ခရီးသည်များကို ပြန်လည်စွဲဆောင်ရန် တရုတ်လေကြောင်းလိုင်းများ ဈေးနှုန်း အဆမတန် လျှော့ချ

ခရီးသည်များကို ပြန်လည်စွဲဆောင်ရန် တရုတ်လေကြောင်းလိုင်းများ ဈေးနှုန်း အဆမတန် လျှော့ချ

ခရီးသည်များကို ပြန်လည်စွဲဆောင်ရန် တရုတ်လေကြောင်းလိုင်းများက မေလ ၁ ရက် အလုပ်သမားနေ့အထိ ဈေးနှုန်းများကို အဆမတန် လျှော့ချမှုများကို လုပ်ဆောင်လျှက် ရှိ ပါတယ်။

ကိုရိုနာဗိုင်းရပ်ရောဂါ ဖြစ်ပွားခဲ့မှုကြောင့် ၂၀၂၀ ခုနှစ် ပထမ ၃လအတွင်း ယွမ် ၃၀ဒသမ ၈ ဘီလျံ (ဒေါ်လာ ၅ ဒသမ ၆ ဘီလျံ) ဆုံးရှုံးခဲ့ကြောင်း တရုတ်လေကြောင်း ပို့ဆောင်မှု အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်ကြောင့် သွားလာမှု ဖြတ်တောက်ထားခြင်းကို တရုတ်လေကြောင်း လုပ်ငန်းက ဖြေလျှော့မှု လုပ်ဆောင်လိုက်ခြင်းလည်း ဖြစ်ပါတယ်။“အစိုးရက အလုပ်များနှင့် စက်ရုံများကို ပြန်လည်စတင်သည့် လုပ်ငန်းစဉ်အရ ပြည်တွင်း ခရီးစဉ်များကို တစ်ဖြည်းဖြည်း ပြန်လည် စတင်နေပြီ ဖြစ်တာကြောင့် လေကြောင်း သယ်ယူပို့ဆောင်ရေး ဈေးကွက် ပြန်ပြီး လည်ပတ် လာတော့မှာ ဖြစ်ပါတယ်” ဟု တရုတ်နိုင်ငံအခြေစိုက် လေကြောင်းအချက်အလက် ဝန်ဆောင်မှု ကုမ္ပဏီ VariFlight မှ လေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။

“နိုင်ငံတကာ လေကြောင်းခရီးစဉ်တွေ အနေနဲ့ကတော့ ကျဆင်းနေပါသေးတယ်။ အဲဒီခရီးစဉ်တွေ ပြန်ကောင်းဖို့ ကတော့ အချိန်ယူရပါဦးမယ်” ဟု ၎င်းက ပြောပါတယ်။တရုတ်နိုင်ငံ ၏ ပြည်တွင်း လေကြောင်း ခရီးစဉ်များသည် ဇန်နဝါရီလကုန်နှင့် ဖေဖော်ဝါရီလအကြား ၈၀ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း VariFlight က ထုတ်ပြန်ခဲ့ပါတယ်။

ပြည်တွင်းခရီးစဉ်များကို ဖေဖော်ဝါရီလလယ်မှစ၍ ပြန်လည်စတင်ခဲ့ခြင်းဖြစ်ကာ ယခု သီတင်းပတ် အတွင်း ခရီးစဉ် အရေအတွက်သည် ကိုဗစ် ၁၉ မဖြစ်ပွားမီ နှင့် နှိုင်းယှဉ်ပါက ထက်ဝက်နီးပါးသို့ ပြန်ရောက်ရှိလာပါတယ်။

နွေရာသီနှင့် မိုးရာသီတို့တွင် ခရီးသည်သွားလာမှုလိုအပ်ချက်အရ Guizhou Airlines၊ Air Guilin နှင့် Hainan Airlines များအနေဖြင့် ခရီးစဉ်များကိုလည်း ထပ်မံရေးဆွဲထားပြီ ဖြစ်ပါတယ်။ Xiamen Airlines၊  China Eastern နှင့် West Air လေကြောင်းလိုင်းများ ကလည်း ထိုင်ခုံများ ရောင်းချရာတွင် အပိုဆောင်းပေးမှုများကို လုပ်ဆောင်လျှက်ရှိပါတယ်။

Linko
Ref: CNN
ဘေကျင်း၊ ဧပြီ ၂၂

(  Zawgyi  )

