ဂျပန်အရှေ့ပိုင်းတွင် မိုးသည်းထန်စွာမိုးရွာသွန်းမှုကြောင့် သေဆုံးသူ ရှစ်ဦးထိမြင့်တက်

ဂျပန်အရှေ့ပိုင်းတွင် မိုးသည်းထန်စွာမိုးရွာသွန်းမှုကြောင့် သေဆုံးသူ ရှစ်ဦးထိမြင့်တက်

စနေနေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဂျပန်အရှေ့ပိုင်းတွင် ရေကြီးခြင်းနှင့်မြေပြိုခြင်း များဖြစ်ပွားခဲ့ရာ သေဆုံးသူရှစ် ဦး အထိမြင့်တက်ခဲ့ပြီး လေးဦးပျောက်ဆုံးနေတယ်လို့ NHK က ထုတ်ပြန် ခဲ့ပါတယ်။ အဆိုပါဒေသတွင်း အင်အားကောင်း သောတိုင်ဖုန်း မုန်တိုင်း ဝင်ရောက် တိုက်ခတ်အပြီး နှစ်ပတ်အကြာမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဂျပန်နိုင်ငံအရှေ့ပိုင်းနှင့်အရှေ့မြောက်ပိုင်းရှိချီဘနှင့်ဖူကူရှီးမားစီရင်စုများကို ရက်သတ္တပတ် ၆ ပတ် အတွင်း တတိယအကြိမ်မြောက်ဝင်ရောက်သည့် မိုးသက်မုန်တိုင်းကြောင့် အဆိုပါဧရိယာအတွင်း ရေဝင်ကာ ရေလွှမ်းမိုးခဲ့ပါတယ်။

ပြီးခဲ့သည့်လကတိုင်ဖွန်းမုန်တိုင်းနှစ်ခုတိုက်ခတ်ခဲ့တဲ့ မြောက်ပိုင်း ဒေသတစ်လျှောက်မှာ ကယ်ဆယ်ရေး နဲ့ အကြံပေးချက်သတိပေးခြင်းများထုတ်ပြန်ထားခဲ့ရပါတယ်။ ချီဘစီရင်စုရ ရှိ အူရှီကူ မြို့မှာ ၁၂ နာရီအတွင်းရွာသွန်းသည့် မိုးရေမှာ  ၂၈၃.၅ မီလီမီတာ (၁၁ လက်မ) အထိ ရှိခဲ့ပါတယ်။

အထူးသဖြင့် တိုင်ဖွန်းမုန်တိုင်းဟာဂီဘစ်ဝင်ရောက်ခဲ့သည့် ဂျပန်နိုင်ငံအလယ်ပိုင်းနှင့်အရှေ့ပိုင်းတွင် တမံကျိုးပေါက်ခြင်းကို မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်လေပြင်းများတိုက်ခတ်မှုကြောင့် ပြုပြင်ရန် မလွယ်ကူသေးသဖြင့် အာဏာပိုင်တွေက ထပ်မံမြေပြိုခြင်းနှင့်ရေကြီးခြင်း များဖြစ်နိုင်ကြောင်း သတိပေးခဲ့ပါတယ်။
.
တိုင်ဖွန်းမုန်တိုင်းဟာဂီဘစ်ကြောင့်အနည်းဆုံးလူ ၈၈ ဦး သေဆုံးခဲ့ပြီး ၇ ဦး ပျောက်ဆုံးကာ ၃၀၀ ကျော်ဒဏ်ရာရရှိကြောင်း NHK က ပြောကြားခဲ့ပါတယ်။

Linko
Ref:Reuters
တိုကြို၊အောကျတိုဘာ ၂၆

(  Zawgyi  )

 စေနေန႔က မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ဂ်ပန္အေရွ႕ပိုင္းတြင္ ေရႀကီးျခင္းႏွင့္ေျမၿပိဳျခင္း မ်ားျဖစ္ပြားခဲ့ရာ ေသဆုံးသူရွစ္ ဦး အထိျမင့္တက္ခဲ့ၿပီး ေလးဦးေပ်ာက္ဆုံးေနတယ္လို႔ NHK က ထုတ္ျပန္ ခဲ့ပါတယ္။ အဆိုပါေဒသတြင္း အင္အားေကာင္း ေသာတိုင္ဖုန္း မုန္တိုင္း ဝင္ေရာက္ တိုက္ခတ္အၿပီး ႏွစ္ပတ္အၾကာမွာ ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

ဂ်ပန္ႏိုင္ငံအေရွ႕ပိုင္းႏွင့္အေရွ႕ေျမာက္ပိုင္းရွိခ်ီဘႏွင့္ဖူကူရွီးမားစီရင္စုမ်ားကို ရက္သတၱပတ္ ၆ ပတ္ အတြင္း တတိယအႀကိမ္ေျမာက္ဝင္ေရာက္သည့္ မိုးသက္မုန္တိုင္းေၾကာင့္ အဆိုပါဧရိယာအတြင္း ေရဝင္ကာ ေရလႊမ္းမိုးခဲ့ပါတယ္။

ၿပီးခဲ့သည့္လကတိုင္ဖြန္းမုန္တိုင္းႏွစ္ခုတိုက္ခတ္ခဲ့တဲ့ ေျမာက္ပိုင္း ေဒသတစ္ေလွ်ာက္မွာ ကယ္ဆယ္ေရး နဲ႔ အႀကံေပးခ်က္သတိေပးျခင္းမ်ားထုတ္ျပန္ထားခဲ့ရပါတယ္။ ခ်ီဘစီရင္စုရ ရွိ အူရွီကူ ၿမိဳ႕မွာ ၁၂ နာရီအတြင္း႐ြာသြန္းသည့္ မိုးေရမွာ  ၂၈၃.၅ မီလီမီတာ (၁၁ လက္မ) အထိ ရွိခဲ့ပါတယ္။

အထူးသျဖင့္ တိုင္ဖြန္းမုန္တိုင္းဟာဂီဘစ္ဝင္ေရာက္ခဲ့သည့္ ဂ်ပန္ႏိုင္ငံအလယ္ပိုင္းႏွင့္အေရွ႕ပိုင္းတြင္ တမံက်ိဳးေပါက္ျခင္းကို မိုးသည္းထန္စြာ႐ြာသြန္းျခင္းႏွင့္ေလျပင္းမ်ားတိုက္ခတ္မႈေၾကာင့္ ျပဳျပင္ရန္ မလြယ္ကူေသးသျဖင့္ အာဏာပိုင္ေတြက ထပ္မံေျမၿပိဳျခင္းႏွင့္ေရႀကီးျခင္း မ်ားျဖစ္ႏိုင္ေၾကာင္း သတိေပးခဲ့ပါတယ္။
.
တိုင္ဖြန္းမုန္တိုင္းဟာဂီဘစ္ေၾကာင့္အနည္းဆုံးလူ ၈၈ ဦး ေသဆုံးခဲ့ၿပီး ၇ ဦး ေပ်ာက္ဆုံးကာ ၃၀၀ ေက်ာ္ဒဏ္ရာရရွိေၾကာင္း NHK က ေျပာၾကားခဲ့ပါတယ္။

Linko
Ref:Reuters
တိုႀကိဳ၊ေအာက်တိုဘာ ၂၆