ခြေလေးချောင်းလက်သုံးဖက်မိန်းကလေးငယ် အိန္ဒိယတွင် မွေးဖွား

ခြေလေးချောင်းလက်သုံးဖက်မိန်းကလေးငယ် အိန္ဒိယတွင် မွေးဖွား

အိန္ဒိယနိုင်ငံတွင် အမျိုးသမီးတစ်ဦးသာမန်အမြွှာကလေး မီးဖွားခဲ့ရာမှာ မိန်းကလေးတစ်ဦးနှင့် ယောင်္ကျား လေးတစ်ဦးမွေးဖွားခဲ့ပြီး မိန်းကလေးမှာ သာမန်ကလေးငယ်များကဲ့သို့ မဟုတ်ဘဲ ခြေလေးချောင်းနှင့် လက်သုံးဖက်ပါလာခဲ့ကြောင်းသိရပါ့တယ်။

သောကြာနေ့က ရဂျစ်စ္စတနပြည်နယ်တွန်က်ဆေးရုံတွင် ရာဂျူးအမည်ရှိ အိန္ဒိယအမျိုးသမီး တစ်ဦး သဘာ၀ အတိုင်း မိန်းကလေးတစ်ဦးနှင့်ယောင်္ကျား လေးတစ်ဦးပါသည့်အမြွှာကို သဘာဝအတိုင်း မွေးဖွားစဉ် ယခုကဲ့သို့ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ မွေးလာသည့် ယောင်္ကျားလေးမှာ ကျန်းမာပြီး မိန်းကလေး မှာ ရင်ဘတ်နှင့် ဝမ်းဗိုက်ကို  ခြေလက်အပိုများနှင့် ကာကွယ်ထားလျှက်ရှိပါတယ်။

ဆရာဝန်ကတော့ ရာဂျူးအနေဖြင့် အမြွှာသုံးဦးကို ကိုယ်ဝန်ဆောင်ခဲ့ခြင်းဟု ယုံကြည်ထားပြီး အကြောင်း တစ်ခုခုကြောင့် တစ်ယောက်မှာ မိန်းကလေးငယ်နှင့်တွဲစပ်ကာ ယခုကဲ့သို့ ခြေလက်အပို ပါသည့် ကလေးငယ်ဖြစ်လာရတာဟု ယုံကြည်ထားပါတယ်။

အဆိုပါကလေးငယ်များကိုမွေးဖွားပေးခဲ့သူ ခွဲစိတ်ဆရာဝန်  ရိုဟီတက်မီနာက မနက် ၂ နာရီ ၄၆ မိနစ်မှာ ရာဂျူးက ကလေးငယ်နှစ်ဦးကို သဘာဝအတိုင်း မွေးဖွားခဲ့တယ်လို့ ဆိုပါတယ်။ ယောင်္ကျားလေးမှာ သာမန်အတိုင်းဖြစ်ပေမယ့် နှစ်ဦးဆက်သကဲ့သို့ဖြစ်နေတဲ့ မိန်းကလေးမှာ ပြဿနာဖြစ်ပါတယ်။ သူမမှာ အသက်ရှုရတာ ခက်ခဲတဲ့ အသေးစားပြဿနာရှိနေတယ်လို့ ဆိုပါ တယ်။ ဒါကြောင့် သူမကို အောက်ဆီဂျင်ပေးထားရပြီး ယခုအခါ တည်ငြိမ်နေတယ်လို့ဆိုပါတယ်။ဆရာဝန်တွေကတော့ ငယ်ရွယ်တဲ့ကလေးငယ်မှာ ပါလာတဲ့ ခြေလက်အပိုတွေကို ခွဲထုတ်နိုင်လိမ့် မယ် လို့ ယုံကြည်ထားပါတယ်။

Linko
Ref:Daily mail
နယူးဒေလီ၊စက်တင်ဘာ ၂၁

( Zawgyi )