 ခရီးသည္မ်ားကို ျပန္လည္စြဲေဆာင္ရန္ တ႐ုတ္ေလေၾကာင္းလိုင္းမ်ားက ေမလ ၁ ရက္ အလုပ္သမားေန႔အထိ ေဈးႏႈန္းမ်ားကို အဆမတန္ ေလွ်ာ့ခ်မႈမ်ားကို လုပ္ေဆာင္လွ်က္ ရွိ ပါတယ္။

ကို႐ိုနာဗိုင္းရပ္ေရာဂါ ျဖစ္ပြားခဲ့မႈေၾကာင့္ ၂၀၂၀ ခုႏွစ္ ပထမ ၃လအတြင္း ယြမ္ ၃၀ဒသမ ၈ ဘီလ်ံ (ေဒၚလာ ၅ ဒသမ ၆ ဘီလ်ံ) ဆုံးရႈံးခဲ့ေၾကာင္း တ႐ုတ္ေလေၾကာင္း ပို႔ေဆာင္မႈ အုပ္ခ်ဳပ္ေရးအဖြဲ႕က ထုတ္ျပန္ခဲ့ပါတယ္။

ကို႐ိုနာဗိုင္းရပ္ေၾကာင့္ သြားလာမႈ ျဖတ္ေတာက္ထားျခင္းကို တ႐ုတ္ေလေၾကာင္း လုပ္ငန္းက ေျဖေလွ်ာ့မႈ လုပ္ေဆာင္လိုက္ျခင္းလည္း ျဖစ္ပါတယ္။“အစိုးရက အလုပ္မ်ားႏွင့္ စက္႐ုံမ်ားကို ျပန္လည္စတင္သည့္ လုပ္ငန္းစဥ္အရ ျပည္တြင္း ခရီးစဥ္မ်ားကို တစ္ျဖည္းျဖည္း ျပန္လည္ စတင္ေနၿပီ ျဖစ္တာေၾကာင့္ ေလေၾကာင္း သယ္ယူပို႔ေဆာင္ေရး ေဈးကြက္ ျပန္ၿပီး လည္ပတ္ လာေတာ့မွာ ျဖစ္ပါတယ္” ဟု တ႐ုတ္ႏိုင္ငံအေျခစိုက္ ေလေၾကာင္းအခ်က္အလက္ ဝန္ေဆာင္မႈ ကုမၸဏီ VariFlight မွ ေလ့လာသုံးသပ္သူတစ္ဦးက ေျပာပါတယ္။

“ႏိုင္ငံတကာ ေလေၾကာင္းခရီးစဥ္ေတြ အေနနဲ႔ကေတာ့ က်ဆင္းေနပါေသးတယ္။ အဲဒီခရီးစဥ္ေတြ ျပန္ေကာင္းဖို႔ ကေတာ့ အခ်ိန္ယူရပါဦးမယ္” ဟု ၎က ေျပာပါတယ္။တ႐ုတ္ႏိုင္ငံ ၏ ျပည္တြင္း ေလေၾကာင္း ခရီးစဥ္မ်ားသည္ ဇန္နဝါရီလကုန္ႏွင့္ ေဖေဖာ္ဝါရီလအၾကား ၈၀ ရာခိုင္ႏႈန္း က်ဆင္းသြားေၾကာင္း VariFlight က ထုတ္ျပန္ခဲ့ပါတယ္။

ျပည္တြင္းခရီးစဥ္မ်ားကို ေဖေဖာ္ဝါရီလလယ္မွစ၍ ျပန္လည္စတင္ခဲ့ျခင္းျဖစ္ကာ ယခု သီတင္းပတ္ အတြင္း ခရီးစဥ္ အေရအတြက္သည္ ကိုဗစ္ ၁၉ မျဖစ္ပြားမီ ႏွင့္ ႏႈိင္းယွဥ္ပါက ထက္ဝက္နီးပါးသို႔ ျပန္ေရာက္ရွိလာပါတယ္။

ေႏြရာသီႏွင့္ မိုးရာသီတို႔တြင္ ခရီးသည္သြားလာမႈလိုအပ္ခ်က္အရ Guizhou Airlines၊ Air Guilin ႏွင့္ Hainan Airlines မ်ားအေနျဖင့္ ခရီးစဥ္မ်ားကိုလည္း ထပ္မံေရးဆြဲထားၿပီ ျဖစ္ပါတယ္။ Xiamen Airlines၊  China Eastern ႏွင့္ West Air ေလေၾကာင္းလိုင္းမ်ား ကလည္း ထိုင္ခုံမ်ား ေရာင္းခ်ရာတြင္ အပိုေဆာင္းေပးမႈမ်ားကို လုပ္ေဆာင္လွ်က္ရွိပါတယ္။

Linko
Ref: CNN
ေဘက်င္း၊ ဧၿပီ ၂၂