ဂျီလောင် -၁ ဒုံးပျံဖြင့် ကမ္ဘာပတ်လမ်းကြောင်းထဲ တရုတ်က ဂြိုဟ်တုသုံးလုံးလွှတ်တင်

ဂျီလောင် -၁ ဒုံးပျံဖြင့် ကမ္ဘာပတ်လမ်းကြောင်းထဲ တရုတ်က ဂြိုဟ်တုသုံးလုံးလွှတ်တင်

ကမ္ဘာပတ်လမ်းကြောင်းထဲ တရုတ်နိုင်ငံ၏ပထမဆုံး စီးပွားရေးသုံးဒုံးပျံ ဂျီလောင်-၁ ဒုံးပျံဖြင့် ဂြိုဟ်တု သုံးလုံးကို စနေနေ့က လွှတ်တင်ခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနကဖော်ပြခဲ့ပါတယ်။

ဒီဒုံးပျံကို တရုတ်အနောက်မြောက်ပိုင်း ဂန်ဆုပြည်နယ် ဂျီကွမ်ဂြိုဟ်တုလွှတ်တင်ရေးစခန်းကနေ ဒေသစံတော်ချိန် ၁၂ နာရီ ၁၁ မိနစ်မှာ လွှတ်တင်ခဲ့တာဖြစ်ပါတယ်။အဆိုပါဒုံးပျ့ဖြင့်လွှတ်တင်သည့် ဆက်သွယ်ရေးြ၈ိုဟ်တု သုံးလုံးမှာ ဘေကျင်းအခြေစိုက် ကုမ္ပဏီအတွက် အာရုံစနစ်ထိန်းချုပ်ခြင်း၊ ဆက်သွယ်ရေးနှင့် အင်တာနက်ဆိုင်ရာအခြားဝန်ဆောင်မှုမျာအတွက် လွှတ်တင်ခြင်းဖြစ်ကြောင်း သိရပါတယ်။

ယခုလွှတ်တင်တဲ့  ဂျီလောင်ဒုံးပျံစက်ဒီဇိုင်းမှာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် သြဂုတ်လကတည်းက တရုတ် အာကာသနှင့် နည်းပညာကော်ပိုရေးရှင်း(CASC) က ဒီဇိုင်းပိုင်းကို မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။အစီရင် ခံစာတွေအရ အဆိုပါ ဒုံးပျံမှာ ပထမဆုံးထုတ်လုပ်တည်ဆောက်သည့် အသေးစား ဂျီလောင် ဒုံးပျံ စီးရီးစ်ထဲမှာ ဖြစ်ပြီး ၎င်းအနေဖြင့် ကီလိုဂရမ် ၁၅၀ အထိသယ်ဆောင်နိုင်ကာအမြင့်ပေ ၇၀၀ ကီလိုမီတာ( ၄၃၅ )မိုင်အထိ လွှတ်တင်နိုင်တယ် ဆိုပါတယ်။

အသေးစားဒုံးပျံဆိုပေမယ့် လောင်စာခြောက်ကို အသုံးပြုထားခြင်းဖြစ်ကာ တစ်ခါလွှတ်တင်လျှင် ဂြိုဟ်တု များစွာကို ကမ္ဘာပတ်လမ်းကြောင်းထဲ လွှတ်တင်နိုင်တယ်ဆိုပါတယ်။ အဆိုပါ ဂျီလောင် ဒုံးပျံမှာ အရှည် ၁၉ဒသမ ၅ မီတာ(၆၄ ပေ)၊အချင်း၁ဒသမ ၂ မီတာနှင့် အလေးချိန်၂၃ဒသမ ၁ တန်ရှိတယ်လို့ သိရပါတယ်။

Linko
Ref: sputniknews.
မော်စကို၊သြဂုတ် ၁၈

(  Zawgyi  )

 ကမာၻပတ္လမ္းေၾကာင္းထဲ တ႐ုတ္ႏိုင္ငံ၏ပထမဆုံး စီးပြားေရးသုံးဒုံးပ်ံ ဂ်ီေလာင္-၁ ဒုံးပ်ံျဖင့္ ၿဂိဳဟ္တု သုံးလုံးကို စေနေန႔က လႊတ္တင္ခဲ့တယ္လို႔ ဆင္ဟြာသတင္းဌာနကေဖာ္ျပခဲ့ပါတယ္။

ဒီဒုံးပ်ံကို တ႐ုတ္အေနာက္ေျမာက္ပိုင္း ဂန္ဆုျပည္နယ္ ဂ်ီကြမ္ၿဂိဳဟ္တုလႊတ္တင္ေရးစခန္းကေန ေဒသစံေတာ္ခ်ိန္ ၁၂ နာရီ ၁၁ မိနစ္မွာ လႊတ္တင္ခဲ့တာျဖစ္ပါတယ္။အဆိုပါဒုံးပ်႕ျဖင့္လႊတ္တင္သည့္ ဆက္သြယ္ေရးျ၈ိုဟ္တု သုံးလုံးမွာ ေဘက်င္းအေျခစိုက္ ကုမၸဏီအတြက္ အာ႐ုံစနစ္ထိန္းခ်ဳပ္ျခင္း၊ ဆက္သြယ္ေရးႏွင့္ အင္တာနက္ဆိုင္ရာအျခားဝန္ေဆာင္မႈမ်ာအတြက္ လႊတ္တင္ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

ယခုလႊတ္တင္တဲ့  ဂ်ီေလာင္ဒုံးပ်ံစက္ဒီဇိုင္းမွာ ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္ ၾသဂုတ္လကတည္းက တ႐ုတ္ အာကာသႏွင့္ နည္းပညာေကာ္ပိုေရးရွင္း(CASC) က ဒီဇိုင္းပိုင္းကို မိတ္ဆက္ခဲ့ၿပီးျဖစ္ပါတယ္။အစီရင္ ခံစာေတြအရ အဆိုပါ ဒုံးပ်ံမွာ ပထမဆုံးထုတ္လုပ္ တည္ေဆာက္သည့္ အေသးစား ဂ်ီေလာင္ ဒုံးပ်ံ စီးရီးစ္ထဲမွာ ျဖစ္ၿပီး ၎အေနျဖင့္ ကီလိုဂရမ္ ၁၅၀ အထိသယ္ေဆာင္ႏိုင္ကာအျမင့္ေပ ၇၀၀ ကီလိုမီတာ( ၄၃၅ )မိုင္အထိ လႊတ္တင္ႏိုင္တယ္ ဆိုပါတယ္။

အေသးစားဒုံးပ်ံဆိုေပမယ့္ ေလာင္စာေျခာက္ကို အသုံးျပဳထားျခင္းျဖစ္ကာ တစ္ခါလႊတ္တင္လွ်င္ ၿဂိဳဟ္တု မ်ားစြာကို ကမာၻပတ္လမ္းေၾကာင္းထဲ လႊတ္တင္ႏိုင္တယ္ဆိုပါတယ္။ အဆိုပါ ဂ်ီေလာင္ ဒုံးပ်ံမွာ အရွည္ ၁၉ဒသမ ၅ မီတာ(၆၄ ေပ)၊အခ်င္း၁ဒသမ ၂ မီတာႏွင့္ အေလးခ်ိန္၂၃ဒသမ ၁ တန္ရွိတယ္လို႔ သိရပါတယ္။

Linko
Ref: sputniknews.
ေမာ္စကို၊ၾသဂုတ္ ၁၈