ဂရိကျွန်း လီဘိုအနီး ရွှေ့ပြောင်းအခြေချ လှေတစ်စင်းမှောက်သဖြင့် ဒုက္ခသည်ခုနှစ်ဦး သေဆုံး

ဂရိကျွန်း လီဘိုအနီး ရွှေ့ပြောင်းအခြေချ လှေတစ်စင်းမှောက်သဖြင့် ဒုက္ခသည်ခုနှစ်ဦး သေဆုံး

ဂရိကမ်းခြေအနီး လီဘိုကျွန်းအနီးမှာ အင်္ဂါနေ့က ရွှေ့ပြောင်းအခြေချတွေပါတဲ့ လှေတစ်စင်း တိမ်းမှောက်ခဲ့လို့ ကလေးနှစ်ဦး၊ အမျိုးသမီးလေးဦး အပါအဝင် ရွှေ့ပြောင်းဒုက္ခသည်ခုနှစ်ဦး သေဆုံးခဲ့တယ်လို့ ဂရိကမ်းခြေစောင့်တပ်ဖွဲ့က ဆိုပါတယ်။

အဆိုပါကယ်ဆယ်ရေးအတွင်း လှေပေါ်ပါလာတဲ့ ကျန်ရွှေ့ပြောင်းဒုက္ခသည် ၅၇ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့က ဆိုပါတယ်။

အဆိုပါ မတော်တဆဖြစ်ပွားခဲ့တဲ့ ဒုက္ခသည်တွေရဲ့ မည်သည့်နိုင်ငံသားဆိုတာနဲ့ တိကျတဲ့ အထောက်အထားဖြစ်မယ့် အချက်အလက်ကိုတော့ မပေးခဲ့ပါဘူး။

ပြင်းထန်ဆိုးရွားတဲ့ ရာသီဥတုနဲ့ ဘေးဒုက္ခများပေမယ့် ရွှေ့ပြောင်းအခြေချသူတွေနဲ့ ဒုက္ခသည်တွေဟာ တူရကီကနေ အေရီယန်ပင်လယ်ကို ကျော်ဖြတ်ကာ ဥရောပကို ဝင်ရောက်ဖို့ ကြိုးစားကြပါတယ်။

Linko
Ref : Press TV
အေသင်၊ ဇွန် - ၁၁

( Zawgyi )





Linko
Ref : Press TV
အေသင်၊ ဇွန် - ၁၁