ဂါဇာကို နောက်ထပ်တိုက်ခိုက်ရင် အစ္စရေးမှာဒုံးကျည်မိုးရွာလိမ့်မည်ဟု ဟားမက်စ် ခေါင်းဆောင်သတိပေး

ဂါဇာကို နောက်ထပ်တိုက်ခိုက်ရင် အစ္စရေးမှာဒုံးကျည်မိုးရွာလိမ့်မည်ဟု ဟားမက်စ် ခေါင်းဆောင်သတိပေး

ဂါဇာဒေသကို စစ်တပ်နဲ့ ထပ်တိုက်လာရင် အစ္စရေးမှာ ဒုံးကျည်မိုးရွာသလိုဖြစ်လိမ့်မယ်လို့ ဟားမက်စ် တော်လှန် ရေး ခေါင်းဆောင်ဖြစ်သူက သတိပေးပြောဆိုလိုက်ပါတယ်။ သိမ်းပိုက်ခံဂါဇာဒေသမှာ စစ်ဆင်ရေးသစ်တွေ ထပ်လုပ်လာမှာကိုကန့်ကွက်တဲ့အနေနဲ့ အစ္စရေးစစ်တပ်ကို ဟားမက်က အခုလိုသတိပေးလိုက်တာ ဖြစ်ပါတယ်။ အစ္စရေးက နောက်တစ်ကြိမ်ဂါဇာဒေသထဲဝင်လာပြီး၊ တိုက်ခိုက်မယ်ဆိုရင် သူ့ရဲ့ တပ်တွေ ကလည်း အစ္စရေးစစ်တပ်ကို အနိုင်တိုက်ရလိမ့်မယ်လို့ ဟားမက်စ်ခေါင်းဆောင် Yahya Sinwarက ဂါဇာတောင်ပိုင်းက သူ့ရဲ့မွေးရပ်မြေ မှာပြော တဲ့ မိန့်ခွန်းမှာ ပြောသွားပါတယ်။

‘အစ္စရေးက ဂါဇာကိုထိုးစစ်စမယ်ဆိုရင် ဟားမက်စ်ကလည်း အစ္စရေးမြို့တွေကို တစ်ကြိမ်းတည်းနဲ့ ဒုံးကျည်ရာချီပစ်မှာပါ။ စစ်ဖြစ်လာပြီဆိုရင် ဂါဇာကိုသိမ်းထားတဲ့ အစ္စရေးစစ်တပ်ကို ပြန်တိုက်ပြီး၊ သူတို့အာဏာကျဆုံးအောင် အမြစ်ပြတ်ချေမှုန်းမယ်’လို့ ဆိုပြီးတော့လည်း သူက ပြောသွား ပါတယ်။ ဂါဇာတောင်ပိုင်း သြဂုတ် ၁ စစ်ဆင်ရေးမှာ ကျဆုံးခဲ့တဲ့ ပါလက်စတိုင်းတစ်ဦးကိုလည်း ကွန်မန်ဒိုသူရဲကောင်းအဖြစ် ဟားမက်စ်ခေါင်းဆောင်က ချီးကျူးလိုက်ပါတယ်။

အဲဒီစစ်ဆင်ရေးမှာ ပါလက်စတိုင်းဘက်က Hani Abu Sallahဆိုသူ သေဆုံးခဲ့ပြီး၊ အစ္စရေးစစ်သား ၃ ဦး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၇မှာ အစ္စရေးက ဂါဇာကို သိမ်းပိုက်ခဲ့တာဖြစ်ပြီး၊ ၂၀၁၄ ခုနှစ်အစောပိုင်းအထိ စစ်တပ်နဲ့ အကြိမ်ကြိမ်တိုက်ခိုက်လာခဲ့တာမှာ ပါလက်စတိုင်း ၂၂,၀၀ နီးပါး သေဆုံးခဲ့ပြီး၊ တစ်သောင်းကျော် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ အစ္စရေးရဲ့သိမ်းပိုက် မှုကြောင့် ဂါဇာဒေသလူနေမှု အဆင့်အတန်း ကျဆင်းခဲ့ရသလို၊ အလုပ်လက်မဲ့ဦးရေနဲ့ ဆင်းရဲမွဲတေမှုနှုန်း မြင့်သထက်မြင့်တက်လာခဲ့ပါတယ်။

ရည်မွန်
Ref: presstv
ဂါဇာ ၊ သြဂုတ် ၁၄

(  Zawgyi  )

