ဂရိတွင် နှစ်ပေါင်း ၂ သိန်းကျော်က လူသားဦးခေါင်းခွံ တွေ့ရှိ

ဂရိတွင် နှစ်ပေါင်း ၂ သိန်းကျော်က လူသားဦးခေါင်းခွံ တွေ့ရှိ

ဂရိနိုင်ငံအတွင်းရှိ ဂူတစ်လုံးတွင် လွန်ခဲ့သော နှစ်ပေါင်းသိန်းနှင့်ချီသည့် ကာလက နေထိုင်ခဲ့ကြသည့် လူဦးခေါင်းခွံ ၂ ခုကို တွေ့ရှိခဲ့ပါတယ်။

ဦးခေါင်းခွံတစ်ခု၏ အစိတ်အပိုင်းသည် နှစ်ပေါင်း ၂၁၀၀၀၀ ခန့်ကဖြစ်ပြီး ဥရောပနှင့် အာရှတိုက် ဒေသတွင် လူများနေထိုင်ခဲ့သည့် အစောဆုံး အထောက်အထားအဖြစ် သုတေသနပညာရှင်များက သတ်မှတ်လိုက်ပါတယ်။

အခြားဦးခေါင်းခွံတစ်ခု၏ အစိတ်အပိုင်းသည် ပိုမိုပြည့်စုံပြီး နှစ်ပေါင်း ၁၇၀၀၀၀ က နေထိုင်ခဲ့သည့် ကျောက်ခေတ်လူသားတစ်ဦး၏ ဦးခေါင်းခွံဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။အဆိုပါ ဦးခေါင်းခွံနှစ်ခုကို ဂူတစ်လုံးအတွင်း၌ပင် တွေ့ရှိရခြင်းသည် အာဖရိတိုက်ပြင်ပတွင် ရှေးဦးခေတ်ကာလက လူသားတို့ အကြိမ်များစွာ ရွှေ့ပြောင်းအခြေချမှုကို ဖော်ပြခြင်းပင်ဖြစ်ကြောင်း သုတေသနပညာရှင်များက ပြောကြားပါတယ်။အာဖရိကတိုက်၏ ပြင်ပတွင် လူအများအပြား ရွှေ့ပြောင်းသွားလာမှု အများဆုံးမှာလည်း အရှေ့တောင် ဥရောပဒေသ ဖြစ်ပါတယ်။ယခုလေ့လာတွေ့ရှိမှုကို Nature ဂျာနယ်တွင် ဇူလိုင် ၁၁ ရက်က ဖော်ပြခဲ့ပါတယ်။

ဦးခေါင်းခွံ နှစ်ခုစလုံးကို ဂရိတောင်ပိုင်း Apidima ဂူအတွင်း နံရံများရှိ ဘရက်ချီယာခေါ် တွင်းထွက်ကျောက် အပိုင်းအစအချင်းချင်း တွဲဆက်နေသည့် ကျောက်သားများကြားတွင် တွေ့ရှိခဲ့ရခြင်း ဖြစ်ပါတယ်။အဆိုပါ တွင်းထွက်ကျောက်များသည် နှစ်ပေါင်း တစ်သိန်းမှ နှစ်သိန်းနီးပါး သက်တမ်းရှိကြပါတယ်။အေသင်မြို့တော် National and Kapodistrian တက္ကသိုလ်မှ ပညာရှင်များက သုတေသနလေ့လာမှုများ လုပ်ဆောင်စဉ် ၁၉၇၈ ခုနှစ် ဝန်းကျင်က အဆိုပါ ဦးခေါင်းခွံများကို တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။

ယခုတွေ့ရှိခဲ့သည့် ဦးခေါင်းခွံများကို ဘရက်ချီယာ ကျောက်သားများအတွင်းမှ ဖယ်ရှားခြင်းမပြုဘဲ ပြတိုက်မှာ ထားရှိခဲ့ပါတယ်။ဦးခေါင်းခွံများ၏ ကျိုးပဲ့တတ်သည့် သဘာဝကြောင့် ယင်းတို့ကို ဖယ်ရှားသန့်ရှင်းရန် ခက်ခဲသော်လည်း ၁၉၉၀ ပြည့်နှစ် ဝန်းကျင်မှာ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

ယင်းဦးခေါင်းခွံနှစ်ခုကို Apidima 1 နှင့် Apidima 2 ဟု အမည်များပေးထားပြီး ပထမတစ်ခုသည် အစိတ်အပိုင်းများဖြစ်ကာ ကျောက်ခေတ်လူသားတစ်ဦး၏ ဦးခေါင်းဖြစ်သော ဒုတိယတစ်ခုမှာ ပိုမိုပြည့်စုံပါတယ်။

ယခုချိန်ထိ တွေ့ရှိထားသည့် သက်တမ်းအရင့်ဆုံး လူသားကျောက်ဖြစ်ရုပ်ကြွင်းသည် မော်ရိုကိုနိုင်ငံ ဂျီဘယ်အိုင်အာဟွတ်ဒေသတွင်ဖြစ်ပြီး သက်တမ်း နှစ်ပေါင်း ၃၁၅၀၀၀ ရှိပါတယ်။

Linko
Ref : CNN
ရောမ၊ ဇူလိုင် - ၁၁

( Zawgyi )

ဂရိႏိုင္ငံအတြင္းရွိ ဂူတစ္လုံးတြင္ လြန္ခဲ့ေသာ ႏွစ္ေပါင္းသိန္းႏွင့္ခ်ီသည့္ ကာလက ေနထိုင္ခဲ့ၾကသည့္ လူဦးေခါင္းခြံ ၂ ခုကို ေတြ႕ရွိခဲ့ပါတယ္။

