ဂျပန်ဝန်ကြီးချုပ် အငြင်းပွား ယာဆူကူနီဗိမာန်သို့ မသွားရောက်ဘဲ လှူဒါန်းမှုများပေးပို့

  ဂျပန်ဝန်ကြီးချုပ် အငြင်းပွား ယာဆူကူနီဗိမာန်သို့ မသွားရောက်ဘဲ လှူဒါန်းမှုများပေးပို့

ဒုတိယကမ္ဘာစစ်အတွင်းကဂျပန်တို့ စစ်ရှုံးပြီးသေဆုံးသူများအတွက် ရည်စူးတည်ဆောက်ထားသည့် ယာဆူကူနီဗိမာန် သို့  ဝန်ကြီးချုပ် ရှင်ဇို အာဘေးက သြဂုတ် ၁၅ ရက်မှာ လှူဒါန်းမှုများပေးပို့လိုက်ပြီးအဆိုပါ နှစ်ပတ်လည်အခမ်းအနားသို့ ကိုယ်တိုင်သွားရောက်ခြင်းတော့ မရှိခဲ့ ပါဘူး။

အဆိုပါ ဗိမာန်ဟာစစ်ရာဇတ်မှု ကျူးလွန်သူများဟုသတ်မှတ်ခံထားရသည့် ဂျပန်စစ်ခေါင်းဆောင် ၁၄ ဦးကိုရည်စူးတည်ဆောက်ထားတာ ဖြစ်တာကြောင့် ယခင်ဂျပန်ခေါင်းဆောင်များသွားရောက်ခဲ့ခြင်းအပေါ် တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့ကမကျေနပ်မှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ ဂျပန်ကာကွယ်ရေးဝန်ကြီး ဟောင်းနှင့် ဝန်ကြီးချုပ်၏ လက်ရှိအထူးအကြံပေးဖြစ်သူ အာဏာရဒီမိုကရက်တစ်ပါတီအမတ် တိုမိုမီအီနာဒါက ‘တာမာဂူရှီအာယို’ ဟုခေါ်သည့် လှူဒါန်းငွေကို ဝန်ကြီးချုပ်ကိုယ်စားဗိမာန်တွင် ပေးအပ်လိုက်ကြောင်း ပြည်တွင်းမီဒီယာများမှာဖော်ပြထားပါတယ်။ ဝန်ကြီးအဖွဲ့အကြီးအကဲယိုရှီဟိဒဲဆူဂါကသီးခြားကိစ္စတစ်ခုဖြစ်တာကြောင့် မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

“ကျွန်တော်တို့ နိုင်ငံရဲ့ ငြိမ်းချမ်းကြွယ်ဝမှုဟာ တိုင်းပြည်အတွက် အသက်ပေးသွားတဲ့ ဒီခေါင်းဆောင်ကြီးတွေ ကြောင့်ဖြစ်လို့ ရိုသေလေးစားစွာနဲ့ ဂါရဝပြုပါတယ်” လို့ ရှင်ဇိုအာဘေး၏ ပြောကြားချက်ကိုကိုးကား၍ အီနာဒါကပြောခဲ့ကြောင်း ပြည်တွင်းမီဒီယာများမှာဖော်ပြခဲ့ပါတယ်။အာဘေးသည် ဝန်ကြီးချုပ် တာဝန် စတင်ထမ်းဆောင်သည့် ၂၀၁၂ ခုနှစ်ကတစ်ကြိမ်သာအဆိုပါ ဗိမာန်ကိုကိုယ်တိုင် သွားရောက်ခဲ့ပြီး သြဂုတ် ၁၅ ရက် နှင့် နွေရာသီ၊ ဆောင်းရာသီပွဲတော်များအတွက် လှူဒါန်းမှုများကိုပုံမှန်ပေးပို့ခဲ့ပါတယ်။

၁၉၁၀ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိဂျပန်တို့ကကိုရီးယားတို့အပေါ် နယ်ချဲ့ အုပ်ချုပ်မှုဟာတောင်ကိုရီးယားနှင့် နှစ်နိုင်ငံဆက်ဆံရေးအပေါ် အထစ်အငေါ့ ဖြစ်စေပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းကတောင်ကိုရီးယားများကိုအတင်းအဓမ္မ အလုပ်စေခိုင်းခဲ့ခြင်းအပေါ် ဂျပန်ကေ လျှာ်ကြေးပေး သင့်ကြောင်းတောင်ကိုရီးယားတရားရုံးချုပ်ကဆုံးဖြတ်ချက်တစ်ရပ် မနှစ်ကထုတ်ပြန်ခဲ့ပြီးနောက်ပိုင်းမှာ နှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက်ခဲ့ပါတယ်။

အဆိုပါကိစ္စကို ၁၉၆၅ ခုနှစ် သဘောတူညီချက်များနဲ့ ရှင်းလင်းပြီး ဖြစ်ကြောင်းဂျပန်အစိုးရကတုံ့ပြန်ခဲ့ပါတယ်။

Linko
Ref:gulftoday.ae
တိုကျို၊သြဂုတ် ၁၅

(  Zawgyi  )