ဂါဇာေဒသကို စစ္တပ္နဲ႔ ထပ္တိုက္လာရင္ အစၥေရးမွာ ဒုံးက်ည္မိုး႐ြာသလိုျဖစ္လိမ့္မယ္လို႔ ဟားမက္စ္ ေတာ္လွန္ ေရး ေခါင္းေဆာင္ျဖစ္သူက သတိေပးေျပာဆိုလိုက္ပါတယ္။ သိမ္းပိုက္ခံဂါဇာေဒသမွာ စစ္ဆင္ေရးသစ္ေတြ ထပ္လုပ္လာမွာကိုကန႔္ကြက္တဲ့အေနနဲ႔ အစၥေရးစစ္တပ္ကို ဟားမက္က အခုလိုသတိေပးလိုက္တာ ျဖစ္ပါတယ္။ အစၥေရးက ေနာက္တစ္ႀကိမ္ဂါဇာေဒသထဲဝင္လာၿပီး၊ တိုက္ခိုက္မယ္ဆိုရင္ သူ႔ရဲ႕ တပ္ေတြ ကလည္း အစၥေရးစစ္တပ္ကို အႏိုင္တိုက္ရလိမ့္မယ္လို႔ ဟားမက္စ္ေခါင္းေဆာင္ Yahya Sinwarက ဂါဇာေတာင္ပိုင္းက သူ႔ရဲ႕ေမြးရပ္ေျမ မွာေျပာ တဲ့ မိန႔္ခြန္းမွာ ေျပာသြားပါတယ္။

‘အစၥေရးက ဂါဇာကိုထိုးစစ္စမယ္ဆိုရင္ ဟားမက္စ္ကလည္း အစၥေရးၿမိဳ႕ေတြကို တစ္ႀကိမ္းတည္းနဲ႔ ဒုံးက်ည္ရာခ်ီပစ္မွာပါ။ စစ္ျဖစ္လာၿပီဆိုရင္ ဂါဇာကိုသိမ္းထားတဲ့ အစၥေရးစစ္တပ္ကို ျပန္တိုက္ၿပီး၊ သူတို႔အာဏာက်ဆုံးေအာင္ အျမစ္ျပတ္ေခ်မႈန္းမယ္’လို႔ ဆိုၿပီးေတာ့လည္း သူက ေျပာသြား ပါတယ္။ ဂါဇာေတာင္ပိုင္း ၾသဂုတ္ ၁ စစ္ဆင္ေရးမွာ က်ဆုံးခဲ့တဲ့ ပါလက္စတိုင္းတစ္ဦးကိုလည္း ကြန္မန္ဒိုသူရဲေကာင္းအျဖစ္ ဟားမက္စ္ေခါင္းေဆာင္က ခ်ီးက်ဴးလိုက္ပါတယ္။

အဲဒီစစ္ဆင္ေရးမွာ ပါလက္စတိုင္းဘက္က Hani Abu Sallahဆိုသူ ေသဆုံးခဲ့ၿပီး၊ အစၥေရးစစ္သား ၃ ဦး ဒဏ္ရာရရွိခဲ့တာ ျဖစ္ပါတယ္။ ၂၀၀၇မွာ အစၥေရးက ဂါဇာကို သိမ္းပိုက္ခဲ့တာျဖစ္ၿပီး၊ ၂၀၁၄ ခုႏွစ္အေစာပိုင္းအထိ စစ္တပ္နဲ႔ အႀကိမ္ႀကိမ္တိုက္ခိုက္လာခဲ့တာမွာ ပါလက္စတိုင္း ၂၂,၀၀ နီးပါး ေသဆုံးခဲ့ၿပီး၊ တစ္ေသာင္းေက်ာ္ ဒဏ္ရာရခဲ့တယ္လို႔ သိရပါတယ္။ အစၥေရးရဲ႕သိမ္းပိုက္ မႈေၾကာင့္ ဂါဇာေဒသလူေနမႈ အဆင့္အတန္း က်ဆင္းခဲ့ရသလို၊ အလုပ္လက္မဲ့ဦးေရနဲ႔ ဆင္းရဲမြဲေတမႈႏႈန္း ျမင့္သထက္ျမင့္တက္လာခဲ့ပါတယ္။

ရည္မြန္
Ref: presstv
ဂါဇာ ၊ ၾသဂုတ္ ၁၄