရီးယားရေးရာ ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးက ပြောပါတယ်။“မြောက်ကိုရီးယားဘက်က တောင်းဆိုလာမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံသားတွေရဲ့ ပိုင်ဆိုင်မှုအခွင့်အရေး၊ ကိုရီးယားနှစ်နိုင်ငံရဲ့ သဘောတူညီချက်၊ ကွန်ဂမ်းတောင်ကို ခရီးသွားအစီအစဉ်တွေ ပြန်လည် စတင်ဖို့  မြောက်ကိုရီးယားနဲ့ ဆွေးနွေးသွားမှာပါ” ဟု ဝန်ကြီးဌာန၏ ပြောခွင့်ရအရာရှိ လီဆန်မင်က အောက်တိုဘာ ၂၃ ရက်မှာ ပြောကြားပါတယ်။

မကြာသေးမီက ဆက်ဆံရေး မအေးစက်ခင်မှာ ပူးတွဲ စီးပွားရေး စီမံကိန်းများကို ပြန်လည်စတင်ဖို့ နှစ်နိုင်ငံစလုံးက နည်းလမ်းများ ရှာဖွေခဲ့ကြပါတယ်။တောင်ကိုရီးယားအနေဖြင့် ခေတ်မီနည်းပညာလက်နက်များ တပ်ဆင်ခြင်းနှင့် အမေရိကန်နှင့် ပူးတွဲ စစ်ရေး လေ့ကျင့်မှု ပြုလုပ်ခြင်းများအပေါ် မြောက်ကိုရီးယားက ပြစ်တင်ဝေဖန်ခဲ့ထားပါတယ်။

Linko
Ref:Reuters
ပြုံးယမ်း၊အောက်တိုဘာ ၂၃

(  Zawgyi  )

 ေျမာက္ကိုရီးယား၏ ကြန္ဂန္းခရီးသြားနယ္ေျမရွိ ေတာင္ကိုရီးယား၏ အေဆာက္အဦမ်ားကို ဖယ္ရွားၿပီး ေခတ္မီ အေဆာက္အဦမ်ားျဖင့္ အစားထိုးတည္ေဆာက္သြားမည္ဟု ေခါင္းေဆာင္ ကင္ဂ်ဳံအြန္း၏ ေျပာၾကားခ်က္ကို  ႏိုင္ငံပိုင္မီဒီယာက ေအာက္တိုဘာ ၂၃ ရက္တြင္ ေဖာ္ျပခဲ့ပါတယ္။ အဆိုပါ ေျပာဆိုခ်က္သည္ ႏွစ္ႏိုင္ငံအၾကား  ဆက္ဆံေရး ေအးစက္မႈကို ေဖာ္ျပေနပါတယ္။

ကြန္ဂန္းေတာင္သည္ ေကေဆာင္ စက္မႈဇုန္ကဲ့သို႔ပင္ ကိုရီးယား စီးပြားေရး ႏွစ္ႏိုင္ငံ၏ ပူးတြဲ စက္မႈဇုန္တစ္ခု ျဖစ္ၿပီး ကိုရီးယားစစ္ပြဲ ျဖစ္ပြား ၿပီးေနာက္ပိုင္း အဆင္မေျပမႈမ်ား ျဖစ္ေနသည့္ ႏွစ္ႏိုင္ငံအၾကား  အေရးပါသည့္ ပူးေပါင္းေဆာင္႐ြက္မႈတစ္ခု ျဖစ္ပါတယ္။ ေျမာက္ကိုရီးယား အေရွ႕ဘက္ကမ္း႐ိုးတန္းရွိ အဆိုပါေဒသသို႔ သြားေရာက္စစ္ေဆးရာတြင္ ကင္က ကြန္ဂန္းကို ေျမာက္ႏွင့္ ေတာင္ ဆက္ဆံေရးအထိမ္းအမွတ္ သေကၤတအျဖစ္ သတ္မွတ္ျခင္းသည္ မွားယြင္းသည့္ အယူအဆျဖစ္ ေၾကာင္း ေျပာၾကားပါတယ္။

ဒီခရီးသြားနယ္ေျမက ေျမာက္ကိုရီးယား ေျမေပၚမွာ ရွိတာေၾကာင့္ ေတာင္ကိုရီးယားရဲ႕ ခရီးသြားလုပ္ငန္း ထိန္း ခ်ဳပ္မႈေအာက္မွ မရွိသင့္ေၾကာင္း ကင္က ေျပာပါတယ္။“ကမာၻ႔အဆင့္ ခရီးသြားနယ္ေျမတစ္ခုအျဖစ္ ေဖာ္ေဆာင္ၿပီးသြားရင္ ေတာင္ဘက္မွာေနတဲ့ ကြၽန္ေတာ္တို႔ ႏိုင္ငံသားေတြ အေနနဲ႔ ကြန္ဂန္ကို လာမယ္ဆိုရင္ အၿမဲႀကိဳဆိုေနမွာပါ”ဟု ကင္က ေျပာပါတယ္။

ေျမာက္ကိုရီးယား၏ ရည္႐ြယ္ခ်က္မ်ားကို စမ္းစစ္ေနေၾကာင္း ေတာင္ကိုရီးယား၏ ကိုရီးယားေရးရာ ျပန္လည္ေပါင္းစည္းေရး ဝန္ႀကီးက ေျပာပါတယ္။“ေျမာက္ကိုရီးယားဘက္က ေတာင္းဆိုလာမယ္ဆိုရင္ ကြၽန္ေတာ္တို႔ႏိုင္ငံသားေတြရဲ႕ ပိုင္ဆိုင္မႈအခြင့္အေရး၊ ကိုရီးယားႏွစ္ႏိုင္ငံရဲ႕ သေဘာတူညီခ်က္၊ ကြန္ဂမ္းေတာင္ကို ခရီးသြားအစီအစဥ္ေတြ ျပန္လည္ စတင္ဖို႔  ေျမာက္ကိုရီးယားနဲ႔ ေဆြးေႏြးသြားမွာပါ” ဟု ဝန္ႀကီးဌာန၏ ေျပာခြင့္ရအရာရွိ လီဆန္မင္က ေအာက္တိုဘာ ၂၃ ရက္မွာ ေျပာၾကားပါတယ္။

မၾကာေသးမီက ဆက္ဆံေရး မေအးစက္ခင္မွာ ပူးတြဲ စီးပြားေရး စီမံကိန္းမ်ားကို ျပန္လည္စတင္ဖို႔ ႏွစ္ႏိုင္ငံစလုံးက နည္းလမ္းမ်ား ရွာေဖြခဲ့ၾကပါတယ္။ေတာင္ကိုရီးယားအေနျဖင့္ ေခတ္မီနည္းပညာလက္နက္မ်ား တပ္ဆင္ျခင္းႏွင့္ အေမရိကန္ႏွင့္ ပူးတြဲ စစ္ေရး ေလ့က်င့္မႈ ျပဳလုပ္ျခင္းမ်ားအေပၚ ေျမာက္ကိုရီးယားက ျပစ္တင္ေဝဖန္ခဲ့ထားပါတယ္။

Linko
Ref:Reuters
ၿပဳံးယမ္း၊ေအာက္တိုဘာ ၂၃