ဦးေခါင္းခြံတစ္ခု၏ အစိတ္အပိုင္းသည္ ႏွစ္ေပါင္း ၂၁၀၀၀၀ ခန႔္ကျဖစ္ၿပီး ဥေရာပႏွင့္ အာရွတိုက္ ေဒသတြင္ လူမ်ားေနထိုင္ခဲ့သည့္ အေစာဆုံး အေထာက္အထားအျဖစ္ သုေတသနပညာရွင္မ်ားက သတ္မွတ္လိုက္ပါတယ္။

အျခားဦးေခါင္းခြံတစ္ခု၏ အစိတ္အပိုင္းသည္ ပိုမိုျပည့္စုံၿပီး ႏွစ္ေပါင္း ၁၇၀၀၀၀ က ေနထိုင္ခဲ့သည့္ ေက်ာက္ေခတ္လူသားတစ္ဦး၏ ဦးေခါင္းခြံျဖစ္ေၾကာင္း ေတြ႕ရွိခဲ့ရပါတယ္။အဆိုပါ ဦးေခါင္းခြံႏွစ္ခုကို ဂူတစ္လုံးအတြင္း၌ပင္ ေတြ႕ရွိရျခင္းသည္ အာဖရိတိုက္ျပင္ပတြင္ ေရွးဦးေခတ္ကာလက လူသားတို႔ အႀကိမ္မ်ားစြာ ေ႐ႊ႕ေျပာင္းအေျခခ်မႈကို ေဖာ္ျပျခင္းပင္ျဖစ္ေၾကာင္း သုေတသနပညာရွင္မ်ားက ေျပာၾကားပါတယ္။အာဖရိကတိုက္၏ ျပင္ပတြင္ လူအမ်ားအျပား ေ႐ႊ႕ေျပာင္းသြားလာမႈ အမ်ားဆုံးမွာလည္း အေရွ႕ေတာင္ ဥေရာပေဒသ ျဖစ္ပါတယ္။ယခုေလ့လာေတြ႕ရွိမႈကို Nature ဂ်ာနယ္တြင္ ဇူလိုင္ ၁၁ ရက္က ေဖာ္ျပခဲ့ပါတယ္။

ဦးေခါင္းခြံ ႏွစ္ခုစလုံးကို ဂရိေတာင္ပိုင္း Apidima ဂူအတြင္း နံရံမ်ားရွိ ဘရက္ခ်ီယာေခၚ တြင္းထြက္ေက်ာက္ အပိုင္းအစအခ်င္းခ်င္း တြဲဆက္ေနသည့္ ေက်ာက္သားမ်ားၾကားတြင္ ေတြ႕ရွိခဲ့ရျခင္း ျဖစ္ပါတယ္။အဆိုပါ တြင္းထြက္ေက်ာက္မ်ားသည္ ႏွစ္ေပါင္း တစ္သိန္းမွ ႏွစ္သိန္းနီးပါး သက္တမ္းရွိၾကပါတယ္။ေအသင္ၿမိဳ႕ေတာ္ National and Kapodistrian တကၠသိုလ္မွ ပညာရွင္မ်ားက သုေတသနေလ့လာမႈမ်ား လုပ္ေဆာင္စဥ္ ၁၉၇၈ ခုႏွစ္ ဝန္းက်င္က အဆိုပါ ဦးေခါင္းခြံမ်ားကို ေတြ႕ရွိခဲ့ျခင္း ျဖစ္ပါတယ္။

ယခုေတြ႕ရွိခဲ့သည့္ ဦးေခါင္းခြံမ်ားကို ဘရက္ခ်ီယာ ေက်ာက္သားမ်ားအတြင္းမွ ဖယ္ရွားျခင္းမျပဳဘဲ ျပတိုက္မွာ ထားရွိခဲ့ပါတယ္။ဦးေခါင္းခြံမ်ား၏ က်ိဳးပဲ့တတ္သည့္ သဘာဝေၾကာင့္ ယင္းတို႔ကို ဖယ္ရွားသန႔္ရွင္းရန္ ခက္ခဲေသာ္လည္း ၁၉၉၀ ျပည့္ႏွစ္ ဝန္းက်င္မွာ ေအာင္ျမင္စြာ လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။

ယင္းဦးေခါင္းခြံႏွစ္ခုကို Apidima 1 ႏွင့္ Apidima 2 ဟု အမည္မ်ားေပးထားၿပီး ပထမတစ္ခုသည္ အစိတ္အပိုင္းမ်ားျဖစ္ကာ ေက်ာက္ေခတ္လူသားတစ္ဦး၏ ဦးေခါင္းျဖစ္ေသာ ဒုတိယတစ္ခုမွာ ပိုမိုျပည့္စုံပါတယ္။

ယခုခ်ိန္ထိ ေတြ႕ရွိထားသည့္ သက္တမ္းအရင့္ဆုံး လူသားေက်ာက္ျဖစ္႐ုပ္ႂကြင္းသည္ ေမာ္႐ိုကိုႏိုင္ငံ ဂ်ီဘယ္အိုင္အာဟြတ္ေဒသတြင္ျဖစ္ၿပီး သက္တမ္း ႏွစ္ေပါင္း ၃၁၅၀၀၀ ရွိပါတယ္။

Linko
Ref : CNN
ေရာမ၊ ဇူလိုင္ - ၁၁