 ဒုတိယကမာၻစစ္အတြင္းကဂ်ပန္တို႔ စစ္ရႈံးၿပီးေသဆုံးသူမ်ားအတြက္ ရည္စူးတည္ေဆာက္ထားသည့္ ယာဆူကူနီဗိမာန္ သို႔  ဝန္ႀကီးခ်ဳပ္ ရွင္ဇို အာေဘးက ၾသဂုတ္ ၁၅ ရက္မွာ လႉဒါန္းမႈမ်ားေပးပို႔လိုက္ၿပီးအဆိုပါ ႏွစ္ပတ္လည္အခမ္းအနားသို႔ ကိုယ္တိုင္သြားေရာက္ျခင္းေတာ့ မရွိခဲ့ ပါဘူး။

အဆိုပါ ဗိမာန္ဟာစစ္ရာဇတ္မႈ က်ဴးလြန္သူမ်ားဟုသတ္မွတ္ခံထားရသည့္ ဂ်ပန္စစ္ေခါင္းေဆာင္ ၁၄ ဦးကိုရည္စူးတည္ေဆာက္ထားတာ ျဖစ္တာေၾကာင့္ ယခင္ဂ်ပန္ေခါင္းေဆာင္မ်ားသြားေရာက္ခဲ့ျခင္းအေပၚ ေတာင္ကိုရီးယားနဲ႔ တ႐ုတ္ႏိုင္ငံတို႔ကမေက်နပ္မႈမ်ား ျဖစ္ေပၚခဲ့ပါတယ္။ ဂ်ပန္ကာကြယ္ေရးဝန္ႀကီး ေဟာင္းႏွင့္ ဝန္ႀကီးခ်ဳပ္၏ လက္ရွိအထူးအႀကံေပးျဖစ္သူ အာဏာရဒီမိုကရက္တစ္ပါတီအမတ္ တိုမိုမီအီနာဒါက ‘တာမာဂူရွီအာယို’ ဟုေခၚသည့္ လႉဒါန္းေငြကို ဝန္ႀကီးခ်ဳပ္ကိုယ္စားဗိမာန္တြင္ ေပးအပ္လိုက္ေၾကာင္း ျပည္တြင္းမီဒီယာမ်ားမွာေဖာ္ျပထားပါတယ္။ ဝန္ႀကီးအဖြဲ႕အႀကီးအကဲယိုရွီဟိဒဲဆူဂါကသီးျခားကိစၥတစ္ခုျဖစ္တာေၾကာင့္ မွတ္ခ်က္ေပးဖို႔ ျငင္းဆိုခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔ ႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းႂကြယ္ဝမႈဟာ တိုင္းျပည္အတြက္ အသက္ေပးသြားတဲ့ ဒီေခါင္းေဆာင္ႀကီးေတြ ေၾကာင့္ျဖစ္လို႔ ႐ိုေသေလးစားစြာနဲ႔ ဂါရဝျပဳပါတယ္” လို႔ ရွင္ဇိုအာေဘး၏ ေျပာၾကားခ်က္ကိုကိုးကား၍ အီနာဒါကေျပာခဲ့ေၾကာင္း ျပည္တြင္းမီဒီယာမ်ားမွာေဖာ္ျပခဲ့ပါတယ္။အာေဘးသည္ ဝန္ႀကီးခ်ဳပ္ တာဝန္ စတင္ထမ္းေဆာင္သည့္ ၂၀၁၂ ခုႏွစ္ကတစ္ႀကိမ္သာအဆိုပါ ဗိမာန္ကိုကိုယ္တိုင္ သြားေရာက္ခဲ့ၿပီး ၾသဂုတ္ ၁၅ ရက္ ႏွင့္ ေႏြရာသီ၊ ေဆာင္းရာသီပြဲေတာ္မ်ားအတြက္ လႉဒါန္းမႈမ်ားကိုပုံမွန္ေပးပို႔ခဲ့ပါတယ္။

၁၉၁၀ ခုႏွစ္မွ ၁၉၄၅ ခုႏွစ္အထိဂ်ပန္တို႔ကကိုရီးယားတို႔အေပၚ နယ္ခ်ဲ႕ အုပ္ခ်ဳပ္မႈဟာေတာင္ကိုရီးယားႏွင့္ ႏွစ္ႏိုင္ငံဆက္ဆံေရးအေပၚ အထစ္အေငါ့ ျဖစ္ေစပါတယ္။ ဒုတိယကမာၻစစ္အတြင္းကေတာင္ကိုရီးယားမ်ားကိုအတင္းအဓမၼ အလုပ္ေစခိုင္းခဲ့ျခင္းအေပၚ ဂ်ပန္ေက လွ်ာ္ေၾကးေပး သင့္ေၾကာင္းေတာင္ကိုရီးယားတရား႐ုံးခ်ဳပ္ကဆုံးျဖတ္ခ်က္တစ္ရပ္ မႏွစ္ကထုတ္ျပန္ခဲ့ၿပီးေနာက္ပိုင္းမွာ ႏွစ္ႏိုင္ငံ ဆက္ဆံေရး ထိခိုက္ခဲ့ပါတယ္။

အဆိုပါကိစၥကို ၁၉၆၅ ခုႏွစ္ သေဘာတူညီခ်က္မ်ားနဲ႔ ရွင္းလင္းၿပီး ျဖစ္ေၾကာင္းဂ်ပန္အစိုးရကတုံ႔ျပန္ခဲ့ပါတယ္။

Linko
Ref:gulftoday.ae
တိုက်ိဳ၊ၾသဂုတ္ ၁၅