 အိႏၵိယႏိုင္ငံတြင္ အမ်ိဳးသမီးတစ္ဦးသာမန္အႁမႊာကေလး မီးဖြားခဲ့ရာမွာ မိန္းကေလးတစ္ဦးႏွင့္ ေယာက်ၤား ေလးတစ္ဦးေမြးဖြားခဲ့ၿပီး မိန္းကေလးမွာ သာမန္ကေလးငယ္မ်ားကဲ့သို႔ မဟုတ္ဘဲ ေျခေလးေခ်ာင္းႏွင့္ လက္သုံးဖက္ပါလာခဲ့ေၾကာင္းသိရပါ့တယ္။

ေသာၾကာေန႔က ရဂ်စ္စၥတနျပည္နယ္တြန္က္ေဆး႐ုံတြင္ ရာဂ်ဴးအမည္ရွိ အိႏၵိယအမ်ိဳးသမီး တစ္ဦး သဘာ၀ အတိုင္း မိန္းကေလးတစ္ဦးႏွင့္ေယာက်ၤား ေလးတစ္ဦးပါသည့္အႁမႊာကို သဘာဝအတိုင္း ေမြးဖြားစဥ္ ယခုကဲ့သို႔ ျဖစ္ခဲ့တာ ျဖစ္ပါတယ္။ ေမြးလာသည့္ ေယာက်ၤားေလးမွာ က်န္းမာၿပီး မိန္းကေလး မွာ ရင္ဘတ္ႏွင့္ ဝမ္းဗိုက္ကို  ေျခလက္အပိုမ်ားႏွင့္ ကာကြယ္ထားလွ်က္ရွိပါတယ္။

ဆရာဝန္ကေတာ့ ရာဂ်ဴးအေနျဖင့္ အႁမႊာသုံးဦးကို ကိုယ္ဝန္ေဆာင္ခဲ့ျခင္းဟု ယုံၾကည္ထားၿပီး အေၾကာင္း တစ္ခုခုေၾကာင့္ တစ္ေယာက္မွာ မိန္းကေလးငယ္ႏွင့္တြဲစပ္ကာ ယခုကဲ့သို႔ ေျခလက္အပို ပါသည့္ ကေလးငယ္ျဖစ္လာရတာဟု ယုံၾကည္ထားပါတယ္။

အဆိုပါကေလးငယ္မ်ားကိုေမြးဖြားေပးခဲ့သူ ခြဲစိတ္ဆရာဝန္  ႐ိုဟီတက္မီနာက မနက္ ၂ နာရီ ၄၆ မိနစ္မွာ ရာဂ်ဴးက ကေလးငယ္ႏွစ္ဦးကို သဘာဝအတိုင္း ေမြးဖြားခဲ့တယ္လို႔ ဆိုပါတယ္။ ေယာက်ၤားေလးမွာ သာမန္အတိုင္းျဖစ္ေပမယ့္ ႏွစ္ဦးဆက္သကဲ့သို႔ျဖစ္ေနတဲ့ မိန္းကေလးမွာ ျပႆနာျဖစ္ပါတယ္။ သူမမွာ အသက္ရႈရတာ ခက္ခဲတဲ့ အေသးစားျပႆနာရွိေနတယ္လို႔ ဆိုပါ တယ္။ ဒါေၾကာင့္ သူမကို ေအာက္ဆီဂ်င္ေပးထားရၿပီး ယခုအခါ တည္ၿငိမ္ေနတယ္လို႔ဆိုပါတယ္။ဆရာဝန္ေတြကေတာ့ ငယ္႐ြယ္တဲ့ကေလးငယ္မွာ ပါလာတဲ့ ေျခလက္အပိုေတြကို ခြဲထုတ္ႏိုင္လိမ့္ မယ္ လို႔ ယုံၾကည္ထားပါတယ္။

Linko
Ref:Daily mail
နယူးေဒလီ၊စက္တင္ဘာ ၂၁